Tuesday, August 28, 2007

Heart's Ease


တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်။ အဲဒီဘုရင်ဟာ သူ့ဥယျာဉ်ထဲမှာရှိတဲ့ ပန်းပင်တွေ၊ သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်။ သူဟာ ဥယျာဉ်ထဲရောက်တဲ့ အခါတိုင်း အပင်တွေကို အရမ်းပွင့်၊ အရမ်းသီးခိုင်းလေ့ ရှိတယ်။ တစ်နေ့မှာ သူဟာ ဥယျာဉ်ကြီးထဲကို ရောက်သွားတယ်၊ ၀က်သစ်ချပင်ကြီးဟာ ညှိုးပြီး ခြောက်သွေ့ နေတယ်၊ အဲဒီတော့ "ဘာဖြစ်တာလဲ" လို့ သူက မေးလိုက်တယ်၊ ၀က်သစ်ချပင်ကြီးက "ဘယ်လိုဖြစ်ရမှာတုံး၊ ကျုပ်က ထင်းရှူးပင်ကိုတုပြီး အပေါ်ကို တက်တော့ ထင်းရှူးပင် မဟုတ်လေတော့ အမြစ်အားက မခံနိုင်တော့ သေရတာပေါ့"။ အဲဒါနဲ့ ထင်းရှူးပင်ဆီကို သွားပြန်တော့ ထင်းရှူးပင်ကြီးက ကိုင်းပြီးကွေးကျနေတယ်။ အဲဒီတော့ ထင်းရှူးပင်ကြီးကို "ဘယ်လိုဖြစ်တာလဲ" လို့ဘုရင်ကြီးက မေးလိုက်ပြန်တယ်။ အဲဒီတော့ ထင်းရှူးပင်ကြီးက "ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး အသီးတွေ အရမ်းသီးလိုက်တယ်၊ စပျစ်ပင် မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလို အရမ်း ကွေးသွားတာပေါ့" လို့ပြောတယ်။ စပျစ်ပင်ကြီးကလည်း သေမလိုဖြစ်နေတယ်၊ "ဘယ်လိုဖြစ်တာလဲ" လို့မေးတော့ "ကျုပ်က နှင်းဆီပင် ကို အားကျပြီး သူလို လိုက်ပွင့်တာဗျို့၊ အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး၊ နှင်းဆီပန်းလဲ မပွင့်တော့ပဲ အခုလို သေလုမျောပါး ဖြစ်သွားရတာပဲ" လို့ပြောပြန်တယ်။ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီးလျှောက်သွားတဲ့ အခါမှာ အပင်လေးတစ်ပင်ကို တွေ့တယ်။ အပင်က သိပ်မကြီးပါဘူး။ အရွက်လေးတွေ အကိုင်းအခက်လေးတွေလည်း စိုစိုပြေပြေနဲ့၊ အပွင့်က ရနံ့လေးတွေကလည်း သင်းပျံ့လို့၊ အဲဒီအပင်ရဲ့ နာမည်က Heart's Ease (နှလုံးအေးချမ်း ပန်း) လို့ခေါ်လေ့ ရှိတဲ့ အပင်လေးပါပဲ။ ဘုရင်ကြီးက အဲဒီအပင်လေးကို ကြည့်ပြီး "ငါ့ရဲ့ ဥယျာဉ်တစ်ခုလုံး မှာရှိတဲ့ အပင်တွေ သေတာတွေ သေကုန်ပြီ၊ တချို့လည်း သေလုမျောပါ ဖြစ်နေပြီ။ နှလုံးအေးချမ်းရယ်... မင်းကတော့ ရှင်သန်စိုပြေလို့ ပါလား... ဘာကြောင့်လဲ" လို့မေးလိုက်တယ်။ အဲဒီမှာ အပင်ကလေးက ဘာပြန်ပြောသလဲ ဆိုတော့ "အသင်မင်းကြီး ကျွန်ုပ်ကို ဒီဥယျာဉ်မှာ စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်... ၀က်သစ်ချပင်လို မဖြစ်စေချင်ဘူး... ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ဘူး... အဲဒီလိုပဲ ထင်းရှူးပင်မြင့်မြင့်ကြီးတွေကို လည်း အားမကျခဲ့ဘူး... အသီးတွေပြွတ်နေအောင်သီးတဲ့ စပျစ်ပင်ကိုလည်း အားမကျခဲ့ဘူး... အပွင့်ကြီးတွေ ဝေဆာနေတဲ့ နှင်းဆီပင်ကိုလည်း အာမကျခဲ့ဘူး... နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ နေခဲ့တယ်... နှလုံးအေးချမ်းလိုပဲ ရှင်သန်ခဲ့တယ်... အားကျပြီး ဘာကိုမှမလုပ်ခဲ့ဘူး... ဒါကြောင့် နှလုံးအေးချမ်း အဖြစ်နဲ့ပဲ ရှင်သန်ရပ်တည်နေနိုင်တာပေါ့... တခြားဘာမှမဟုတ်ဘူး" လို့ပြန်ပြီးပြောလိုက်တယ်....


မင်းသိင်္ခ ၏ "မနောမယ ကိုပီတာ" မှ...

Wednesday, August 22, 2007

Read before you buy



Powered by ScribeFire.

Monday, August 20, 2007

မွေးစား စကားလုံးလေးတွေ

မြန်မာစကားတွင် အင်္ဂလိပ်စကားမှ မွေးစားစကားလုံးများ အတော်ပါလေသည်။ တခါတလေကျတော့ အင်္ဂလိပ်လိုပြောရင် မြန်မာသံအတိုင်း ယောင်ယောင်ပြီးပြောမိတတ်သည်။ တချို့မွေးစား စကားများမှာ အသံထွက် တိုက်ရိုက်နီးပါး အသံထွက်လို့ရပါသည်။ တချို့ စကားများ ကျတော့ မြန်မာစကားလား၊ အင်္ဂလိပ်စကားလား ပင် မခွဲတတ်တော့ပါ။

တနေ့က စကားစပ်မိလို့ မိတ်ဆွေတစ်ဦးပြောမှ သိသည်။ ရှေးရှေး အင်္ဂလိပ်ခောတ်က ရန်ကုန်တွင် ခံတပ်ကြီးတစ်ခု တည်ဆောက်ထားခဲ့ ပါသတဲ့။ ခံတပ်ကြီးက ကောင်းလွန်းလို့ အင်္ဂလိပ်များက Come and Die လို့ အမည်ပေးထားပါသတဲ့။ မြန်မာသံဖြင့် ခေါ်လိုက်တော့ "ကြည့်မြင်တိုင်" ဖြစ်သွားပါသတဲ့။ နောက်... အင်္ဂလိပ်တွေ ရထားသံလမ်းတွေ ဖောက်တော့ အောက်က အလျားလိုက်ခင်းမည့် သစ်တုံးများကို "Sleeper" လို့ခေါ်ပါသတဲ့။ မြန်မာသံနှင့် အသံထွက်လိုက်တော့ "ဇလီဖား" တုံး ဖြစ်သွားပါသတဲ့။ အရင်တုံးက အသံလွှင့်ရုံနားလေးက ရပ်ကွက် (၀ဂ္ဂီ ဘက်ဖြစ်မည်ထင်သည်)ကို Plymouth လို့ခေါ်သတဲ့။ မြန်မာသံနှင့် ထွက်လိုက်တော့ "လိုင်းပေါက်" ဖြစ်သွားလေသတဲ့။ အဲဒါကြားရတော့ ပြုံးမိလေသည်။

