Sunday, September 30, 2007

Singapore မှ Australia သို့ (၂)



ACS မတင်မီ Guideline ကို ကြေညက်စွာဖတ်ရန်ဖြစ်ပါသည်။
URL: http://www.acs.org.au/index.cfm?action=show&conID=skillguidelines
Guide Line: https://www.acs.org.au/assessment/docs/Current_PIMGuidelines.pdf

မိမိဘာသာပဲလုပ်လုပ် Agent နဲ့ပဲလုပ်လုပ် ကြိုတင် ပြင်ဆင်ထားရမည့် စာရွက်စာတမ်းများ မှာ အောက်ပါအတိုင်းဖြစ်သည်။

ACS တင်ရန်

1) Passport
- Personal Particulars များပါသော စာမျက်နှာများ
-Australia သွားဖူးထားလျှင် Australia immigration တံဆိပ်တုံးများ ပါဝင်သော စာမျက်နှာများ

2) Birth Certificate (မွေးစာရင်း နိုတြီ)
3) မူရင်းမွေးစာရင်း မြန်မာလို

4) Master Degree Certificate
5) Master Degree Transcripts
6) Bachelor Degree Certificate
7) Bachelor Degree Transcripts
မှတ်ချက်။ ။ ကျောင်းပြီးသော်လည်း ဘွဲ့ မယူရသေးလျှင် သက်ဆိုင်ရာ တက္ကသိုလ် ကောလိပ်တို့မှ Letter of Completion ဖြင့်တင်ရန်

8) ဆယ်တန်း အောင်လက်မှတ် နိုတြီ
9) ဆယ်တန်း အောင်လက်မှတ် မြန်မာလို မူရင်း
10) ဆယ်တန်း အမှတ်စာရင်း နိုတြီ
11) ဆယ်တန်း အမှတ်စာရင်း မြန်မာလို မူရင်း

12) Professional Qualification Certificates (eg. MCSD certificate)
13) Professional Qualification Transcripts (eg. Exam Centre မှ Print ထုတ်ပေးသော ဘာသာတိုင်း ၏ အမှတ်စာရင်းများ)

14) အမည်ပြောင်းထားလျှင် ( အမည်ပြောင်းကြေညာချက် နိုတြီ နှင့် မူရင်း )

15) လက်ရှိ အလုပ်ရှင်ထံမှ Employment Letter (Full Name, Duration of Employment, Position, Detailed Job Descriptions, Duties, Scope of Work)
16) နောက်ဆုံး လစာထုတ်ပြေစာ (Payslip) ၃ လစာ (၃ ရွက်)

17) ယခင် အလုပ်ရှင်များ ထံမှ Employment Letter များ (Full Name, Duration of Employment, Position, Detailed Job Descriptions, Duties, Scope of Work)
Tips: Employment Letter များသည် Assessment Test လျှောက်ရာတွင် လည်းကောင်း၊ PR လျှောက်ရာတွင်လည်းကောင်း၊ လွန်စွာအရေးကြီးလေသည်။ မိမိ၏ ကျွမ်းကျင်မှုသည် MODL တွင်ပါဝင်နေလျှင် လျှင် 15 မှတ်ပိုရမည်။ MODL စာရင်းကို ကြည့်ပါ။ အဲဒီ list ထဲမှာ မိတ်ဆွေရဲ့ ကျွမ်းကျင်မှုက အမှန်တကယ် ပါနေပါသလား? ပါနေပြီဆိုလျှင် မိမိကျွမ်းကျင်မှုတို့ကို ပိုမိုပေါ်လွင်အောင် အထူး Highlight လုပ်ပြီး ရေးသားကြရမည်။ MODL စာရင်းကို ဒီမှာ ရှု။
ဥပမာ။ ။ C# သမားဖြစ်လျှင်Resume၊ နှင့် Employment Letter များ တွင် C# နဲ့ နှစ်တွေ အကြာကြီးလုပ်ခဲ့တယ်၊ ဘာပရောဂျက်တွေပြီးခဲ့တယ်၊ C# နဲ့ ဘာCertificate တွေရခဲ့တယ်၊ ဆိုတာ ပေါ်လွင်စွာ ထည့်ရေးရသည်။ အဲဒါကို ကြည့်ပြီး ACS မှ MODL ဘောင်ဝင်မ၀င် ဆုံးဖြတ်မည်။

18) English လို အသေးစိတ်ရေးသားထားသော Resume (အလုပ်လျှောက်ရာတွင် သုံးသော Resume နှင့် အတူတူ ဖြစ်သည်။)
19) Application Fee ($350 AUD) by Bank Draft

မှတ်ချက်။ ။ Bank Draft က ဘဏ် (DBS တို့ဘာတို့) မှာ မေးပြီးဝယ်လို့ရသည်။ ဘဏ်တွင် ဖောင်ဖြည့်ရမည်။ Payable နေရာတွင် Australian Computer Society ဖြည့်၊ Address တွင် LEVEL 3 , 160 CLARENCE STREET, SYDNEY NSW 2000, AUSTRALIA ဟူ၍ ဖြည့် ရပေမည်။ ငွေသားကဲ့သို့ တန်ဖိုးရှိသည့် ချလံတစ်ခု ထုတ်ပေးသည်။ အဲဒါကို နောင်တွင် လျှောက်လွှာများ၊ စာရွက်စာတမ်းများနှင့်တကွ တင်ရမည် ဖြစ်သည်။

ACS အောင်ပြီးနောက် PR လျှောက်လျှင် အထက်ပါစာရွက်စာတမ်း များအပြင် ထပ်မံလိုအပ်ချက်များ

1) IELTS အောင်လက်မှတ်
2) အိမ်ထောင်ရှိလျှင် လက်ထပ်စာချုပ် (နိုတြီ နှင့် မူရင်း)
3) 35mm x 45 mm ပတ်စပို့အရွယ် ဓါတ်ပုံများ

စသည့် ကိုယ်ဘက်ကလုပ်ရမည့် စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင် ကြရမည်။


Wednesday, September 26, 2007

Free IELTS Resources (books & audio)



