Thursday, November 30, 2006

IC Show in Singapore

IRON CROSS ROCK CONCERT
အငဲ၊ မျိုးကြီး ၀ိုင်ဝိုင်း၊ Rဇာနည်၊ ဖြိုးကြီး၊ Lလွန်းဝါ၊ ဆုန်သင်းပါရ်၊ စင်ဒီ၊ ကြိုးကြာ

နေရာ။ ။ Jurong East Sports & Cultural Centre (Opposite to Chinese Garden MRT)
နေ့စွဲ။ ။ 21st Janurary 2007
အချိန်။ ။ 06:00 PM
ဈေးနှုံး။ ။ S$ 30, 40, 50, 60
လက်မှတ် အရောင်းဌာန။ ။
WIN AYE PTE LTD, Peninsula Plaza
ဆက်သွယ်ရန်။ ။
ကျော်လွင်ချမ်း 9687 6971
ကယ်လဗင် 8123 5848
ဇော်မောင်မောင်ထွေး 9735 6581

မြန်မာအိုင်တီသမားတွေSingapore မှာအလုပ်ရကြသတဲ့ (အပိုင်း-၃)

အလုပ်မရှာခင် အရင်ဆုံး နေရေးထိုင်ရေး သွားလာရေး အတွက် စုံစမ်းရအုံးမည်။ စင်္ကာပူက Transportation service ကောင်းသည်။ ရထား လဲရှိသည်။ ဘတ်စ်ကား လဲရှိသည်။ Taxi လဲရှိသည်။ သွားရေးလာရေး ကတော့ တော်တော် အဆင်ပြေသည် ဟုဆိုရပေမည်။ ရထားကို MRT ဟုခေါ်သည်။ MRT စီးစီး ကားစီးစီး ez-Link card လိုသည်။ ကြိုပြီး ၀ယ်ထားရသည်။ ကဒ်ဖိုး ငါးဒေါ်လာ၊ ခရီးစရိတ်အတွက်ဖြည့် ၁၀ ဒေါ်လာ၊ စုစုပေါင်း၁၅ ဒေါ်လာ လောက်ပေးရမည်။ MRT Station တွေ မှာရှိတဲ့ Passenger Service တွေမှာ ၀ယ်ရသည်။ ကဒ်က တစ်ခါဝယ် ထားလျှင်ရသည်။ ဖြည့်ဖြည့်ပြီးသုံးရသည်။ ကုန်ခါနီးလျှင် General Ticketing Machine တွေ (သို့) Add Value Machine တွေမှာ ပြန်ဖြည့်ရသည်။ GTM တွေကတော့ MRT Station တွေမှာပဲရှိသည်။ AVM တွေကတော့ MRT Station တွေမှာရော၊ Bus Interchange တွေမှာပါ တွေ့ရတတ်သည်။

ez.Link card

MRT Station တွေ မှာရှိတဲ့ Passenger Service


MRT Station များတွင် တွေ့ရတတ်သည့် General Ticketing Machine များ (ezLink card ပြန်ဖြည့်ရန်)


Bus Interchange တွေမှာပါတွေ့ရသော Add Value Machine များ (ezLink card ပြန်ဖြည့်ရန်)

MRT စီးလျှင် Station ထဲသို့ ezLink card ကို အ၀င်တစ်ခါ ပြရသည်။ မိမိသွားလိုရာ Station ရောက်သော် ၄င်း ezLink card ကို အထွက်တွင် တစ်ခါ ပြရသည်။ စက်က ခရီးအကွာအဝေးအလိုက် ကျသင့်ငွေကို နှုတ်ယူထားသည်။ ဘတ်စ်ကားစီးလျှင် လည်း အ၀င်တစ်ခါ အထွက်တစ်ခါပြရသည်။ ဘတ်စ်ကားစီးလျှင် ရှေ့ပေါက်မှ ၀င်၍ နောက်ပေါက်မှ ထွက်ပါ။ ဒီမှာ လူတိုင်းလူတိုင်း ရှေ့ပေါက်မှဝင်၊ ကဒ်ပြ၊ သွားလိုရာ အရပ်သို့ရောက်လျှင် ကဒ်ကို တစ်ဖန်ပြန်ပြ ၍ နောက်ပေါက်မှထွက် လေ့ရှိကြသည်။ ချွင်းချက်အနေဖြင့် လူအလွန်ကျပ်လျှင် ရှေ့ပေါက်မှလည်းထွက်လို့ရပါသည်။

