Thursday, April 12, 2007

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်၊ မြန်မာနှစ်၏ အဦးဆုံးလမိဿရာသီဟုအမည်တွင်သော တန်ခူးလကား၊ နှစ်ဟောင်းကိုခြွေ နှစ်သစ်ကိုစေသော နွေ၏ အုတ်မြစ်ဖြစ်ပေသည်။ တန်ခူးသည် 'တန်' နှင့် 'ခူး' ကိုပေါင်းကာ တန်ခူးဖြစ်လာသည်ဟူ၏။ 'တန်' သည် ပါဠိဘာသာဖြင့် 'ကာလ' ဟူသော စကားမှဆင်းသက်လာကာ 'ထန်း' ဟု အနက်ရ၏။ 'ခူး' သည် ခူးဆွတ်သည်ဟု အနက်ထွက်သဖြင့် ဤလရာသီတွင် ထန်းသီးများ ဆွတ်ခူးလေ့ရှိသောကြောင့် တန်ခူးလဟုခေါ်တွင်ကြောင်း အချို့ကယူဆကြ၏။ အချို့ကမူ တန်ခူးသည် 'တာကူး' မှ ဆင်းသက်လာသည်ဟု ဆိုကြပြန်သည်။ 'တာ' သည် အချိန်ရာသီဟု အနက်ထွက်ကာ 'ကူး' မှာ ကူးပြောင်းဟု အဓိပ္ပာယ်ရ၏။ တနင်္ဂနွေဂြိုလ်သည် မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းသည်ကို အစွဲပြုကာ 'တာကူး' ဟု ခေါ်ရာတွင်မှ တန်ခူးဟု ရွေ့လျားလာခဲ့သည်ဟု ဆိုသည်။ ဤလတွင် ရက်ပေါင်း ၂၉ ရက်ရှိပေရာ တန်ခူးရက်မစုံဟု မှတ်သားရသည်။ နာရီအားဖြင့် နေ့ညနာရီတူညီပြီး နေ့တာညတာ တူမျှသောလဖြစ်သည်။ တန်ခူးလတွင် စိတြနက္ခက်နှင့် လမင်းတို့ယှဉ်၍ အာသာဝတီနက္ခတ်နှင့် နေမင်းတို့ ယှဉ်ကြသည်။



Monday, April 09, 2007

စိတ်နေစိတ်ထား မှန်မှ ဥပုသ်ရပါတယ်

ဆပ်ပြာတော့ တိုက်ပါရဲ့
အ၀တ်ကို
ကြေးထွက်အောင်
လက်နှစ်ဘက်နဲ့
ပွတ်တိုက်မပေးဘူးဆိုရင်
အ၀တ်မဖြူနိုင်ပါဘူး

ဘာဝနာတွေတော့ ပွားနေပါရဲ့
စိတ်နေစိတ်ထား
မမှန်မကန်ဘူးဆိုရင်လည်း
စိတ်အ၀တ် မသန့်စင်နိုင်ပါဘူး။
ထို့ကြောင့်
ဥပုသ်စစ်စစ်ရလိုသူဟာ
ကြုံလာသမျှအဖြစ်အပျက်တိုင်း
ဆုံလာသမျှ ပုဂ္ဂါလ်တိုင်းအပေါ်
ယောနိသောမနသိကာရ လို့ခေါ်တဲ့
“စိတ်ထားကောင်း” နဲ့
“စိတ်ကောင်းထား” နိုင်ဖို့လည်း
အထူးသတိပြုရပါမယ်။
ဘာဝနာပွားပြီး
စိတ်ထားပုပ်နေရင်လည်း
ဥပုသ်မရပါဘူး။
တရားအားထုတ်ပြီး
စိတ်ထားယုတ်မာနေရင်
ဥပုသ်မရပါဘူး။


အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ )

Sunday, April 08, 2007

FREE IELTS Listing Practices

In order to practice you are going to need samples of IELTS Listening test, which can be found on the following internet sites (good quality, free of charge):
1) http://elc.polyu.edu.hk/IELTS/ - take it online, or print the booklet
2) http://www.esl-lab.com/ - for this one you will need Real Audio Player
3) http://www.international.holmesglen.vic.edu.au/ie_list.cfm - download the sample, print booklet
4) http://esl.about.com/cs/toefl/a/a_ielts_2.htm
Play the Listening samples and start using the tips while searching for answers. This is the only way to really understand how these tips work. You may have to play the same Listening file more than once, to practice in different techniques.

