Saturday, September 30, 2006

Interview Questions and Answers


အလုပ်အတွက် အင်တာဗျူး တွေ မသွားခင် ဒီ Website ကိုဖတ်သွားသင့်တယ်။ တွေ့ကြုံသမျှ အင်တာဗျူး တွေမှာ Technical Questions တွေမေးရင် ဒီထဲကချည်းပဲ မေးလေ့ရှိကြတယ်။ "GeekInterview.com is an Open Database where you can share interview questions,
comment/answer any questions. Each question is like discussion thread that helps
you to learn and understand each question and answer in detail instead of just
reading them.
"

Friday, September 29, 2006

Sending Emails Asynchronously in C#

Online NewsLetters တွေလိုမျိုး၊ Email Marketing တွေလိုမျိုး၊ Email Blastering Software တွေလိုမျိုးမှာ Subscriber ပေါင်း သန်းပေါင်းများစွာကို အမြန်ဆုံးနည်းဖြင့် တချိန်တည်း တပြိုင်တည်း Email ပို့တဲ့ Software တစ်ခုကို ကိုယ့်ဘာသာကို ရေးရမယ်ဆိုရင် Asynchronous Function call ကို သုံးတာ အကောင်းဆုံးဖြစ်ပါတယ်။  အောက်မှာ နဲနဲဖတ်ကြည့်ပါ။ ကိုယ်တွေ့ ကြုံရတာတော့ အစက ရိုးရိုး SendMail နဲ့ပဲ ပို့တဲ့ C# Program က Subscriber ပေါင်း နှစ်သောင်း အတွက် မိနစ် နှစ်ဆယ်ခန့်လောက် ကြာပါတယ်။ ဒါနဲ့ ဒီ Asynchronous နည်း ကိုပြောင်းသုံးလိုက်တာ Subscriber နှစ်သောင်းအတွက် 3 စက္ကန့်လောက်ပဲ ကြာပါတော့တယ်။

So we start out with some handy properties (SmtpServer, etc.) which can be set on the class prior to calling any methods, for convenience purposes. Then we have our SendEmail method, which looks like any normal synchronous method - no difference at all.

Now comes the interesting stuff: First, we need a delegate:

public delegate string SendEmailDelegate(string name, string emailAddress);

Then finally we need the callback method:

public void GetResultsOnCallback(IAsyncResult ar)
{
SendEmailDelegate del = (SendEmailDelegate) ((AsyncResult)ar).AsyncDelegate;
string result;
result = del.EndInvoke(ar);
}

Notice the delegate must have the same signature as the method. Based on this delegate syntax, we can now call the BeginInvoke() and EndInvoke() methods:


public string SendEmailAsync(string name,string emailAddress)
{
SendEmailDelegate dc = new SendEmailDelegate(this.SendEmail);
AsyncCallback cb = new AsyncCallback(this.GetResultsOnCallback);
IAsyncResult ar = dc.BeginInvoke(name,emailAddress, cb, null);
return "ok";
}

Note that the delegate calls BeginInvoke / EndInvoke use a Framework – managed ThreadPool under the hood--
so you don’t get 4,000 runaway threads. When a thread completes, it is automatically made available to be re-used for the next BeginInvoke call in your loop. So your default ThreadPool size of 25 threads is as high as you get. You could experminent with different ThreadPool sizes, but the main thing is you want to avoid just creating thousands of threads, one for each email, and having your box crash under the load.

Detail:
Sending Emails Asynchronously in C#
By Peter A. Bromberg, Ph.D.
Printer - Friendly Version

XMLWebService Scheduler

Windows Service အဖြစ်မရေးချင်ဘူး၊ ရှုပ်တယ်၊ ခက်တယ်။ အလွယ်ဆုံးနည်းနဲ့ XMLWebservice တစ်ခုကို Scheduler လုပ်ချင်ရင်
1) WindowsScript file တစ်ခု ထဲမှာ WebService ကို Call လုပ်တဲ့ Function ရေး
2) "vbs" Extension နဲ့ သိမ်း၊ Eg. "Scheduler.vbs"
3) Control Panel>Scheduled Tasks  မှာ အဲဒီ WindowsScript ဖိုင်"Scheduler.vbs" ကို "Add" လုပ်ထားပေါ့ဗျာ။
4) Scheduling ဆိုတာကတော့ တရက်တစ်ခါ Run ပါဆိုရင် တရက်တခါပေါ့ဗျာ။ တစ်ပါတ်တစ်ခါ Friday တိုင်း Run ပါဆိုတော့လဲ Friday တိုင်းပေါ့ဗျာ။

ရေးရတာတော့ သုံးကြောင်း ထဲပါ။
Scheduler.vbs
set SOAPClient = createobject("MSSOAP.SOAPClient")
SOAPClient.mssoapinit "http://www.YOURDOMAIN.com/YOUR_XMLWebservice.asmx?WSDL"
SOAPClient.YOUR_REMOTE_METHOD()

ဒီ SOAPClient ကို Windows Script ထဲကနေ သုံးနိုင်ဖို့အတွက် Microsoft SOAP Toolkit 3.0 လေးတော့ ကြိုတင်ပြီးတော့ Install လုပ်ထားဖို့လိုတယ်။

Thursday, September 28, 2006

CORPORATE CULTURE

ရယ်စရာ မောစရာ ပုံလေးတွေပါ။ တကယ်ပါ။ ရယ်လဲရယ်ရ မောလည်းမောရပါတယ်။ :-)



Wednesday, September 27, 2006

အခမဲ့ကူလီထမ်းခြင်း၏အကျိုး (ဦးဖိုးကျား)

လွန်ခဲ့သောခြောက်နှစ်ခန့်က ကျွန်ုပ်သည် မြို့ငယ်တစ်ခုသို့ အမျိုးသားကျောင်းစစ်ရန် သွားရ၏။ ၎င်းမြို့သို့ မီးရထားဆိုက်လျှင် ကျွန်ုပ်၏ သူငယ်ချင်း သပိတ်မှောက်ကျောင်းသားဟောင်း ဆရာကြီးသည် လာ၍ ကြိုနေသည်ကို တွေ့ရ၏။ ဘူတာအနီးတွင်ကပ်၍ ကျွန်ုပ်၏ရင်းနှီးသော မိတ်ဆွေတစ်ယောက် နေသည်ကို ခဏမျှတွေ့လိုသည်နှင့် သူငယ်ချင်းဆရာကြီးအား ကျွန်ုပ်၏ ပစ္စည်းများနှင့် သွားနှင့်ရန် ပြောဆိုလွှတ်လိုက်၏။ အဆိုပါဘူတာအနီးရှိ မိတ်ဆွေနှင့် စကားစမြည်ပြော၍ အတန်ကြာပြီးနောက် ဆရာကြီးအိမ်သို့ သွားတော့မည်ဟု ဘူတာအနီးကပင် ဖြတ်၍လာခဲ့ရာ - ဘူတာရုံအတွင်း၌ သပ်ရပ်စွာဝတ်ဆင်၍ သနားကမား သူငယ်ကျောင်းသားအရွယ် တစ်ယောက်ကို တွေ့မြင်ရ၏ ၎င်းမှာ တစ်ယောက်တည်းလိုပင် ကျန်ရစ်ခဲ့ရာ မျက်နှာမကြည်မသာ တစ်စုံတစ်ယောက်ကို သို့မဟုတ် တစ်စုံတစ်ရာကို မကျေမချမ်း စိတ်လက်ဆိုးနေဟန်ရှိ၍ တဖျစ်တောက်တောက်နှင့် ဟိုလျှောက်သည်လျှောက် ပြုနေသည်ကို တွေ့ရ၏။ ကျွန်ုပ်သည်လည်း မနေတတ်သည်နှင့် -

“မောင် - ဘာဖြစ်လို့လဲ”  “ဟာ-မပြောပါနဲ့ဗျာ၊ ကောလိပ်ကျောင်းပိတ်လို့
ပြန်လာတယ်၊ အိမ်ကိုစာရေးထားတာ ဘယ်သူမှလဲ လာမကြိုကြဘူး၊ အခု ဒီမှာ ခွကျနေတာပေါ့”

“နေပါဦး-မောင်ရဲ့၊ ဘယ်သူမှ လာမကြိုလဲ ဘာအပန်းကြီးသလဲ၊ အိမ်က ဘယ်လောက်ဝေးလို့လဲ”
“သိပ်မဝေးပါဘူး၊ ဟိုဈေးနားတွင်ပဲ”

“အဲဒါဖြင့်လဲမောင်ရယ်၊ ကိုယ့်ဟာကိုယ် သွားလိုက်ကရော့ပေါ့၊ လူလာမကြိုကော၊ ကိုယ့်အိမ်ကိုယ်ပြန်တာပဲ”  “ဟာ-ခင်ဗျားကြီး၊ တယ်ခွကျတာကိုး၊ (ကျွန်ုပ်ကိုပါရော၍ စိတ်ဆိုးသွားဟန်တူသည်)

အိမ်နီးပေမယ့် စီးသွားစရာ လာနေကျ မြင်းလှည်းကလေးတစ်စီးဟာလဲ မရလိုက်ဘူး၊ ပြီးတော့ ဒီမှာ သားရေအိတ်တစ်လုံးနဲ့၊ ကူလီတွေလဲမရှိတော့ဘူး၊ ဘယ့်နှယ်လုပ်မလဲဗျ” ကူလီလိုသည်ဆိုသော သားရေအိတ်ကို ကြည့်လိုက်ရာ အရှည်တစ်တောင်တစ်မိုက်ခန့်၊ အနံတောင်ဆုပ်လောက်မျှသာရှိသော သားရေအိတ်ဖြစ်နေ၏။ ထိုအခါ ကျွန်ုပ်ကပင်-

“ကဲ-မောင်၊ ဒီသားရေအိတ်အတွက်ဖြင့် ၀န်လေးမနေပါနဲ့၊ ကျုပ်ပဲ ဆွဲခဲ့ပါမယ်၊ ကဲ-သွားသာသွားပါတော့”

ထိုအခါမှ သူငယ်သည် အတန်မျက်နှာကြည်လာပြီးလျှင် “အဲဗျာ၊ သွားရင်းလာရင်း ဆွဲခဲ့ပါတော့၊ ကျွန်တော် ကူလီခပေးပါ့မယ်” ဟု ဆိုလေ၏။ ကျွန်ုပ်သည် ကူလီခအကြောင်းကို တစ်စုံတစ်ရာ ပြန်မပြောဘဲ သားရေအိတ်ကိုသာ ကောက်ယူ၍ သက်သက်သာသာပင် ဆွဲကာ ထိုသူငယ်နှင့် မြို့တွင်းဘက်သို့ လျှောက်လာခဲ့ကြ၏။ စာဖတ်သူအား ပြောရန်ကျန်သေးသည်။ ကျွန်ုပ်သည် ခရီးသွားသည့်အခါ အေးအေးချမ်းချမ်း သွားတတ်သည်နှင့် ထိုအခါက ပိုးကြားပေါက် လုံချည်အနွမ်းကို ၀တ်၍ ပင်နီရှပ်အင်္ကျီ တစ်ပတ်နွမ်းကို လက်ပင့်လက်လိပ်၍ မျက်နှာသုတ်ပုဝါကို ခေါင်းတွင် ထူထူ ပတ်ကာ ၀တ်ဆင်လျက်ရှိ၏။ ဖိနပ်မှာလည်း ပိန်းတန်းဖိနပ်မျှသာဖြစ်၏။ သို့ကြောင့်လည်း ထိုသူငယ်သည် ကျွန်ုပ်အား “ကူလီ”ငှားရန် အားမနာခြင်း ဖြစ်ဟန်တူသည်။ နှစ်ယောက်သား လာခဲ့ကြရာ ကျွန်ုပ်က စ၍-

“မောင်- ကောလိပ်ကျောင်းမှာနေတာ ဘယ်အတန်းရောက်ပြီလဲ”
“အင်္ဂလိပ်လို၊ ဆီနီယာ-အိုင်အက်စီ(I.Sc)ခေါ်တယ်၊ ဗမာလိုတော့ ဟိုဒင်း… အဲ… ၁၂ တန်းဆိုပါတော့ဗျာ”
“ဟင်-ရောက်လှပါပကော၊ နို့ နေပါဦး မောင်ရဲ့၊ အဲဒီ ၁၂ တန်းရောက်တော့ ဘာတွေ သင်ရသလဲကွဲ့”
“အများကြီးပါဗျာ၊ အထူးကတော့ အက်ဒ်ဘန်းစ်ဒ်-အင်္ဂလိရှ်(Advance English) ဆိုတာ သင်ရတယ်ဗျ”
“မောင့်ဟာက အင်္ဂလိပ်လိုကိုး၊ ဗမာလိုလဲ ပြောဦးမှပေါ့”
“ဗမာလို မလွယ်ဘူးဗျ၊ နေဦး နေဦး၊ ဟိုဒင်း.. အဲ၊ ရှေ့ရောက်သော… အဲ၊ ပိုမို၍ဖြစ်သော ဟာ-ဒါလဲ မဟုတ်သေးပါဘူးလေ၊ ဟိုဒင်း
လွယ်လွယ်ဆိုကြပါစို့ဗျာ၊ သိပ်ခက်တဲ့ အင်္ဂလိပ်စာဆိုပါတော့”
“အင်း အင်း၊
ကောင်းပါရဲ့၊ နို့ မြန်မာစာများကော မသင်ရဘူးလားကွဲ့”
“ဘားမီး(ဆ်)လား၊ ခင်ဗျာ့မြန်မာစာ ဘာခက်လို့လဲဗျ၊ ကျွန်တော်တို့ ကောလိပ်မှာ အရေးတကြီး မသင်ပါဘူး၊ စာမကြည့်ဘဲနဲပ ပ(စ်) (pass) နိုင်ပါတယ်ဗျာ၊ အလကား အသုံးလဲ မကျလှပါဘူး”

“ဒါဖြင့် သည့်ပြင်ကော ဘာများသင်ရသေးသလဲ” “သည့်ပြင်တစ်ခုက ခယ်မစ်စတြီ(chemistry)ဆိုတာ သင်ရတယ်၊ အဲဒါက မြန်မာလို ရှိမယ်မထင်ပါဘူး၊ ဟိုဒင်းဆိုပါတော့ဗျာ၊ ဓာတ်ခွဲပညာဆိုပါတော့၊ ဘယ်အရာတစ်ခုဟာ ဘယ်ဓာတ်ဘယ်ဓာတ်များ ပေါင်းစပ်ပြီး ဖြစ်နေတယ်ဆိုတာတွေလဲ ပါတယ်ဗျ၊ ဥပမာဗျာ ရေဆိုတဲ့ဓာတ်ဟာ ဘယ်ဓာတ် ဘယ်ဓာတ်များ ပေါင်းစပ်လို့ ဖြစ်တယ်ဆိုတာ သိရတယ်ဗျ”
“အို-တယ်နေရာကျပါကလား၊ ပြောစမ်းပါဦးမောင်ရယ်၊ ရေထဲမှာ ဘာတွေဘာတွေ ပါသတဲ့လဲ” “ရေဆိုတာ။ အိတ်ခ်ျ-တူးအို(H2O)ဆိုတဲ့ ဓာတ်တွေကို ပေါင်းစပ်ထားတာဗျ”

“မောင့်(အိတ်ခ်ျ-တူးအို)ကို ဗမာလို ပြောဦးမှပေါ့ကွဲ့”
“ဟာ-ဘယ်မှာ အကုန်လုံးကို ခင်ဗျာ့ဗမာစကားတွေနဲ့ ပြောနိုင်မလဲဗျ၊ ခင်ဗျာ့ဗမာစကားကလဲ အင်မတန် ဆင်းရဲတယ်၊ ဒီလို အထက်တန်းစကားကြီးတွေကို ဘာသာပြန်ဖို့ ရှိမယ်မဟုတ်ဘူးဗျ။ ဒီတော့ အကြမ်းပဲမှတ်ထား၊ အိတ်ခ်ျက နှစ်ဆ၊ အိုက တစ်ဆ၊ အဲဒါနှစ်ခုရောရင် ရေဖြစ်တာပဲ”

“အဲလေ ဆိုပါတော့၊ ဒီတော့ 'အိတ်ခ်ျ' က ဘာ၊ 'အို' က ဘာဆိုတာလဲ ပြောဦးမှပေါ့”
“ဟာ-ခင်ဗျား တယ်အမေးအမြန်းထူတဲ့ လူကြီးပဲ၊ ဒါတွေဟာ ဓာတ်သဘောတွေဗျ၊ ခင်ဗျားတို့ကို ပြောလို့လဲ နားလည်မှာမဟုတ်ဘူး၊ အဲဒီတော့ အဲဒီ အင်္ဂလိပ်စာလုံးနှစ်လုံးပေါင်းရင် ရေဖြစ်တယ်ဆိုတာသာ မှတ်ထားပါဗျ”