ဒီနေ့ ကျနော် Post လုပ်ခဲ့တဲ့ "FREE IELTS Listing Practices" မှာ Comment တစ်ခု ရပါတယ်။ အဲဒါကတော့ IELTS text book တွေနဲ့ Audio တွေ အလကား Download လုပ်လို့ရတဲ့ နေရာပါ။ အပြင်မှာ အစုံလိုက်ဝယ်ရရင် ဈေးအရမ်းကြီးပါတယ်။ ဒီနေရာမှာ FREE Download လုပ်လို့ရပါတယ်။

Download Here


Related Post: http://phyowaikyaw.blogspot.com/2007/04/free-ielts-listing-practices-in-order.html

Saturday, September 22, 2007


"လူ့အလို နတ်မလိုက်နိုင်" ဟု ဆိုရိုးစကားရှိပါသည်။

နယ်မှတက်လာ... ဆယ်စုနှစ်တစ်ခု ကျော်မျှ ရန်ကုန်တွင် စာသင်၊ အလုပ်လုပ်၊ အချိန်ကုန်ခဲ့ပြီး Singapore သို့ မထင်မှတ်ပဲရောက်လာ ခဲ့သည်။ ကံအခွင့်ပေးလို့ ဒီကို ရောက်တုံး အလုပ်တစ်ခု ရအောင်အမြန်ရှာ ခဲ့ရသည်။

အဲဒီလိုနဲ့ Singapore သို့ရောက်ပြီး အလုပ်လုပ်၊ နှစ်နှစ်ကျော်ခန့် ကြာပြီးချိန်၊ တညနေခင်း တွင် ထုံးစံအတိုင်း ငိုက်စိုက် ငိုက်စိုက်ဖြင့် ပြန်လာရင်း...
"ငါ့ဘ၀က ဒါအကုန်ပဲလား?"....."ဒီလိုကြီးနဲ့ ပြီးတော့မှာလား?".... ဆိုသော အတွေးတစ်ချက် ၀င်လာလေသည်။ "Second Thought" ၀င်သည် ဟုဆိုချင်ဆို။
အဲဒီနောက်ပိုင်း အိုက်စပ်သောနွေကာလ ညမှောင်မှောင်ကြီး အချိန်တွေ အိမ်ပြန်ပြန်လာတိုင်း "Door Closing..." ဟုကြားရသော အသံကို ပင် မုန်းချင် သလိုလို ဖြစ်လာသည်။
အဲဒီအသံကြီးက ကိုယ့်ကို စောင်းပြောနေသလိုဖြစ်နေသည်။
"ဒီလောက်နဲ့ပဲ ပြီးရတော့မှာလား?" ဘ၀ကို တတ်နိုင်သမျှ အကောင်းဆုံး တည်ဆောက်ချင်တယ်ဆို။ စသဖြင့်ပေါ့လေ။

ဒီလိုဆိုကောင်းပြီ.....
ဒီမှာမနေဘူးကွာ၊ ဆယ်နှစ်လောက် ငွေစု၊ မြန်မာပြည်ပြန်၊ စီးပွားရေးလုပ်... စိတ်ကူးယဉ်ကြည့်စမ်းပါ၊ စိတ်ကူးထဲတော့ အရာရာချောမွေ့နေ၏။ သိပ်ကောင်းပါသည်။ လက်တွေ့မတော့ နမူနာပြောပြပါမည်။ ကျွန်တော်နှင့်သိသော ဂျပန်ပြန် မိတ်ဆွေ လင်မယား ရှိလေသည်။ သူတို့ အတော်ထောလာကြသည်။ လင်မယားနှစ်ယောက်လုံး ဆယ်နှစ်နှစ်ကြာမျှ ဟိုမှာ အငှားတိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ကျပ်ကျပ်တည်းတည်းလေးနေ၊ ပင်ပန်းကြီးစွာ အလုပ်တွေလုပ်၊ ငွေတွေစု။ မြန်မာပြည်ပြန်ရောက်တော့၊ တိုက်ခန်း ကောင်းကောင်းလေး ၀ယ်လိုက်သည်။ ကားတစ်စီး ၀ယ်စီးလိုက်သည်။ အမျိုးတွေထဲမှာ စတားဖြစ်နေသည်။ ဟိုလူကချေးပါ... ဒီလူကငှားပါအုံး။ ချေးသည်။ ငှားသည်။ ပိုက်ဆံတွေ ကပိုနေသည်။ အာရှဓန ဘဏ်မှာ ထည့်ထားလိုက်သည်။ အိမ်ဝယ်ပြီး... အိမ်အတွင်းပိုင်း ပြုပြင်သလိုလို ဟိုလျှောက်လည်သလိုလို ဒီလျှောက်လည်သလိုလို အနားယူသလိုလို ဘာလိုလို နှင့် တစ်နှစ် နှစ်နှစ်လောက် အချိန်တွေကုန်သွားသည်။ ငွေတွေက တဖြည်းဖြည်း ဖောင်းပွလာလေသည်။ အသက်တွေလည်းကြီးကြပြီ။ ကလေးတွေက နှစ်ယောက်။ စီးပွားရေးလေး တစ်ခုခုလုပ်မှပဲ ဟု မိန်းမက ယောင်္ကျားကို တချိန်လုံး တိုက်တွန်းလေသည်။ နိုင်ငံခြားမှာ အကြာကြီးနေလာတော့ အလုပ်က မကျွမ်း၊ မလုပ်တတ်တော့ပါ။ အသက်ကြီးမှ ခွေးကြီးလက်ပေးသင်သလိုဖြစ်နေသည်။ လူလိမ်တွေက ၀ိုင်းလာသည်။ ဒါတောင် အသောက်အစား အပျော်အပါး မရှိလို့ တော်သေးသည်။ ဟိုဟာလေးလုပ်ကြည့် ဒီဟာလေးလုပ်ကြည့် အတတ်နိုင်ဆုံး ရင်းနှီးမြုပ်နှံမှုတွေ လုပ်သည်။ ကားဝယ်ရောင်း လုပ်သလိုလို ဘာလိုလို လုပ်သည်။ အစုရှယ်ယာတွေ Arrow ထဲထည့်သည်။ ဧရာမြေ ထဲလည်း ထည့် လိုက်သည်။ ကံမကောင်းချင်တော့ အကုန်ပြုတ်သွားသည်။ ကားကို ရောင်းလိုက်ရသည်။ နောက် အိမ်ကို လည်းရောင်းလိုက်ရသည်။ နောက်ဆုံး နှစ်လုံးဒိုင်လေး ဘာလေး ပွဲခလေးပဲ ရရဆိုပြီး လုပ်ရသော ဘ၀ ဖြစ်သွားသည်။ ငွေတွေက တန်ဘိုးကျ၊ စီးပွားရေးတွေက မယ်မယ်ရရ လုပ်လို့မကောင်း၊ အသက်ကြီးမှ စံစားရမည့်အစား တဖြုန်ဖြုန်ကေးသွားလေသည်။ (အများစုဖြစ်တတ်သော Pattern များကို ပြောပြခြင်းဖြစ်ပါသည်။ လူတိုင်းကို မဆိုလိုပါ။)

