Thursday, June 28, 2007

မြန်မာ့ရိုးရာပြက္ခဒိန်


ရက်သတ္တပတ် အနည်းငယ်က ကိုဝဏ္ဏကို(SAME) က မြန်မာ့ရိုးရာပြက္ခဒိန် ဆောဖ့်ဝဲ တစ်ခုကို ထုတ်လုပ်လိုက်ပါတယ်။ သူက ကျွန်တော့်ဆီပို့ပေးတယ်။ ကျွန်တော်က အခြားသူတွေကို ပေးလို့ရမလားဆိုတော့ ရပါတယ်တဲ့။ Share လုပ်လိုက်ပါ ဆိုတာနဲ့ ဒီ Blog ပေါ်မှာပဲ တင်ပေးလိုက်ပါတယ်။ ကျွန်တော် ကတော့ ကိုယ့် မွေးနေ့ကို မြန်မာလိုမသိပါဘူး။ မေ့နေပါတယ်။ ဒီဆောဖ်ဝဲလေး ရတော့မှ နှစ်ရွှေ့ပြီး ပြန်ကြည့်တော့ ကိုယ့်မွေးနေ့ကို မြန်မာလို ပြန်သိရတော့တယ်။ ၁၉၀၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ် အထိ နှစ် ၁၀၀ ကျော်ပါတော့ ကြိုက်တဲ့နှစ် ကြည့်လို့ရတယ်လေ။ ၂၀၁၉ ခုနှစ်ကျော်လဲ နှစ်တိုး Update တွေကိုလဲ လုပ်လုပ်သွားမယ်တဲ့။ ကျွန်တော်ကတော့ သူ့ကို Myanmar Calendar RSS လေးရေးဖို့တောင်းဆိုထားတယ်။ blogger တွေ အလွယ် သုံးရအောင်လို့လေ။ Installer file ကို ဒီနေရာ မှာ Download လုပ်ပါ။
Download Link: http://www.freewebtown.com/kophyo/Software/MyanmarCalendarSetup.zip

2 comments:

  1. အကိုရေ..ကျွန်တော် ဒီဆော့ဖ်ဝဲလ်လေး ကို
    www.myanmarengineer.org မှာ share လုပ်ပေးဖို့ယူသွားလို့ရမလား ဗျ.. အကိုဒီကဆော့ဖ်ဝဲလ် လုပ်တဲ့သူနာမည်တွေနဲ့တကွ အကို့ ဆိုဒ်ကရကြောင်းဖော်ပြပေးမှာပါ.. ရမယ်ဆိုရင်တော့ အရမ်း ကိုကျေးဇူးတင်ပါတယ်.. ကျွန်တော်လွန်ခဲ့တဲ့လေးနှစ်က ဒီဆော့ဖ်ဝဲလ် ကို တစ်ခါရဖူးတယ်.. cd ကူးပြီး ပျက် သွားလို့ ပြန် လိုက်ရှာတာမရတော့လို့ အကို ဆိုဒ် မှာ ပြန် ရတာတော်တော်ဝမ်းသာသွားတယ်.. ဒီ ဆော့ဖ်ဝဲလ် ကို ကျွန်တော် တို့ဖိုရမ်မှာရှယ်ချင်ပါတယ်..

    ReplyDelete
  2. ဖိုင် damage ဖြစ်နေတယ်.. အကို ဖြစ်နိုင်ရင် ပြန် တင်ပေးလို့ရမလား ဗျ..

    ReplyDelete