“နေပါဦးမောင်ရဲ့၊ မောင့်အင်္ဂလိပ်စာလုံးတွေ မပေါ်ခင်က ရေရှိနှင့်တယ်မဟုတ်လား၊ မောင့်အင်္ဂလိပ်စာလုံး နှစ်လုံးရှိမှပဲ ရေဖြစ်ရတော့မလား”

“သြော်-တယ်ခက်ပါကလား၊ ဒါက သင်္ကေတအမှတ်အသားဗျ၊ အဲဒီစာနှစ်လုံးရဲ့ အရှည်အဓိပ္ပါယ်ရှိသေးတယ်၊ သိရဲ့လား၊ အဲဒီအဓိပ္ပါယ်အရှည်ကို ကျွန်တော့်နုတ်ဘုတ်(note book) ထဲမှာ မှတ်ထားတယ်၊ အခု ပါးစပ်ထဲမှာတော့ မရဘူး၊ ပြီးတော့လဲဗျာ၊ ကျွန်တော်တို့ဆရာက အဓိပ္ပာယ်ပြောတာ မရှင်းပါဘူး၊ ကျွန်တော်တို့ နားလည်အောင် မပြောတတ်ဘူးဗျ၊ ဒီဆရာတွေဟာ အလကားပါဗျာ” ဟု ဆရာကို လွှဲချပြီး သူ့ဇာတ်ကို သူ မြန်မြန်သိမ်းလိုက်လေသတည်း။

“နို့ မောင်တို့ ကောလိပ်မှာ စားရပုံက ဘယ်လိုလဲကွဲ့”
“မှတ်ထား ဆရာကြီး၊ ကောလိပ်ဆိုတာကို ရောက်ဖူးမှ လူဖြစ်ကျိုးနပ်တာ၊ အနေအစားအကုန်လုံး အထက်တန်း အညွန့်စားချည်းပဲ မှတ်ထား၊ တစ်ခါထဲ နယူးလိုက်ဖ်(new life)ကို ရောက်သွားတာပဲ သိရဲ့လား”
“အဲ အဲ.. ဘာတဲ့၊ နရူး(နွားရူး) အလိုက်ခံရသလား၊ ဟိုရောက်ရင်”
“အောင်မယ်၊ ဗျို့ ဆရာကြီး၊ ဒါ သရော်စရာမဟုတ်ပါဘူး၊ ခင်ဗျားကြီးတို့ဟာ ပညာလဲမတတ်၊ ယဉ်ကျေးတဲ့ အင်္ဂလိပ်စကားတွေလဲ နားမလည်၊ ဒါကြောင့် ခင်ဗျားတို့ ဗမာတွေ ခွကျနေတာ သိရဲ့လား၊ နယူးလိုက်ဖ်ဆိုတာ အင်္ဂလိပ်စကားဗျ၊ အသစ်အသက်၊ အနေအစား အသစ်တစ်မျိုးလို့ ဆိုတယ်၊ ကြည့်လေ၊ နေရတာက ကျွန်တော် တောမြို့ကလေးမှာ ဆယ်တန်းမှာ နေရတုန်းက သူဆင်းရဲ့သား၊ ကုန်သည်သား၊ သူကြီးသားဆိုသလို သာမည လူတွေနဲ့သာ တွေ့ရတာကလားဗျ၊ ဟို ကောလိပ်ကျတော့ အနည်းဆုံး မြို့အုပ်သား၊ ၀န်ထောက်သား၊ အရေးပိုင်သား၊ မင်းကြီးသား ဆိုသလို အထက်တန်းစားတွေချည်းကလားဗျ၊ အဲလေ ဆင်းရဲသားရဲ့ သားသမီးလဲ နည်းနည်းပါးပါးတော့ ရှိတာပေါ့၊ ဘာဖြစ်ဖြစ် ကျွန်တော်တော့ အထက်တန်းစားနဲ့မှ ရွေးပေါင်းတာပဲ၊ ကုန်ကုန်ပြောမယ်ဗျာ၊ ဖိနပ်တောင်ကြည့်ပါလား၊ ကျွန်တော် တောမြို့ကလေးမှာ နေတုန်းက ၁၀ ကျပ်တန်၊ ၁၅ ကျပ်တန်အထက် ပိုမစီးရဘူး၊ ခုတော့ ဟော ၂၀ ကျပ်တန်အောက် မစီးရဘူးဗျ”

“နေပါဦး၊ ၂၀ ကျပ်တန်အောက် မစီးရတာက မောင်တို့ ကောလိပ်မှာ ဥပဒေလုပ်ထားလို့လား”
“ဘယ်က ဥပဒေလုပ်ထားရမှာလဲဗျ၊ ခင်ဗျားကြီးလဲ တော်တော်အ,တာပဲ၊ ဟိုမှာ အထက်တန်းစားတွေနဲ့ ပေါင်းရတာဗျ၊ ခင်ဗျား ၁၀ ကျပ်တန် အစုတ်တွေနဲ့ မဖြစ်ဘူးဗျ၊ လူထဲမတိုးဘူးဗျ၊ သိရဲ့လား၊ အခု ကျွန်တော်စီးထားတဲ့ ၂၀ ကျပ် ၂၅ ကျပ်တန်တောင်မှ လူထဲဝင်နိုင်ရုံရှိသေးတယ်။ သိရဲ့လား၊ ၃၀ ကျပ်တန် ၄၀ ကျပ်တန် စီးနိုင်မှ ဖိနပ်ကို လူဝိုင်းကြည့်တာဗျ”
“ဟင်-မောင်တို့ကောလိပ်က လူအဖိုးတန်တာ အရေးမကြီး၊ ဖိနပ်အဖိုးတန်တာ အရေးကြီးသလို နေပါကလား”

“တယ်-ခင်ဗျားကြီး အင်မတန်နုံသေးတာကိုး၊ တော်ပါဗျာ၊ ကောလိပ်ဆိုတာ ကြွားဖို့ဗျ၊ ကြွားဖို့၊ လူပေါ်လုပ်ဖို့ သိရဲ့လား၊ အစစအရာရာ အထက်တန်းချည်းပဲ သွားရ၊ စားရ၊ နေရတယ်၊ ကြည့်ပါလား၊ ကျွန်တော်ဟာ ကောလိပ်ကို အသွားအပြန် စက်ကင်းကလပ်စ်ဆိုတဲ့ ဘိုစီးတွဲမှစီးတယ်၊ ခင်ဗျားတို့ စီးတဲ့ တတိယတန်းဆိုတဲ့ ဆင်းရဲသားတွဲကို ဘယ်တော့မှမစီးဘူး၊ အဲဒီစက်ကင်းကလပ်စ်ဆိုတာ ခင်ဗျားတို့ဆင်းရဲသားတွဲတွေလို သစ်သားခုံနဲ့ညစ်ပတ်ပြီး ကြမ်းပိုးကိုက်တာမဟုတ်ဘူး၊ သိရဲ့လား၊ ဆိုဖာဆိုတဲ့ မွေ့ရာတစ်မျိုးကိုခင်းထားတယ်၊ အောက်က စပရိန်ထည့်ထားတယ်၊ ပြီးတော့ ဓာတ်မီးတွေ၊ ပန်ကာတွေ၊ မှန်တွေ၊ ရေတွေ စုံလို့ပါပဲဗျာ၊ တစ်ခါလောက် ခင်ဗျားတို့ကို စီးစေချင်တယ်၊ တစ်ခါတည်း လျှာလည်သွားမှာပဲ၊ ပြီးတော့ အဲဒီ ဘိုစီးတွဲအခက ခင်ဗျားတို့ ဆင်းရဲသားတွဲအခရဲ့ သုံးဆပေးရတယ်၊ သိရဲ့လား၊ အဲလေ တချို့ ပိုက်ဆံဝါလားတွေဟာ ပိုက်ဆံပေါလို့ စီးပေတဲ့ ဘိုစီးတွဲနဲ့ သူတို့နဲ့ တခြားစီပါဗျာ၊ ဟော-ကျုပ်တို့လို အင်္ဂလိပ်စာတတ်တဲ့ ကောလိပ်ကျောင်းသားလဲဖြစ်ရမယ်၊ စတိုင်ကျကျ လှလှပပ ၀တ်ဆင်ရမယ်၊ ကျွန်တော့်ဘိုဆံထောက်ကို ကြည့်စမ်း၊ လိမ်းထားတာ ဆီရိုးရိုးမဟုတ်ဘူး၊ ဟို ဘိလပ်တို့၊ အမေရိကန်တို့ကလာတဲ့ ဆီမွှေးတို့ ကော့စမက်တစ်တို့ကိုသာ လိမ်းတယ်၊ ပီးတော့ ပေါင်ဒါဆိုတဲ့ အမွှေးမှုန့်တို့၊ ကတ္တီပါရည်တို့ အဲဒါမျိုးတွေကို လိမ်းလို့၊ အဲဒီလို လှလှပပ ကျကျနနနဲ့မှ ဘိုစီးတွဲနဲ့ တော်တာဗျ၊ ခင်ဗျားတို့ တောသားကြီးတွေနဲ့တော့ အလကားပါဗျာ၊ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာဆိုသလို မနေဘူးလား”

“မောင်ရယ်၊ မောင့် ဘိုစီးတွဲ မစီးရချင်နေပါစေတော့၊ ယောက်ျားဖြစ်ရက်သားနဲ့ သနပ်ခါး မျက်နှာချေတွေတော့ မလိမ်းမဆင်ဝံ့ဘူး မောင်ရဲ့”
“အလို ခင်ဗျားကြီး အတော်လာပါကလား၊ ဒါလောက် ပြောနေတာတောင် သဘောမပေါက်သေးဘဲကို၊ ခင်ဗျားတို့ ဗမာတွေ မကြီးပွားတာ အဲဒီလို ခေတ်မမီ ခေတ်မဆန်တာတွေကြောင့်ပဲ၊ နားလည်ရဲ့လား”

ကျွန်ုပ်သည်လည်း ပြုံးရယ်၍သာ နေလိုက်၏။ ထိုသို့ နှစ်ယောက်သား လာခဲ့ရာ အိမ်အနီးသို့ ရောက်လာလေ၏။ အိမ်ဝသို့ ၀င်လျှင်၎င်းသူငယ်၏ အမိ၊ အစ်မ၊ နှမများနှင့်တူသော မိန်းမတစ်စုက စုဝိုင်း၍ “ဟော-ငါ့သားကလေး ပြန်လာပြီ၊ ဟော-မောင်သောင်းပြန်လာပြီ၊ ဟော-ကိုကိုပြန်လာပြီ၊ အမေလဲ အခုပဲ မင့်ဆီက စာကို ရတယ်၊ ရ ရခြင်း အ၀တ်အစားလဲပြီး အခု ဘူတာဆင်းမလို့ပဲ၊ မင်းစာက နောက်ကျနေတာကိုးကွဲ့” မောင်သောင်းမှာ များစွာစိတ်ဆိုးသော မျက်နှာဖြင့် “ဟောဗျာ၊ ဒဲမစ် (damn it) ခင်ဗျားကြီးတို့ ဒီလိုချည်းပဲ၊ စာကို ကပျာကယာ ပေးရတာဗျ၊ ရ ရခြင်း ဆင်းလာပြီးရောပေါ့၊ ကတဲ - လှချင်လိုက်ကြတာ၊ တယ်” ထိုအခါ အစ်မကြီးဖြစ်ပုံရသူက “မဟုတ်ဘူးကွဲ့ မောင်သောင်းရဲ့၊ မင်းပဲလိုတယ်၊ သံကြိုးရိုက်လိုက်ပါလား၊ ကတဲ ပိုက်ဆံကလေး သုံးမတ်တစ်ကျပ်ကို ဂရုစိုက်လို့”

“မဟုတ်ဘူး မမရဲ့၊ တနင်္ဂနွေနေ့ကျနေလို့၊ အားဂျင်းဖီးစ် နှစ်ဆ ပေးနေရမယ် သိရဲ့လား၊ ပြီးတော့ ပိုက်ဆံလဲ မပိုဘူး၊ ဟိုဒင်းရွေးရ၊ ဒီဒင်းရွေးရနဲ့” နှမငယ်က ၀င်တဲ့၍ “အဟုတ်သားပဲ ကိုကိုမှာ ဘယ်တော့မှ ပိုက်ဆံ ပိုပိုမိုမို မသုံးရဘူး၊ ပိုက်ဆံမှာလိုက်ရင် ဟောဟိုဖေဖေက ၀င်ဝင်ပြီး များတယ် ဘာတယ်နဲ့၊ ကိုင်း ခုတော့ ဘယ့်နှယ်နေသေးလဲ၊ ကိုကို ခြေကျင်လျှောက်လာရတော့ ကောင်းသေးရဲ့လား” ဟု ၀မ်းနည်းပက်လက်နှင့် ငိုမဲ့မဲ့ ပြောလေသည်။

ခေါင်းရင်းခန်းတွင် ကုပ်၍ ထိုင်နေရှာသော အဘိုးကြီးက ၎င်းသားအမိတစ်စုကို ကြည့်၍ မဲ့လိုက်သည်ကို ကျွန်ုပ်မြင်လိုက်ရသဖြင့် ၎င်းသားအတွက် အိမ်တွင် ရှေးရိုးအဘိုးကြီးကတစ်ဖက်၊ ခေတ်ဆန်သော သားအမိတို့ကတစ်ဖက် ဖြစ်နေကြသည်ကို ကျွန်ုပ်ရိပ်မိလိုက်လေ၏။ ကျွန်ုပ်မှာလည်း ခေါင်းက မျက်နှာသုတ်ပုဝါကို ခပ်အုပ်အုပ်ပတ်ကာ သားရေအိတ်ကို အိမ်ပေါ်တွင်ချ၍ အမှတ်မဲ့ထွက်သွားမည်ဟု လှည့်လိုက်ရာ အမယ်ကြီးက မြင်၍ “ဟဲ့-ကူလီခပေးကြဦးလေ” ဟု ဆိုမှ မောင်သောင်းသည် ပိုက်ဆံနှိုက်ကာ
“အို ဟုတ်ပါရဲ့၊ ဟောဒီဆရာကြီး ရှိလို့၊ နို့မဟုတ်ရင် အခက်ပဲ” ဆိုပြီး ပိုက်ဆံတစ်မူး ကျွန်ုပ်အား ပေးလေသည်။ ကျွန်ုပ်က “အို-နေပါစေ၊ ကျုပ်လဲ ခရီးကြုံတာနဲ့ ကူဆွဲလာတာပါ၊ နေပါစေ” ဆိုပြီး ထွက်ခဲ့၏။ ထိုအခါ အစ်မကြီးဆိုသူက “အို-ဒီမှာ ဦးကြီးရဲ့” (ထိုအခါ ကျွန်ုပ်က ပြုံး၍ ပြန်လှည့်ကြည့်လိုက်ရာ) ဟာ- ဟုတ်ပေါင် မောင်ကြီးရဲ့၊ ဟာ-ဟုတ်ပေါင် ဒီမှာ ကိုဟိုဒင်းရဲ့၊ ပိုက်ဆံ ယူသွားပါလေ” ဟု ဆိုကာ ပိုက်ဆံလိုက်၍ ပေး၏။ ကျွန်ုပ်ကား လွတ်အောင် သုတ်သုတ်ထွက်ခဲ့၏။

ထိုအခါ ညီမငယ်က ရယ်၍ “မမက လောလိုက်တာ၊ ဦးကြီးရဲ့တဲ့၊ လူကြည့်တော့ဖြင့် မမနဲ့ ရွယ်တူလောက် ရှိတယ်၊ ပြီးတော့ ကိုဟိုဒင်းတဲ့၊ ဟိုက ပြုံးသွားတာ မြင်လိုက်ကဲ့လား” ဆိုသည်တွင် အစ်မကြီးက “ဘာလဲ ကော်ငမလေးက တော်တော်ရွှန်း၊ နင် တယ်ထတယ်” ဟု ကြိမ်းမောင်းသံကို သန့်သန့် ကြားလိုက်ရလေ၏။ ကျွန်ုပ်၏သူငယ်ချင်း ဆရာကြီးအိမ်သို့ရောက်၊ ညစာစား၊ နောက်နေ့ ကျောင်းစစ်ရ၏။ ၎င်းညနေတွင် ဆရာကြီးက ကျောင်းဥက္ကဌအိမ်တွင် ထမင်းစားဖိတ်ထားကြောင်း အခြားကော်မတီ သုံးလေးယောက်ကိုလည်း ဖိတ်ထားကြောင်း ပြောဆို၍ နှစ်ယောက်သား ရေမိုးချိုး အ၀တ်အစားလဲကာ ထွက်ခဲ့ကြ၏။