ကုန်းဘောင်ခောတ်က ရတနာပုံသတင်းစာ တစ်ခုတွင် နိုင်ငံတကာသတင်းကဏ္ဍ တစ်ခု၌ "ဇာမဏီပြည်ကြီး တွင်...." ဟုသုံးနှုံးထားသဖြင့် ဘယ်နိုင်ငံပါလိမ့်ဟု အတော်စဉ်းစားလိုက်ရသည်။ နောက်မှ Germany ကို ဆိုလိုမှန်း နဲနဲရိပ်မိလာလေသည်။ ဒါတွင်မကပါ။ Chevrolet ကားကိုခေါ်ရင်းခေါ်ရင်းဖြင့် "ချက်ပက်လက်" ကား ဟူ၍ ဖြစ်သွားလေသည်။ Fiat ကားက တော့မဆိုးပါ အသံထွက် ခပ်ဆင်ဆင်ရှိလေသည်... လက်ပရိုး သဲချောင်း ကုန်းတက်ကြီးတွင်.. ဖိဖိပြီး ယက်ရသဖြင့် ဖိယက် ဟုခေါ်ကြောင်း အနောက်ကုန်း ကားသမားတစ်ဦး ကပြောပြတာ ကြားဖူးလေသည်။

အခုခောတ်ကျတော့ ဘောလုံးအသင်းများ၊ ဘောသမားအမည်များ ကို အချို့ အင်္ဂလိပ်စာ အတော်အားနည်းသော လူများစုက အားကစား ဂျာနယ်တွေဖတ်ပြီး အဲဒီထဲက အတိုင်း တစ်တစ်ခွခွ အသံထွက်ကြလေသည်။ ပရီးမီးယားလိပ်ကြီး ဟုတစ်ဦးပြောတာကြားရဖူး သဖြင့် ဘယ်လိုလိပ်အမျိုးအစားပါလိမ့် ဟုတွေးမိလေသည်။ ပြီးမှ Premier League ကိုပြောတာမှန်းသိသွားသည်။ ရေဆင်း တို့ ရော့စတော့ တို့စတဲ့ ဘောအသင်းများလည်း ရှိသေးပေသည်။ ရေဆင်း သည် ပျဉ်းမနားနားက စိုက်ပျိုးရေးတက္ကသိုလ် မဟုတ်ပါ။ Spain မှ Racing ဘောလုံးအသင်းဖြစ်ပါသည်။ ရောစတော့ (ယောစတော့ဟုထွက်ကြ) ကတော့ ဂျာမဏီမှ Hansa Rostock Football club ဖြစ်လေသည်။ Tottenham Hotspur အသင်းကို "စပါး" ဟု ဂျာနယ်များတွင်ရေးကြလေသည်။ တခါတုံးက မြေနီကုန်းဘက်မှာ ဘောပွဲကြည့်ရင်း... Spur ဘက်မှ အလွန်လှသော ကန်ချက်ဖြင့် သွင်းလိုက်လေရာ နောက်မှ လူအုပ်ကြီးက "စ..စပါး တို့အားထားကွ" ဟု အားပါးတရကြီး ထအော်လေသည်။ (စပါးစေ့ မှ စပါး ကဲ့သို့ အသံထွက်ကြသည်)

ဒါတွေကတော်သေးသည်... Tottenham ကို "ဒေါ်တင်ဟံ ကလပ်" ဟုခေါ်သူတွေလည်းရှိသည်။ ပြင်သစ်အသင်း ဂိုးဖမ်းသူ Barthez ကို "ဘသက်" ဟုခေါ်သောသူတွေလည်းတွေ့ဖူးလေသည်။(ကိုဘသက်...မောင်ဘသက် မှ အသံ)။ အင်္ဂလန်မှ နောက်ခံလူ အဖြစ် ကစားလေ့ရှိသူ Sol Campbell ကို "ကင်းဘဲ" ကြီး ဟုခေါ်ကြသည်။ Chelsea နည်းပြ Mourinho ကို "မောင်ရင်ညို" ဟုအလွယ်ခေါ်ပစ်လိုက်ကြသည်။ မဆိုးတော့မဆိုး Mourinho ကတော့ နဲနဲ နီးစပ်လေသည်။ အဲဒါတွေသည် ရန်ကုန်မှာ ဖြစ်ပါသည်။


Saturday, August 18, 2007

HealthyMyanmar.com

မိတ်ဆွေတစ်ဦးမှ Forward လုပ်သော email ကို သတင်းဆောင်းပါးအဖြစ် ပြန်လည်ဖော်ပြပေးလိုက်ပါသည်။



" www.healthymyanmar.com ဟာ ကျန်းမာရေးသတင်းအချက်အလက်များ၊ ဆောင်းပါးများကို ပုံမှန် တင်ဆက်ပေးနေတဲ့ ကျန်းမာရေးဝက်ဆိုက် တစ်ခုဖြစ်ပြီး မြန်မာလို ဖတ်ရှုနိုင်သောကြောင့် ကျန်းမာရေး ဗဟုသုတ ရှာမှီးလိုသူများအတွက် တန်ဖိုးရှိသော နေရာတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးလိုက်စားသူများ၊ ကျန်းမာရေးဆောင်းပါးများကို စိတ်ဝင်စားသူများ၊ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို သိရှိလိုသူများ အတွက် အပတ်စဉ် လစဉ်ထုတ် ကျန်းမာရေးမဂ္ဂဇင်း၊ ဂျာနယ်များမှ ဆောင်းပါးများကို ရွေးချယ်တင်ပြပေးထားခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေးဆောင်းပါးများ၊ ဆရာဝန်ကြီးများနှင့် အင်တာဗျူးကဏ္ဍများ၊ အမေးအဖြေကဏ္ဍများ၊ အစာအာဟာရများအကြောင်း၊ ကျန်းမာရေး အထွေထွေဗဟုသုတများအကြောင်း၊ အလှအပနှင့် ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ကိုယ်ကာယကျန်းမာရေး၊ အရေပြားကျန်းမာရေး စသဖြင့် ကဏ္ဍအလိုက် ခွဲခြား ဖော်ပြပေးထားခြင်းကြောင့် မိမိဖတ်လိုရာ အကြောင်းအရာများကို လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်သော နေရာတစ်ခု ဖြစ်ပါတယ်။

ထို့အပြင် ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကျန်းမာပညာဌာနမှ ပညာပေးကဏ္ဍများနှင့် ကျန်းမာရေးနှင့် ပတ်သက်တဲ့ နောက်ဆုံးသတင်းများကို အချိန်နှင့် တပြေးညီ ဖော်ပြပေးနေသော ၀က်ဆိုက်တစ်ခု ဖြစ်ပါတယ်။ မိတ်ဆက်ကဏ္ဍအနေနဲ့ ဆေးဝါး၊ ဆေးပစ္စည်းများအပြင် ဆေးရုံ၊ ဆေးပေးခန်းများကို မိတ်ဆက်တင်ပြပေးခြင်းများနှင့် ကျန်းမာရေးစာအုပ်များ မိတ်ဆက်တင်ပြပေးလျှက်ရှိပါတယ်။

ကျန်းမာရေးနှင့် ပတ်သက်သော ဆောင်းပါး၊ သတင်းများကို healthymyanmar.com အယ်ဒီတာအဖွဲ့မှ စိစစ်ရွေးချယ်တင်ပြပေးလျှက်ရှိပါတယ်။