ဒီလိုဆို မြန်မာပြည် မပြန်တော့ဘူး၊ စလုံးမှာပဲနေတောမည်။ အဲ... ပုံမှန် Pattern အရဆိုလျှင်... မြန်မာတွေ စလုံးရောက်၊ ကျောင်းတက် (သို့) အလုပ်လုပ်၊ ပိုက်ဆံစု၊ ကျောင်းပြန်တက် (သို့) professional certificates တွေအတွက် တက်၊ PRဖြစ်၊ CPF စု၊ အိမ်ထောင်ပြု၊ HDB အိမ်ဝယ်၊ အနှစ် နှစ်ဆယ်၊ သုံးဆယ်လောက်ဆပ်။ သည်ကြားထဲ အခန်းလေး ဖဲ့ဖဲ့ပြီး ပြန်ငှားစား။ ငှားစရိတ်လေးတွေစု၊ စလုံး အစိုးရကိုသွင်း။ နောက်ဆုံးတွင် အိမ်ကလေး တစ်လုံးပိုင်သွားသည်။ ဘ၀ကတော့ တည်ငြိမ်သွားသည်။ မဆိုးပါ။

ကိုင်း...သည်လိုဆို သည့်ထက် ဘာပိုကောင်းအောင်လုပ်လို့ ရသေးလဲ။ ကျွန်တော် West ဘက်က ဟိုနိုင်ငံ ဒီနိုင်ငံလေးတွေ နဲနဲပါးပါး လျှောက်လည်ခဲ့ဖူးလေသည်။ လူနေမှု အဆင့်အတန်း၊ လူတွေရဲ့ စိတ်ဓါတ်၊ လူကိုလူလို သဘောထားသည့် လောကပါလတရား တို့ တွင် စလုံးနဲ့ အနောက်ကမ္ဘာသည် တော်တော်ကွာသည် ဟုထင်မိပါသည်။ ရေရှည်အခြေချမည့်သူအတွက် ဟိုမှာတော့ ပိုကောင်းပေလိမ့်မည်။ လူတစ်ကိုယ် အကြိုက်တမျိုးဖြစ်ပါသည်။ လူနေမှုအဆင့်အတန်း ပိုမြင့်မည်။ ကား တွေကလည်း ဒီဘက်ထက် ပိုဈေးချိုမည်။ အသက်ကြီး လျှင်လည်း ဒီမှာထက်တော့ ငြိမ်းငြိမ်းနေရမည် ထင်ပါသည်။ ဆရာဝန် ၊ ကွန်ပျူတာ၊ အင်ဂျင်နီယာ စသည့် Professional သမားတွေအတွက်တော့ ဒီတစ်သက် ကိုယ်ပိုင် ခြံကလေး ၀င်းကလေးဖြင့် နေနိုင်ဖို့ ဖြစ်နိုင်ချေရှိပါ လိမ့်မည်။ ဒီဘက်မှာထက် ဇိမ်နည်းနည်းပိုကျမည်။ အလုပ်လက်မဲ့ဖြစ်နေလည်း အစိုးရထံမှ ထောက်ပံ့ကြေးလေးနဲ့ နေလို့ရမည်။ အသက်ကြီးလာလျှင်လည်း အခမဲ့ ဆေးကုသခွင့်ရမည်။ စနေ တနင်္ဂနွေဆို Beach လေးဘာလေးသွား။ အခြား မြန်မာမိသားစု တစ်စုနှစ်စု နဲ့ပေါင်း ပျော်ပွဲစားထွက်ကြ။ ဒါမှမဟုတ် ဟိုအိမ်နဲ့ သည်အိမ်သွားလည်၊ အိမ်တစ်အိမ်မှာဘုန်းကြီးပင့်၊ တရားနာ၊ အခြားမိသားစုတွေ ရှိတဲ့လူတွေအကုန်သွားကြ။ အဲ... မနေချင်ပါဘူးတဲ့... မြန်မာပြည် ကို ပြန်ပြီးခေါင်းချမယ်တဲ့....သို့မဟုတ်... မြန်မာပြည်က အခြေအနေကောင်းလာလို့... စီးပွားရေး အလုပ်အကိုင်ပိုပွင့်လာလို့ ပြန်မယ် ဆိုပါစို့... ဘာပဲဖြစ်ဖြစ် ပြန်သည့်အချိန်တွင် ငွေက ဒီဘက်... အရှေ့တိုင်းဘက်၊ မှာရှာတဲ့ငွေထက် ပိုများနေမှာလည်း သေချာသလောက်ရှိ ပါသည်။