ကျွန်ုပ်မှာ ယခုသော် ပိုးသားလုံချည် အင်္ကျီနှင့်တကွ ခေါင်းပေါင်းပေါင်း၍ အတန် သပ်သပ်ရပ်ရပ် ရှိသွားလေ၏။ ယခုအနေ မောင်သောင်းသာ မြင်ရပါလျှင် “ကူလီ” ငှားရန် အားနာဖွယ်ရှိ၏။ လာခဲ့ကြရာ မောင်သောင်းတို့အိမ်လမ်းသို့ ရောက်လေသဖြင့် ထိတ်ခနဲ ဖြစ်သွား၏။ စိတ်မလုံသည်နှင့် “အခုသွားမှာ ဘယ်အိမ်ကိုလဲ” ဟု ဆရာကြီးအားမေးရာ ခပ်လှမ်းလှမ်းရှိ မောင်သောင်းတို့အိမ်ကိုပင် ပြလေသတည်း။ ကျွန်ုပ်က “ဟိုက်-ခွကျကုန်ပြီ” ဟု လွှတ်ခနဲ ဆိုမိ၏။ ဆရာကြီးက လှည့်ကြည့်၍ “ဟေ့လူ ဘာဖြစ်တာလဲ မင်း…”

“ဟာ-ဘာမှမဖြစ်ပါဘူး၊ သွားသာသွားပါကွယ်” ဆို၍ ဘာဖြစ်ဖြစ်ဟု စိတ်တင်း၍ လိုက်ခဲ့ရ၏။

အိမ်သို့ရောက်ကြလျှင် လှမ်းကြည့်လိုက်ရာ မောင်သောင်းကို ရုတ်တရက် မြင်လိုက်ရ၏။ မောင်သောင်းသည် ကျွန်ုပ်ကို မှတ်မိပုံရ၏။ ရုတ်တရက် အခန်းတွင်းသို့ ခပ်သုတ်သုတ် ၀င်သွားလေ၏။ မောင်သောင်း၏ အမိ၊ အဖ၊ အစ်မ စသည်တို့ကား ကျွန်ုပ်ကို မှတ်မိပုံမရချေ။ ကျွန်ုပ် “ကူလီ” ဘ၀နှင့် ရောက်စဉ်က အ၀တ်အစား ညစ်ထပ်ထပ်နှင့် မျက်နှာကို မျက်နှာသုတ်ပ၀ါဖြင့် ခပ်အုပ်အုပ် ပတ်စည်းထားသောကြောင့်လည်းကောင်း၊ အိမ်သားအားလုံးတို့မှာ မောင်သောင်းကိုသာ ၀ိုင်း၍ ဂရုစိုက်ကြသောကြောင့်လည်းကောင်း ကျွန်ုပ်ကို မမှတ်မိခြင်း ဖြစ်ရ၏။

ကျွန်ုပ်သည်လည်း ဣနြေ္ဒမပျက် နေ၏။ မောင်သောင်းတို့အိမ်သားများက ပျူပျူငှာငှာ ဧည့်ခံကြလေ၏။ အတန်ကြာလျှင် အဘိုးကြီးက “ဟဲ့-မောင်သောင်းတစ်ယောက်ကော၊ ဒီမှာ ပညာဝန်များ လာကြတယ်၊ စကားစမြည်ပြောရအောင် လာလကွယ်” ဟု အိမ်တွင်းဆီသို့ လှမ်း၍ ခေါ်လိုက်၏။

ထိုအခါ သမီးအငယ်က “ဖေဖေ၊ ကိုကိုရယ် ဟိုဦးလေးကြီးအိမ်ကိုတဲ့၊ အရေးကြီးလို့တဲ့၊ ခုပဲ ဆင်းသွားတယ်၊ တော်တော်ကြမယ်လို့လဲ ပြောသွားတယ်ဖေဖေ” ထိုအခါ အဘိုးကြီးမှာ ကျေနပ်ပုံမရချေ၊ “တယ်ခက်သကို၊ ဧည့်တွေစောင်တွေရောက်မှ ထွက်သွားရသတဲ့လား (ကျွန်ုပ်ဘက်သို့လှည်၍) မောင်ရေ့၊ သားတစ်ယောက် ကောလိပ်ကျောင်းမှာ ထားရတယ်၊ သူတို့ကောလိပ်ဆိုတာက အင်မတန်..” ထိုအခါ အမယ်ကြီးက အဓိပ္ပာယ်ပါသော မျက်နှာဖြင့် အဘိုးကြီးကို ကြည့်လိုက်ရာ “အဲ အဲ သူတို့ကောလိပ်ဆိုတာက အင်မတန်ကြီးကျယ်ဆိုပဲ မောင်ရဲ့” ဟု အစသတ်လိုက်လေ၏။ ကျွန်ုပ်ကား အဓိပ္ပာယ်ကို နားလည်လိုက်ပါ၏။

ကျွန်ုပ်တို့လည်း စားသောက် စကားစမြည်ပြောပြီး ပြန်ခဲ့ကြ၏။ ၎င်းနောက် အခြားနှစ်မြို့သုံးမြို့တွင် ကျောင်းစစ်ပြီးနောက် ရန်ကုန်သို့ ပြန်ခဲ့၏။


***

၎င်းနောက် ငါးလခြောက်လခန့် ကြာသောအခါ ကျွန်ုပ်သည် မောင်သောင်းကို မေ့၍နေချေပြီ။ တစ်နေ့၌ ထူးထူးခြားခြား စာတစ်စောင် ရောက်လာ၏။ စာအိတ်မှာ စာရင်းစာအုပ်ဟောင်းတစ်ခုမှ ဆုတ်ယူအပ်သော မျဉ်းကြောင်းနှင့် စာရွက်ကို အိမ်တွင် ကတ်ကျေးဖြင့် ကိုက်ညှပ်၍ ထမင်းလုံးကော်ဖြင့် ကပ်ထားသော အိမ်လုပ်စာအိတ်ဖြစ်၏။ အပေါ်က လိပ်စာမှာ ရှေးလက်ရေး ဘုန်းကြီးကျောင်း လက်ရေးရိုးကြီးဖြင့် သေသပ်လှပစွာ ရေးထား၏။ ထူးခြားလှ၏ ဟု ဖောက်၍ကြည့်ရာ အောက်ပါစာကို တွေ့ရလေ၏။

“…မြို့နေ မောင်သောင်း၏ ဖခင်က စာအားဖြင့် အကြောင်းကြားပါသည် မောင်ဖိုးကျား။ ။ စေတနာရိုးရိုးဖြင့် ပို့အပ်သော မေတ္တာကို ခံယူပါ၊ မောင့်အကြောင်းကို မောင်သောင်းက ဖွင့်ပြော၍ သိရပါပြီ၊ ဟို ထမင်းကျွေးတဲ့နေ့က သူ့ဦးလေးအိမ်ကိုသွားတယ်ဆိုတာ ရိုးရိုးမဟုတ်ဘူး၊ ပြေးတာ၊ သူ့ကိုယ်သူရှက်၍ မောင်နဲ့ မျက်နှာ မဆိုင်ဝံ့လို့ ပြေးခြင်းပါ၊ မောင်နဲ့ တွေ့ရကြုံရကတည်းက အလွန်နောင်တရပြီး ယခု အလွန်ပြောင်းလဲသွားပါပြီ၊ မောင့်ကြောင့် ကျုပ်သား အဖိုးတန်လာလေသဖြင့် မောင့်အား မည်မျှ ကျေးဇူးတင်သည်ကို မပြောတတ်သလောက် ရှိရပါသည်။
မောင်နှင့်မတွေ့မီက ကျုပ်သားဖြင့် ပစ်ရပြီ၊ ဒီသားကလေးတစ်ယောက်ကို ဘယ်လိုပြုပြင် ကယ်ဆယ်ရပါမည်လဲဟု တကြောင့်ကြကြနှင့် နေရပါသည်။ ယခု မောင်မင်းကြီးသား ကယ်ပေလို့ ကျုပ်သား ကျွတ်ပါလေပြီ၊ အဖြစ်ကို ပြောပါရစေဦး၊ ကျုပ်သား ပျက်တာဟာ သူ့အမေ၊ အစ်မ၊ ညီမတွေကြောင့်ပဲ၊ ကြည့်ပါဦးမောင်ရယ်၊ သားက ကောလိပ်ကနေပြီး ငွေမှာရင် ၃၀ ကျပ်မှာရင် အနည်းဆုံး ၄၀ ကျပ် လောက် ပို့ကြတယ်၊ ကျုပ်က ပိုမပို့ဘဲ လျှော့ပို့ဖို့ပြောရင် သူ့အမေက ရှင်က ဘာသိလို့လဲတဲ့၊ ဟိုမှာ လူထဲနေရတာ၊ လူလိုနေရတာတဲ့ မောင်ရယ်၊ အဲဒီလို မအေလုပ်စားတဲ့လူက စ,လိုက်ရင်ပဲ အစ်မတွေ ညီမတွေက တစ်ခါတည်း ၀ိုင်းဆူကြတာပဲ၊ ကျုပ်ဘယ့်နှယ် နိုင်နိုင်မလဲ၊ သူတို့က ၀ိုင်းဆူတော့ ကျုပ်က ဘာလုပ်သလဲ သိလား၊ ကျုပ် ဘုန်းကြီးကျောင်းကို ထွက်သွားလိုက်တာပေါ့၊ ကျုပ်မှာလဲ အားကိုးနဲ့ကလား မောင်ရဲ့။ တစ်ခါကလဲ ကြည့်ပါ့မောင်ရယ်၊ မောင်သောင်း ကောလိပ်ကပြန်လာလို့ ထမင်းဝိုင်းစားကြတော့ မောင်သောင်းက ဟင်းချို မချိုဘူးတဲ့၊ သူတို့ကောလိပ်မှာ ၁၂ မျိုးဆိုလာ၊ ၁၃ မျိုးဆိုလား၊ အဲဒီဟင်းချိုမှ ချိုသတဲ့၊ ဒီတော့ ကျုပ်က မောင်သောင်းရယ်၊ ဟင်းချိုဆိုတာဟာ ပူရင်ချိုတာပေါ့ကွဲ့လို့ ပြောမိတာနဲ့ သားကလဲ စိတ်ဆိုးပြီး ထ,သွားတယ်၊ သူ့အမေကလဲ ကျုပ်ကို လက်ညှိုးကောက်ကောက်ထိုးလို့၊ ရှင့် ကိုအောင်ဘန်းရဲ့တဲ့၊ ရှင်တို့သာ ဟင်းရွက်ပြုတ်ရေကို ဆားခတ်ပြီး ခပ်ပူပူ လုပ်သောက်ကြ၊ ကျုပ်သားကိုတော့ အတင်းမတိုက်ပါနဲ့ ဆိုပြီး သူ့သားကလေးကို တရုတ်ခေါက်ဆွဲဆိုင် ခေါ်သွားပြီး အဲဟို မျိုးစုံ ဟင်းချိုကို ၀ယ်တိုက်သတဲ့၊ ကျုပ်က ဟင်းချိုဟာ ပူရင်ချိုတာပဲဆိုတာ လွန်သလားမောင်ရယ်၊ ဟုတ်ကော မဟုတ်ဘူးလားမောင်ရယ်၊ ကျုပ်တို့ ခေတ်တုန်းကတော့ ဟုတ်တာပဲ၊ အခု သူတို့ ခေတ်တော့ မပြောတတ်ဘူး” “မောင့်တော့ ပြောရဦးမယ်၊ တစ်ခါကလဲ သူတို့ ဘောလုံးရိုက်ကစားတဲ့ လက်ရိုက်တစ်ခုတဲ့ ၀ယ်လာတယ်၊ ကျုပ်က မနေတတ်လို့ ဘယ့်လောက်ပေးရသလဲလို့ မေးကြည့်တော့ ကြည့်ပါဦးမောင်ရယ် ၃၅ ကျပ်တဲ့၊ ဘုရား ဘုရား၊ ကစားစရာ လက်ရိုက်တစ်ခုကို ၃၅ ကျပ်တဲ့မောင်ရယ်၊ ကြားဖူးပါစ၊ ဒီတော့ ကျုပ်မလဲ အံ့အားသင့်ပြီး မောင်သောင်းရယ်၊ ငါ့သား ဒီလောက်မိုက်သလားကွယ်၊ ၃၅ ကျပ်ဆိုတဲ့ ငွေဟာ နည်းတာမဟုတ်ပါကလား၊ ဟိုဒင်း နွားမတစ်ကောင်ဖိုးလောက် ရှိနေပါပြီလားလို့ ပြောမိပါတယ်မောင်ရယ်၊ သူ့အစ်မက အခန်းထဲကကြားတော့ ထွက်လာပြီး ဖေဖေကလဲ တွေ့ကရာလိုက်ပြီး ဟန့်နေတာကိုး၊ စာမသင်တဲ့လူဆိုတာ ညောင်းတယ်၊ ကိုယ်ဆန့်လက်ဆန့်လုပ်မှ ကျန်းမာတယ်တဲ့၊ ဒီတော့ ကစားစရာဆိုတာ ၀ယ်ရတာပဲ ဖေဖေရဲ့တဲ့၊ ဒီတော့ ကျုပ်က အေးလကွယ်၊ ကိုယ်ဆန့်လက်ဆန့်ဖြစ်ဖို့ နင်တို့ ၃၅ ကျပ်တန် လက်ရိုက်ရမှ မဟုတ်ပါဘူးဟဲ့ မယ်ခရဲ့၊ ထုပ်ဆီးတမ်း ဖန်ခုန်တမ်း ကစားပါလားကွဲ့၊ လမ်းလျှောက်ပါလားကွဲ့၊ ပြေးပါလားကွဲ့၊ အပုံပါ သမီးရယ်၊ နင်တို့ ၃၅ ကျပ်တန်ရမှ မဟုတ်ပါဘူးလို့ ကျုပ်က ပြန်ပြောတယ်၊ ပြောနေရင်း သူ့အမေ ပေါက်လာပြီး ကိုအောင်ဘန်း ရှင်ဝင်ရှုပ်ပြန်ပလားတဲ့၊ ရှင်သာ နွားမတစ်ကောင်းကို ၃၅ ကျပ် ပေးဝယ်ပြီး နို့ညှစ်ရောင်းစားပေတော့၊ ကျုပ်သားကတော့ ကောလိပ်ကျောင်းသား အင်္ဂလိပ်စာတတ်မို့ ၀ယ်ချင်တာ ၀ယ်ပစေ၊ ကုန်ကုန် ဘာဖြစ်သေးလဲတဲ့၊ အဲဒီတော့ ကျုပ်က ဘာလုပ်လိုက်သလဲ သိရဲ့လား၊ ကျုပ်က ဘုန်းကြီးကျောင်းကို ထွက်သွားလိုက်တာပေါ့” “ပြီးတော့လဲ သူ့သားဆီက စာရောက်မှဖြင့် သူ့အမေမှာ အိမ်တကာ၊ ဈေးဆိုင်တကာ လိုက်ပြီး ပြောနေတာပဲ၊ သူ့သား ဘယ်အတန်းရောက်ပြီး၊ တစ်လတစ်လ ငွေဘယ်လောက် ပို့ရတာကလားနဲ့ စုံပါရောမောင်ရယ်၊ ထမင်းစားတောင် လိုက်ခေါ်ယူရတယ်” “ကျောင်းပိတ်လို့ ပြန်လာတဲ့အခါ၊ အိမ်က အလုပ်ကလေးများ ခိုင်းလိုက်လျှင် ဟော-သူ့အမေတွေ အစ်မတွေက ရှေ့က ကာဆီးကာဆီးနှင့် လာပါရော၊ အင်္ဂလိပ်ကျောင်းသား ကောလိပ်ကျောင်းသားများဟာ လက်အလုပ်တွေ၊ အလုပ်ကြမ်းတွေ မလုပ်ရဘူးတဲ့၊ ခိုင်းစရာရှိလျှင် သူတို့ကိုသာ ခိုင်းပါတဲ့၊ ကျုပ်လဲပဲ မင်္ဂလသုတ်၊ ပရိတ်ကြီး၊ သဒ္ဒါ၊ သင်္ဂြိုဟ်မှစ၍ မြန်မာစာ အတော်အတန် သင်ခဲ့ဖူးပါတယ်၊ အင်္ဂလိပ်ကျောင်းသားများ လက်အလုပ် အလုပ်ကြမ်းမလုပ်ရဘူးဆိုတာ ဘယ်စာထဲမှာမှ မတွေ့ဖူးပါဘူးမောင်ရယ်၊ လူရဲ့ဥာဏ်ရိုးရိုးနဲ့ စဉ်းစားကြည့်လျှင်လည်း မရပါဘူးမောင်ရယ်။ တစ်ခါတုန်းကလဲ မောင့်ကိုပြချင်တယ်၊ မောင်သောင်းကို ဘူတာရုံကို လိုက်ပို့ကြတယ်၊ လမ်းမှာ မိုးရွာထားလို့ ရွှံ့ဗွက်ကလေး နည်းနည်းရှိတာကို အမေနှင့်အစ်မက မောင်သောင်းကို ပွေ့ချီပြီးတော့ ကူးကြသတဲ့၊ ကျုပ်ကြားတော့ ရှက်လိုက်တာမောင်ရယ်၊ ကျုပ်ဘာလုပ်သလဲသိလား၊ ကျုပ်က ဘုန်းကြီးကျောင်း ထွက်သွားလိုက်တာပေါ့။ အဲဒီလို မောင်သောင်း ပျက်စီးနေတာ မောင်က ကူလီပုံစံနှင့် ဆုံးမခဲ့တဲ့နေ့ကစပြီး အတန်ပြောင်းလွဲပါပြီ၊ အရင်က တစ်လ ၁၀၀ ကျပ် ပို့ရတယ်၊ အခု ၅၀ ကျပ်သာ ပို့ရတယ်၊ တစ်ခါတစ်ခါ သူ့အမေများ အစ်မများက ပိုမိုပို့လျှင်လဲ ငွေကို မသုံးဘဲ အိမ်ကို ပြန်ယူခဲ့တယ်၊ ယူခဲ့တဲ့အပြင် သူ့အမေနှင့် အစ်မတို့ကို အပြစ်လဲတင်၊ တရားလဲဟော၊ လားလား၊ သူတို့ ကောလိပ်ကျောင်းသားက ပြောတော့ တုတ်တုတ်မလှုပ်ဘူး၊ ငြိမ်နေကြတာပေါ့၊ ကျုပ်က တစ်ထောင့်က ပြုံးပြုံးပြီး နားထောင်နေလိုက်တာပေါ့၊ အင်း သူတို့တော့ ငါ့ဝဋ်လည်တာပဲလို့ ကျိတ်ပြီး ၀မ်းသာလိုက်တာပေါ့ မောင်ရဲ့။ အိမ်မှာ လုပ်စရာကိုင်စရာရှိလျှင်လဲ အခိုင်းကို စောင့်မနေဘူး၊ သူ့ဟာသူ ကောက်လုပ်တာပဲ၊ တံမြက်စည်းလှည်း ရေခပ်ကစပြီး အကုန်လုပ်တာပဲ၊ ရထားတို့ သင်္ဘောတို့မှာလဲ တတိယတန်းက ပိုမစီးဘူး၊ ဖိနပ်များလဲ ငါးကျပ်တန် ခြောက်ကျပ်တန်က ပိုမစီးဘူး၊ အများအာဖြင့်တော့ ခုံဖိနပ်တို့ ပိန်းတန်းတို့ကို စီးတာများပါတယ်။ ကျုပ်သည် ကျောင်းကန်ဇရပ်ဆောက်လုပ်ခြင်း၊ သီလ အမြဲစောင့်ရှောက်ခြင်း စသည်ဖြင့် ဒါန၊ သီလ၊ ဘာဝနာများစွာ ပြုကျင့်ပါသည်၊ ပြုအပ်သော ကုသိုလ်ကောင်းမှု အလုံးစုံ၏ အဖို့ကို ခံယူပါ၊ ညအခါ မေတ္တာပို့လျှင် တရားကျမ်းဂန်အရ အဟံ အဝေရော ဟောမိဟု မိမိကိုယ်ကို ရှေးဦးစွာ မေတ္တာပို့ပြီးနောက် မောင်၏နာမည်ကို တပ်၍ မေတ္တာပို့ပါသည်၊ ပြီးမှ သားမယား၊ အိမ်သူအိမ်သား စသည်ဖြင့် အများအတွက် မေတ္တာပို့ပါသည်၊ ကျွန်ုပ်၏ လေးနက်သော မေတ္တာ ရိုးရိုးကြီးကို ခံယူပါလေ၊ မောင်၏ကျေးဇူး ကြီးလှပါ၏”