ကျန်းမာစွာ နေထိုင်ခြင်း အထူးကဏ္ဍအဖြစ် မိမိကိုယ်ကို ကျန်းမာအောင် ဘယ်လိုနေထိုင်သင့်သလဲ၊ ဘယ်လိုလှုပ်ရှားသွားလာသင့်သလဲ၊ ဘယ်လိုစားသောက်သင့်သလဲဆိုတာတွေကိုပါ မြန်မာဘာသာဖြင့် ဖော်ပြပေးထားပါတယ်။ ထို့အပြင် ကျန်းမာရေးဖိုရမ်တစ်ခုပါရှိသောကြောင့် ကျန်းမာရေးလေ့လာလိုက်စားသူများ အချင်းချင်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးနိုင်နေပြီဖြစ်ပါသည်။

ထို့ကြောင့် အင်တာနက်သုံးစွဲသော မြန်မာများအတွက် ဖတ်ရှုလေ့လာသင့်သော ၀က်ဆိုက်တစ်ခုအဖြစ် တင်ပြအပ်တယ်။ "


My Comment: DonetNuke ဆိုသည့် (ASP.NET Open Source) Content Management System ကို အသုံးပြု၍တည်ဆောက်ထားသည် ဟုထင်ပါသည်။

Friday, August 17, 2007

Parent's Wish



On the day when you see us old, weak and weary…… Have patience and do try to understand us…….
"ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။"

If we get dirty when eating…and..If we cannot dress on our own…
Please bear with us and remember the times we spent feeding you and dressing you up.
"ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။ "

If, when we speak to you, we repeat the same things over and over again…do not interrupt us…..listen to us.
When you were small, we had to read to you the same story a thousand and one times until you went to sleep.
"အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။"

When we do not want to have a shower, neither shame us nor scold us…..
Remember when we had to chase you with your thousand excuses to get you to the shower?
"မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။"


When you see our ignorance of new technologies….Help us navigate our way through these worldwide webs..
We taught you how to do so many things…To eat the right foods, to dress appropriately, To fight for your rights….
"ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။"

When our tired legs give way and do not allow us to walk without a cane….
Lend us your helping hand the same way we did when you tried your first faltering steps.
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။

When at some moments we loose the memory or the thread of our conversation……...let us have the necessary time to remember… and if we cannot, do not become nervous…..
As the most important thing is not our conversation but simply to be with you and to have you listening to us….
"အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။"

And when someday we say to you that we don’t want to live anymore, that we want to die……….
Do not get angry…. For one day you will understand. Try to appreciate that our age is not just lived but survived.
"တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။"

Ref:
http://zawmoeaung.blogspot.com/2006/07/blog-post_10.html
http://nineninesanay.blogspot.com/2007/05/blog-post_26.html
http://cmsmdy.blogspot.com/2007/05/blog-post.html


RingTone Big Girls Don't Cry - Fergie

အပယ်ခံခဲ့ရသော Google Logo များ



Supposed to be celebrating: Children’s Day 2003.
Reason for rejection: Too childish.



Supposed to be celebrating: 50th Anniversary of Product Placement.
Reason for rejection: Starbucks didn’t pay enough.



Supposed to be celebrating: 5 Years of Google motto “Don’t be evil.”
Reason for rejection: Too self-obsessed.


Supposed to be celebrating: 20th Anniversary of the Nintendo Entertainment System.
Reason for rejection: Severe complaints by the Pet Duck Association.

ဆက်လက် ကြည့်ရှု့ရန်





Powered by ScribeFire.

Wednesday, August 15, 2007

ငတ်ကြမယ်ဟေ့ ကောင်းကောင်း

Monday, August 13, 2007

Happy Haven Humanitarian Project


........ ဒီအပြစ်မဲ့တဲ့ အသက်တွေကိုရော မကယ်တင်သင့်ဘူးလား?........


HHHP ဆိုတာ
" HIV ရောပါပိုးကြောင့် ရောဂါဝေဒနာ ခံစားနေရသော ကလေးငယ်နှင့် (HIV infected & affected children) ကို ကြင်နာစွာဖြင့် ၄င်းတို့၏ အသက်ရှင် နေထိုင်နိုင်သမျှ ကာလအပိုင်းအခြားတွင် မိသားစုအခွင့်အရေးများ တတ်နိုင်သမျှ အပြည့်အ၀ ရရှိခံစားနေထိုင်နိုင်ရေးကို ရှေးရှု၍ ကိုယ်ချင်းစာတရား လက်ကိုင်ထားသောသူများ စုပေါင်းကာ တတ်နိုင်သမျှသော မ တည် လှူဒါန်းငွေဖြင့် ပျော်ရွှင်ရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်ကို စတင်အကောင်အထည်ဖော်ခဲ့ကြပါသည်။ ရေရှည်တည်တံ့နိုင်ရန်အတွက် ဆက်လက်၍ အများပြည်သူစေတနာရှင်များ၏ အလှူငွေများဖြင့် ဆက်လက် လည်ပတ်သွားမည်ဖြစ်ပါသည်။ "



အလှူငွေများကို ရန်ကုန်တွင် လှူဒါန်းနိုင်သကဲ့သို့ စင်ကာပူနိုင်ငံ ပင်နီဆူလာပလာဇာရှိ ဒဏ္ဏာရီ (၀၄-၅၄) တွင်လည်း လှူဒါန်းနိုင်ပါသည်။

Location :979-982, Tabinshwehti Road, North Dagon, Ward No(11). Yangon(Rangoon), MYANMAR(Burma).

Donation Centres:
In Myanmar: Contact any one of the organizers (or) visit HHHP home at North Dagon
In Singapore: Contact Yaza Kyaw (9186 7376) (or) visit Dandari(#04-54) Peninsula Plaza.

စင်္ကာပူတွင် အလှူငွေ ဦးဆောင် ကောက်ခံ ပေးသူ ဒဏ္ဏာရီမှ ကိုရာဇာကျော် မှ....
"... HHHP မှာ မေလဆန်းအထိ ကလေး အယောက် ၄၀ ရှိပါတယ်။ သူတို့လေးတွေရဲ့ မိဘတော်တော်များများဟာ AIDS နဲ့ ဆုံးကုန်ကြပါပြီ။ မဆုံးသေးတဲ့ မိဘတွေလည်း လူ့ဘ၀ကြီးမှာ အချိန်သိပ်မကျန်တော့တယ့် သူတွေကြီးပါ။ ဒီကလေးတွေဟာ HIV ရောဂါဝေဒနာရှင်လေးတွေ ဖြစ်တဲ့အတွက် သူတို့လေးတွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ရပါတယ်။ သာမန်နှာစေး၊ ချောင်းဆိုး ရောဂါလောက်ဟာ ပုံမှန်လူတွေအတွက် ဘာမှ ပြဿနာ မဟုတ်ပေမယ့် ဒီကလေးတွေအတွက်တော့ သေမင်းနဲ့ လက်တကမ်းကို ရောက်သွားတာပါ။
........
........
ဒီကလေးတွေရဲ့ အသက်ကို AIDS ဆေးထွက်လာတဲ့ အချိန်အထိ ဆွဲဆန့်ထားနိုင်ဖို့ HHHP ကမျှော်လင့်ပါတယ် (HHHP အနေနဲ့ နောင် ၁၀နှစ်အတွင်း AIDS ဆေးထွက်မယ်လို့ ခန့်မှန်းထားပါတယ်)။ ဒါကြောင့် သူတို့လေးတွေ အသက်ဆက်ရှင်နိုင်ဖို့ ငွေတွေလိုပါတယ်။ အမှန်အတိုင်းပြောရင် အများကြီးလိုပါတယ်။ တနည်းပြောရရင် HHHP ဟာ အသက်တွေ အများကြီးကို ကယ်တင်နေတာပါ။ ကျနော်တို့ ပြောလေ့ရှိတယ် “အသက်တချောင်း ကယ်ကောင်းပါတယ်” တဲ့။ ဒီအပြစ်မဲ့တဲ့ အသက်တွေကိုရော မကယ်သင့်ဘူးလား။ ၀ိုင်းကယ်ပေးဖို့ တိုက်တွန်းပါရစေ။
.........
.........
နောက်ဆုံးပြောချင်တာက HHHP ဟာ စင်ကာပူက charity organization တွေလို ဦးစီးဦးဆောင်လုပ်တဲ့လူတွေ လခ မရပါ။ organizer တွေအကုန်လုံး စေတနာ သက်သက်နဲ့ လုပ်ကြတာပါ။ ပိုက်ဆံ တပြားမှ မယူပဲ ပိုက်ဆံစိုက်လုပ်နေကြတာပါ။ ကျနော်ကိုယ်တိုင်လည်း ငွေကောက်ခံ ပေးတဲ့အတွက် တပြားမှ မရပါ။ မယူပါ။ (ရှင်းအောင်ပြောထားတာပါ၊ နာမည်ယူတာမဟုတ်ပါ။) "