MRT Station တစ်ခု၏ ၀င်ထွက်ပေါက် မြင်ကွင်း၊ မြှားစိမ်းလေး ပြထားသောအပေါက်ကသာ ၀င်ထွက်ရမည်။ သင့် ezLink ကဒ်ကို ပုံမှာပြထားသည့် နေရာတွင် ပြပြီး ၀င်ရသည်။


ဘစ်ကား တစ်စီးပေါ်ရှိ ၀င်ပေါက်အ၀တွင် တပ်ဆင်ထားပုံ


MRT တစ်စီး Station တစ်ခုမှ အထွက် မြင်ကွင်း


SBS Bus service


SMRT Bus service

MRT စီး ချင် လျှင် MRT Map ကို မစီးခင် အရင်ဦးဆုံး ကြည့်ကြည့်ပြီး သွားရသည်။ အ၀င်ဝများမှာ MAP များ ချထားသည်။ ရထားပေါ်မှာလည်း MAP ရှိသည်။ နောက်တော့ အလွတ်ရသွားလိမ့်မည်။ See Map...

Singapore မှာက Streetdirectory.com က အလွန်အသုံးဝင်သည်။ ရောက်ကာစက Streetdirectory မှာပဲ ကြည့်ကြည့်ပြီး ဘာရထားစီးရမယ်၊ ဘာကားစီးရမယ် မသွားခင် အရင်ဆုံး ကြို လေ့လာရသည်။ အခုရောက်တာ ကြာပေမယ့်လည်း သွားနေကျနေရာမဟုတ်လျှင် Streetdirectory.com ကို သုံးနေရဆဲဖြစ် ပါသည်။

Tuesday, November 28, 2006

မြန်မာအိုင်တီသမားတွေSingapore မှာအလုပ်ရကြသတဲ့ (အပိုင်း-၂)

စင်္ကာပူကို ရောက်လာပြီ။ မြန်မာပြည်က ဆောင်လာခဲတဲ့ အစိမ်းလေးတွေကို စလုံးပိုက်ဆံ နဲ့ ပြန် လဲရအုံးမည်။ ငွေလဲဖို့ အတွက်မပူပါနှင့်။ Money Changers တွေက နေရာတကာမှာ အများကြီးရှိသည်။ Money Changers တွေက လေဆိပ်မှာလဲ ရှိသည်။ Plaza တွေ Shopping Mall တွေမှာလည်း ဆိုင်တွေ နေရာအနှံ့ရှိသည်။ Peninsula Plaza မှာလည်း ရှိပါသည်။ ဗမာဆိုင်တွေ Peninsula Plaza ၃ထပ် နဲ့ ၄ထပ်မှာ အများကြီးပဲ။ ကျွန်တော် ငွေလဲတုံး ကတော့ မြန်မာချင်း အားပေးချင် သဖြင့် Peninsula Plaza က "ပြုံးတရာဆင့်" ဆိုင်မှာပဲ ပါလာတဲ့ အစိမ်းလေးတွေ ထုတ် ရောင်းလိုက်သည်။

Money Changer @Changi Airport, Singapore

စင်္ကာပူက အသုံးများတဲ့  အကြွေစေ့လေးတွေ ငွေစက္ကူလေးတွေ ကို ပြရအုံးမည်။ ငါးပြား၊ ဆယ်ပြား၊ ပြားနှစ်ဆယ်၊ ငါးမူး၊ တစ်ကျပ် တို့မှာ အကြွေစေ့များ၊ ၂ ကျပ်တန်၊ ငါးကျပ်တန်၊ ၁၀ တန်၊ ၅၀ တန် ငွေစက္ကူများကို နှင့် နေ့စဉ် သုံးစွဲ နေကြပါသည်။ (တစ်ကျပ်တန် ငွေစက္ကူ ရှိပါသည်။ ၁၀၀၀ တန်၊ ၁၀၀၀၀ တန် တွေ လဲရှိသည်။ အသုံးအရမ်းနဲသည်။ အပြင်မှာ မတွေ့ရသလောက်ဖြစ်သည်။)