“သြော် ကောင်းစွ၊ ကောင်းစွ၊ ချမ်းသာစွ၊ ချမ်းသာစွ၊ ငါသည် အမှတ်မထင် ပြုအပ်သော အမှုတစ်ခုသည် အလွန်တာသွားလေစွတကား” ဟု နှစ်ခြိုက်စွာ မြည်ကျူးမိ၏။

***

ဤသို့ ကောင်းမှုတစ်ခု၏ အရသာကို ခံစားနေ၍ လေးငါးရက်မြောက်သော တစ်နေ့နံနက်၌ ကျွန်ုပ်သည် အိမ်ပြတင်းပေါက်မှ ရပ်ကြည့်နေစဉ် ခပ်လှမ်းလှမ်းမှ သူငယ်တစ်ယောက်သည် ငှက်ပျောခိုင်တစ်ခိုင်ကို ထမ်းကာ ကျွန်ုပ်ထံသို့ လာသည်ကို မြင်ရ၏။ အနီးသို့ရောက်သော် အခြားသူမဟုတ် မောင်သောင်းပင်ဖြစ်နေလေ၏။ ကျွန်ုပ်ကပင် ဆီး၍- “အလို မောင်သောင်းပါကလား၊ ဘယ့်နှယ်မောင်ရယ်၊ ငှက်ပျောခိုင်ကြီးကို တပင်တပန်းကြီး ထမ်းလာရသလဲ၊ လန်ချားနဲ့ဖြစ်ဖြစ်၊ ကူလီနဲ့ဖြစ်ဖြစ် လာရောပေါ့”

“ကိစ္စမရှိပါဘူးဦးရယ်၊ ကျွန်တော် အခု ကူလီကို တယ်မသုံးတော့ပါဘူး” ဟု ပြုံး၍ ပြော၏။

ကျွန်ုပ်သည်လည်း ယခင်ကအကြောင်းကို သတိရသည်နှင့် “အေး-ဒါလဲ ဟုတ်ပါရဲ့၊ နို့ပေမဲ့ ကာလဌာန ကြည့်လုပ်ရပါတယ်၊ ကိုယ်တိုင်ပြုအပ်တဲ့အခါလဲ ရှိတယ်၊ ကူလီလိုတဲ့အခါလဲ ရှိတယ်၊ နေရာတကာတိုင်းကို မဆိုလိုပါဘူး၊ ခုနေရာမျိုးတော့ ကူလီငှားကောင်းပါတယ်ကွဲ့”

“ဦးကို ကျွန်တော် တောင်းပန်ရအောင် လာပါတယ်”

“မင်း တောင်းပန်စရာ မလိုဘူး၊ ငါ့မှာ ကူလီခရပြီ၊ ရသင့်သည်ထက်တောင် အများကြီးပိုရတယ်၊ ရော့ ဟောဒီမှာကြည့်စမ်း” ဆို၍ သူ့ဖခင်ထံမှ စာကို ထုတ်ပြလိုက်၏။

စာကိုဆုံးအောင်ဖတ်ပြီးနောက် အတန်ကြာတွေ၍နေ၏။ အမှန်မုချ ထူးခြားမွန်မြတ်လှသော အရသာကို ခံစားနေသည်ကို ကျွန်ုပ်သိ၏။ ထိုသူငယ်၏ နှလုံး၌ မွန်မြတ်သော စိတ်ဓာတ်တို့ တဖွားဖွားဖြစ်နေသည်ကို ကျွန်ုပ်သိ၏။