Thursday, April 05, 2007

အသိပေးစကားစုများ
(ဓမ္မဒူတအရှင်ဆေကိန္ဒ )

“ငါအတော်ဆုံး” လို့ထင်နေရင်အဖျင်းဆုံးအဆင့်ကိုရောက်သွားပြီ။

စေတနာကောင်းကောင်းနဲ့ပြည့်ပြည့်စုံစုံကျွေး လိုက်ရလို့ဝမ်းသာတယ်ဆိုရင် သူစားနိုင်သလောက် စားတာကိုလည်းကြေနပ်နိုင်ပါစေ။

“မမှားသောရှေ့နေ၊မသေသောဆေးသမားတဲ့” ဒီဖြေဆေးဟာဆေးယဉ် သွားရင်ရောဂါကျွမ်း တတ်တယ်။

“ဘေး” ကိုကြည့်လွန်းရင် “ဘေး” တွေ့တတ်တယ်။ လုပ်သင့်တာကိုမလုပ်မိရင်၊ မလုပ်သင့်တာတွေလုပ်မိနေတတ်တယ်။

ကိုယ့်စကားကိုသူနားထောင်စေချင်ရင်သူ့စကား ကိုအရင်သေသေချာချာနားထောင်ပေးလိုက် ပါဦး။

ဆုံးဖြတ်ရဲသူကိုဇွတ်တရွတ်ဆန်တယ်၊ ချင့်ချိန်တတ်သူကိုသူရဲဘောကြောင်တယ်၊ ရက်ရောသူကို လက်ဖွာတယ်၊ စည်းကမ်းနဲ့ပေးသူကိုကပ်စေးနဲတယ်၊ ဦးဆောင်နိုင်သူကို နေရာယူတယ်၊ ကျွမ်းကျင်သူကို လည်လွန်းတယ်လို့ အထင်မလွဲပါနဲ့။

ပြဿနာဆိုတာလောကရဲ့ဂုဏ်ပုဒ်တစ်ခုပါ။ ကိုယ်နဲ့သိပ်မဆိုင်ရင်ပြဿနာကသေးတယ်။ များများဆိုင်ရင် ပြဿနာကကြီးလာပြီ။ လုံးဝမဆိုင်ရင်တော့ပြဿနာမရှိတော့ပါဘူး။

ကိုယ်ကမှန်အောင်နေပြီးသူများမှားနေရင်လည်းနားလည်နိုင်ရမယ်။

အားနည်းချက်ကိုကြည့်ပြီးစိတ်ပျက်တတ်သလို အားသာချက်ကြောင့်လည်းအထင်ကြီး တတ်တယ်။

တဖက်စွန်းရောက်ရင်ဘယ်ဟာမှမကောင်းဘူး။ မကောင်းတာကိုကြောက်ပြီးမကောင်းလုပ်သူကိုသနားလိုက်စမ်းပါ။

မကောင်းတဲ့သူကိုစိတ်ဆိုး လိုက်တာနဲ့ ကိုယ်ပါသနားစရာသတ္တ၀ါစာရင်းဝင်သွားပြီ။ အရွယ်ချင်းမတူရင်၊ နေရာချင်းမတူရင်၊ အဖြစ်ချင်းမတူရင်၊ အသိချင်းမတူနိုင်ပါဘူး။ ဒါလေးတော့ နားလည်သင့်တာပေါ့။

စိတ်တူကိုယ်တူဖြစ်နိုင်တဲ့ထုံးစံမရှိပေမယ့် ဖြစ်အောင်တော့နေကြရမှာပဲ။ အဲဒါမှအရည်အချင်း။

မသင့်တော်တဲ့နေရာကိုရောက်ခဲ့ရင်တောင်မှ သင့်တော်တဲ့အကျင့်တွေမဖျောက်ပစ်ပါနဲ့။

မင်းလိုပဲ, သူတို့ပြောတာသာအဟုတ်၊ သူတို့လုပ်တာသာအမှန်၊ သူတို့ကြံတာသာအကောင်း ထင်နေကြတယ်။ မင်းလိုပါပဲ။ ပညာဆိုတာကောင်းပါတယ်။ ပညာရှိချင်တာလား၊ ပညာပြချင်တာလား၊ နည်းနည်းတော့ သတိထားပါဦး။

ငယ်ငယ်တုန်းကထမင်းကိုဝါးပြီးခွံ့ခဲ့တာကောင်းပေမယ့် ကြီးလာတဲ့အခါ အံဖတ်တွေထင် တတ်တယ်။

ဟင်းဆိုတာထမင်းပန်းကန်ထဲထည့်စားရပေမယ့် ဟင်းပန်းကန်ထဲထမင်းလုံးကျသွားရင်တော့ ညစ်ပတ်တယ်လို့ထင်ကြတယ်။

