Tuesday, August 07, 2007

ဟာသ

ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။

သင့်လက်ထဲမှာ ဘာမှမရှိလဲ သင့်မှာ positive attitude ရှိရင်... သင်ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်။

22 comments:

  1. ဆရာဖြိုးရေ... ကောင်းတယ်ဗျာ.. ကြိုက်တယ်..

    ReplyDelete
  2. ဒီဟာသကို ကြားဖူးပေမယ့် မြန်မာလိုပြန်ထားတာ သဘောကျလို့ ယူသွားတယ်။

    ReplyDelete
  3. Anonymous12:43 PM

    ရယ်ရပါတယ်… ဒါပေမယ့် ဒီလို လိမ်ပြီးတော့မှ သဌေးသမက် ဖြစ်ရမှာတော့ မကောင်းဘူးထင်တယ်…

    ReplyDelete
  4. "မိမိကိုယ်ကိုယ် ဘယ်တော့ မသိမ်ငယ်ရဘူး၊ သိမ်သိမ်ငယ်ငယ် မနေရဘူး" ဆိုတာကို ပြတဲ့ ပုံပမာ တစ်ခုလေးပေါ့။ တိုက်ရိုက်ကြီးဆိုရင်တော့... "အာ... ဘယ့်နှယ့် ဒီစိတ်ကြီးကလေ တမျိုးကြီးပေါ့"

    ReplyDelete
  5. ကောင်းပါတယ်ဗျာ ကြိုက်တယ်

    ReplyDelete
  6. ဒီဟာသလေးကို အရမ်းကြိုက်ပါတယ် ...

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. thawng
    ကောင်း ပါတယ်
    စိတ်ညှစ်ဖို့

    ReplyDelete
  9. thawng
    ကောင်း ပါတယ်
    စိတ်ညှစ်ဖို့
    နောက်တာ

    ReplyDelete
  10. ဒီလို စာလေးတွေရှိသေးရင် အများကြီးဖတ်ချင်ပါသေးတယ်

    ReplyDelete
  11. ဒီလို စာလေးတွေရှိသေးရင် အများကြီးဖတ်ချင်ပါသေးတယ်

    ReplyDelete
  12. မိုက်တယ်ဗျာ
    ဒီဟာသလေးကိုကြိုက်တယ် :-)

    ReplyDelete
  13. ည၀တ် အချစ်အင်္ကျီ

    ကြိုပြောထားမယ်နော်။ ဒီဟာသက နည်းနည်းဝါ(ပြာ)တယ်။ အမြင်တစ်မျိုး ဖြစ်မယ်ဆိုရင် ဆက်မဖတ်တာ အကောင်းဆုံးပဲး) မဖတ်ပါနဲ့ဆိုမှ ပိုဖတ်ချင်တယ်ဆိုရင်လည်း ဆက်ဖတ်ပေါ့နော်း) တစ်ခါတလေတော့လည်း ပေါ့ပေါ့ပါးပါး အသံထွက်အောင် အော်ရီကြည့်ကြတာပေါ့နော် .. ဟား..ဟား..ဟား


    အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။

    " ဒါ ဘာလုပ်တာလဲ"
    "ယောကျာ်းအပြန်ကို စောင့်နေတာလေ"
    "ဘာမှ မ၀တ်ဘဲ စောင့်နေရသလား"
    "ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်"
    "လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ"
    "ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်"

    ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။

    တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။

    "ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက
    " ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။

    ReplyDelete
  14. တကယ်ကောင်းတဲ့ ဟာသလေးပါ
    တွေးရင်းတွေးရင်း ပြုံးမိတယ်
    ပြုံးရင်း ပြုံးရင်း အသံထွက်ရယ်မိတယ်
    ကောင်းလွန်းလို့ Share မိပါတယ်

    ReplyDelete
  15. ကောင်းတယ်

    ReplyDelete
  16. ကောင်းတယ်

    ReplyDelete
  17. ရီရတယ်...ရီရတယ်...ရီရတယ်....ဟေ့ဟေ့ဟေ့
    လိုသလိုဒီထူ...ချ..ချ

    ReplyDelete
  18. ရီရတယ်...ရီရတယ်...ရီရတယ်....ဟေ့ဟေ့ဟေ့
    လိုသလိုဒီထူ...ချ..ချ

    ReplyDelete
  19. ရီရတယ်...ရီရတယ်...ရီရတယ်....ဟေ့ဟေ့ဟေ့
    လိုသလိုဒီထူ...ချ..ချ

    ReplyDelete
  20. ကောင်းပါတယ်

    ReplyDelete
  21. နှင်းဆီဖူးဝတ်စုံနဲ့ပန်းတွဲဝတ်စုံဝတ်ထားတယ်

    ReplyDelete
  22. ကျွန်တော်လည်းကူးသွားတယ်နော် ပြန်မျှဝေပေးဖို့ပါ အရမ်းကြိုက်လို့

    ReplyDelete