ထိုသည့်နောက် အလာပ သလ္လာပ စကားပြောကြ၍ “ကိုင်း မောင်၊ မောင်လဲ ကျောင်းတက်ရဦးမယ် ပြန်ပေတော့၊ အချိန်လဲ နည်းနည်းသာရှိတယ်၊ ခရီးကလဲ အတန်ဝေးတယ်၊ အဲဒီတော့ ဒီလိုနေရာ ဒီလိုအခါမျိုးမှာ မြင်းရထားကလေးတောင် မကဘူး၊ မော်တော်ကားနဲ့ပဲ သွားရလိမ့်မယ်” ဟု ကျွန်ုပ်က ဆို၍ ထိုသူငယ်က ငြင်းဆန်နေစဉ် တွန်းတွန်းပို့ပို့နှင့် ကားတွင်းသို့ထည့်ကာ မော်တော်ကားဖြင့် သွားစေလိုက်ပါသတည်း။

~~~~~
ဦးဖိုးကျား

ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုတိုများ စာအုပ်မှ
Ref:http://www.planet.com.mm/book/story.cfm?id=112

F# Programming Language

Guitar Chord မဟုတ်ပါ။ မိုက်ခရိုဆော့ဖ်က တော့ F# ဆိုတဲ့ Language အသစ်ထွက်တော့မယ်။ နည်းပညာတွေနောက်လိုက်ရင်းနဲ့ မောပန်းနေပြီလား။ ပျင်းနေရင် ဖတ်ကြည့် စမ်းကြည့် ကြပေါ့။

Combining the efficiency, scripting, strong typing and productivity of ML with the stability, libraries, cross-language working and tools of .NET.

F# is a programming language that provides the much sought-after combination of type safety, performance and scripting, with all the advantages of running on a high-quality, well-supported modern runtime system. F# gives you a combination of
    The only language to provide a combination like this is F# (pronounced FSharp) - a scripted/functional/imperative/object-oriented programming language that is a fantastic basis for many practical scientific, engineering and web-based programming tasks.
    F# is a pragmatically-oriented variant of ML that shares a core language with OCaml. F# programs run on top of the .NET Framework. Unlike other scripting languages it executes at or near the speed of C# and C++, making use of the performance that comes through strong typing. Unlike many statically-typed languages it also supports many dynamic language techniques, such as property discovery and reflection where needed. F# includes extensions for working across languages and for object-oriented programming, and it works seamlessly with other .NET programming languages and tools.
    For further information, read about F# in more detail, download the F# distribution, read the getting started pages (a guide to installation and running your first program), go to the F# Manual, and learn about the growing F# Community. A short FAQ is also included on this site.

Some Starting points
About F# and comparison with OCaml, talks, performance and the FAQ.
Getting started is a guide to installation and running your first program.
The F# Downloads page contains release and download information for the Microsoft Research implementation of F#.
The F# Manual focuses on F#-specific features.
The F# Community page lists key F# sites and projects.

Monday, September 25, 2006

တိမ်တွေလို (မို့မို့)


ကိုယ်ဟာတိမ်တွေလိုပဲ လွင့်တော့မလို့ ဘယ်ဆီဘယ်ဝယ် မသေချာတော့ဘူးပေါ့ ကိုယ်တယောက်တည်း မင်းနဲ့ဝေးတဲ့အခါ အားလုံးရက်စက်စွာ တစ်ခါတရံနွေဟာ ပိုမိုပူပြင်းသွားခဲ့သလိုပဲ အပြင်မှာရွာနေတဲ့မိုးပိုပြီး သဲတော့မလိုပဲ အခြေအနေတွေ ပိုပြင်းထန်ဆိုးရွားလို့နေခဲ့... ရက်စက်တဲ့နှစ်လအချိန်တွေရယ် တစ်စစပိုဝေးကွာအချစ်ဆုံးနဲ့ နှလုံးသားမှာလောင်ကျွမ်းခဲ့ နူးညံ့စွာခံစားရင်း ကြေကွဲ ကိုယ်ကြေကွဲ...ရက်စက်တဲ့နှစ်လအချိန်တွေရယ် တစ်စစပိုဝေးကွာအချစ်ဆုံးနဲ့ နှလုံးသားမှာလောင်ကျွမ်းခဲ့ နူးညံ့စွာခံစားရင်း ကွဲကြေခဲ့...

Sunday, September 24, 2006

New AJAX Yahoo Mail (Beta) - Very Cool Features







<img alt="" border="0" height="164" src="http://us.bcast1.yimg.com/advision.webevents.yahoo.com/p_testClientDir/1173/images/microsite/liam_features.gif" width="62" />


Photo Gallery for ASP.NET 1.1

PhotoGallery Open Source တွေရှာတွေ့ထားသမျှထဲမှာ ဒီ ASP.NET Photo Gallery ကအကောင်းဆုံး အသန့်ဆုံး ဖြစ်ပါတယ်။ သုံးကြည့်ပြီးပြီ၊ ငြိမ်နေတာပဲ၊ beta version ပေမယ့် bug လုံးလုံးကင်းသလောက်ဖြစ်နေပြီ။ Source Code ကိုလည်း ပေးထားသေးတယ်။ လေ့လာလို့ရတယ် အောက်မှာ နဲနဲ ဖတ်ကြည့်ပါ၊ Download လုပ်ကြည့်ပါ၊ စမ်းကြည့်ကြပါ။ Front-End နမူနာက ဒီမှာ http://www.jasongaylord.com/photos/

The first release of the Photo Gallery module for ASP.NET 1.1 has been posted. It is a modified port of the photo gallery module that the ASP.NET
2.0 team wrote for the Personal Starter Kit. If you make any
modifications to this download, please post your modifications to
Source Control or the Message Board.
A working example of the PhotoGallery module can be found at www.jasongaylord.com. However, I've made some additional modifications to this site that I will be posting soon.
You may find out more information about the project at http://www.jasongaylord.com/projects/photogallery.aspx

ဒေါသမီးလျှံ အကျည်းတန်၊ သည်းခံလှပသည်



    ဒေါသထွက်တဲ့ ပုဂ္ဂိုလ်ဟာ အကြောင်းအကျိုးကို ခွဲခြားမသိနိုင်ဘူး။ အမှန်တရားကိုလည်း မမြင်နိုင်ဘူး။ ရုပ်ကိုလည်း အိုစေတယ်။ နာမ်ကိုလည်း အိုစေတယ်။ နောက်ဘ၀မှာလည်း ရုပ်ဆိုးတတ်တယ်။
    သည်းခံခြင်းဟာ မြတ်သောအကျင့်ရယ်လို့ မြတ်စွာဘုရား ဟောထားတယ်၊ ခန္တီတစ်လုံး လက်ကိုင်သုံးရင် အစစ အရာရာကို အဆင်ပြေစေတယ်။ ဒါကြောင့် "ဘယ်အာရုံနဲ့ပဲ တွေ့တွေ့ ငါ အစစ သည်းခံမယ်" စသည်ဖြင့် ဆင်ခြင်လို့ရပါတယ်။ ဒါမှမဟုတ် ကိုယ်နားလည်သလို ဆင်ခြင်တတ်သလို ဆင်ခြင်လို့လည်း ရပါတယ်။
    မေတ္တာပွားမယ့်သူတစ်ယောက် အနေနဲ့ ပယ်ရမယ့်တရားက ဒေါသပါတဲ့၊ ယူရမယ့်တရားက ခန္တီပါတဲ့။ ဒေါသဆိုတာ လောကီရှု့ဒေါင့်ကကြည့်ကြည့်၊ လောကုတ္တရာရှု့ထောင့်က ကြည့်ကြည့် ကောင်းကိုမကောင်းတာပါ။
  သုဘလုလင်က မြတ်စွာဘုရားကို မေးတဲ့မေးခွန်း ရှိပါတယ်။ ဘယ်လိုမေးလဲ ဆိုတော့ "မြတ်စွာဘုရား တချို့ ယောကျာင်္းတွေ မိန်းမတွေ ကျတော့ရုပ်ဆိုးပါတယ်၊ တချို့ ယောကျာင်္းတွေ မိန်းမတွေကျတော့ ရုပ်လှပါတယ်၊ အဲဒါဘာကြောင့်ပါလဲဘုရားတဲ့"။ ဒီတော့ မြတ်စွာဘုရားက "သုဘလုလင် ဒေါသကြီးတဲ့သူဟာ နောင်ဘ၀မှာ ရုပ်ဆိုးရပြီး၊ သည်းခံတဲ့သူကတော့ ရုပ်လှရပါတယ်" လို့ပြန်ဖြေလိုက်ပါတယ်။
        ဒါကို မဟာစည်ဆရာတော်ဘုရားကြီးက "ဒေါသမီးလျှံ အကျည်းတန်၊ သည်းခံလှပသည်" လို့ လင်္ကာစီထားပါတယ်။
  နောင်ဘ၀ကို အသာထား ဒီဘ၀မှာတင် ဒေါသကြီးတဲ့သူကို မြင်ရတာတောင် တော်တော် စိတ်ဆင်းရဲဖို့ကောင်းပါတယ်။ အခြေအနေအရ ဆက်ဆံနေရပေမယ့် ဒေါသကြီးသူကို ဘယ်သူမှ မဆက်ဆံချင်ကြပါဘူး။ မျက်မှောက်လက်တွေ့ဘ၀ ကိုကြည့်ပြီး ဒေါသရဲ့ အပြစ်ကို ဆင်ခြင်နိုင်ရပါမယ်။
    ဆင်ခြင်တယ်ဆိုတာ နှုတ်ကဆိုရုံလေး နှလုံးသွင်းရုံလေး မဟုတ်ဘဲ သဘောသဘာဝအထိ နှလုံးသားထဲအထိ အသိထဲအထိ ဆိုက်ရောက်သွားအောင် သိသွားအောင် ဆင်ခြင်ရပါတယ်။ ဆင်ခြင်ရင်းနဲ့ပဲ ဒေါသရဲ့ အကျိုးအပြစ်တို့ကို ထင်ထင်ရှားရှား တွေ့ပြီး ကိုယ်တိုင်လည်း ဒေါသလျော့လျော့သွားပါလိမ့်မယ်။ ကိုယ်ဒေါသထွက်စဉ် ကာလတုန်းက ဆိုးကျိုးတွေကို အာရုံပြုပြီး ဆင်ခြင်လို့ရပါတယ်။ ဥပမာ- မိတ်ပျက်သွားတာတွေ၊ အလုပ်ပျက် အကိုင်ပျက် ဖြစ်ခဲ့တာတွေ၊ အိပ်မပျော်ခဲ့တာတွေ စသည်ဖြင့်ပေါ့။
    သည်းခံတာလည်း ဒီအတိုင်း ပါပဲ။ သည်းခံမှုရဲ့ ရလဒ်ကို အသွင်အပြင်ထက် အနှစ်သာရအပိုင်းအထိ လက်ခံနိုင်အောင် ဆင်ခြင်ရပါမယ်။ ဆင်ခြင်ရင်းနဲ့ပဲ သည်းခံတတ်တဲ့ အကျင့် ဖြစ်သွားပါလိမ့်မယ်။

ရဝေနွယ်(အင်းမ) ၏ မေတ္တာအတွေးများ

Friday, September 22, 2006

Crazy Multi-Input Touch Screen

ထူးဆန်းပါပေ့



အကျယ်ကို မူရင်းကိုဇော်မိုးအောင် ဘလော့တွင်ရှု : http://zawmoeaung.blogspot.com/2006/09/blog-post_115873604744626661.html

Wednesday, September 20, 2006

PHP Photo Album

Download လုပ်ရန်မလို၊ Source Code ပြင်ရန်မလို ပဲ FTP server, Login name, Password ရိုက်ထည့်ယုံဖြင့် Website တစ်ခုမှာ ကောင်းမွန်လှပသော PhotoGallery တစ်ခုကို Online Installation လုပ်နိုင်ပါတယ်။ Open Source Software ဖြစ်ပါတယ်။ Web Server ကတော့ PHP enable ဖြစ်ဖို့လိုတယ်။ ဒီမှာ http://www.phpalbum.net/installer လုပ်လို့ရတယ်။ သိပ်လွယ်တယ်။









phpAlbum.net Installer v1.0
Please enter following data:
FTP-Server
Login
Password


Tuesday, September 19, 2006

နှစ်ဆယ့်တစ်ရာစု သားရွှေဥ

ကစားကွင်းနဲ့ တောအုပ်
ကြားဖူးကြမှာပေါ့။ “ကလေးဘဝဆိုတာ လူ့တသက်သာရဲ့ အချိုမြိန်ဆုံး နေ့ရက်တွေ” တဲ့။ ဒီစကားဟာ ၁၉၆၀ အလွန်နှစ်တွေလောက်ကဆိုရင်တော့ အပြည့်အဝ မှန်နိုင်ပါလိမ့်မယ်။ ဒီနေ့ကာလမှာတော့ တကယ်မှန်မယ် မထင်တော့ဘူး။ အသက် ၃ နှစ်လောက်ဆိုရင်ပဲ အမေ့ရင်ခွင်ထဲကနေ မူကြိုရောက်နေရပြီ။ ၅နှစ်လောက်ရောက်ရင် ကျက်စရာစာတွေ တပုံတပင်။ ၇ နှစ်လောက်ရောက်တော့ ကျူရှင်ပြေးရပြန်ရော၊ ဒီအထဲ တီဗွီက ကြည့်လိုက်ချင်၊ ဂိမ်းက ကစားချင်။ ပြီးတော့ အပြိုင်အဆိုင်ခေတ်ကြီး။ တယောက်တယောက် နှာတဖျားသာလို့ မဖြစ်ဘူးလေ။ ကမ္ဘာနဲ့ ချီပြီးတော့ ပြိုင်ကြရတာကလား။ ဒီတော့ ကစားကွင်းမဟုတ်မှာတော့ သေချာတယ်။ ဖြစ်ခြင်းဖြစ်ရင် တောအုပ်ကြီးဖြစ်မှာပဲ။ ချုံနွယ်ပိတ်ပေါင်းတွေ၊ ချောက်တွေ၊ ကမ်းပါးတွေ၊ သားရဲတိရစ္စာန်တွေ ပြည့်နေတဲ့ တောအုပ်ကြီးထဲမှာ အပြေးပြိုင်နေကြရတာပါ။ ဒီတောအုပ်ကြီးထဲက အသံတွေကို နားထောင်ကြည့်လိုက်ပါ။ ဒီနေ့ကလေးတွေရဲ့ ဝေဒနာကို စာနာနိုင်ပါလိမ့်မယ်။
“စိတ်ညစ်လိုက်တာ၊ အိမ်စာတွေလည်း မပြီးသေးဘူး။ ဟင် နက်ဖြန်ဆို လပတ်ပါလား။ ဘာစာမှလည်း မရသေးဘူး။ ဒုက္ခပါပဲ။ ဟောတော် ကိုးနာရီတောင်ထိုးပြီး အမေရေ ထမင်းစားမယ်”
“ဟွန်း ဒီကောင့်အိမ်က ဗီစီဒီ ဝယ်ပြီးပြီတဲ့။ ဘိုးတော်ကလည်း ဝယ်ပေးမယ်ဆို ခုထိ ဝယ်မပေးသေးဘူး။ ဟောဗျာ ကျောင်းချိန်က နီးလှပြီ။ ပျင်းလိုက်တာ။ ကျောင်းရောက်ရင် ဟိုကောင် ငကြွားရဲ့ကြွားလုံးတွေ ကြားရဦးမှာ။ ခုနေ ကမ္ဘာပျက်သွားရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဟို ဥက္ဗာပျံကြီးကလည်း ဘာကြောင့် ဝင်မတိုက်တာတုန်း”
“သူတို့ ဝိုင်းက ဆရာတွေက အပျံစားတဲ့။ တို့ဆရာတွေကတော့ တယ်မနိပ်လှပါဘူး။ မနိပ်ဆို အမေတို့က ဈေးချိုတဲ့ဝိုင်းမှာ ထားတာကိုး။ ငါကိုက ကံဆိုးပါတယ်လေ။ ဟိုမိန်းမဆိုရင် ရယ်ဒီမိတ် ခါးကမချဘူး။ ငါ့ဖြင့် တခါလာလည်း ပုံပုံစတိုးက တီးရှပ် ...။ အင်း ... ဘုရားရှိခိုးဦးမှ နောက်ဘဝကျရင် သူဌေးသမီးဖြစ်ပါရစေ အရှင်ဘုရား ...”