Blog Website: http://happyhavenproject.blogspot.com/
အ၀ှာ မပါလို့

လူတော်တော်များများက အငြိမ့်တွေကြည့်လျှင် လူရွှင်တော်ပျက်လုံးတွေပဲ စောင့်စောင့်ကြည့်သည်။ တစ်ခါက နယ်အလှူ တစ်ခုမှာ မန္တလေး အငြိမ့်တစ်ခု ကြည့်ဖူးသည်။ မင်းသမီးကလျှင် ချိုးတာ ဆစ်တာ အလွန်ကို ငြိမ့်ညောင်း ပျော့ပြောင်းသည်။ မန္တလေးအငြိမ့် ကြည့်ပြီးသူသည် ရန်ကုန်အငြိမ့် ပြန်ကြည့်လျှင် နဲနဲ ဆတ်တောက်တောက်နိုင် သည်ဟု ထင်ရလေသည်။ အဲဒီ အလှူအငြိမ့်မှာ တုံးက လူရွှင်တော်တွေက မြို့တော် ဦးပေါစံ၊ မြို့တော် ဦးသိန်းဆု တို့ အဖွဲ့ ဖြစ်သည်။ ၀ိုင်းတော်သားတွေကို မိတ်ဆက်ပေးတာတောင် ပျက်လုံးကလေးနဲ့ဖြစ်သည်။ ဆိုင်းဆရာ၊ နှဲဆရာ၊ မောင်းဆရာ၊ ပတ်မကြီးဆရာ တွေပါသည်။


ဦးသိန်းဆု။ ။ ရွှေပွဲလာ ပရိတ်သတ်ကြီးကို ၀ိုင်းတော်သားတွေနဲ့ မိတ်ဆက်ပေးရအုံးမယ်။ ဟောဒီက ဆိုင်းဆရာကြီး စိန်မြသောင်း...

ဆိုင်းဆရာ။ ။ တစ်ချက်နှစ်ချက် လက်စွမ်းပြလိုက်သည်.. (ပလို့ဂျိ.. ပလို့ဂျိ...)။

ဦးသိန်းဆု။ ။ သူဆို နှယ်နှယ်ရရ မဟုတ်ဘူးခင်ဗျ။ အရင်တုံးက ဆရာဝန်ကြီး။ မမွေးနိုင်တဲ့ လူနာတွေကို မွေးပေး တာသိပ်တော်တာ။ နောက်ဆုံး တစ်ခေါက် မိန်းမတစ်ယောက်ကို မွေးပေးအပြီး ပြန်ချုပ်ပေးတာ ချုပ်ကောင်းကောင်းနဲ့ အထက်အထိချုပ်မိလို့ လူနာရဲ့ ယောင်္ကျားက တရားစွဲ လို့ ဆရာဝန် အလုပ်ပြုတ်လာပြီး ကျုပ်တို့ အဖွဲထဲမှာ ဆိုင်းလာတီးနေတာ။

ပရိတ်သတ်။ ။ ရယ်သံများ...

ဦးသိန်းဆု။ ။ ဟော ဟိုက နှဲဆရာ ကိုငွေကိုင်...

နှဲဆရာ။ ။ နှဲကြီးကို တစ်ချက်နှစ်ချက် မှုတ်လိုက်သည် (တယ်နှယ့်.. တူ့နှယ်..တူနှယ်)

ဦးသိန်းဆု။ ။ သူလဲ နှယ်နှယ်ရရ မဟုတ်ဘူး။ အရင်က သမ၀ါယမ ဂိုဒေါင်မှုးကြီး။ သူကျတော့ ဆားနဲ့သကြားနဲ့မှားပြီး သကြားပုံထဲ ဆားအိတ်တွေ လောင်းထည့်မိလို့ အလုပ်ကပြုတ်လာပြီး ကျုပ်တို့ အဖွဲထဲမှာ နှဲလာမှုတ်နေတာ။

ပရိတ်သတ်။ ။ ရယ်သံများ...

ဦးသိန်းဆု။ ။ ထပ်ပြီး မိတ်ဆက်ပေးရ အုံးမယ်... ဟောဒီက မောင်းဆရာ ကိုတုတ်ကြီး...

မောင်းဆရာ။ ။ လက်စွမ်း အနည်းငယ်ပြလိုက်သည်။ (တုံ..တုံ..ထုံ..ထုံ)

ဦးသိန်းဆု။ ။ မောင်ဆရာကြီးက အရင်က နှယ်နှယ်ရရ မဟုတ်ပေဘူးဗျ... အရင်တုံးက အစိုးရရုံးက ငွေကိုင် စာရေးကြီး... သူက မျက်မှန် ချွတ်ထားရင် သိပ်မမြင်ရဘူး။ အဲဒီတုံးက တရက်မှာ ဗိုက်ကြီးသည်တစ်ဦး သူအလုပ်စားပွဲနား မတ်တပ်ရပ်နေတာ မီးခံသေတ္တာနဲ့ မှားဖွင့်မိလို့ အလုပ်ပြုတ်လာပြီး ကျုပ်တို့အဖွဲထဲ မောင်းလာတီးနေရတာ...

ပရိတ်သတ်။ ။ ရယ်သံများ...

ဦးသိန်းဆု။ ။ ဟော ဟိုက ပတ်မကြီး ဆရာ ကိုမြသိန်း... သူကတော့ အရင်က အင်ဂျင်နီယာပေါ့။ ယန္တရားစက်ကြီးတွေ ကိုင်ရတာ။ တစ်ခေါက်က ဘေးနားချထားတဲ့ ထညက်ရည်ပုံးကြီးကို အင်ဂျင်ဝိုင်နဲ့ မှားထည့်မိလို့... အလုပ်ပြုတ်လာပြီး ကျုပ်တို့ အဖွဲ့ထဲမှာ ပတ်မကြီးလာတီးနေရတာဗျို့...

ပရိတ်သတ်။ ။ ရယ်သံများ...