၁) စင်္ကာပူက ငွေအကြွေစေ့များ (မှတ်ချက်။ ၁ပြား စေ့ကသိပ်မသုံးတော့ပါ၊ ၅ပြားစေ့အထိပဲ သုံးတာများသည်။)


၂) စင်္ကာပူက ၂ဒေါ်လာတန် ငွေစက္ကူ


၃) စင်္ကာပူက ၅ ဒေါ်လာတန်ငွေစက္ကူ

၂) စင်္ကာပူက ၁၀ ဒေါ်လာတန် ငွေစက္ကူ


၂) စင်္ကာပူက ဒေါ်လာ ၅၀ တန် ငွေစက္ကူ
(စင်္ကာပူမြန်မာတွေ အချင်းချင်း ကတော့ ၂ ကျပ်တန်၊ ၅ကျပ်၊ တစ်ဆယ်၊ ငါးဆယ် လို့ပဲ အလွယ်ခေါ်ကြသည်။)

ပိုက်ဆံထဲမှာ ပါတဲ့လူကြီးက စင်္ကာပူ၏ ပထမဆုံး သမ္မတ Yusof Bin Ishak ဖြစ်သည်။ NUS ၏ တတိယမြောက် Chancellor လဲဖြစ်သည်။ ၁၉၆၉ တွင် NUS က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ D.Litt ရရှိခဲ့သည်။

Yusof Bin Ishak

Sunday, November 26, 2006

မြန်မာအိုင်တီသမားတွေSingapore မှာအလုပ်ရကြသတဲ့ (အပိုင်း-၁)

အခုတလော မြန်မာပြည်က ပညာရှင်တွေ Singapore ကို ထွက်ထွက်လာကြ၏။ အလုပ်လာရှာကြ၏။ ရတဲ့သူလည်း ရကြ၏။ ရလျှင်ပျော်၍မဆုံးပြီ။ တချို့လည်း အလုပ်ရပြီးကာမှ EP/S-Pass Reject ထိ၍ ပြန်တဲ့သူလည်း ပြန်ရ၏။ ရင်နာ၍မဆုံးပြီ။ ဆဲဆို ၍ အောင်ဖျာလိပ် ပြည်တော်ပြန်ကြသည်။ ပြန်ပြီးကာမှ Approval Letter ကျလာ၍ ၀မ်းသာအားရဖြင့် ပြန်လာကြရတဲ့ သူတွေလည်းရှိသည် ဟုကြားရသည်။