“မင်း သိပ်ရက်စက်တယ်ကွာ၊ အေးလေ ... ငါ့မှာမှ စီးတော်ယာဉ်မှ မရှိတာ။ ဘတ်(စ်)ကား တိုးဝှေ့စီးရတဲ့ ကောင်ကို၊ အက်စ်အီးပေါ်က ဘယ်ကြည်ပါ့မလဲ၊ ပြီးတော့ ဟိုမောင်က ‘အမ်စီ’၊ ငါက ဆယ်တန်းနှစ်ခါကျ ပညာနဲ့ငွေ ရောနိုင်ရင် ချစ်ပြီ ချစ်ပြီ၊ မရောနိုင်ရင် မချစ်ပြီ မချစ်ပြီ ထွီ ထွီ ... ထွီ အချစ်စစ်မမည်”
ဒီလို ‘ဆူးတောင်’တွေ ပေါက်နေတဲ့ ကလေးတွေဟာ ဘယ်လိုပုံစံနဲ့ လူကြီးဘဝကို တက်လှမ်းကြမှာတဲ့လဲ။ သူတို့စိတ်ထဲမှာ ဘာတွေ ဖြစ်နေမလဲ၊ သူတို့အကျင့်တွေမှာ ဘာတွေ ဖော်ပြနေမယ်။

အရှုံးဘွတ်ကင်
ဟောဒီမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အတွေ့ရများတဲ့ ဆယ်ကျော်သက်တွေရဲ့ အကျင့်တွေကို စဉ်းစားရသမျှ ဖော်ပြလိုက်ပါတယ်။ သူငယ်ချင်းမှာ ဒီလိုအကျင့်တွေထဲက ဘယ်နှစ်ခုလောက်များ ရှိနေပြီလဲ။ အကုန်လုံးပဲလား။
(၁) တရားခံရှာ (React)
စစ်အေးခေတ်က ရေပန်းစားဖူးတဲ့ အပေါစားပြက်လုံး တခုရှိတယ်။ လူငယ်တယောက်ဟာ လမ်းလျှောက်သွားရင်း မတော်တဆ ခလုတ်တိုက်မိတယ်တဲ့။ ချက်ချင်းပဲ အခုလို တုံ့ပြန်လိုက်တယ်။ “ဒါ နယ်ချဲ့စနစ်ကြောင့်ပဲ”။ အလိုမကျစရာ တခုခု၊ အခက်အခဲ တခုခု၊ ပြသနာတခုခုဖြစ်ပြီ ဆိုတာနဲ့ ဘာမှစဉ်းစားမနေတော့ဘဲ တရားခံတယောက်ယောက်ကို ဆိုင်ဆိုင်- မဆိုင်ဆိုင် အမြန်ဆုံးရှာလိုက်တဲ့ အကျင့်ပါ။
(၂) ခြေဦးတည့်ရာ (Begin with No End in Mind)
ကိုယ် ဘာဝါသနာပါလဲ၊ ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ့်ကိုယ်ကိုယ် မေးကြည့်။ သူများပြောတာတွေ နားမယောင်နဲ့။ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်လိုက်ရင် ဘာတခုမှ ဟုတ်ဟုတ်ငြားငြား ဝါသနာမပါတာက များပါတယ်။ နက်ဖြန်ဆိုတာ မတွေးဘူး။ ဒီနေ့ဆိုတဲ့ အခိုက်အတန့်လေးမှာပဲ နေတယ်။ စားပြီး အိပ်နေ ဘိက္ခဝေ၊ သေရင် ပက်လက် နတ်ပြည်တက် ...။ သိပ်နိပ် ...။
(၃) ကြုံသလို ကျပန်း (Put First Thing Last)
စာကျက်မလို့ စားပွဲထိုင်လိုက်တယ်။ တီဗီက ဇာတ်ကားကောင်းတာနဲ့ စားပွဲကထ တီဗီရှေ့ရောက်။ ဒီနေ့အဝတ်တွေ လျှော်မယ်၊ စိတ်ကူးနေတုန်း သူငယ်ချင်းက လာခေါ်၊ လက်ဖက်ရည်ဆိုင် နေကုန်ထိုင်။ ကာယလေ့ကျင့်ခန်း လုပ်လိုက်ဦးမယ်၊ အကျှုလည်း ချွတ်လိုက်ရော တယ်လီဖုန်းက မြည်လာပြီ။ “ဟဲလို အမိန့်ရှိပါခင်ဗျား”၊ “အို ဆွီတွီလား အိုကေ” ပျော်စရာတော့ တော်တော်ကောင်းမယ်။ ဘာအရေးကြီးဆုံးလဲ၊ ဘာကို အရင်စလုပ်မလဲ၊ မစဉ်းစားဖူးပါဘူး။ ကြုံသလို ကျပန်းပဲ လုပ်ပစ်လိုက်မယ်။
(၄) သူသေ ကိုယ်ရှင် (Think-Win-Lose)
‘ငါ့ကို ဒီလိုကျောလို့ ဘယ်ရမလဲ’၊ ‘စဉ်းစားစမ်း ဒီကောင့်ကို ဘယ်လိုဆော်ပစ်ရမလဲ’။ ‘ကေသရာဇာဆိုတာ တကောင်တည်းကွ၊ ဘယ်တော့မှ နှစ်ယောက် အဖြစ်မခံဘူးကွ’။ ကိုယ်နဲ့ စာပြိုင်ဘက်၊ ဒါမှမဟုတ် ရည်းစားလုဘက်၊ ဒါမှမဟုတ် တခုခု အပြိုင်ဖြစ်နေတဲ့ လူတိုင်းအပေါ် ထားလေ့ရှိတဲ့ သဘောထားပါ။ နိုင်ရင်နိုင်၊ မနိုင်ရင် ခြေကန့်လန့် ထိုးလိုက်မယ်ဆိုတဲ့ အကျင့်ပါ။ ‘အချစ်နဲ့ စစ်မှာ မတရားဘူးဆိုတာ မရှိ’လို့ ဆိုပေမယ့် အရာရာ ဒီအတိုင်းပဲ ကျင့်သုံးပါတယ်။
(၅) မင်းမပြောနဲ့၊ ငါပြောမယ် (Seek First to Talk, Then Pretend to Listen)
လူမှာ ပါးစပ်ရော၊ နားရော ပါပေမယ့် များသောအားဖြင့် နားကိုမေ့နေကြတယ်။ ပါးစပ်ကိုပဲ စိတ်စေရာ ခိုင်းတတ်ကြတယ်။ လူတယောက်နဲ့ တွေ့ပြီဆိုတာနဲ့ စကားတွေ တရစပ်ပြောတော့တယ်။ မလွဲသာလို့ နားထောင်ရပြီဆိုရင်လဲ နားထောင်ချင်ယောင်ဆောင်ပြီး နောက်ထပ် ကိုယ်ပြောရမယ့် စကားတွေကိုသာ တွေးနေတတ်တယ်။ သူများ အာလူးဖုတ်တာ ဘာလို့ နားထောင်မှာလဲဗျာ။ ပျင်းစရာ ကောင်းမှကောင်း။ ကိုယ်တိုင် မိန့်ခွန်းချွေရတာကမှ အရသာ။
(၆) တကိုယ်တော်ရိန်းဂျား (Don’t Cooperate)
ဒီကောင်တွေ ဘယ်လောက်တော်လို့ ဒင်းတို့နဲ့ ပူးပေါင်းရမှာလဲ။ ငါ့ဆီက အရည်အချင်းတွေကို အသုံးချချင်လို့ စကားလုံးလှလှလေးတွေနဲ့ လာရောနေတာ။ ဘာပူးပေါင်း ဆောင်ရွက်ရေးလဲ၊ သွားစမ်းပါ။ ကိုယ့်မြင်း ကိုယ့်စိုင်း၊ စစ်ကိုင်းရောက်ရောက်။ ကိုယ့်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက်။ ဒင်းတို့နဲ့ ဘာဆိုင်လဲ ...။
(၇) ပုရောဟိတ်စတိုင် (Wear Yourself Out)
မပြည့်တဲ့အိုးသာ ဘောင်ဘင်ခတ်မြဲပါ။ ငါက ရေပြည့်အိုးပဲ ဘာမှ ထပ်ဖြည့်စရာ မလိုတော့ဘူး။ ငါ့မှာ အမှန်တရားရှိပြီးပြီ။ နောက်ထပ် အမှန်ရစရာ မလိုတော့ဘူး။ အလကား အချိန်ဖြုန်းတာတွေ။
ဒီအကျင့်တွေဟာ ကောင်းလား၊ မကောင်းလား၊ သူငယ်ချင်းတို့ ကိုယ်တိုင်ပဲ စဉ်းစားကြည့်ကြပါ။ ‘ရှောင်ကိုဗေး’ရဲ့ အလိုအရတော့ ဒါတွေဟာ ကျဆုံးခန်းအတွက် ရုံဝင်လက်မှတ်တွေ ဖြစ်ပါသတဲ့။ မင်းမှာ ဒီအကျင့်တွေ ရှိနေပြီဆိုရင်တော့ ကျဆုံးဖို့အတွက် ‘ဘွတ်ကင်’ လုပ်ပြီးသား ဖြစ်နေပြီ ဆိုရတော့မှာပေါ့။

ဘဝသစ်ပင်
အထက်မှာ ဖော်ပြခဲ့တဲ့ ‘အရှုံးဘွတ်ကင်’ တွေကို ပြောင်းပြန်စဉ်းစားကြည့်ကြ ရအောင်။ ဟောဒီလို အကျင့်ခုနှစ်မျိုး ရလာပါလိမ့်မယ်။
၁။ တာဝန်ယူစိတ် (Be Proactive)
ပြသနာတခုခု ရှိလာရင် ‘ငါ ဘာမှားနေလဲ’ ဆိုတာက စ, စဉ်းစားပါတယ်။ ပြီးမှ ကျန်တာတွေကို ဖြန့်တွေးတယ်။ ‘ကိုယ့်ကိုယ်ကိုတော့ လွတ်စေ၊ သူများကိုတော့ တရားခံ’ ဒါမျိုး မလုပ်ဘူး။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတဲ့စိတ်ပါ။
၂။ ပစ်ကွင်းတို ချိန်ပစ် (Begin with the End of Mind)
ငါ ဘာဖြစ်ချင်တာလဲ၊ ငါ့ရည်မှန်းချက် ဘာလဲဆိုတာကို ပထမဆုံး ပိုင်းဖြတ်တယ်။ ‘မစ်ရှင်’ (Mission) စိတ်ဓာတ်ဖြစ်ပါတယ်။
၃။ အရေးကြီးတာ အရင်လုပ် (Put First Thing First)
ကြုံသလို ကျပန်းမလုပ်ဘူး။ အစီအစဉ်ရှိရှိနဲ့ တဆင့်ပြီးတဆင့် ဆောင်ရွက်တတ်တယ်။
၎။ သူမနာ၊ ကိုယ်မနာဆက်ဆံရေး (Think Win-Win)
ကိုယ်နိုင်စေ၊ သူရှုံးစေ သဘောမထားပါ။ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် ‘ကြားအဖြေ’ကို နှလုံးသွင်းပါတယ်။
၅။ နားလည်မှုရှိ (Seek First to Understand, Then to be understood)
ပထမဆုံး သူများကို နားလည်အောင် ကြိုးစားတယ်။ ကိုယ့်ကိုလည်း သူများက နားလည်အောင် တံခါးဖွင့်ထားတယ်။
၆။ လက်တွဲကြိုးပမ်း (Synergize)
ငါတကော မလုပ်ဘူး။ အများနဲ့လက်တွဲ ကြိုးပမ်းနိုင်ဖို့ အားထုတ်တယ်။
၇။ ကိုယ့်ကိုယ်ကိုယ် ပြန်သ (Sharpen the Saw)
စိတ်တံခါးကို ပိတ်မထားဘူး။ အတွေးသစ်၊ အမြင်သစ်တွေအတွက် အမြဲ တံခါးဖွင့်ထားတယ်။ ကိုယ့်အသိ၊ ကိုယ့်အကျင့်ကို အမြဲချွန်မြနေစေဖို့ မပြတ် ‘သ’ နေပါတယ်။
ဒီအကျင့်တွေ မင်းမှာ ရှိနေပြီဆိုရင် ဘဝတိုက်ပွဲမှာ အောင်ပွဲအလီလီရမှာ သေချာသလောက် ဖြစ်ပါပြီ။ ဒါကြောင့် ဒါတွေဟာ ဘဝအောင်ပွဲအတွက် အာမခံ ကတ်ပြားတွေလို့ ဆိုနိုင်လောက်ပါတယ်။
ဒီအကျင့် ခုနှစ်ချက်ကို မှတ်မိလွယ်အောင် ရုပ်ပုံလေးနဲ့ သရုပ်ဖော်ကြဦးစို့။ ပထမ ၃ ချက်က ကိုယ့်ရဲ့ အတွင်းအဇျတ္ဈကို အောင်နိုင်ဖို့ ကြိုးပမ်းရတာပါ။ Private Victory ပါ။ ‘အတွင်း အောင်ခြင်း’ပေါ့။ သစ်ပင်ကြီးတပင်ရဲ့ အမြစ်နဲ့ တူပါတယ်။ အမြစ်အားကောင်းရင် ဒီသစ်ပင်ကြီး လဲမှာပြိုမှာ မပူရတော့ဘူးပေါ့။ စတုတ္ထကနေ ဆဌမထိ အကျင့် ၃ မျိုးကတော့ ပင်စည်နဲ့တူတယ်။ လေဒဏ်၊ မိုးဒဏ်၊ မုန်တိုင်းဒဏ် ခံနိုင်ဖို့ ပင်စည်သန်စွမ်းဖို့လည်း လိုတယ်လေ။ လူအများနဲ့ ဆက်ဆံတဲ့ အပိုင်းမှာ အောင်ပွဲဆင်နိုင်ဖို့ပါ။ Public Victory ပေါ့။ ‘အပြင် အောင်ခြင်း’လို့ မှတ်ကြမယ်။
နောက်ဆုံးအကျင့်ကတော့ သစ်ပင်ထိပ်ဖျားပေါ့။ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ပြီး အာဟာရချက်သလို ကိုယ့်အသိ၊ ကိုယ့်အကျင့်စရိုက်ကို အမြဲချွန်မြနေစေဖို့ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်သရတာပေါ့။ Self Renewal လို့ ဆိုပါတယ်။ ‘အထွတ်တင်’ တာပေါ့။
ဒီသုံးပိုင်းလုံးသာ စိတ်ချရရင် သူငယ်ချင်းရဲ့ ဘဝသစ်ပင်ကြီးဟာ အမြဲစိမ်းနေမှာ သေချာပါတယ်။

အကျင့်နဲ့စရိုက်
အကျင့်ဆိုတာ စိတ်မှတ်က မသိလိုက်ဘဲ ထပ်တလဲလဲ လုပ်နေမိတာမျိုးတွေပါ။ အကျင့်ပါသွားရာကနေ နောက်ဆုံး စရိုက်ဖြစ်လာတတ်ပါတယ်။ ဒီသဘောကို အင်္ဂလိပ် ကဗျာကလေးတပုဒ်မှာ ခုလို တွေ့ရတယ်။ သူ့မူရင်းအရသာ မပျက်အောင် အင်္ဂလိပ်လိုပါ ဖော်ပြလိုက်ပါတယ်။
We first make
Our habits,
Then our habits
Make us.

အစကတော့
ငါတို့က အကျင့်တွေ လုပ်
နောက်တော့
အကျင့်တွေက တို့ကို ပြန်လုပ်

‘အကျင့်’ တခုရဲ့ ဖြစ်စဉ်ဟာ ဘဝမှာ ဘယ်လောက်အရေးပါတယ်ဆိုတာ ဆင်ခြင်နိုင်အောင် စာရေးဆရာကြီး ‘ဆင်မြူရယ် စမိုင်း’ရဲ့ ဟောဒီကဗျာ လေးကိုလည်း ဖတ်ကြည့်လိုက်ပါဦး။
Sow a thought, and your reap an act;
Sow an act, and you reap a habit;
Sow a habit, and you reap a character;
Sow a character, and you reap a destiny.

အတွေးတခု စိုက်၊ ခြေလှမ်းတလှမ်း ရိတ်
ခြေလှမ်းတလှမ်း စိုက်၊ အကျင့်တခု ရိတ်
အကျင့်တခု စိုက်၊ စရိုက်တခု ရိတ်
စရိုက်တခု စိုက်၊ ကံကြမ္မာတခု ရိတ် ...။

STEPHEN R. COVEY ၏ The 7 Habits of Highly Effective Teens ကို မှီးပြီး ဘာသာပြန်ထားသော ကျော်ဝင်း၏ "နှစ်ဆယ့်တစ်ရာစု သားရွှေဥ" စာအုပ်ထဲမှ နိဒါန်းကို ပြန်လည်ကူးယူ ဖော်ပြတာဖြစ်ပါတယ်။
Ref:http://www.myanmarisp.com/articles/art0021

Saturday, September 16, 2006

December - IC


ဟိုးအဝေးကနှင်းတွေကျဆင်းဆဲ.. ဒီအချိန်တွေဆိုရင်သူရောက်လာ.. မေ့မရတဲ့အတိတ်ရယ်ရနံ့များနဲ့ သူဟာပြန်လာမြဲပဲ... အိုး ဒီဇင်ဘာ ကိုယ့်ရင်ခွင်မှာ အချစ်ရယ် နှင်းတွေတဖွဲဖွဲကျ သိပ်သတိရ... မင်းဘယ်ဆီမှာ မင်းပြန်လာပါ အခုတော့အလွမ်းတွေ တဖွဲဖွဲကျ သိပ်သတိရ... ဟိုးအဝေးကနှင်းတွေ အရင်အတိုင်းပဲ ငါအတွေးထဲရိုက်ခတ်ဆဲ... မင်းနှုတ်ခမ်းကအနမ်းတွေ ပွင့်ဖူးတဲ့ ဆောင်းမနက်တို့ရောက်ရှိပြီ... အိုး ဒီဇင်ဘာ ကိုယ့်ရင်ခွင်မှာ အချစ်ရယ် နှင်းတွေတဖွဲဖွဲကျ သိပ်သတိရ... မင်းဘယ်ဆီမှာ မင်းပြန်လာပါ အခုတော့အလွမ်းတွေ တဖွဲဖွဲကျ သိပ်သတိရ... ဒီဇင်ဘာမှာ ဟိုတစ်ချိန်က မိန်းကလေးရယ်... တို့အနမ်းများစွာ အပြာရောင်နှင်းများကြား... တမ်းတမိတယ် ဟိုတစ်ချိန်ကဆောင်းညတွေ အတိတ်နှင်းများဟာ တစ္ဆေလိုခြောက်လှန့်လို့...

ကျောက်ဆည် မှ ဆင်အက


Get this video and more at MySpace.com

ကြိုက်တတ်ရင် အင်မတန်ကြည့်လို့ကောင်းပါတယ်။ ငယ်ငယ်တုံးကဆို ကြိုက်လို့ ဆင်ကတွေတွေ့ရင် လိုက်လိုက်ကြည့် နေကြဖြစ် ပါတယ်။ ဆင်ဆိုပေမယ့် ကျောက်ဆည်ကဆင်က ဟာ အဆင့်မြင့်ပါတယ်။ ဥပမာ ကိုကြီးကျော် သီချင်းနဲ့ နတ်ဒိုးသံ နဲ့ ကပြီဆိုရင် ဆင်ကြီးကပါ အရက်မူးနေသလို ကိုယ်လုံးကြီး ယိမ်းထိုးပြီးကတာ။ နဂါးနီလို "ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်.." ဆိုသလို မြူးမြူးကြွကြွ တီးလုံးနဲ့ဆို ဆင်ကြီးကပါ တကိုယ်လုံး မြူးကြွ ပြီး တက်တက်ကြွကြွရွရွလေး ကတာ။ မမပုသိမ်သူ လိုသီချင်းနဲ့ကရင် ပတတ်ရပ်ပြီး ပုသိမ်ထီးလေး ဆောင်းပြီးကတယ်။ အင်မတန် တော်တယ်။ တော်တော် လေ့ကျင့်ထားရတာ။ ဆက်တိုက်ကရင် ပင်ပန်းလွန်းလို့လူလဲလဲပြီးကရတယ်။ ကပြီးထွက်ထွက်လာရင် ချွေးတွေရွဲနေတယ်။ တချို့ နာမည်ကြီးဆင်တွေဆိုရင် ပုလင်းတွေစီပြီးထောင် ပြီး အပေါ်ဆုံးက ပုလင်းလေးပေါ်မှာ ကတာ။ အပေါ်ကလူက မီးကွင်းတောင် ယမ်းလိုက်သေးတယ်။ အံ့သြစရာပါ။ အခု Movie မှာလဲကြည့်။ ဆင်ကြီးကပါ ကရင်ဒုံးယိမ်းနဲ့ မြူးကြွပြီး ကနေတာ။