ဒီလိုနဲ့ အငြိမ့်ကတာကြည့်လိုက် ပျက်လုံးတွေထုတ်တာ နားထောင်လိုက်။ ရယ်လိုက်ကြရတာမှ အူတွေပါနာသည်။
မှတ်မှတ်ရရ အဲဒီတုံးက သူဌေးက မင်းသမီးကို ဆုငွေငါးထောင်၊ လူရွှင်တော်တွေကို နှစ်ထောင်စီ ဆုချလိုက်လေသည်။ လူရွှင်တော်သုံးဦး ပြန်ထွက်လာသည်။

ဦးသိန်းဆု။ ။ စာရွက်ကလေးကိုင်ပြီး ... "အလှူ့ဒကာကြီး ဦး... က မင်းသမီး အတွက် ဆုတော်ငွေ ငါးထောင်တဲ့... ကျွန်တော်တို့ သုံးဦးအတွက် ဆုတော်ငွေ နှစ်ထောင်ကျပ်စီ ချီးမြှင့်ပါတယ်... "... အလှူ့ ဒကာကြီး ဦး... နဲ့ အလှူ့အမကြီး ဒေါ်... တို့ ကျန်းမာ ချမ်းသာပြီး စီးပွားဥစ္စာများတိုးတက်ပါစေကြောင်း ဟောဒီ အငြိမ့်စင်ပေါ်ကနေပြီးတော့ ဆုတောင်း ပထ္ထနာပြု လိုက်ပါတယ်ခင်ဗျား....


ဦးပေါစံ။ ။ နေအုံး... ကိုသိန်းဆု... ဆုတော်ငွေဘယ်လောက်ချသလဲ ပြန်ပြော စမ်းပါအုံး...


ဦးသိန်းဆု။ ။ မင်းသမီးကို ငါးထောင်... ကျုပ်တို့ကို နှစ်ထောင်စီ...

ဦးပေါစံ။ ။ ပရိတ်သတ်ကို ကြည့်၍... ကိုင်း... မင်းသမီးကျတော့ ငါးထောင်တဲ့ဗျ.... ကျုပ်တို့ လူရွှင်တော်တွေကျတော့ နှစ်ထောင်စီတဲ့... ကျုပ်တို့က အ၀ှာမပါလို့ နေမှာ ဗျ...နှော့်..

ပရိတ်သတ်။ ။ ရယ်သံများ...

ဦးသိန်းဆု။ ။ ဘာမပါတာလဲဗျ.. ခင်ဗျားဥစ္စာကလည်း...

ဦးပေါစံ။ ။ အ၀ှာမပါလို့ နေမှာပါဆို...

ဦးသိန်းဆု။ ။ ဘာလဲဗျ... ရှင်းစမ်းပါအုံး...

ဦးပေါစံ။ ။ ရယ်ကျဲကျဲဖြင့်.... အော်.. အနုပညာ ဗီဇ ကို ပြောတာပါဗျာ...

ပရိတ်သတ်။ ။ ရယ်သံများ....

ငယ်ငယ်တုံးက ကြည့်ဖူးသော အငြိမ့်တစ်ခုမှ ပျက်လုံးကို မှတ်မိသလောက်ပြန်ရေးထားပါသည်။

Sunday, August 12, 2007

ပြီးသွားမှာပါ

မင်းကို ငါ ပုံလေးတစ်ပုံ ပြောပြမယ်ကွ၊ ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါး ရှိတယ်။ အဲဒီဘုရင်ကြီးရဲ့ တိုင်းပြည်ကို အခြားအင်အားကြီးတဲ့ တိုင်းပြည်က ဘုရင်တွေက တိုက်ခိုက်ဖို့ ကြံစည်နေတယ်။ အဲဒီမှာ ဘုရင်ကြီးက စိတ်ညစ်ရတော့တာပေါ့ကွာ။ အဲဒီတော့ သူနဲ့ရင်းနှီးတဲ့ ရသေ့ကြီး တစ်ဦးဆီမှာ အဆောင်တစ်ခု သွားပြီးတောင်းတယ်။ သူတောင်းတဲ့ အဆောင်က စိတ်ညစ်စရာတွေနဲ့ ကြုံခဲ့ရင်လည်း စိတ်မညစ်ရပဲ ပြေပျောက်သွားရမယ်တဲ့၊ ပျော်စရာနဲ့ ကြုံခဲ့ရင်လည်း အရမ်းမပျော်ပဲ တည်တည်ငြိမ်ငြိမ် ဖြစ်သွားရမယ်တဲ့။ အဲဒီလို အစွမ်းထက်တဲ့ အဆောင်လေး တစ်ခုပေးပါ လို့တောင်းတယ်။ အဲဒီတော့ ရသေ့ကြီးက ကျောက်အနက်လေး နဲ့ ကွင်းထားတဲ့ လက်စွပ်ကလေးတစ်ကွင်း လုပ်ပေးလိုက်တယ်။ လက်မှာ ၀တ်ထားဖို့လည်း မှာလိုက်တယ်။ ပြီးတော့ စိတ်ညစ်စရာ ကြုံတဲ့ အခါမှာ အဲဒီလက်စွပ်ကျောက်ကို စိုက်ပြီး ကြည့်လိုက်တဲ့။ ကြည့်တဲ့ အခါမှာ အလင်းရောင်မှာ မကြည့်နဲ့တဲ့။ ကျောက်က အလင်းပြန်တော့ ဘာမှ တွေ့ရမှာ မဟုတ်ဘူးတဲ့။ အမှောင်ရှိတဲ့ နေရာမှာ ကြည့်တဲ့။ သိပ်ပြီးပျော်လာတဲ့ အခါမျိုးမှာလည်း အဲဒီလိုပဲ လက်စွပ်ကလေးကို ကြည့်ပါတဲ့။ အဲဒီအခါမှာ ဘုရင်ကြီးဟာ သူလိုချင်တဲ့ အဆောင် လက်စွပ်လေးရတဲ့ အတွက် အလွန်ပဲ ၀မ်းသာသွားတယ်။

သိပ်ပြီးမကြာပါဘူး။ အခြားတိုင်းပြည်က ဘုရင်တွေရဲ့ ခြိမ်းခြောက်မှုဟာ ပိုပြီးပြင်းထန်လာတဲ့ အတွက် ဘုရင်ကြီးဟာ အတော်ကို စိတ်ညစ်သွားတယ်။ တုန်လည်း တုန်လှုပ်သွားတယ်။ အဲဒီအခါမှာ ဘုရင်ကြီးဟာ မှောင်ရိပ်ရှိတဲ့ ကျောက်တောင်လေး နားကို ကပ်သွားပြီး လက်စွပ်ကျောက်ကို စိုက်ပြီး ကြည့်လိုက်တယ်။ ရသေ့ကြီးက အဲဒီကျောက်ထဲမှာ စာထွင်းပြီးထည့်ထားတာ။ မှောင်ရိပ်ခိုပြီး ဘုရင်ကြီးဟာ အဲဒီကျောက်နက်လေးကို စိုက်ကြည့်လိုက်တဲ့ အခါမှာ ကျောက်နက်လေးထဲက စာကို ကောင်းကောင်းဖတ်လို့ ရသွားတယ်။ ဖတ်မိတာနဲ့ တပြိုင်နက် စိတ်ညစ်တာတွေ၊ ထိတ်လန့်တာတွေ စိုးရိမ်တာတွေ လုံးဝ လွင့်ပျောက်သွားတယ်.... အဲဒီကျောက်နက်ထဲက စာက ဘာလဲဆိုရင်...