အဲဒါလေးတွေ တွေ့မြင်ပြီး နောက်တော့ ရောဂါတစ်ခုရလာသည်။ စလုံးမှာနေပြီး နိုင်ငံခြားသွားချင်သည့်ရောဂါဖြစ်ပါသည်။ အခွင့်ကြုံရင်တော့ US ဒါမှမဟုတ်၊ Canada၊ ဒါမှမဟုတ် Australia မှာသွားနေမည် ဟု စိတ်ကူးမိလေသည်။ ဒီလိုနဲ့ အကြံထုတ်နေတုံး တရက်မှာ ငယ်သူငယ်ချင်းတစ်ယောက်နှင့် ဆုံသည်။ သူက Australia PR လျှောက်ထားတာ ပူပူနွေးနွေးဖြစ်သည်။ ကျွန်တော်က တစ်နေရာရာ ခုန်ချင်နေသူဖြစ်သည်။ သူ့ထံမှလမ်းကြောင်းလေးတွေ စုံစမ်းရသည်။ သူကပြောပြပါသည်။ Website များ လည်းပေးသည်။ အကြံကောင်းများလည်း ပေးသည်။ အစက သူပြသည့် http://www.immi.gov.au မှာ ကိုယ့်ဘာသာကိုယ် ဖတ်ပြီး လုပ်မလို့ စိတ်ကူးထားသည်။ နောက် သူက ကိုယ့်ဘာသာကိုယ် မဖတ်နဲ့၊ အချိန်တအားကုန်တယ်၊ စာမျက်နှာ တစ်ထောင်ကျော်ဖတ်ရမှာ။ တစ်ခုခု မှားပြီးလုပ်မိရင် မကောင်းဘူး။ Agent သုံး သင့်တယ်။ Agent တွေက ဒါကို တစ်သက်လုံးလုပ်လာတာ။ ကျွမ်းကျင်တယ်။ အမှား နည်းမယ်။ ငွေတော့ ပေးရတာပေါ့။ သူက ဆိုသည်။ ဒါတွေ အတွက် ကိုယ့်ဘာသာကို အချိန်ကုန်ခံမည့်အစား ငွေ ၃ထောင်(S$) လောက်ကို စလုံးမှာ ပြန်ရှာဖို့ လွယ်ပါတယ်...ဟုဆိုသည်။ သူ့ အကြံပေးချက်အတိုင်း Agent ရှာရသည်။ Website တွေလိုက်ကြည့်ရသည်။ ဟိုလူ့မေး သည်လူ့မေး လုပ်ရသည်။ နောက်ဆုံး Agent ကုမ္မဏ္ဏီ ကောင်းကောင်းတစ်ခု ကိုတွေ့သည်။ ငွေတော့ တော်တော်ကုန်သွားသည်။ လမ်းကြောင်းတွေ၊ ဘယ်လောက်ကြာကြာစောင့်ရမလဲ၊ လုပ်ပုံကိုင်ပုံ တွေ၊ စာရွက်စာတမ်းတွေ၊ ရေးပုံသားပုံတွေ၊ လိုအပ်တာတွေ... ကိုယ့်ဘာသာကိုယ် ဖတ်တုံးကထက် နဲနဲ ပိုမိုသိရှိလာခဲ့သည်။ Computer သမားတွေအတွက် တော့ အဆင့်က နှစ်ဆင့်ရှိသည်။ ACS (Australian Computer Society) Website:http://www.acs.org.au မှ Assessment Test အောင်ရမည်။ IELTS ကို လေးဘာသာလုံး 6.0 ရအောင် ဖြေရမည်။ အဲဒီအောင်လက်မှတ် တွေနဲ့ PR လျှောက်ရမည်။ ကျွန်တော့်ယခု status က ACS မှ Assessment Test အောင်ပြီးပြီ.. အဲဒီမှာ MODL(Migration Occupations in Demand List) လည်းဝင်ပြီးပြီ။ IELTS လည်းအောင်ပြီးပြီ။ အဲဒီလိုတာတွေ ပြင်ဆင်ပြီး PR လဲလျှောက်ပြီးပြီ။ ယခု visa ကို စောင့်ဆိုင်းဆဲ ဖြစ်ပါသည်။

ဟိုမရောက်သေးသော်လည်း... ဒီက မိတ်ဆွေတွေကို မျှဝေချင်လာသည်။ သူငယ်ချင်းများက လည်း တောင်းဆိုသည်။ ဘာတွေလိုလဲ... ဘယ်လိုလုပ်ရမလဲ စသည်ဖြင့် လာလာ မေးကြသည်။ အဲဒါနဲ့ "Singapore မှ Australia သို့" ကို ကျွန်တော် သိသမျှ မချွင်းမချန်ရေးသားကာ ဆက်တိုက် ဖော်ပြပေးသွားပါမည်။


Wednesday, September 19, 2007

Corporate Lesson 3



အရောင်းစာရေးမ တစ်ဦး၊ စီမံရေးရာ စာရေး တစ်ဦး နှင့် မန်နေဂျာ တစ်ဦးတို့ နေ့လည်စာ အတူထွက်စားကြသည်။ တစ်နေရာ အရောက်တွင် လွန်စွာ အိုမင်းဟောင်းနွမ်းနေပြီ ဖြစ်သော ကြေးဝါမီးခွက် ကလေးတစ်လုံးကို တွေ့လေ၏။ သူတို့ ပွတ်တိုက်ကြည့်ကြ၏။ ထိုအခိုက် အတွင်းမှ မီးခွက်စောင့်နတ်သမီး ဂျင်းနီ ထွက်လာလေသည်။ ဂျင်းနီက " သင်တို့ လိုရာကို ပြောလော့၊ ကျွန်ုပ် ဖန်ဆင်းပေးမည် " ဟုပြောလေသည်။

ထိုအခါ စီမံရေးရာစာရေးက "ကျုပ်အရင်ပြောမယ်... ကျုပ်အရင်ပြောမယ်" ဟုဆိုကာ "ကျွန်ုပ် ဖလော်ရီဒါနားက Bahamas ကျွန်း လေးကို သွားချင်တယ်။ Speed Boat စီးပြီး ဇိမ်ကျကျနေမယ်...ဘယ်သူ့မှဂရုစိုက်စရာ မလိုဘူး..."။ ပြောပြီးပြီချင်း ဂျင်းနီက ခေါင်းတချက် ငြိမ့်လိုက်ရာ သူ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