Friday, September 15, 2006

Blog Engine (ASP.NET)

မိမိဘာသာ Blogger တို့ WordPress တို့လို Blog Engine တစ်ခု ဆောက်ကြည့်ချင်ရင် http://subtextproject.com/  ကအကောင်းဆုံးဖြစ်ပါတယ်။ Install လုပ်ရတာ အလွန့်အလွန် လွယ်ကူပြီး open source BSD license ဖြစ်ပါတယ်။ http://subtextproject.com/  မှာ Download လုပ်နိုင်ပါတယ်။ Installation လုပ်ဖို့ System Requirements တွေကတော့ Windows 2003/Windows 2000/XP Professional မှာ IIS ရှိရမယ်။ .NET framework တင်ထားရမယ်။ SQL Server 2000 သို့မဟုတ် SQL Server 2005 တင်ထားရမယ်။ SQL Server 2005 Express Edition က freeware ပါ။ ကိုယ်တိုင်လည်း လုပ်ကြည့်ပြီးပါပြီ။ တော်တော်လေးကောင်းပါတယ်။ Commercial အဆင့် Product ထွက်ပါတယ်။ Myspace ကလို Gallery တောင် ပါပါသေးတယ်။

Football Online

Online ကနေ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ဂျာမန်ဘွန်ဒက်လီဂါ၊ အီတလီ စီးရီးအေ၊ စပိန် လာလီဂါ စတဲ့ ဘောလုံးပွဲတွေ ကို Live ကြည့်ချင်ရင် http://www.kikugamo.com/football.html မှာ အကောင်းဆုံး ဖြစ်ပါတယ်။ စင်္ကာပူမှာတော့ ယိုးဒယားလိုင်း တရုတ်လိုင်းတွေ ဖမ်းကြည့်ရင် အတက်မြန်တယ်။

ilovemessenger

MSN တို့ GTalk တို့ မှာ Display picture လေးတွေ တင်ဖို့ ပုံရှာချင်ရင် http://ilovemessenger.msn.com/ မှာ ပုံကောင်းကောင်းလေးတွေ အများကြီးပဲ။ Emoticons  တွေ Background တွေလဲ အများကြီး ရှိတယ်။

Sunday, September 10, 2006

Wednesday, September 06, 2006

ကုန်းဘောင်ခောတ်က ရည်းစားစာ

အဖန်အိုးတစ်အိုးလည်း ကုန်တော့မည်။ ယွန်းခွက်ထဲက မန်းမရွေးလည်း ပြောင်တလင်းခါနေပြီ။ ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကြီးလည်း တစ်ဝက်ကျိုးပြီ။ ကွမ်းကလည်း တစ်ယာပြီးတစ်ယာ စာရလွန်းသဖြင့် လျှာတွေ အာတွေတောင် ထုံးပေါက်နေပြီ။ ဆရာဆင့်ကား ရေးလို့မပြီးသေး ဗျစ်ရည်တစ်ကျိုက် သောက်လိုက်၊ ဆေးပေါ့လိပ်ဖွာလိုက်၊ ခေါင်းကုတ်စဉ်းစားလိုက်၊ ရေးလိုက်လုပ်နေသည်။ စောင့်ရတာကြာသဖြင့် ပျင်းရိ ငြီးငွေ့လာသည်။ ဆရာဆင့်ရေသည့် တေးထပ်က ကောင်းမှ ကောင်းပါ့မလား ဟူ၍ စိုးရိမ်စိတ်ဝင်နေမိသည်။ ခုချိန်မှာ ရဲစားဆီတေးထပ် ရေးပို့သည့်ဓလေ့က အလွန်ခေတ်စားသည်။ ထိုကိစ္စမှာ မင်တြားကြီးက စတင်လိုက်ခြင်းဖြစ်၏။ မင်းတြားကြီးသည် သူ၏ မိဖုရာကြီးသုံးပါးဖြစ်သော စကြာဒေ၀ီ၊ ဆင်ဖြူမရှင်နှင့် ရှင်သဲတို့ကို ရည်၍ တေးထပ်ကဗျာ သုံးပုဒ်ကို ကိုယ်တော်တိုင် စပ်ဆိုခဲ့သည် ဆို၏။ ထို့နောက် ကနောင်ကိုယ်တော်ကြီးကလည်း အားကျမခံပဲ လှိုင်ထိပ်ခေါင်တင် မိဖုရားထံ တေးထပ်ရေးပို့ပြန်သည်။ သူကတော့ စစ်မက်ရေးရာသာ ကျွမ်းကျင်သူဖြစ်သဖြင့် ကိုယ်တိုင်မရေးတတ်။ လက်သုံးတော်စာဆို များကို ရေးခိုင်းရသည်။ ဘုရင်က တစ်ခုခုလုပ်လျှင် လိုက်လုပ်တတ်ကြသည့် ထုံးစံအတိုင်း မင်းသားငယ်များကလည်း သူတို့မိဖုရားများထံ တေးထပ်ပို့ကြသည်။ မိဖုရားတွေကလည်း အပြန်အလှန် ပို့ကြသည်။ ထိုမှတဆင့် ရွှေမြို့တော်တစ်ခုလုံး ပျံ့နှံ့သွားပြီး တေးထပ်မှ မစေလျှင် မိန်းမရနိုင်ဖို့ မလွယ်သလောက် ဖြစ်သွား၏။
ကဗျာစာဆိုများကလည်း လာဘ်လာဘ အလွန်ရွှင်သောကာလဖြစ်၏။ ကိုယ်တိုင် မရေးတတ်သူတွေက စာဆိုများကို ချဉ်းကပ်ကြရသောကြောင့်တည်။ ယခင်က ထန်းရည်တောင် အနိုင်နိုင် အကြွေးသောက်ခဲ ကြရရှာသော ကဗျာစာဆိုတို့မှာ ခုတော့ ဘရန်ဒီလေး တမြမြ ဖြစ်နေကြလေပြီ။
သူသည် စလေဆရာ ဦးပုညဆီသို့ သွားဖို့ ကြိုးစာခဲ့သေးသည်။ သို့ရာတွင် စလေဆရာသည် မြင်ကွန်းမြင်းခုန်တိုင် မင်းသားညီနောင်တို့က မြှောက်စားထားသဖြင့် စန်းပွင့်နေသောအချိန်။ ရွှေနန်းတော် အသိုင်းအ၀ိုင်းမှ မင်းသားမင်းသမီး တို့ စေခိုင်းသော တေးထပ်များကို လက်မလည်အောင် ရေးပေးနေရသောအချိန်၊ ရေသည်ပြဇာတ်၊ ဆဒ္ဒန်ဆင်မင်းပြဇာတ်များတို့ကြောင့် တစ်ရှိန်ထိုး နာမည်ကျော်ကြားနေသော အချိန်၊ ထိုမျှမက ဗေဒင်ယတြာလည်း တတ်ကျွမ်းသဖြင့် သူ့အိမ်မှာ လူစည်ကားနေတတ်၏။ မိမိလို မြို့ဝန်မင်း ၏ အိမ်တော်သားမျှသာ ဖြစ်သူအနေဖြင့် တွေ့ခွင့်ရဖို့တော်မလွယ်။ ထို့နောက် အချုပ်တန်းဆရာဖေ နေထိုင်ရာ မြင်းကုန်းတန်းရှိ အိမ်သို့သွားသည်။ ဆရာဖေကိုတော့ တွေ့ခွင့်ရသည်။ သို့ရာတွင် ဆရာဖေက လောလောဆယ် တပယ်မင်းသား ရေးခိုင်းသည့် တေးထပ်တွေ ရေးနေရသဖြင့် မအားလပ်ကြောင်း၊ ပြီးလျှင်လည်း မက္ခရာမင်းသားကြီးနှင့်အတူ အင်းဝအုတ်ကျောင်းသို့ လိုက်ပါသွားပြီး ပေစာတွေ ကူယူလေ့လာရဦးမည် ဖြစ်ကြောင်း၊ အရင်လိုလျှင်တော့ မိမိ၏ တပည့်ရင်းဖြစ်သူ ခေတ္တရာ ဆရာဆင့်ထံ သွားသင့်ကြောင်း လမ်းညွှန်လိုက်၏။
သို့ဖြင့် ဂေါဝိန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထာားတေသာ အင်္ဂလိပ် ကုန်သည် သင်္ဘောမှ ဗျစ်ရည်တစ်အိုး ၀ယ်သည်။ ဆရာဆင့် ကြိုက်တတ်သည် ဆိုသောကြောင့်ဖြစ်၏။ ဆရာကတော် ဒေါ်မယ်စိန် အတွက်လည်း ခါသာပိတ်အုပ်တစ်အုပ် ယူသွားရသည်။
သူသည် မြို့ဝန်ကတော်၏ တူမလေးကို မေတ္တာ သက်ဝင်ချစ်ခင်နေမိ၏။ သူက မြို့ဝန်မင်း၏ ပစားပေးခြင်းခံရသူဖြစ်၍ သဘောမတူမှာကိုတော့ ပူစရာမလို။ မိန်ကလေးက မေတ္တာတုံ့ပြန်ဖို့သာ အရေးကြီးသည်။ သူ့အနေဖြင့်မိန်းကလေးကို နှုတ်ဖြင့်ချစ်ရေးဆိုရန်မှာ အသည်သားဆန်လွန်း သည်ဟုထင်၏။ အထင်အမြင်သေးစရာဖြစ်မည်။ ရွှေနန်းတော် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူပီပီ အများသူငါလို တေးထပ်ရေးပေးမှ တော်ပေလိမ့်မည်။ ထို့ကြောင့် ဆရာဆင့်ထံ လာရောက် အကူအညီတောင်းရခြင်းဖြစ်သည်။
"အိမ်း...ပြီးတော့ပြီးသွားကပြီ"
ဆရာဆင့်ကရေရွတ်ရင်း သူရှိရာသို့လာသည်။
"စိတ်ချပေတော့ မောင်ရင် ဒီတေးထပ်ကို ဖတ်ပြီးရင် မိန်းကလေးဟာ မောင်ရင့်ကို မေတ္တာမတုံ့ပြန်ဘဲ နေနိုင်မှာ မဟုတ်ပေဘူးကွဲ့"
ဟုပြောပြီး ပေရွက်ကို လှမ်းပေးလိုက်၏။ သူဝမ်းသာအားရ လှမ်းယူလိုက်သည်။
"ဖတ်ကြည့်လိုက်ပါဦးလေ"
ဆရာဆင့်က တိုက်တွန်းသဖြင့် သူဖတ်ကြည့်လိုက်သည်။ ဖတ်ရင်းကပင် ပီတိတွေဖြာဝေလာလေတော့၏။

"တဆိတ်ကယ် ချစ်ပါ့
လှစ်ဟလို့တောင်းပန်။
ဖြစ်သမျှ အကြောင်းကံငယ်
ပေါင်းရန်ဖြင့်ရည်စူး
ဖူးစာရှင် အစစ်မှန်လျှင်
အချစ်ပြန်ကြားဖို့ စိတ်ကူး"

ပရိုင်းမိတ်တစ်ယောက်၏ ဆင့်ကဲဖြစ်စဉ် (မင်းလူ ၏ ခေါင်းလောင်းထိုးသော ၀တ္တုတိုများမှ)

Monday, September 04, 2006

Mars က ထွက်လာဦးမယ့် “လူဖြစ်ရတဲ့ဒုက္ခ” နဲ့ “ဟဲ့..ကား!”


ပရိုဂျူဆာ ဦးဆန်းဝင်း
လှိုင်ဦးမော်ရဲ့ No.2 Album ကို ထုတ်လုပ်ခဲ့တဲ့ MARS တေးထုတ်လုပ်ရေးဟာ ဆက်လက်ပြီး မျိုးကျော့မြိုင်ရဲ့ လူဖြစ်ရတဲ့ဒုက္ခ VCD, DVD ကို  စက်တင်ဘာလထဲမှာ ဖြန့်ချိဖို့ စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အဲဒီဗွီစီဒီမှာ ဒါရိုက်တာရဲမြင့်သူရဲ့ လက်ရာများ အများဆုံးပါဝင်ပြီး သီချင်းတွေကို MTV ဆန်ဆန် ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ထူးခြားတာကတော့ 'လူဖြစ်ရတဲ့ဒုက္ခ' သီချင်းကို တစ်ပုဒ်လုံး အစအဆုံး 3D animation ပြုလုပ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။
နောက်ထပ်တစ်ခုကတော့ “ဟဲ့ကား” လို့အမည်ပေးထားတဲ့ သီချင်းခွေတစ်ခုဖြစ်ပါတယ်။ မောင်မောင်ဇော်လတ်၊ ကျားပေါက်၊ အရိုးနဲ့ ဆင်ပေါက်တို့ ရေးဖွဲ့သီဆိုထားပြီး ခရီးသွားရင်း ပျော်ပျော်ရွှင်ရွှင် ဖွင့်လို့ဆိုလို့ရမယ့် သီချင်းမျိုး၊ ပျော်စရာသီချင်းမျိုးတွေ ပါဝင်ကြောင်း သိရပါတယ်။ “ဒီအခွေကို အစတုန်းကတော့ အခွေကြီးဖြစ်သွားဖို့ မရည်ရွယ်ခဲ့ပါဘူး။ သူငယ်ချင်းတွေ စပြီး တည်ခဲ့ရကနေ နောက်တော့ လူကြီးတစ်ယောက်ပါရင်ကောင်းမယ်ဆိုပြီး ကိုမောင်မောင်ဇော်လတ်ကို ခေါ်ခဲ့ပါတယ်။ အဲဒီတော့မှ ပိုပြီးအတည်လုပ်ဖြစ်လာတယ်၊ နောက် ထုတ်လုပ်သူ ကိုဆန်းဝင်းနဲ့တွေ့ပြီး အခွေထုတ်ဖို့ ဖြစ်လာတာပါ။ သီချင်းတွေက အချစ်အကြောင်းသိပ်မပါဘူး၊ ခရီးသွားရင်းနားထောင်ဖို့ ရည်ရွယ်ပါတယ်”လို့ တေးရေးတေးဆို အရိုးက ပြောပြခဲ့ပါတယ်။ ဒီအခွေကတော့ Tape နဲ့ CD အရင်ဖြန့်မှာဖြစ်ပြီး ရောင်းအားကိုကြည့်ပြီးမှပဲ ဗွီစီဒီရိုက်ဖို့ ဆုံးဖြတ်မယ်လို့ ထုတ်လုပ်သူက ပြောပါတယ်။
Mars ရဲ့ထုတ်ဝေမှု၊ The Sun Music ရဲ့ ဖြန့်ချိမှုနဲ့ အသစ်ထွက်လာမယ့် သီချင်းခွေနဲ့ ဗွီစီဒီတွေကို စောင့်မျှော်အားပေးနိုင်ဖို့ Planet ပရိသတ်ကြီးဆီ ကြိုတင် သတင်းကောင်း ပါးထားလိုက်ရပါတယ်။

Ref: http://www.planet.com.mm/news/?linkpage=desc&id=10916

Sunday, September 03, 2006

lau shu ai da mi (KoREan version)


lau shu ai da mi ရဲ့ ကိုရီးယား drama version ဖြစ်ပါတယ်။ အင်မတန် ၀မ်းနည်းစရာ ဇာတ်လမ်းလေးပါ။ ကောင်မလေးက မျက်မမြင်ပါ။ ကောင်လေးက သစ်ပင်ပန်းပင်တွေပို့တဲ့ အညတရကောင်လေး၊ ရုပ်ကလဲဆိုး၊ ၀လဲဝ၊ ဖက်တီးလေးပေါ့။ ဒီလိုနဲ့ပဲ ဖက်တီးလေးက မျက်မမြင်ကောင်မလေးကို ချစ်မိသွားတယ်ဆိုပါတော့။ ဒါနဲ့သူတို့ ချစ်သူတွေဖြစ်သွားကြပြီး တစ်ရက်မှာ ကောင်မလေးကို ကားဝင်တိုက်တယ်။ ဖက်တီးလေးက ပွေ့ချီပြီး ဆေးရုံကို ပို့တယ်။ ချစ်သူကောင်မလေး အတွက် သောကတွေဖြစ်လွန်းလို့ ကြွက်ကလေးဖြစ်သွားတယ်။ အခြားတစ်ဘက်မှာ ကောင်မလေးက ကံကောင်းစွာ မျက်စိပြန်မြင်သွားတယ်။ ကုပေးတဲ့ ခပ်ချောချော ဆရာဝန်က လဲ ကောင်မလေးကို မေတ္တာရှိသွားတယ်။ ကောင်မလေးကို ချစ်ရေးဆိုတယ်။ ဒါနဲ့သူတို့လည်း ချစ်သူတွေဖြစ်သွားတယ်။ ဒီအချိန်မှာ ကောင်မလေးက ကြွက်ကလေးတစ်ကောင် လက်ဆောင်အဖြစ်ရလာတယ်။ အဲဒီကြွက်ကလေးဟာ ဖက်တီးလေးပေါ့။ နောက်ဆုံးမတော့ ကောင်မလေးက ဆရာဝန်နဲ့လက်ထပ်သွားတယ်။ ပြီးတော့ ကြွက်ကလေးကို လွှတ်ပေးလိုက်တယ်။ ကြွက်ကလေးက အဝေးကို ထွက်ပြေးသွားတယ်။

ပုဂံခောတ်က ရည်းစားစာ :)

"ဂြီ နမောဗုဒ္ဓါယ
ဘုရားသခင် သာသနာအနှစ် တစ်ထောင်ခြောက်ရာ နှစ်ဆယ်ရှစ်နှစ် လွန်လေပြီးရကား...
ဤအရိမဒ္ဒာနပူရပြည်ဍ် လုလင်တစ်ယောက်သောကား ငပြည့်မည်၏။ ထိုလုလင်သည် အိုပန်းနုကို မေတ္တာသက်တုံ၏။ အိုပန်းနုလည်း ထိုမေတ္တာကို မသိရလေကား ဤမော်ကွန်းကို ငါပြု၏။ အိုပန်းနုလျှင် ဤမော်ကွန်းကို မြင်ပြီး၍၏ ငါ့မေတ္တာအားတုံ့စေသတည်း။"