" ပြီးသွားမှာပါ "

... ဆိုတဲ့ စာပဲ။

မင်းသိင်္ခ ၏ မနောမယ ကိုပီတာ မှ

Saturday, August 11, 2007

တာရာမင်းဝေ ၏ စွဲငြိစေသော ရေးသားဟန်

.....
မြောက်ပြန်လေကတော့ ရွှေရောင်ရိုင်းရိုင်းတွေ မှုတ်ထုတ်ရင်း ဆောင်းပန်းပုရုပ်ကို ပုံဖော်ဆဲပါ မိသံလွင်... ငါ့ရဲ့ လာရာလမ်းမှာ မင်းကိုလွမ်းရင်း လခြမ်းတွေရှုပ်ရှက်ခတ်အောင် ကြွေခဲ့ဖူးတယ် ဆိုတာ ယုံပါ။
.....

ဆံနွယ်ခက်ကလေးတွေကို သပ်တင်လိုက်ပါအုံး သံလွင်ရယ်... ချီချီကြွကြွဖြစ်နေတဲ့ ငါ့ဥယျာဉ်ထဲက မီးတရုံနှစ်ရုံကို မျက်တောင်ကလေး ယိမ်းဝင့်လှုပ်ခတ်ရုံမျှနဲ့ မင်းက ငြိမ်းသတ်နိုင်ပါတယ်...
.....

သူဟာ မနက်မိုးစောစောလင်းချိန်မှာ ခြံထဲက စံပယ်ပင်ကြွေတွေ လိုက်ကောက်ပါတယ်... ကျွန်တော် ကူညီကောက်ပေးချင်ပေမယ့် သူ့ရဲ့ ငြိမ်းချမ်းပျော်ရွှင်မှုလေးကို ကျွန်တော့်ကြောင့် ပျက်ပြိုသွားမှာ စိုးခဲ့တယ်... မကောက်ပေးဖြစ်ခဲ့ ပါဘူး...
.....

Thursday, August 09, 2007

National Day Parade, Singapore 2007

ဒီနေ့ National Day... Holiday ဆိုတော့ National Day ကျင်းပနေတဲ့ Esplande ဘေးနားက Marina Bay ဘက် သွားကြည့်ခဲ့ကြတယ်။ ထုံးစံအတိုင်း လူတွေကတော့ ကြိတ်ကြိတ်တိုးပေါ့ဗျာ။ စိတ်ရှည်လက်ရှည်နဲ့ တော်တော်လေး စောင့်လိုက်ရတယ်။ Singapore River ရဲ့ပင်လယ်ဝ၊ Marina Bay က ရေပြင်ကျယ်ကြီး ပေါ်မှာ မီးရှုး မီးပန်းများ ဖောက်တာ အင်မတန် လှပါတယ်။ အဲဒီ ဓါတ်ပုံတွေလဲ ရိုက်လာခဲ့သေးတယ်။



Wednesday, August 08, 2007

တာရာမရှိတဲ့ကောင်းကင်

"....တို့တတ်နိုင်တာ ဒါပဲရှိတော့တယ်။ သွားတဲ့သူက သွားနှင့်ပြီ။ အကြွေစောတဲ့ ကြယ်ပွင့်တွေ ပင်လယ်နဲ့ အပြည့်ရှိနေပါတယ်။ အဲဒီထဲကို အလင်းဆုံးတာရာတစ်စင်းလည်း ပူးပေါင်းသွားခဲ့ပြန်ပြီ။ ဒါပေမယ့် ဒီတာရာမရှိရင် တို့ကောင်းကင်မှာ ဘယ်တော့မှ နက္ခတ်တွေ စုံတော့မှာ မဟုတ်ဘူး။ အစားလည်း မရနိုင်တော့ဘူး။ ...."

တာရာမင်းဝေ အမှတ်တရ Blog မှ

Welcome to killMAIL

Does it annoy you when websites ask for your email address, for no reason other than to send you stuff you're not interested in?

Well from now on, don't give them your email, give them killMAIL!

Just make up any email addressYouLike@a.killmail.net, then come to www.killmail.net to read it.

Simple. No passwords, get what you want then leave.

Website: http://www.killmail.net

Coporate Culture




Powered by ScribeFire.

Tuesday, August 07, 2007

ဟာသ

ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။

သင့်လက်ထဲမှာ ဘာမှမရှိလဲ သင့်မှာ positive attitude ရှိရင်... သင်ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်။

Sunday, August 05, 2007

West Coast Park နှင့် National Dog Walk 2007

တညနေခင်း အိမ်မှာ နေရတာ ညီးစီစီဖြစ်လှသဖြင့်၊ အနီးနားမှာရှိပြီး မရောက်ဖူးသေးသော West Coast ဘက် လမ်းလျှောက်ထွက်သည်။ Clementi Central ကနေ 175 စီးသွားရသည်။ ကြုံချင်တော့ National Dog Walk 2007 နှင့်တိုးသည်။ ဒါနဲ့ West Coast ရှုခင်းတွေ ရော၊ ခွေးလမ်းလျှောက်ပွဲ ရော မှတ်တမ်းတင်လာခဲ့သည်။ ခွေးတွေမှ ဆိုဒ်စုံဖြစ်သည်။ စလုံးမှာ ခွေးဒီလောက်ပေါမှန်း အဲဒီရောက်မှ သိသည်။ အဲဒီနေရာမှာ ထူးခြားတာ တစ်ခုက စလုံးက Mc Donald ဆိုင်တွေထဲမှာ နေရာထိုင်ခင်း အကောင်းဆုံးဖြစ်ပြီး၊ စံနစ်တမူထူးခြားသည့် McDonald ဆိုင် ကလေးတစ်ဆိုင် ရှိပါသည်။ (ဆော့ဒ်) တွေ ဘာတွေ ယူတာက အစ အမေရိကားစတိုင် ကိုယ့်ဘာသာကိုယ် chili sauce တို့ tomato sauce တို့ tap လေးတွေမှာ လက်နဲ့ဖိပြီး ယူရသည်။ တခြား Mc Donald ဆိုင်တွေလို ဆော့ဒ်ကို အိတ်လေးတွေနဲ့ မပေးပါ။ Tissue လဲ ကိုယ့်ဘာသာကိုယ် ယူရသည်။



Powered by ScribeFire.

Friday, August 03, 2007

Honour and Passion

စင်္ကာပူ National Day နီးပေပြီ။ အခုတလော Channel 8 ကနေ "Honour and Passion" ဆိုတဲ့ အခန်းဆက် ဇာတ်ကား လာလာ နေသည်။ မြန်မာကား ဇာတ်လမ်းတွေနဲ့ တော်တော်လေးကို ခပ်ဆင်ဆင်ဖြစ်ပါသည်။ ဖအေကြီးက သားတွေ National Service သွားရမှာ ကို ၀မ်းတွေသာ၊ ပီတိတွေဖြစ်၊ နိုင်ငံ့သားကောင်းဖြစ်ရပြီးဆိုပြီ ပြုံးပြုံးကြီး ကြည့်နေ။ စ၀င်ဝင်ခြင်း သားကြီးက လူငယ်ဆိုတော့ စလုံးစတိုင် ဆံပင်အနီ ရှဲဒိုးရောင် လေး ဆိုးထားတာကို ညှပ်ပစ်ခံရတော့  မျက်နှာမကောင်း။ နောက်တော့ တကယ်တမ်း National Service ၀င်ရတာ အထဲမှာ ပျော်စရာ အလွန်ကောင်း။ လေ့ကျင့်ခန်းတွေ တပျော်တပါးကြီး စုပေါင်းလုပ်ကြ။ အထဲမှာ စစ်ဗိုလ်ကြီး နဲ့ စစ်ဗိုလ်မ နဲ့ဇာတ်လမ်းတွေဖြစ်ကြ...။ အင်း... ဒီကားကြည့်ရင်းကြည့်ရင်း မြန်မာ ကားတွေထဲက ("အမိကောင်းကင် ကြယ်စင်မောင်နှမ" စတဲ့ ရုပ်မြင်သံကြား ဇာတ်လမ်း တွေထဲက လိုမျိုး) ထဲက idea တွေကို များကူးချထားသလား လို့ ထင်တောင်ထင်မိသည်။ ပြောလို့မရဘူးဗျ။ ကူးချင်ကူးမှာ။



Powered by ScribeFire.