နောက်..."ဒီတစ်ခါ... ငါ့အလှည့်" ... အရောင်းစာရေးမက အတင်း ၀င်ပြောသည်။ ငါ ဟာဝိုင်ယီကျွန်း ကို သွားမယ်။ ကမ်းခြေမှာ massage နှိပ်ပေးတဲ့သူ နဲ့ "Pina Coladas" သီးစုံဖျော်ရည်လေး မြုံပြီး မှိန်းနေမယ်...။ သူမပြော ပြီးပြီး ချင်း ဂျင်းနီက ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။ သူမ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

နောက်... "ရှင့် အလှည့်" ဂျင်းနီကပြောသည်။
မန်နေဂျာက ခေါင်းတချက်ညိတ်လိုက်ပြီး "ဟို နှစ်ကောင်ကို ထမင်းစားပြီးချိန်မှာ ရုံးကို ပြန်ရောက်လာအောင်လုပ်ပေးပါ။"

သင်ခန်းစာ။ ။ တစ်ခုခု ပြောစရာရှိလျှင် မန်နေဂျာကို ဦးစွာ ပြောခွင့်ပြု သင့်သည်။


Sunday, September 16, 2007

Corporate Lesson 2



မိန်းမ ဖြစ်သူက ရေချိုးခန်းထဲ မှ ထွက်လာပြီးနောက် ယောကျာင်္း ဖြစ်သူက ရေချိုးခန်းတွင်းသို့ ရေချိုးရန် ၀င်လိုက်လေသည်။ ထိုအခိုက် တံခါးခေါင်းလောင်း မည်လာလေသည်။ မိန်းမဖြစ်သူလည်း ရေချိုးခန်းသုံး တဘက်စောင်ကို ကမန်းကတန်း ပတ်ကာ အိမ်အောက်သို့ ခပ်လောလော ပြေးဆင်းလိုက်သည်။ တံခါးဖွင့်ပေးလိုက်ရာ တဖက်အိမ်မှ "ဘောဘ့်" ဖြစ်နေသည်။ သူမ ဘာမှ မပြောရသေးခင် "ဘော့ဘ်" က ကျေးဇူးပြုပြီး တဘက်စောင်ကို ဖယ်ပေးပါ.. $800 ပေးပါမယ် ဟုဆိုလေ၏။ သူမ ခဏမျှ မင်သက်သွားပြီး "ဘောဘ့်" ရှေ့တွင် တဘက်စောင်ကို ဖယ်ပြပြီး ခတ္တ ရပ်နေလိုက်သည်။ စက္ကန့် အနည်းငယ်ကြာပြီးနောက် "ဘောဘ့်" က $800 ကို ကမ်းပေးလိုက်ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။ မိန်းမဖြစ်သူလည်း တဘက်စောင်ကို အမြန်ပြန်ဝတ်ကာ အပေါ်ထပ်သို့ ပြန်တက်လာသည်။ ရေချိုခန်းနား အရောက်တွင် အထဲမှ ယောင်္ကျားဖြစ်သူက "ဘယ်သူလဲ" ဟုမေး၏။ ဟိုဘက်အိမ်က "ဘောဘ့်" ပါ... သူမက ပြန်ဖြေ၏။ ယောင်္ကျားဖြစ်သူက "အင်း... ကောင်းတယ်.. သူ့ဆီမှာ ငါ ရစရာ $800 ရှိတဲ့ အကြောင်း ပြောသေးလား?"

သင်ခန်းစာ။ ။ သင့်မှာ ရစရာ ပေးစရာ ရှိနေပါက၊ အခက်အခဲများ ရှိနေပါက၊ လုပ်ဖော်ကိုင်ဘက်များ၊ အစုရှယ်ယာရှင်များ ကို စောစောစီးစီး ပွင့်လင်းစွာ ဖွင့်ပြောခြင်းဖြင့် မလိုလားအပ်သော ဖြစ်ရပ်များမှ ကောင်းစွာ ရှောင်ရှားနိုင်ပေမည်။


Friday, September 14, 2007

Explore the sky with Google Earth


တစ်ခုခု သိချင်တယ် ဆိုရင် Google မှာ ရှာလိုက်ပေါ့ လို့ပြောကြပါတယ်။ ကွန်ပျူတာတက္ကသိုလ် မှာတုံးက သူငယ်ချင်း မိန်းကလေး တစ်ယောက် ဆို Google က ဘာရိုက်ရိုက် အကုန်သိလွန်းလို့ သူ့ကိုများ သိနေမလား မသိဘူး ဆိုပြီး သူ့နာမည်သူ ရိုက်ထည့် ပြီး ရှာကြည့်ပါသတဲ့။ မတွေ့ပါဘူးတဲ့။ အဲဒီတုန်းကတော့ ပြန်ပြောပြီး ရယ်ကြ ရတာပေါ့။ အခုခောတ်မှာတော့ တကယ် ရှာလို့ရပါတယ်။ ကိုယ့်ရဲ့ အချက်အလက်တွေက အင်တာနက်တနေရာရာမှာ ရှိနေရင်တို့၊ Blog ရေးရင်တို့၊ friendster တို့ facebook တို့ သုံးယင်တို့၊ ဆိုရင်လည်း လူနာမည် ကို Google မှာ ရှာရင် ပေါ်လာမှာပါပဲ။ ဘာပဲပြောပြော Google က ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ထဲကို မသိမသာနဲ့ ၀င်ရောက်နေပါပြီ။

အခု Google က ကမ္ဘာပေါ်မှာ ရှိတာအကုန် ရှာလို့ရယုံတင် ရပ်မနေပါဘူး။ အခုဆို စကြ၀ဠာ အထိကို မွှေနှောက် ကြည့်ရှုနိုင် အောင်လုပ်လိုက်ပါပြီ။ ကြယ်စု ပေါင်း သန်း တစ်ရာခန့်၊ ဂလက်ဆီပေါင်း သန်း နှစ်ရာခန့် ကို Google Earth ထဲက ကောင်းကင်ပြင် ကြီးပေါ်မှာ မျက်ဝါးထင်ထင် ကြည့်ရှု ရင်း ခံစားမှု အသစ်တစ်မျိုးကို ခံစားရစေ မှာဖြစ်ပါတယ် တဲ့။ အဲဒါကို NASA နှင့်ပူးပေါင်းပြီး တည်ဆောက်ထား ပါတယ်တဲ့။ ကြည့်ချင်ရင်တော့ Google Earth ရှိပြီးသူများ Help>Check for Update Onlines လုပ်ရမယ်။ မရှိသေးရင်လည်း http://earth.google.com/sky/skyedu.html မှာ Download လုပ်ရမယ်။