မြန်မာပြည်မှ စတင်ထွက်ခွာလာပြီးနောက် လေယာဉ်ပေါ်ရောက်လျှင် လေယာဉ်မယ်ကလေးတွေက Social Visit Pass အတွက် Embarking/Disembarking Card ခေါ် White Card ဆိုတာ လေးများ တစ်ခုစီပေးလိမ့်မည်။ ဖြည့်ရသည်။ ဒီအတွက် အိတ်ကပ်ထဲမှာ ဘောပင်တစ်ချောင်းဆောင်လာပါ။ အဲဒီကဒ်က အရမ်းအရေးကြီးသည်။ မပျောက်စေ့နှင့်။ အဲဒီကဒ်မှာ နာမည်၊ ပတ်စပို့နံပါတ်၊ စင်္ကာပူမှာ နေမည့် တည်းခိုမည့်လိပ်စာဖြည့်ရမည်။ ရှောရှောရှုရှု ဖြည့်ဖို့ အသိတစ်ယောက် ၏ လိပ်စာကို ကြိုမေးထားရမည်။ လေယာဉ်ပေါ်က ဆင်းပြီး တော်တော်လေး လမ်းလျှောက်ရသည်။ အပေါ်က Sign board တွေ မြှားတွေလဲ ကြည့်ကျက်ပြီးသွား။ Transit ဆိုတာဘက် ၀င်မသွားမိစေနဲ့အုံး။ သွားရင်းသွားရင်းနဲ့ Immigration Counter တွေ အများကြီးကို တွေ့ရမည်။ အဲဒါတွေမှာ ၀င်ရမည်။ ကောင်တာတွေက အများကြီးရှိသည်။ လူရှင်းတဲ့ သဘော ကောင်းမည့် ဥပတိရုပ်ရှိသည့် ကောင်တာကို ၀င်။ ကိုယ့်ကိုယ် ကို Confident အပြည့်ဖြင့် ၀င်။ ကြောက်ကြောက် ကြောက်ကြောက်မလုပ်နှင့်။ ကတုန်ကယင် လုပ်လေ ရစ်ချင်စရာ ကောင်းလေ ဖြစ်တတ်သည်။ ဗမာပြည်ကလာတာ ဆိုလျှင် ဘယ်မှာနေမှာလဲ ပိုက်ဆံဘယ်လောက်ပါလဲ မေးတတ်သည်။ မလေး ကုလား၊ မလေး ကုလားမများ (အုပ်ဆောင်း ဆောင်းထားတတ်သည်) ထိုင်နေသော Check Point ဘက်တွင် ၀င်မိသူများ အရစ်ခံရမည်မှတ်။ (အများအားဖြင့် အရစ်ခံရတတ်သည် ဟုကြားရသည်။)

တတ်နိုင်လျှင် US ဒေါ်လာ တစ်ထောင်လောက် (မြန်မာပြည်က အထွက်မှာတော့ ၄င်းပိုက်ဆံကို ၀ှက်လာ) သယ်လာခဲ့နိုင်လျှင် ပိုကောင်းသည်။ ကိုယ်မှာ အရံသင့် ဆောင်ထား ရမည်။ ပိုက်ဆံဘယ်လောက်ပါလဲ မေးလျှင် ဗုန်းခနဲ ချက်ချင်း ချပြလို့ရသည်။ ဒီက Sponsor လုပ်ပေးတဲ့ သူ ရှိယင်လည်း သူ့ PR/EP/S-Pass ကဒ် စတာတွေကို Copy တစ်စောင်တောင်း ထားရမည်။ ဖုံးနံပါတ်တွေ၊ နေရပ်လိပ်စာတွေ မေးထားရမည်။ " စင်္ကာပူ ကို ဘာလာလုပ်တာလဲ" လို့မေးရင် "အလုပ်လာရှာတာ" လို့ မဖြေသင့်၊ "အလည် လာတာ" လို့် ဖြေရမည်။

ပုံမှန်အားဖြင့် Social Visit Pass အတွက် ဗီဇာသက်တမ်း ကို ပတ်စပို့ပေါ်မှာ တလ ထုပေးလိမ့်မည်။ တခါတလေကြတော့ လည်း ဖြေတဲ့ အနေအထားပေါ်မှာမူတည်ပြီးတော့ ၂ပါတ်ပဲ ထုပေးသည် ဟုကြားရသည်။

Expired မဖြစ်ခင် ဗီဇာ သက်တမ်း တိုးထားရမည်။ သက်တမ်းတိုးဖို့ PR မိတ်ဆွေ တစ်ဦး ရှာထားရမည်။ ထိုသူက အာမခံပေးမှ တိုးပေးသည်။ ဗီဇာ သက်တမ်းတိုးဖို့ ICA ခေါ် Immigration Checkpoint Authority ရုံးကို သွားရမည်။ Lavendar MRT က ထွက်ထွက်ချင်း အဲဒီရုံးကို ရောက်သည်။ အလုပ်ရသွား ပြီး EP လျှောက်ထားတုံး တန်းလန်းကြီး White Card က Expired ဖြစ်သွားလျှင် တော့ MOM က နှစ်ပါတ်တိုးပေးသည်ဟု ကြားသည်။ MOM (Ministry of Manpower)