မင်္ဂလာတရားတော် နှင့် ကျွန်တော့်အတွေး

" မင်္ဂလာတရားနဲ့ ထင်ရှားပါတဲ့ ... မြန်မာပြည်.. စံဌာနီ.. မြန်မာပြည်.. စံဌာနီ...
~ မင်္ဂလာတရားနဲ့ ထင်ရှားပါတဲ့ ... မြန်မာပြည်.. စံဌာနီ.. မြန်မာပြည်.. စံဌာနီ...
မြတ်ဘုရားဂုဏ်ကို တဲ့အာရုံစွဲကာ နေမည်... တန်ခိုးတော်အနန္တ... အမှန်ပ စုံညီ..."

ဟိုးတရက်က မနက်စောစောနိုးနေသည်။ ဒါနဲ့ myanmarmp3 မှ သီချင်းများ ဟိုလျှောက်ဖွင့် နားထောင် ဒီလျှောက်ဖွင့် နားထောင် နဲ့ ပျင်းပျင်းရှိလှသဖြင့် အလှည့်အပြောင်းဖြစ်အောင် "ဟေမာနေ၀င်း" သီဆိုထားသည့် ဗုဒ္ဓ၀င် သီချင်းများ နားထောင် ကြည့်လိုက်သည်။ တိုးတိုးလေးဖွင့်ထားခဲ့ ပြီး အိပ်ရာထဲကုပ်ပြီး ပြန်မှိန်းရင်း အသာ နားထောင်ကြည့်တော့ အင်မတန် နားထောင်လို့ ကောင်းနေပါသည်။

နားထောင်ရင်း တွေးမိသည် "အင်း... အသေ၀နာစ ဗာလာနံ- လူမိုက်ဆိုလျှင်ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ" တဲ့။ ဒီမင်္ဂလာ တစ်ပါးလေးတွင်ကို တကမ္ဘာလုံးကျင့်သုံးကြရင် ကမ္ဘာကြီးက အင်မတန်ငြိမ်းချမ်းမှာ။ သို့ပေမယ့် လူမိုက် လူမိုက်ချင်း ပေါင်းမိနေတာက ခက်တယ်...။ နောက်ဆက်တွေးမိသည်မှာ "ပတိရူပဒေသ ၀ါသောစ- ဥစ္စာ ပညာ ချမ်းသာရဖို့ သင့်ရာဒေသအမြဲ နေ" ဆိုသည့် မင်္ဂလာ တစ်ပါးကို ဆက်တွေးမိသည်။ မှန်လိုက်တာ.. မှန်လိုက်တာ။ အခုလဲ ကိုယ်နဲ့ သင့်တင့်လျှောက်ပတ်တဲ့ အရပ်မှာ ပျော်အောင် နေနေရတာ မဆိုးပါဘူး ဟုတွေးမိသည်။ ယေဘူယျ သဘောကို ပြောပါတယ်.. ခုနေခါများ အီရတ်မှာ လူသွားဖြစ်နေရင် တကြောင့်ကြောင့် တကြကြ နဲ့ ဟိုပြေးသည်လွှားနဲ့ ဘယ်လိုလုပ် ပညာရှာမလဲ.. ဥစ္စာရှာမလဲ နော့်။ အဲဒါကြောင့်... "တို့ ဘုရားက အင်မတန်ဥာဏ်ကြီးတာ... မင်္ဂလာတရားနဲ့ လူတိုင်းကျင့်သုံးကြရင်လေ အလွန်ကို ကောင်းပါတယ်။ လောကီ ဘက်မှာ ကြီးပွားမယ်၊ ချမ်းသာမယ်၊ စိတ်ချမ်းသာမယ်၊ သံသရာ ကလည်းလွတ်မှာ... ၃၈ ဖြာ မင်္ဂလာကို ဟောထားတာများ အင်မတန်ကို ထောင့်ကို စေ့နေတာပဲ..." စသည်ဖြင့် တွေးမိသည်။

ဒီလိုနဲ့ တောင်တောင် အီအီ တွေးရင်း "အင်း... မင်္ဂလာတရားနဲ့ ထင်ရှားတဲ့မြန်မာ ပြည်မှာ ငါတို့ ဗုဒ္ဓဘာသာတွေ ဘာကြောင့် စီးပွားညံ့နေကြသလဲ မသိဘူး" ဟု ရိုးရိုးသားသား တွေးမိပါသည်။ ဒါနဲ့ တရက်ကမှ မန္တလေးက ကိုရဲမြတ်သူ ပေးထားတဲ့ "ပဌာန်းတရား တော်" e-Book ဖတ်ကြည့်ရင်းနဲ့မှ မဟာဂန္ဓာရုံ ဆရာတော်ဘုရား ကြီးက ပဌာန်းဒေသနာ တော်မှာတော့ ဒီလိုဟောထား ကိုတွေ့ရ တယ်။

"နိုင်ငံကြီးတွေမှာ တချို့များ သူဌေးကြီးတွေဟာလေ သူတို့ တစ်နေ့ အသုံး စရိတ်ဟာ ဒီမြန်မာနိုင်ငံက သူဌေးတွေ တစ်သက်လုံး စားလောက် သုံးလောက်တဲ့ စည်းစိမ် ကို တစ်နေ့တည်း သုံးပစ်တာတဲ့၊ အဲဒီလောက်ပေါတယ်တဲ့။ ဒါ ဗုဒ္ဓဘာသာမဟုတ် ဘူးတဲ့။ ဒီတော့ ဗုဒ္ဓဘာသာနိုင်ငံဟာ အညံ့ဆုံးဖြစ်နေတယ်။ သီဟိုဠ်တို့ လာအိုတို့ ကမ္ဘောဒီယားတို့၊ မြန်မာတို့၊ ယိုးဒယားတို့ .. ဒီနိုင်ငံငယ်လေးတွေကလူတွေ ကအညံ့ဆုံးဖြစ်နေတယ်တဲ့။ ဒါဘယ်နှယ် အဓိပ္ပါယ်တုံးတဲ့... "ဟာ ဟုတ်တယ်" လို့ စိတ်ထဲ ဇဝေဇ၀ါဖြစ်စရာပါပဲ.....နိုင်ငံကြီးတွေက သူဌေးကြီးတွေ ရှေးကံများပြုတော့ ဘယ်လိုပြုခဲ့တုံး စဉ်းစားကြည့်လိုက်ပါလေ။ စဉ်းစားကြည့်တော့ ရှေးကံပြုတုံးက သူတို့လည်း ကံရှိမှာပေါ့.. ဗုဒ္ဓဘာသာတော့ မဟုတ်ဘူးတဲ့.. အို ဘုန်းကြီးက ပြောချင်လိုက်တာ.. ဘုရားလောင်း ပါရမီ ဖြည့်တုံးက ဘယ်နှစ်ဘ၀များ ဗုဒ္ဓဘာသာ ဖြစ်ခဲ့ ဘူးလို့လဲ။ ကဲ ဇာတ်ကြီး ဆယ်ဘွဲ့ကို အကြမ်း စဉ်းစားကြည့်ကြစို့... တေမိမင်း- ဗုဒ္ဓဘာသာ ဘ၀ မဟုတ်ဘူး။ မဟာ ဇနက္ကမင်း- ဗုဒ္ဓဘာသာ မဟုတ်ဘူး။ သို့သော် သူတို့ကုသိုလ်တွေ သူတို့ပြုသွားတာပဲ။ သုဝဏ္ဏသျှံ- တောထဲမှာ မေတ္တာနဲ့ သာနေတာ.. ဗုဒ္ဓဘာသာ ဘ၀ မဟုတ်ဘူး။ အဲ နေမိမင်းကြီး တစ်နေ့တော့ ပြောလိုက်တဲ့ နရဒဗြဟ္မာမင်းကြီး... ဗုဒ္ဓဘာသာမဟုတ်ပါဘူး.. အကုန်လုံးပေါ့လေ၊ ဝေသန္တရာ မင်းကို ကြည့်ပါ... ဗုဒ္ဓဘာသာ ဟုတ်ရဲ့လား...
..........
..........
..........
ဒီတော့ကာ ဗုဒ္ဓဘာသာဆိုပြီး စိတ်ကြီးဝင်မနေကြပါနဲ့၊ ကောင်းကောင်းနေကြဖို့ ကသာ အရေးကြီးပါတယ်။ ဗုဒ္ဓဘာသာ ဆိုပြီး အမှတ်တမဲ့ နေရင်တော့ တခြားသူတွေက ကျော်ပြီးရင်းကျော်တက်သွား ဖို့သာရှိပါတယ်။"(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ၏ "ဘာသာခြားလည်း ရှေးကံရှိခြင်း၊ ဗုဒ္ဓဘာသာတွေ ဘာကြောင့်စီးပွားညံ့ရသလဲ" မှ)(Related Post)