Corporate Lesson - 1


တနေ့သ၌ ကျီးတစ်ကောင် သည် သစ်ပင်မြင့်ကြီး တစ်ပင်၏ အကိုင်း တစ်ခုတွင် သစ်ကိုင်းပေါ်တွင် တစ်နေကုန် ဘာမှ မလုပ်ပဲ အေးချမ်းစွာ နားနေလေသည်။

ထိုအခိုက် တောအုပ်ထဲ မှ ယုန်တစ်ကောင် ထွက်လာပြီး အေးချမ်းစွာထိုင်နေသည့် ကျီးကို မြင်လေ၏။

ယုန်က ထိုင်နေသည့် ကျီးကို လွန်စွာအားကျလှသဖြင့် ... "အဆွေကျီး... ကျွန်ုပ်မှာ တစ်နေကုန် ပြေးလွှား ရုန်းကန် နေရပါသည်။ ကျွန်ုပ်လည်း အသင်ကဲ့သို့ အေးချမ်းစွာ ထိုင်နေ လို့ ရမည်လော" ဟုမေးလေ၏။

ကျီးက "အင်း" ဟု တိုတိုတုတ်တုတ် ဖြေလိုက်၏။

ထို့နောက် ယုန်လည်း မြေပြင်ပေါ်တွင် ထိုင်နေလိုက်လေ၏။

များမကြာမီ ၀ံပုလွေတစ်ကောင်ထွက်လာပြီး ထိုင်နေသည့် ယုန်ကို ကိုက်စားလိုက်လေသည်။


သင်ခန်းစာ။ ။အေးအေး ထိုင်နေဖို့ ဆိုတာက နေရာမြင့်မြင့် မှာ ရောက်နေရင် ကိစ္စမရှိဘူး။


Wednesday, September 12, 2007

When Your Gone - Avril Lavigne



I always needed time on my own
I never thought I'd need you there when I cry
And the days feel like years when I'm alone
And the bed where you lie
Is made up on your side

When you walk away
I count the steps that you take
Do you see how much I need you right now?

When you're gone
The pieces of my heart are missing you
When you're gone
The face I came to know is missing too
When you're gone
The words I need to hear to always get me through the day
And make it OK
I miss you

I never felt this way before
Everything that I do
Reminds me of you
And the clothes you left
They lie on the floor
And they smell just like you
I love the things that you do

When you walk away
I count the steps that you take

Do you see how much I need you right now?

When you're gone
The pieces of my heart are missing you
When you're gone
The face I came to know is missing too
When you're gone
The words I need to hear to always get me through the day
And make it OK
I miss you

We were made for each other
Out here forever
I know we were
Yeah Yeah

All I ever wanted was for you to know
Everything I do I give my heart and soul
I can hardly breathe I need to feel you here with me
Yeah

When you're gone
The pieces of my heart are missing you
When you're gone
The face I came to know is missing too
And When you're gone
The words I need to hear will always get me through the day
And make it OK
I miss you
mMm



Powered by ScribeFire.

Tuesday, September 11, 2007

ကိုရွှေရိုး

ပျော်ဘွယ်မှာနေတုံးက အင်မတန် ရိုးတဲ့ လူတစ်ယောက် ကိုတွေ့ဖူးပါတယ်။

အညာသားများဟာ နဂိုတည်းက ရိုးသားတတ်ကြတယ်။ အဲဒီ ကိုလူရိုးကတော့လေ အင်မတန်ကြီးကို ရိုးအပါတယ်။ "ရိုးအ" တယ်လို့ သုံးရတာက ရိုးသားတဲ့ အဆင့်ထက် တော်တော်ပိုပြီး "အ" တဲ့ ဘက်ကိုနဲနဲရောက်နေလို့ ဖြစ်ပါတယ်။ သူက အိမ်က ပွဲရုံမှာ ကုန်တွေဘာတွေ တင်ချလုပ်တယ်။ အားယင် အိမ်ရဲ့ ဗာဟီရ အလုပ်လေးတွေ လုပ်ပေး ပါတယ်။

တစ်ခါက အုန်းနို့ခေါက်ဆွဲဆွမ်းကပ်ဖို့ အဒေါ်တစ်ယောက်က အုန်းနို့ညှစ်ခိုင်းလိုက်တယ်။ အုန်းသီးတွေ ဆွဲခြင်းနဲ့ထည့်ပြီး ပေးလိုက်တယ်။ သူကြိုးစားပန်းစား အုန်းသီးတွေကို တစ်လုံးပြီးတစ်လုံး ခွဲတယ်။ တခြမ်းပြီးတခြမ်း ခြစ်တယ်။ ပြီးတော့ အုန်းသီးခြစ်ဖတ်တွေကို အ၀တ်လေးထဲထုပ်ပြီး ညှစ်ပါတယ်။ အားလုံး လုပ်ပြီးတော့မှ အုန်းဆံ အဖတ်လေး တွေ ချည်း ပြန်လာပေးပါတယ်။ ဟဲ့ "အုန်းနို့တွေရော" ဘယ်မှာလဲ လို့ အဒေါ်ကမေးတော့... "မြောင်းထဲ ညှစ်ချလိုက်ပြီ" တဲ့။ အဲလောက်ကို "အ" ပါတယ်။