ငပြည့်သည် ကျောက်စာ၏ နောက်ဆုံးစာလုံးကို ထွင်းထုပြီးသွားလေပြီ။ သူသည် ဤကျောက်စာကို ရက်သတ္တတစ်ပတ်ကြာအောင်ပြုလုပ်ခဲ့ရ၏။ သူသည် ကျောက်စာထွင်းသည့် အလုပ်ကို ကျွမ်းကျင်သူတစ်ယောက်မဟုတ်။ ဒီအလုပ်မျိုးသီးသန့်လုပ်သည့် ပျူလူမျိုး တို့၏ ရွာမှာ အခပေးပြီး ထွင်းထုခိုင်းလျှင်တော့ ရသည်။ သို့ရာတွင် ယခု ကိစ္စမျိုးက တခြားလူတွေသိလိုကောင်းသောအရာ မဟုတ်။ ထို့ပြင် အိုပန်းနုကို ပေးဖို့ ကျောက်စာသည် မိမိကိုယ်တိုင်၏ လက်ရာဖြစ်စေချင်၏။ ထို့ကြောင့် မိမိဘာသာ ထွင်းထုခဲ့ခြင်းဖြစ်သည်။ တကယ်တော့ ကျောက်စာထွင်းရသော အလုပ်သည်မလွယ်ကူ။ အလွန်လက်ဝင်သည်။ အချိန်အဆလည်း အင်မတန်အရေးကြီးသည်။ မလိုအပ်ပဲ ကျောက်သားတွေပဲ့ထွက် မကုန်အောင်လည်း ဂရုစိုက်ရသည်။ အထူးသဖြင့် အက္ခရာတွေကို မန်းကျည်းစေ့ပုံ သဏ္ဍန်ဖြစ်အောင်ထွင်းထုရသည်မှာ အတော်စိတ်ရှည်ရသည်။ မည်သို့ပင်ဖြစ်စေ ကျောက်စာကတော့ ရေးထွင်းလို့ပြီးသွားပေပြီ။ အချိန်မီအောင် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရသဖြင့် လက်များပင် ပေါက်ပြဲပြီး သွေးစို့နေ၏။ ကိစ္စမရှိ။ သူ့အချစ်ကို ဖွင့်ဟပြနိုင်ဖို့သာ အရေးကြီးသည်။ အိုပန်းနုကိုချစ်သော သူ၏အချစ်ကား တုရင်တောင်ထက် ပို၍ကြီးမားသည်။ တန့်ကြည့်တောင်ထက် ပို၍မြင့်သည်။ အကြေအရပ်မှ လာသောကုန်သည်မျာပြောပြသည့် ပင်လယ်ဟုခေါ်သော ရေအိုင်ကြီးထက်ပင် ပို၍ကျယ်ပြန့်သည်။ ရွှေစည်းခုံဘုရားနားမှာ သစ္စာပြုဝံ့၏။ ခက်နေသော အကြောင်းကတော့ သူသည် ကွန်ပြောက်ငယ်တစ်ခုမှ အမှုထမ်းလုလင်ကလေးမျှသာဖြစ်ပြီး အိုပန်းနုကား သံပျင်ကြီး၏ သမီးဖြစ်နေခြင်းပင်တည်။ အဆင့်တန်းခြင်း အလွန်ကွာလှ၏။ ထိုမျှမက သံပျင်ကြီးကလည်း အိုပန်းနုကို ကလန်အရာရှိငယ် တစ်ဦးနှင့် လက်ဆက်ပေးရန် စိတ်ကူးရှိကြောင်း သတင်းသဲ့သဲ့ ကြားရ၏။ အိုပန်းနုသည် သူ့အပေါ်တော့ စိမ်းစိမ်းကားကား တော့မရှိ။ တွေမိဆုံမိသည့်အခါ ပြုံးပြုံးရယ်ရယ် နှုတ်ဆက်တတ်သည်။ ခင်မင်လိုသောဟန်လည်း ပြသည်။ တစ်ခုပဲရှိ၏။ မိမိက ချစ်နေကြောင်း အိုပန်းနုကမသိသေး။ နှုတ်ကဖွင့်ပြောဖို့လည်း မ၀ံ့ပဲ ဖြစ်နေရ၏။ တစ်နည်းနည်းနှင့်တော့ သိအောင်ကြံရမည်။ ထို့ကြောင့် ဤကျောက်စာကို ထွင်းထုခဲ့ခြင်းဖြစ်သည်။ ဒီနေ့လပြည့်နေ့ဖြစ်၏။ အပြန်တွင် ဤကျောက်စာကို ပေးလိုက်မည်ဟု ကြံစည်စိတ်ကူးထား၏။ ကျောက်စာကို ရေဖြင့်စင်ကြယ်စွာဆေးသည်။ ပြီးတော့ နံ့သာဖြူရည်ဖြင့် ပက်ဖြန်းသည်။ ငဆောင်ခြမ်းဘက် သို့သွားစဉ်က တရုတ်ကုန်သည်များ ထံမှ ၀ယ်ခဲသော ပိုးဖျင်စဖြင့် ရစ်ပါတ်သည်။ မိမိကိုယ်တိုင်လည်း ၀တ်ကောင်းစားလှ ၀တ်သည်။ ထို့နောက် ဗုဒ္ဓမြတ်စွာဘုရားကို ရှိခိုးကန်တော့သည်။ ယနေ့ပြုဖွယ်ကိစ္စအောင်မြင်ပါစေကြောင်း ဆုတောင်းသည်။ "အတို့ကျွန် ရောက်ပါပြီသခင်" ဘုရားကျွန်နှစ်ယောက်ရောက်ရှိလာပြီး သူ့ကိုနှုတ်ဆက်သည်။ ကျောက်စာချပ်ကြီးသည် အလျားနှစ်တောင့်ထွာ အနံတစ်တောင်နှင့်လက်လေးသစ်ခန့် ရှိ၏။ အတော်လေးလံသည်။ မိမိကိုယ်တိုင်သယ်ယူရန် မလွယ်။ ထို့ကြောင့် နန်းဘုရားမှ ကျွန်နှစ်ယောက်ကို ကြက်တစ်ကောင်စီပေး၍ ငှားရမ်းခဲ့ရခြင်းဖြစ်၏။ ကျောက်စာချပ်ကြီးကို လျှော်ကြိုးဖြင့် ဆိုင်း၍ ဘုရားကျွန်နှစ်ယောက်က ရှေ့နောက်ထမ်းသည်။ သူက ဦးဆောင်ပြီးထွက်လာခဲသည်။ ခုဆိုလျှင် သူသည် နောက်ပါအခြွေအရံများဖြင့် တင့်တင့်တယ်တယ် ဖြစ်သွားပေပြီ။ ထနောင်းပင်တန်း အကြားရှိ မုဆိုးမတစ်ယောက်တည်ခဲ့သော စေတီလေးနားက စောင့်ရမည်။ ထိုနေရာက လူလည်း ရှင်းသည်။ အရိပ်လည်းရသည်။ အိုပန်းနု စီးလာသောလှည်းပေါ်တွင် သူအမိပါမလာပါစေနှင့် ဟူ၍သာ ဆုတောင်းရပေတော့မည်။

ပရိုင်းမိတ်တစ်ယောက်၏ ဆင့်ကဲဖြစ်စဉ် (မင်းလူ ၏ ခေါင်းလောင်းထိုးသော ၀တ္တုတိုများမှ)

Saturday, September 02, 2006

Singapore, where I am staying...



Night Life

Lao Shu Ai Da Mi


wo ting jian ni de sheng yin, you dian te bie de gan jue
rang wo bu duan xiang bu gan zai wang ji ni
wo ji de you yi ge ren, yong yuan liu jai wo xin zhong
na pa zhi neng gou zhe yang de xiang ni
#2
ru guo zhen de you yi tian, ai qing li xiang hui shi xian
wo hui jia bei nu li hao hao dui ni yong yuan bu gai bian
bu guan lu you duo mo yuan, yi ding hui rang ta shi xian
wo hui qin qin zai ni er bian dui ni shuo (dui ni shuo)
#3
wo ai ni ai zhe ni, jiu xiang lao shu ai da mi (မင်းကိုချစ်တယ်၊ချစ်တယ်ကွာ၊ ကြွက်ကလေးက စပါးစေ့လေးတွေကို တောင့်တစွဲလမ်းနေသလိုပဲ။ )
bu guan you duo shao feng yu wo dou hui yi ran pei zhe ni (မုန်တိုင်းထန်တဲ့ နေ့တွေတိုင်း မင်းဘက်ကအမြဲတမ်း ရှိနေမှာပါ။)
wo xiang ni xiang zhe ni, bu guan you duo mo de ku... zhi yao neng rang ni kai xin wo shen me dou yuan yi, zhe yang ai ni
(မင်းကိုလွမ်းတယ်၊ လွမ်းနေတယ်၊ မင်းပျော်ရွှင်စေမယ်ဆိုရင်လေ၊ ဘယ်လောက်ခက်ခက် အရာအားလုံးကို ကိုယ်လုပ်မယ်...)

ပြတိုက်ထဲကပြဇာတ်(မင်းလူ)

မိုက်ခရိုဆောဖ့် သူဌေးကြီး ဘီလ်ဂိတ်သည် ကွန်ပျူတာ ဆောဖ့်ဝဲတွေ တစ်ခုပြီး တစ်ခု တီထွင်ထုတ်လုပ်နေလေသည်။ အရင် ထုတ်လုပ်ခဲ့သော ၀င်းဒိုးစီးရီးတင်မက တော့ပဲ စီလင်းစီးရီး ပေါ်တီကိုစီးရီး တွိုင်းလက်စီးရီး တွေပါ ထပ်ထွင်နေသည်။ ကွန်ပျူတာမှာ တီဗွီတို့ ဒီဗွီဒီတို့ပါ တွဲပါလာသည်။ ဒါတွေကအသေးအဖွဲ ဟိုးအရင်ကတည်းက အဆင့်မြင့်စက်တွေမှာ ပါပြီးသား၊ ကွန်ပျုတာနှင့် တယ်လီဖုံးတွဲပေးထားသည်။ မော်နီတာပေါ်မှာ တခြားလူရဲ့ မျက်နှာကိုပါ မြင်ရသည်။ ဒါလည်း သိပ်အထူးအဆန်းတော့မဟုတ်။ ကီးဘုတ်မပါပဲ အသံနှင့်စေခိုင်းလို့ရသော ကွန်ပျူတာ ကမ္ဘာပေါ်ရှိ ရုပ်ရှင်ရုံအားလုံး နှင့်ဆက်သွယ်ထားပြီး ပြနေတဲ့ ကားတွေကို အိမ်ကနေကြည့်နိုင်သော ကွန်ပျူတာ စသည်ဖြင့် ထပ်ထွင်သည်။ ဒါတွေက ပြသနာမဟုတ်သေး။ သူထွင်ကိုယ်ထွင် ပြိုင်ထွင်နေကြတာ ဓမ္နတာပဲ။ ဒီနေရာမှာ ဘီလ်ဂိတ်က ကွန်ပျူတာနယ်ပယ်မှာသာ မက တခြားလုပ်ငန်းတွေမှာပါ နယ်ချဲ့လာသည်။ မိုက်ကရိုဆောဖ့်ကက်ဆက် မိုက်ကရိုဆောဖ့်ကင်မရာ မိုက်ကရိုဆောဖ့်ရေခဲသေတ္တာ မိုက်ကရိုဆောဖ့် အဲယားကွန်း စသည်ဖြင့်....။ ထို့နောက် တစ်စင်းလုံးကို ကွန်ပျူတာဖြင့် အလိုလျောက်မောင်းနှင်သော မိုက်ကရိုဆောဖ့် ဇိမ်ခံ မော်တော်ကားကို တီထွင်ထုတ်လုပ်လိုက်လေရာ ကမ္ဘာကျော်ကားကုမ္ပဏီကြီးများ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ကုန်ကြသည်။ ဒါတွင်မကသေး အရသာမျိုးစုံကို ခံစားစေနိုင်သော ဆောဖ့်ဝဲ တစ်ခုကို ထပ်မံတီထွင်ပြန်၏။ ကွန်ပျူတာဖြင့် ဆက်ထားသော မောက်စ်အသေးစားအရွယ် ကိရိယာလေးကို ပါးစပ်ထဲ ငုံထားလိုက်ရုံပင် ဖြစ်၏။ ဆေးလိပ်သောက်ချင်သလား၊ ခလုပ်နှိပ်လိုက်ရုံဖြင့် လျှာပေါ်ကို ဆေးလိပ်၏ ခံစားမှုကို ရအောင် လှုံ့ဆော်ပေးလိမ့်မည်။ ထို့အတူ လက်ဖက်ရည်၊ ကော်ဖီ၊ ရေခဲမုန့်၊ သစ်သီး အရသာမျိုးစုံကို ခံစားစေရမည်။ ရှေ့ဆက်ပြီး သုတေသနလုပ်နေတာကတော့ ကွန်ပျူတာနှင့် လူသားတို့ လက်ထပ်နိုင်သည့် နည်းပညာဖြစ်၏။ ထိုကိစ္စကို လူပျိုကြီး အပျိုကြီးတွေက လွန်စွာ စိတ်ဝင်တစား စောင့်မျှော်နေကြသည်။ ဒီတိုင်းဆို သိပ်မလွယ်...

ကြယ်ကိုးစင်းနဲ့လင်းတဲ့ကောင်းကင် မှ

Friday, September 01, 2006

Numerology ခေါ် ဂဏန်းဗေဒင်တို့၏ အစ

ဟိုး...ရှေးရှေးတုန်းက ရောမပြည်မှာ နီရိုးဆိုးတဲ့ ဘုရင်တစ်ပါး အုပ်ချုပ်တယ်။ တစ်နေ့မှာ အဲဒီဘုရင်ကြီးဆီကို မိန်းမကြီးတစ်ယောက်ရောက်လာတယ် အဲဒီမိန်းမကြီးနာမည်က တာကွင်စီတဲ့ အဲဒီမိန်းမကြီးဟာ နီရိုးဘုရင်ကို စာအုပ်သုံးအုပ်ကို သုံးရာနဲ့ ၀ယ်ဖို့လာပြီးရောင်းတယ် အဲဒီမှာမ၀ယ်ဘူးလို့လည်း ပြောလိုက်ရော သူ့စာအုပ်သုံးအုပ်အနက် နှစ်အုပ်ကို မီးရှို့လိုက်ပြီး တစ်အုပ်ကိုပြန်ယူသွားတယ်။ တစ်နှစ်လောက်ကြာတဲ့ အခါကျတော့ အဲဒီမိန်းမကြီးပြန်ရောက်လာရော၊ ကျန်တဲ့စာအုပ်ကို သုံးထောင်နဲ့ရောင်းမယ် လို့ပြောတယ်။ အဲဒါကိုလည်း နီရိုးဘုရင်ကြီးက မ၀ယ်ဘူးလို့ပြောပြန်ရော အဲဒီအခါမှာ တာကွင်စီက စာအုပ်တစ်ဝက်လောက်ကို ဖြဲပြီးမီရှို့ပစ်ပြီး တစ်ဝက်ကို ပြန်ယူသွားတယ်။ တစ်နှစ်လောက်ကြာတော့ အဲဒီ တာကွင်စီဆိုတဲ့မိန်းမကြီးရောက်လာပြန်ရော ရောက်လာပြီးတော့ ကျန်တဲ့တစ်ဝက်ကို သုံးသောင်းနဲ့ရောင်းမယ် လို့ပြောပြန်ရော။ နီရိုးဘုရင်က မ၀ယ်ဘူးလို့ပြောပြန်တယ်။  အဲဒီအခါမှာ ကျန်တဲ့တစ်ဝက်ကို ဆွဲထုတ်ပြီး မီးရှို့ပြန်တယ်။ ပြီးတော့ကျန်တာကိုပြန်ယူသွားတယ်။ နောက်တစ်နှစ်မှာ ပြန်ရောက်လာတယ်။ နီရိုးဘုရင်ကို ကျန်တဲ့ စာအုပ်အစိတ်အပိုင်း ကိုသုံးသိန်းနဲ့ ရောင်းမယ်လို့ ပြောပြန်တယ်။ နီရိုးဘုရင်က မ၀ယ်ဘူးလို့ပြောတယ်။ မိန်းမကြီးတာကွင်စီက ကျန်တဲ့ စာရွက်တစ်ဝက်ကို မီးရှို့ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်သွားတယ်။ နောက်တစ်နှစ်မှာ မိန်းမကြီးဟာ ရောက်လာပြီး နီရိုးဘုရင်ကို ကျန်တဲ့ စာရွက်အစိတ်အပိုင်း လေးကို ကိုးသိန်းနဲ့ရောင်းမယ်လို့ ပြောတယ်။ နီရိုးဘုရင်ဟာ ဘယ်လိုဖြစ်တယ် မသိဘူး။ ၀ယ်ချင်စိတ် တွေပေါက်လာတယ်။ အဲဒါနဲ့ တာကွင်စီဆိုတဲ့ မိန်းမကြီးကို ငွေကိုးသိန်းပေးပြီး ကျန်တဲ့ စာရွက်လေးကို ၀ယ်လိုက်တယ်။ ပြီးတော့ နီရိုးဘုရင်က ဖတ်ကြည့်လိုက်တယ်။ စာရွက်ကလည်း များများ စားစားမရှိတော့ဘူး။ နှစ်ရွက်ပဲရှိတော့တာ။ အဲဒီနှစ်ရွက်မှာ ဘာရေးထားသလဲဆိုတော့ လူတစ်ယောက်ရဲ့ မွေးသက္ကရာဇ်ကို ပေါင်းလိုက်ပါ။ ဂဏန်းနှစ်လုံးရတဲ့ အထိပေါင်းရမယ်တဲ့။ အဲဒီဂဏန်းနှစ်လုံးကို သူ့ရဲ့မွေးသက္ကရာဇ်နဲ့ ပြန်ပေါင်းပါတဲ့။ အဲဒါအဲဒီလူရဲ့ဘ၀မှာ အပြောင်းအလဲ ကြီးကြီမားမား ဖြစ်မဲ့နှစ်ပဲတဲ့။ ဒီနည်းဟာ သိပ်ပြီးမှန်တယ်။ အဲဒီနည်းကို ဂဏန်းဗေဒင်ဆရာတွေက တာကွင်စီနည်းလို့ အဘွားကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ခေါ်ကြတယ်ကွယ့်။

မနောမယမြသက်လယ် (မင်းသိင်္ခ)

Very useful ASP.NET Scripts

KBMentor is a script which lets you set up a knowledgebase system on your site. Unlimited number of categories, subcategories and articles gives your site the structure you want. Furtheron, you have full control over the layout, as the system supports templates. More info

AdMentor is a banner management/rotation system. It is developed to aid people maximize their advertising income for their websites. AdMentor was first released in 1999 and implemented with ASP/VB Script but this version uses ASP.NET. Earlier versions of AdMentor has been released as freeware but this (PRO) version is a commercial script and gives you a better GUI administration interface, a much better performance and also support options... More info

PicMentor is an webbased application in which you are able to quick and easy present pictures for your website visitors. You can create directories containing pictures as well as subdirectories and your visitor can easily browse through your content and look at the pictures.
That’s pretty much it - PicMentor does not for example contain any functionality which lets your visitors rate pictures. It is simply meant to be a quick and easy image viewer ideal for presenting pictures in a structured way. For example our website ASPCode.net uses it to show application screenshots. 

StatMentor.NET
StatMentor gives you reports on
  • total no of visitors
  • pageviews, per day and per page
  • refering pages and their count
You can create reports over any time you want, such as last day, between the 1st and 8th of a certain month, for the whole year etc.

Website URL : http://www2.aspcode.net/default.aspx