စင်္ကာပူ၌ အလုပ်ရှာကြသောအခါ Jobstreet.com/JobsDB.com တို့မှာ ရှာကြ၏။ တချို့လည်း မလာခင်ထဲက ကြိုလျှောက်ထား ကြ၏။ ကံကောင်းသူများ ၂ရက် ၃ရက်ဖြင့် အလုပ်ရကြ၏။ ကြိုတင်ပြင်ဆင် ထားတာလဲ ပါမည်ဟု ထင်သည်။ ကံခေသူများ ၃လပြည့်လို့အလုပ်မရ။ ဘာလိုနေလို့လဲတော့ မသိ။

Resume ကောင်းကောင်း ရေးထားရသည်။ Cover Letter ကောင်းကောင်းရေးထားရသည်။ အချိန်ရှိခိုက် လုံ့လစိုက်ရမည်။ အရပ်ကူပါ လူဝိုင်းပါ လုပ်ရမည်။ မီးပွင့်အောင် အသကုန် လျှောက်ရမည်။ Resume မရေးတတ်လျှင် စင်္ကာပူ အထာနပ်သော အသိတစ် ယောက်ယောက် ကို အကူအညီတောင်းရမည်။ တချို့ အလုပ်တစ်ခုရဖို့အတွက် တစ်နှေ့လျှင် အလုပ် ဆယ်ခုနှုံးဖြင့် အလုပ်ပေါင်း ၂၀၀ ခန့် ၃၀၀ ခန့် လျှောက်ကြရသည်။

တချို့က Resume ထဲမှာ ကိုယ်သိသမျှတွေ အသကုန် ထည့်ရေးသည်။ များများပါလျှင် ကောင်းသည်ဟုထင်သည်။ လုံးဝ မဟုတ်ပါ။ တကယ်က အလုပ်ကြော်ငြာမှာပါတဲ့ Requirements တွေနဲ့ ကိုက်ညီအောင် သင့် Resume ကို ကြည့်ကျက်ပြီး ဖြတ်ညှပ်ကပ် ပြန်လုပ်ရမည်။ Highlight လုပ်သင့်တဲ့ စကားလုံးတွေကို Highlight လုပ်၊ Bold လုပ်ပေးတန် Bold လုပ်ပေး၊ Underline လုပ်ပေးတန် Underline လုပ်ပေး ထားရပေမည်။

ကိုယ့်ဓါတ်ပုံ တွေထဲက မျက်နှာလေး ကြည့်လိုက်လျှင် ကြည်လင်နေသော ပုံကောင်းကောင်းလေးတစ်ပုံရှာ ပြီး Resume ထဲမှာ ထည့်ပေး။ မှုံကုပ်ကုပ်ပုံကို ထည့်လိုက်လျှင် Attraction လုံးဝမရှိပါ။ အဲဒါမှ ကိုယ့် Resume ကိုဖတ်မိတဲ့ သူက "အလို… ငါရှာနေတာ ဒီလိုလူပဲ…အင်း… သူ့ကို အင်တာဗျူးချင်လိုက်တာ" ဆိုတဲ့ စိတ်မျိုး တဖွားဖွား ပေါ်အောင် စီမံရမည်။ ရေးရမည်။ ကလေးကစားစရာ မဟုတ်။ သင့်ကိုယ်သင် marketing လုပ်နေရတာ အမြန် ထွက်သွားအောင် ရောင်းချနေတာ ဆိုတာ မမေ့အပ်ပေ။