နောက်တစ်ခါကျတော့ အမေက သူ့ကို ပါမိုးလစ်(Palmolive)ဆပ်ပြာခဲတွေ ၀ယ်ခိုင်းလိုက်တယ်။ ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုပြီး ပိုက်ဆံယူပြီး လှစ်ကနဲ့ထွက်သွားတယ်။ တော်တော်လေးကြာတော့ ပြာယာပြာယာနဲ့ ပြန်လာပြီး လက်ထဲက ကျွတ်ကျွတ်အိတ်ထုတ်ကို လာပေးတယ်။ ဖွင့်ကြည့်လိုက်တော့ ကာဘော်လစ် ဆပ်ပြာတောင့် အရှည်လိုက်ကြီးတွေဖြစ်နေပါရော။

ဘာပစ္စည်းဝယ်ခိုင်း ၀ယ်ခိုင်း တစ်ခါမှ ဈေးမဆစ်ဘူး။ လမ်းဘေးတွေမှာ ၀ယ်ရင် ဈေးလေးဘာလေး ဆစ်ရတယ် လို့ အမေတို့က သင်ထားရတယ်။ ဒီလိုနဲ့ နောက်တစ်ခေါက် အမေက ဘုရားပန်းကပ်ဖို့ မေမြို့ပန်းတွေ ဂန္ဓမာပန်းတွေ သူ့ကိုသွားဝယ် ခိုင်းပါတယ်။ အပြန်ရောက်တော့ သူက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြုံးပြီး "ကျွန်တော်ဈေးဆစ်လာတာ အမ" လို့ပြောပါတယ်။ အမေက "ဘယ်လောက်နဲ့ရခဲ့တာလဲ" လို့မေးတော့ သူက ဒီလိုပြန်ပြောပြတယ်။
ပန်းသည်။ ။ မေမြို့ပန်းတွေ၊ ဂန္ဓမာတွေ၊ ဇော်စိမ်း တွေရမယ်...
ကိုရွှေရိုး။ ။ ဂန္ဓမာ "တစ်စည်းဘယ်လောက်လဲ"
ပန်းသည်။ ။ တစ်စည်းမှ ငါးကျပ်မတ်တင်းပါ အကို...
ကိုရွှေရိုး။ ။ နှစ်စည်းယူမှာမို့ တစ်ဆယ်ထားလိုက်ပါ.. အမ...
ပန်းသည်။ ။ ပြုံး၍... ရပါတယ်ရှင့်.... ယူသွားပါ... ဆိုပြီး ကမန်းကတန်း ထုတ်ပေးလိုက်တယ်တဲ့။
အဲဒါကျွန်တော်ဆစ်လို့ရလာတာ.. တဲ့...(မှတ်ချက်။ ။ ငါးကျပ်မတ်တင်း = 4.75)

Monday, September 10, 2007

GTalk ရဲ့ theme ကို သင့်ရဲ့ ကိုယ်ပိုင်ဒီဇိုင်းဖြင့် ပြုလုပ်လိုပါသလား

MySuboo.com မှာ တွေ့လို့ မိတ်ဆွေတွေကို Share လုပ်ချင်တဲ့စိတ်ပေါ်လာလို့ ပြန်လည်ကူးယူ ဖော်ပြ လိုက်တာပါ။

ဂျီတော့ ရဲ့ theme ကို သင့်ရဲ့ ကိုယ်ပိုင်ဒီဇိုင်းဖြင့် ပြုလုပ်လိုပါသလား။ သင်ဟာ HTML နဲ့ stylesheet ကျွမ်းကျင်ရင်တော့ ဒါက လွယ်လွယ်လေးပါ။
ပထမဦးဆုံးအနေနဲ့

%userprofile%\Local Settings\Application Data\Google\Google Talk\themes\system\chat

အပေါ်မှာပြထားတဲ့ စာကြောင်းကို ကော်ပီကူပြီး My Computer Address bar မှာ ရိုက်လိုက်ပါ။ ကျွန်တော်က အခုဒီ theme folder ထဲက အရိုးရှင်းဆုံးတစ်ခုဖြစ်တဲ့ classic Picture ကိုရွေးလိုက်ပါတယ်။ ပြီးရင် ဒီ folder ကို ကော်ပီကူးပြီး အခုရောက်နေတဲ့နေရာမှာပဲ ပြန်သိမ်းထားလိုက်ပါ။ folder name ကိုတော့ သင့်ရဲ့ နံမည် ပေးလိုက်ပေါ့။
ပြီးရင် ဒီ Folder ကိုဖွင့်ပြီး Contents Folder အောက်ထဲက Resources ကိုထပ်ဖွင့်လိုက်ပါ။ ကဲ .. ဒီနေရာကတော့ သင့်စိတ်ကြိုက် ဒီဇိုင်းတွေ ဖန်တီးရမယ့် နေရာပါပဲ။
သင့်ရဲ့ ဂျီတော့ကို သင် ပုံတစ်ခု တင်ချင်တယ်ဆိုရင် ဒီ Resources folder အောက်မှာ images ဆိုတဲ့ Folder တစ်ခု တည်ဆောက်လိုက်ပါ။ ပြီးရင် သင်ထည့်ချင်တဲ့ ပုံတစ်ပုံကို ကော်ပီကူးပြီး ဒီ images folder အောက်မှာ back.jpg ဆိုတဲ့ နံမည်နဲ့ သိမ်းထားလိုက်ပါ။
ဒါပေမယ့် သင့်ရဲ့ image ရဲ့ အလျားနဲ့အနံကတော့ ၃၀၀ နဲ့ ၂၂၅ ဖြစ်ရပါမယ်။ ပြီးရင် Resources folder ဆီကို ပြန်သွားလိုက်ပါ။
ပြီးရင် main.css file ကို ဖွင့်လိုက်ပါ။ ပြီးရင်

BODY
{
margin: 6px;
}

အစား

BODY
{
margin: 6px;
background-image: url("images/back.jpg");
}

ကို ပြောင်းလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ ဂျီတော့ဟာ သင်ကိုယ်ပိုင်စိတ်ကြိုက် ဒီဇိုင်း ပြုလုပ်နိုင်ပြီပေါ့။

Ref: MySuboo.com


Powered by ScribeFire.