လူကကျားကိုသတ်ရင်တော့ အမဲလိုက်တယ်လို့ဆိုကြတယ်။ ကျားကလူကိုသတ်လိုက်ရင်တော့ ကျားဆိုးကြီးလို့ဆိုကြတယ်။

ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးပါ။ ဒီစကားကိုမယုံရင်တစ်လောကလုံးရဲ့ အလိမ်အညာတွေကို ခံနေရပြီမှတ်။

တစ်ဆယ်က ကိုး ဖြစ်သွားတယ်။ ရှစ်က ကိုး ဖြစ်လာတယ်။ ကိုး ချင်းတူပေမယ့် မတူတာကိုသိလိုက်စမ်းပါ။

ဒါကိုပဲ ကြည့်၊ ဒါကိုပဲ စဉ်းစား၊ ဒါကိုပဲ နှစ်သက်၊ ဒါနဲ့ပဲ မွေ့လျော်ပျော်နေရင်၊ ဒါပဲဖြစ်နေ မှာပေါ့။

ကျွေးတာအကုန်စား၊ ကိစ္စမရှိဘူး။ စေတနာကိုတော့ အကုန်မသုံးလိုက်ပါနဲ့။

မကောင်းတာကိုလုပ်မည့်အစား မလုပ်ပဲနေတာက ကောင်းတယ်။ “အရိပ်လို နေပူကစောင့်” တဲ့။ သွားလိုက်စမ်းပါမြန်မြန်။ အရိပ်ကိုလဲရောက်မယ်၊ နေပူလဲမမိတော့ဘူး။ စောင့်မနေနဲ့။

ကိုယ်ကကြိုက်လို့ကောင်းတာထက် ကောင်းတာမို့လို့ကြိုက်တယ်ဆိုရင် အကောင်းဆုံးကို ရနိုင်တာပေါ့။

“စေတနာသည်လူတိုင်းနဲ့မတန်” သည်မဟုတ်။ လူတိုင်းနဲ့တန်တဲ့စေတနာမျိုးထားနိုင်ဖို့သာ လိုအပ်ပါတယ်။

အလုပ်မှာမပျော်ရင်မအောင်မြင်နိုင်ဘူး။ ပျော်လွန်းရင်လည်းအလုပ်မဖြစ်တာတွေကြုံရလိမ့်မယ်။

ဘ၀မြင့်ရင် ဘ၀င်မြင့်တတ်တယ်။ ဘ၀ပဲမြင့်ပါစေ။

ဓမ္မဒူတအရှင်ဆေကိန္ဒ

Tuesday, April 03, 2007

Gmail Paper



A New ButtonNow in Gmail, you can request a physical copy of any message with the click of a button, and we'll send it to you in the mail.Simplicity SquaredGoogle will print all messages instantly and prepare them for delivery. Allow 2-4 business days for a parcel to arrive via post.Total ControlA stack of Gmail Paper arrives in a box at your doorstep, and it’s yours to keep forever. You can read it, sort it, search it, touch it. Or even move it to the trash—the real trash. (Recycling is encouraged.)Keep it Secret, Keep it SafeGoogle takes privacy very seriously. But once your email is physically in your hands, it's as secure as you want to make it.