ဒီလိုနဲ့ အင်တာဗျူး များခေါ်ကြလိမ့်မည်။ အများအားဖြင့် Interview ရပြီးဖြစ်ကြောင်း ဖုံးနဲ့ခေါ် တတ် ပြီး Email မှ Location Address ပို့တတ်သည်။ Email ကလည်း ပို့တတ်သည်။ အင်တာဗျူးလေး တစ်ခု နှစ်ခုရတာနဲ့ အောင်ပြီ အောင်ပြီဆိုပြီး လက်ခမောင်းမခတ်နဲ့ အုံး။ သိပ်ဝမ်းမသာ နှင့် အုံး။ အင်တာဗျူး ရတာနော်။ အလုပ်ရတာ မဟုတ်သေးဘူးနော်။ Job Offer မရမချင်း လက်ကိုင်းသန်သန် သာ အသကုန် ဆက်လျှောက် သင့်သည်။ ဇနက္ကထုံး နှလုံးမူရ၏။ အလုပ်မရမချင်း လုံ့ဝီရိယကို လုံးဝ မလျှော့အပ်ပေ။ Interview သွားလျှင် ကိုယ်က နာရီဝက် ကြိုရောက်နှင့်ရမည်။ ဒီလိုနဲ့ Interview အတွက် Appointment လုပ်ထားသည့် ရုံးခန်းရောက်လျှင် Form ဖြည့်ရမည်။ သင့် Resume တွေ Document တွေ၊ ရှိသမျှ အကုန် သယ်သွားသင့် သည်။ ကိုယ်လုပ်ထားတဲ့ Project တွေ ဘာတွေရှိယင်လဲ ယူသွား၊ မိတ်ဆွေရဲ့ ဖုံးနံပါတ်တွေ ဘာတွေလဲ မှတ်သွားရမည်။ Form ဖြည့်ဖို့က ၁၅ မိနစ် နာရီဝက်ပဲ အချိန်ရတတ်သည်။ အဲဒီလို အကုန်ဆောင်သွားတော့ Form ဖြည့်တော့ အဆင်သင့်ဖြစ်နေ မှာဖြစ်သည်။

အင်တာဗျူးသွားရလျှင် ကောင်းကောင်းမွန်မွန် ၀တ်စားသွားဖို့ မမေ့ အပ်ပါ။ မြန်မာပြည်ကနေ သစ်သစ်လွင်လွင် တစ်စုံကောင်း တော့ ထည့်လာခဲ့ရမည်။ ယောကျာင်္းလေးဆိုရင် ရှပ်အဖြူ လက်ရှည် ဘောင်းဘီအနက်၊ ခြေအိတ်အနက်၊ သန့်ပြန့်စွာ ဖီးလိမ်း ၀တ်ဆင် ပြီးသွား သင့်သည်။ မိန်းကလေးဆိုလျှင်လည်း ကလက်တက်တက်၊ မိပ်ကပ်တဖွေးဖွေး၊ တိုနံ့နံ့ မဖြစ်စေရ။ တိုက်ဂေါလဲ မဖြစ်စေရ။ မျက်နှာ၊ လက်ချောင်း၊ ခြေချောင်း သန့်ပြန့်ပြီး သန့်ရှင်းနေရမည်။ လက်သည်းခွံတွင်း ချေးမရှိရ။ ခံတွင်းနံ့မနံအောင် Menthol လေးဘာလေးငုံသွား ရသည်။ ချွေးနံ့လဲမနံစေရပေ၊ ရေမွှေးတွေ လဲ မွန်းနေအောင်ဆွတ်မသွားအပ် ပေ။ ချွေးနံတွေ မနံရုံ သင့်ရုံပဲ ဆွတ်ရ၏။ ရုပ်ကလဲ သန့်သန့်ရှင်းရှင်း ကြည်ကြည်လင်လင်၊ စိတ်ကလဲ ပဲသန့်သန့်ရှင်းရှင်း ကြည်ကြည်လင်လင်။ အခု သင့်မှာ သံလိုက်ဓါတ်တွေ ပြည့်လာပြီ ဖြစ်သည်။ အင်တာဗျူးဖို့ အဆင်သင့်ဖြစ်ပြီ ဖြစ်သည်။ သင့်ကိုကြည့်လိုက်တာနဲ့ အလုပ်ခန့်ချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာ အောင် စီမံ သွားရမည်။ သင့်ကို English လိုပဲ ဗျူးမှာဖြစ်သည်။