Sunday, September 02, 2007

အောင်သုခ ဓမ္မရိပ်သာ (သန်လျှင်)




ဓါတ်ပုံ ဆလိုက်မှာ မြင်ရတဲ့ အတိုင်းပါပဲ။ တည်ထောင်ကာစ အောင်သုခ ဓမ္မရိပ်သာ ဖြစ်ပါတယ်။ ပဲခူးအောင်သုခ ဆရာတော်ဘုရားကြီး ၏ နည်းနိသယ အတိုင်း ကောင်းစွာ တရားပြသပေးလျှက်ရှိပါတယ်။ ဆရာတော်၏ သီလ၊ မေတ္တာ ကြောင့် လည်းကောင်း၊ အားထုတ်ကြသူများမှ ဓမ္မပီတိ အထူးရရှိကြသည်ဟု ညွှန်းကြသဖြင့် လည်းကောင်း၊ တဆင့်စကား တဆင့်နားဖြင့်၊ ထပ်မံပြီး၊ လာရောက်အားထုတ်ကြသူများ တနေ့တခြား ဆိုသလို များပြားလာနေပါတယ်။ အဲဒါကြောင့် စခန်းချိန်တွေမှာဆို ရေ အခက်အခဲ တော်တော်လေး ရှိပါတယ်။ သောက်ရေသုံးရေ အဆင်ပြေရန်အတွက် ရေစင် တည်ဆောက်ဖို့ စင်္ကာပူမှ ကိုရဲမင်းစိုးက ဦးဆောင်ပြီး အလှူငွေကောက်ခံလျှက်ရှိပါတယ်။ လှူဒါန်းလိုသူများ ကိုရဲမင်းစိုး +65 9754 9355 သို့ ဆက်သွယ်လှူဒါန်း နိုင်ကြပါသည်။

Saturday, September 01, 2007

လိုချင်တာတွေ အားလုံးရှိလာမယ့် စုဘူးလေးပါ



အခုတစ်လော ကောင်းမွန်သပ်ရပ်တဲ့ မြန်မာWebsite အသစ်လေးတွေ မကြာမကြာထွက်လာတာ သတိပြုမိပါတယ်။ ကျွန်တော်တို့တွေ မြန်မာ Website တွေကိုကြည့်ကြရင် အများဆုံးကြည့်ဖြစ်ကြတာက မြန်မာ e-book တွေတင်ထားတဲ့ site တွေတို့... မြန်မာ Mp3 site တွေတို့... မြန်မာလိုရေးထားတဲ့ Blog တွေတို့ ကို အများဆုံးကြည့်ဖြစ်ကြတယ်... မြန်မာလိုရေးထားတဲ့ ဖိုရမ်တွေဝင်ဖတ်ကြတယ်...၀င်ဖွကြတယ်... မြန်မာသတင်း website တွေ ၀င်ကြည့်ကြတယ်...

သတိပြုမိမလားတော့မသိဘူး... မြန်မာဘလောဂ့်တွေ ပေါ်ပြီး... နောက်ထွက်လာတဲ့ မြန်မာWebsite လေးတွေကလည်း... ဘလောဂ့်ဆန်ဆန်လေးတွေဖြစ်လာကြသလိုပဲ...

ဒီလိုနဲ့ မနေ့တစ်နေ့ကမှ ဘလော့ဂ်ဒေး နှင့် အပြိုင် အသစ်ထွက်ရှိလာတာကတော့ MySuboo.com ဖြစ်ပါတယ်။ Music တွေ... Myanmar Book တွေ... မြန်မာ Wiki ... Forum... Blog စသည်ဖြင့် ပါဝင်ပါတယ်။ မကြာမီတော်တော် Hot လာမယ့် Website တစ်ခုပါ...

နောက်ပြီးတော့ အဲဒီမှာ မြန်မာဘလောဂ့် တစ်ခုဆောက်ဖို့ ပိုလွယ်တယ်... ကျွန်တော်အထင်တော့ ဒီလိုဆားဗစ်မျိုးက လိုပါတယ်... လိုနေတာကြာပါပြီ... Blogger မှာတော့ ရေးလို့ရတာပေါ့... ဒါပေမယ့် သိတဲ့ အတိုင်းပဲ... မြန်မာဘလော့ တစ်ခုရေးဖို့ Template ဆောက်ရ... ဇော်ဂျီ EOT ဖိုင်လုပ်ရ... XML Code တွေပြန်ပြင်ရေးရနဲ့ တယ်မလွယ်ပါဘူး။ ပြီးရင်လဲ ဇော်ဂျီဖွန့် လုံးဝမရှိတဲ့ စက်တွေမှာ ကိုယ့် Website ကိုယ် EOT အလုပ်လုပ်ရဲ့လားဆိုပြီး ပြန်စစ်ကြည့်ရသေးတယ်...

ဒီလိုဆိုတော့ သာမန် Layman တစ်ယောက်အတွက် ဆိုရင်မြန်မာဘလောဂ့်ကောင်ကောင်း တစ်ခုဖြစ်ဖို့ နဲနဲ လက်ဝင်တယ်... SuBoo မှာတော့ ဒါတွေလုပ်ဖို့ မလိုဘူး... ZawGyi က Build In ပါပြီးသားကိုး... Sign Up လုပ်ပြီး ၀င်ရေးလိုက်ရုံပဲဆိုတော့ လွယ်တယ်... ဒါပေမယ့် မြန်မာစာ ရိုက်တတ်ဖို့တော့လိုတာပေါ့ဗျာ... လက်ရှိ ဘလောဂ့်သမားများလည်း... ကိုယ့်ရဲ့ လက်ရွေးစင် Featured Blog လေးတွေရှိရင်... မြန်မာပရိတ်သတ်တွေကို ဝေမျှချင်တယ်ဆိုရင် SuBoo မှာ လာလာပြီး တင်ထားလို့ရတယ်... ဒီထဲမှာက မြန်မာပရိတ်သတ်တွေက လည်း စုမိနေတာဆိုတော့...

"..... လိုချင်တာတွေ အားလုံးရှိလာမယ့် စုဘူးလေးပါတဲ့ ....."

Website URL: http://www.mysuboo.com