ကျွန်တော်တို့ ဆီမှာလည်း အထက်ကနေ၊ အောက်အထိ၊ မင်းစိုးရာဇာ ကုန်သည် လယ်လုပ် လူတန်းစားအားလုံး "မင်္ဂလာ တရားတော်နဲ့ အညီ" အမှန်တကယ်သာ လိုက်နာကျင့်သုံး ကြရင်လေ၊ မဟာဂန္ဓာရုံ ဆရာတော်ကြီး ပြောသလို.. "ကောင်းကောင်းနေကြရင်လေ" နိုင်ငံရော လူမျိုးပါ တော်တော် ကြီးပွားမှာ အသေအချာပါ။ အခုဟာက ကောင်းကောင်း မနေကြလို့။

အောင်ကျော်မြင့် (Andy) က မင်္ဂလာတရားတော် အကြောင်းရေးဖို့ Tag ထားလို့ ရေးရပါတယ်။

Download ပဌာန်းတရားတော် (မဟာဂန္ဓာရုံ) e-Book


Thursday, August 02, 2007

Makes Me Wonder (Maroon 5)


ဖူးစာရှင်ကိုရွေးတော့မည် (မင်းလူ)

သားကြီးက မိဘလုပ်ငန်းနှင့် သက်ဆိုင်သော အဏ္ဏ၀ါတက္ကသိုလ် တက်သည်။ မစ္စဗေဒ အထူးပြုဘာသာရပ်ဖြင့် မဟာသိပ္ပံဘွဲ့ ကို ရရှိခဲ့သည်။ ထို့နောက်မိဘလက်ငုတ်ဖြစ်သော ငါးဖမ်းလုပ်ငန်းကို ၀င်လုပ်သည်။ သူ၏ကြိုးစားမှုကြောင့် လုပ်ငန်းမှာ ဆထက်တပိုး အောင်မြင်ကြီးပွားလာခဲ့ခြင်းဖြစ်သည်။
အိမ်ထောင်ပြုတော့လည်း ဂုဏ်သရေရှိ လယ်သမားကြီးတစ်ဦး ၏ သမီးနှင့် လက်ထပ်ခဲ့သည်။ မင်္ဂလာဆောင်တွင် ယောက္ခမများက သစ်ဆိမ့်ပင် ဧကငါးဆယ် မက္ကဒေးမီးယား ဧကငါးဆယ်လက်ဖွဲ့သည်။ မြေဆယ် ဆယ်ဧက လောက်ပိုင်ရင်ပဲ လူချမ်းသာ စာရင်းဝင်နေတဲ့အချိန်မှာ ဒီမြေတွေ အများကြီး လက်ဖွဲ့နိုင်တယ် ဆိုကတည်းက ချမ်းသာကြွယ်ဝမှု အတိုင်းအတာကို ခန့်မှန်းလို့ရနေပြီ။

သားကြီးအတွက် ကျေနပ်အားရနေဆဲမှာပင် သမီးအလတ်မက မိဘရင်ကျိုးအောင် စုံကန်ပြီး ထွက်သွားလေသည်။ မဖြစ်သင့်တာ မဖြစ်ရလေအောင် ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းနေတဲ့ကြားက သူ့သဘောနှင့်သူ အမိုက်ဇာတ်ခင်းသွားခြင်း ဖြစ်လေသည်။
ကန်ဇွန်းခင်း အမြောက်အများပိုင်ဆိုင်သော သူ့မိတ်ဆွေ လူကုံထံ တစ်ယောက်၏ သားနှင့် လက်ထပ်ပေးရန် စီစဉ်နေဆဲ အချိန်မှာပင် အလတ်မသည် ကွန်ပျူတာ ပရိုဂရမ်မာလေး တစ်ယောက်နှင့် ခိုးရာလိုက်ပြေးသွားသည်။
မိဘတွေရဲ့ အထက်တန်းလွှာ တံငါသည်မျိုးရိုး ဂုဏ်သိက္ခာ ကိုမှ မထောက်ထားပဲ ဘာမဟုတ်တဲ့ ကွန်ပျူတာပရိုဂရမ်မာ လေးကိုမှ ယူရကောင်းလားဆိုပြီး အမေလုပ်တဲ့သူက အမွေပြတ်ကြေညာ စွန့်လွှတ်ထားခဲ့လေသည်။
ဦးဆင်ပေါက်ကတော့ နည်းနည်းပျော့ပြောင်းချင်သည်။ စားကောင်းသောက်ဖွယ်များ စားရသောအခါ သမီးလတ်ကို သတိရမိ၏။ တစ်ခါတရံကျလျှင် သူတို့ရွာဘက်သို့ မြို့ကတက်လာသော ပျံကျ ကွန်ပျူတာသမား တစ်ယောက်တလေ ရောက်ရှိလာတတ်သည်။ ပစ္စည်းကိရိယာတွေ ထည့်ထားသော အိတ်ကြီးကို လက်ကဆွဲ နေပူကျဲကျဲမှာ ချွေးသံတရွှဲရွှဲ လျှောက်သွားရင်း...
"ကွန်ပျူတာတွေပြင်တယ်... ဟဒ်ဝဲတွေ အပ်ဂရိတ်လုပ်ပေးတယ်...နောက်ဆုံးပေါ် ဆော့ဖ်ဝဲတွေ တင်ပေးတယ်" ဟုအော်သွားသော အသံကို ကြားရတဲ့ အခါတိုင်း မြို့ပေါ်မှာ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့နေရရှာသော သမီးလတ်ကို မြင်ယောင်မိပြီး စိတ်မကောင်းဖြစ်ရသည်။

မင်းလူ ၏ "ဖူးစာရှင်ကို ရွေးတော့မည်" မှ ကူးယူဖော်ပြသည်။
အကျယ်ဆက်ဖတ်ရန်...