Friday, March 28, 2008

မင်္ဂလာရက်မြတ်


သူမ နဲ့ ကျနော် ဒီလ ၂၃ ရက်နေ့ တနင်္ဂနွေ နေ့ က လက်မှတ်ထိုး လိုက်ကြတယ်။ အစက ROM (Registry of Marriage) မှာ ထိုး မလို့။ နောက် တော့ ၃ လလောက် စောင့်ရမှာ ဆိုတာနဲ့၊ အိမ်မှာ ပဲ လုပ်တော့ မယ်ဆိုပြီး အစီအစဉ်ပြောင်း လိုက်တယ်။ လက်ထပ် လက်စွပ်လေးတွေ ကိုတော့ Lee Hwa Jewellery မှာ ၀ယ်လိုက်ကြတယ်။ စိတ်ကြိုက်လက်စွပ်တွေ့တော့ ရွေးဝယ်လိုက်တယ်။ Lee Hwa က အရွယ်အစားလေး နဲနဲ ပြန်ညှိပေးတယ်။ ၁၀ ရက်စောင့်ရတယ်။ လက်စွပ် ချည်တဲ့ မင်္ဂလာ ခေါင်းအုံး အဖြူရောင် လေး တစ်ခု လက်ဆောင်ရတယ်။

Solemnise လုပ်ပေး ဖို့ မြို့နယ် လူကြီး တစ်ယောက် ကြိုဖိတ်ထားရတယ်။ West Coast Community Center က Ms Sim Seo Lim က ကြွရောက် ချီးမြှင့် လက်ထပ် ပေးပါတယ်။

အစစအရာရာ အဆင်ပြေချောမွေ့ ပါတယ်။ Witness အဖြစ် လာရောက်ကူညီ လက်မှတ်ထိုးပေး ကြတဲ့ ကိုဥာဏ် နဲ့ မမွန် တို့ ကိုလည်း ကျေးဇူး အထူးတင်ပါတယ်။ ကြွရောက်ချီးမြှင့်ကြတဲ့ ဆွေမျိုး မိတ်သင်္ဂဟ အပေါင်းကိုလည်း ကျေးဇူး အထူး တင်ပါတယ် ခင်ဗျာ။

17 comments:

  1. Congratulations to Ko PWK and Ma KMN !!!!
    Wishing you a wonderful beginning, and love to last a lifetime!!
    May you find love and happiness in each other and in each day of your life together :-)

    ReplyDelete
  2. Anonymous12:56 PM

    Congratulations Ko Phyo!
    ပျော်စရာကောင်းတဲ့ ဘ၀အေးအေးလေးတစ်ခု တည်ဆောက်နိုင်ပါစေ...။

    ReplyDelete
  3. Anonymous1:00 PM

    CONGRATULATIONS U GUYS!!

    ReplyDelete
  4. ဟေ့လူကြီး .. ပျော်ရွှင်ပါစေဗျာ
    ဘုန်းကြီးကျောင်းလဲ ခေါ်လာဦးနော် .. အိမ်တွင်းအောင်းမနေနဲ့ .. ဟိဟိ

    ReplyDelete
  5. Congratulations!!!
    KO PWK and Mee Mee

    Wish you both have a peaceful and happy life forever.

    ReplyDelete
  6. Anonymous4:11 PM

    congratulations ~ :D

    ReplyDelete
  7. Congrats, Friend. See your family here soon.

    ReplyDelete
  8. Anonymous4:00 PM

    Congratulations!!!

    ReplyDelete
  9. Anonymous9:25 AM

    အစ်ကိုက ပို့စ်မတင်ဘဲပျောက်ချက်သားကောင်းနေတာဒါ့ကြောင့်ကိုးဗျ..ယနေ့မှစ နှစ်တစ်ရာတိုင်ပါစေဗျာ

    ReplyDelete
  10. Anonymous11:43 AM

    Congratulations!!!
    I visited this blog without any idea. But I read your good news.

    Now a day to forever !!!

    Kaung Aung

    ReplyDelete
  11. အိကောရေ ... ကွန်ဂရက်ကျူလေးရှင်း ပါ ခင်ဗျာ ..
    မှတ်မိ မလား မသိဘူး ၁၉၇ ဘတ်စ်ကား ပေါ်မှာ ဆုံဖူးတယ်လေ .. မုံရွာသား ပါ ..

    ReplyDelete
  12. Anonymous12:49 AM

    Congratulations!!!

    မမျှော်လင့်ဘဲ ဒီဘလော့ကို ပထမဆုံး ရောက်လာရာက မမျှော်လင့်ဘဲ ခုလို ဆုတောင်းပေးခွင့် ရတာ အံ့သြ ၀မ်းသာ မိပါတယ်။ သည်လင် သည်မယား တသက်လုံး ပျော်ရွှင် ချမ်းမြေ့ ငြိမ်းချမ်းစွာ အတူတကွ နေထိုင် သွားနိုင် ကြပါစေလို့ ဆုတောင်း ပေးခဲ့ပါတယ်။

    ReplyDelete
  13. Cheers!
    မင်္ဂလာရှိလိုက်တာဗျာ

    ReplyDelete
  14. ဟေ့လူကြီး ဘလော့ရပ်နေတာ တစ်နှစ်ကျော်သွားပြီနော်။ ဒီနေ့တော့ သတိလာပေးတာပါ။ ပြန်ရေးပါဦး။ လေဒီကို ကင်မရာတစ်လုံးနဲ့ အလုပ်ပေးရှုတ်ထားလိုက်ဗျာ။ ခင်ဗျား စာပြန်ရေးတော့။ ဟိဟိ။

    ReplyDelete
  15. ပြန်ရေးတော့မယ်ဗျိုး...ဟိုရောက်ရင်ရေးပါ့မယ်...

    ReplyDelete
  16. Anonymous12:00 PM

    hello... hapi blogging... have a nice day! just visiting here....

    ReplyDelete
  17. အခုပဲ အလည်ရောက်လာတယ်။
    ဘယ်များရောက်နေပါလိမ့်
    အသိပညာဗဟုသုတရပါတယ်ခင်ဗျာ
    ဆက်ရေးစေချင်ပါတယ်

    ReplyDelete