ရှင်ဒိသာပြာမုက် ၏ သံတမန် စကား

ဒေါက်တာသန်းထွန်း ၏ ဒိသာပြာမုက် ကျောက်စာ(၁၂၈၅) သမိုင်းမှာ အရေးပါပုံ

စစ်လန့်ပြီးပြေးပုန်းကြလို့ ပုဂံမှာ လူသူမရှိ။ ဒါကြောင့် သာသနာပြုစရာ လူမရှိ။ (ပုဂံပြည်သူတွေကလဲ တကယ်ကတာ့ ဗုဒ္ဓသာသနာမှာ သက်ဝင်ယုံကြည်ပြီးဖြစ်လို့ သာသနာပြုကိစ္စ ဆောင်ရွက်ရန်မလို) ဒါကြောင့် မောင်ဂိုဧကရာဇ်က သူတို့ကို ကိုယ့်ကျောင်းကိုယ် ပြန်ခွင့်ပြုပါလို့ ပြောပေးစေချင်တယ်။
သင်းတွယ် (တကောင်း)က ခရီးဆက်ပြန်တော့ ယဆည် (? Yuchi, Lote’u district) ကို ရောက်တယ်။ ဝါဆိုချိန်ကြုံကြိုက်ပြန်လို့ ဝါဆိုနေရတယ်။ ဝါကျွတ်(နိုဝင်ဘာရောက်) မှ ခရီးဆက်ရပြီး တယ်တု (T’ai-tu, … anbaliq၊ ဧကရာဇ်နန်းစိုက်ရာ မြို့တော်) ကို ပြာသို (ဒီဇင်ဘာ) မှာ ရောက်သွားမယ်။
တရုတ်မင်းရှေ့တော်ဝင်ရတယ်၊ သူမေးချင်တာ မေးတာကိုပဲ ဖြေရတယ်။ တိုင်းရေးပြည်ရေး မဆွေးနွေး ရပါ။ နောက်မှ တိုင်းရေးပြည်ရေး ပြောရတယ်။
ပဏ္တိတ် အခုလွတ်တဲ့ လူတစ်သောင်းနဲ့ သံဃာတွေက သာသနာပြုဖို့ဖြစ်တယ်လို့ ပြောတော့ (ဘုန်းကြီးက) အရှင်မင်းကြီး စစ်သည်နဲ့ ရဟန်းတွေ စေခိုင်းတဲ့ အတိုင်း ဆောင်ရွက်ဖို့ (စားစရာ) စပါး ရှိမှဖြစ်မယ်၊ နိုင်ငံမှာ မရှိမဖြစ် လိုအပ်တာက စပါး ဖြစ်ပါတယ်။
စားစရာ (ဆန်) မရှိရင် ထန်းကိုစင်းပြီးသာ စားကြမယ်ဆိုရင် ဝမ်းသွားပြီး သေဖို့သာ ရှိပါတယ်။
တောကိုပြေးတဲ့ ရဟန်း၊ ရှင်၊ လူလဲ မြို့တော်ကို ပြန်ဝင်ပါစေ။ တောမှာကြာရင် သေကုန်မယ်၊ အခုအတိုင်း အရှင်မင်းကြီး အလိုဆန္ဒ မပြည့်နိုင်ပါ။
ဥယျာင်စိုက်သူဟာ သစ်ပင်တွေရှင်သန်အောင် ရေလောင်းရပါတယ်။ အသီးအပွင့်ရှိပြီဆိုမှ ခူးစားနိုင်ပါတယ်။
အခုလဲ တိန်ပြာတိတ် (? တမ္မဒီပ) ကို ရေးလောင်းပါ။ ဒီနိုင်ငံဟာ ငယ်ပါသေးတယ်။ ဒါပေမဲ့ (ဗုဒ္ဓသာသနာ) ထွန်းကားရာဖြစ်လို့နှစ်သက်ဖွယ်ရှိပါတယ်။
အဖ ဂေါတမ ဘုရားသာသနာတည်ရာကို မပျက်စေရ၊ အရှင်မင်းမြတ်ပိုင်နက် ကြီးမားတာနဲ့စာရင် ဒီတိုင်းပြည်ကလေးက အင်မတန်သေးငယ်ပါတယ်။
မင်းကြီးက နှစ်သက်ကြည်ဖြူစွာ ကူညီပါမှ သာသနာ ဆက်လက်ထွန်းကားမှာ ဖြစ်လို့ စစ်သားတွေလွတ်မယ့်အစား စစ်သားတွေကို ရုပ်သိမ်ပြီး လူတွေကို ကောက်၊ ပဲစိုင်ခွင့်ပေးပါ။ ကောက်၊ ပဲ ဖြစ်ထွန်းပြီဆိုရင် မင်းကြီးကလာပါတော့ လို့ ပြောတဲ့အခါ
တရုတ်မင်းကြီးက …"ဤစကာတွင် ငါဖိုဝ်လေ၏၊ ပဏ္တိတ်လာရုယ် ပ္လိယ်ပ္လိယ်သသျှင် တိုဝ်ကိုဝ် ခဝ်လိယ် ကောက်ငယ်လေ စိုက်လိယ်။ ပြီပီသော ငါကိုဝ် လွတ်လတ်တုံ(ပုံ ၂၇၁၃၃-၃၄)"
ဒီစကားရတော့ ရှင်ဒိသာပြာမုက် ပုဂံကို ပြန်ခွင့်ရတယ် (ငြိမ်းချမ်းရေး ရပြီပေါ့)။
ပုဂံမင်းကြီးက ကျေးဇူးတင်လို့ ဘုန်းကြီးကို မြေပယ် ၄၀၀ (၁၁၀၀ ဧက၊ ၄၄၅.၅ ဟက်) ကို ကြံတု (မုံရွာ အမြင့်အနိမ့်နယ်) က အစွတ်အခြောက်စိုင်ခင်းတွေနဲ့တကွ ကျွန်၊ ကျွဲ၊ နွားလဲပေးတယ်။ ဒါတွေအားလုံး ကို ဘုန်းကြီးက ရတနာသုံးပါးနဲ့ ပန်းပွတ်ရန် စေတီကို လှူပါတယ်။