မိမိစိတ်ကလေးကို Relax လုပ်၍ အင်တာဗျူး မေးသူ ၏ မျက်လုံး နှစ်ခုကြားကို စိတ်အေးအေးလေးနဲ့ စူးစိုက်ကြည့်လိုက်ပြီး "ငါ့အရည်အချင်းတွေ ငါ့ပညာတွေနဲ့ မင်းတို့ကို ကူညီမလို့ လာတာ" လို့ စိတ်ထဲကညွှတ်ပြီး မိမိစိတ် အတွင်းကျကျ ဂလိုင်ထဲကနေ လှိုက်လှိုက်လှဲလှဲကြီး ရွတ်ဆိုလိုက်ပါ။ ဘယ်ကိစ္စဖြစ်ဖြစ် မေတ္တာဓါတ်ကို ကြိုတင်ပို့လွတ် ထားလျှင် ပြောရဆိုရတာ ပို ကောင်းသည်။ မေတ္တာဓါတ် အစွမ်းဖြင့် သင့် မျက်လုံး၊ သင့်အသံ မှာလည်း သံလိုက်ဓါတ်တွေ အားကောင်း လာမည်။ လုံးဝ ကိုယ်တွေ့ ဖြစ်ပါသည်။

စင်္ကာပူမှာတော့ အင်တာဗျူး မေးခွန်းတွေက နှစ်ပိုင်းရှိတတ် ပါသည်။ HR နှင့် Technical ဖြစ်၏။ HR ခေါ် Human Resource မေးခွန်းတွေက သင့်ကို စိတ်စမ်း တာဖြစ်သည်။ Attitude ကောင်းမကောင်း စစ်တာဖြစ်သည်။ Technical အပိုင်း မှာ သင့် နည်းပညာကို စစ်လိမ့်မည်။ သင့် Resume မှာ ပါတဲ့ သူတို့လိုချင်တဲ့ အပိုင်းကို သင် တကယ်ကျွမ်းမကျွမ်း စစ်မည်။ Technical ပိုင်းတွင် လိုအပ်လျှင် တစ်ခါတရံ Written ဖြေရတတ်သည်။ ရံဖန်ရံခါ လက်တွေ့လုပ်ပြရသည်။ ခက်ရာခက်ဆစ်တွေ လဲ လျှောက်မေးတတ်သည်။ ကိုယ်ဖြေနိုင်သလောက် ရိုးသားစွာ၊ အထူးရိုးသားစွာ ဖြေ။ မဖြေနိုင်ရင် ထားခဲ့။ မရမှာ အလွန်ကြီး မကြောက်နဲ့၊ မပူနဲ့။ ရချင်ဇောနဲ့ လဲ မလိမ်နဲ့ မရွီးနဲ့။ ရိုးသားနေတဲ့ စိတ်…အဲဒီ စိတ်မှာ အင်အားတွေရှိတယ်။ သတ္တိတွေရှိတယ်။ Power တစ်မျိုးလဲ ရှိတယ်။

အင်တာဗျူးမေးခွန်းတွေ အတွက် ကြိုတင်ပြီး လေ့လာချင်ယင် www.geekinterview.com မှာ ကိုယ်နဲ့ သက်ဆိုင်ရာ အပိုင်းလေးတွေကို ကြိုဖတ်သွားရင် အလွန် အသုံးတည့်တတ်တယ်။ ကြုံသမျှ အင်တာဗျူးတော့ Technical မေးရင် အဲဒီထဲက လွတ်တယ်ကို မရှိလှပါ။ (ကိုယ့်ပညာ ကလဲ စစ်စစ်မှန်မှန် နဲ့ တကယ် တတ်တာဖြစ်ရမှာပေါ့လေ) ။ ဒီ Geekinterview.com ကို ညွန်းတာကလည်း Cheat လုပ်ဖို့ ညွှန်း တာမဟုတ်ပါ၊ မဆိုင်တာတွေ လျှောက် ပြင်ဆင် မိမှာ စိုး၍ ဖြစ်ပါသည်။ ပမာဆိုရသော်… ကွဲစေလိုသည့်နေရာ မြန်မြန်ကွဲအောင် အက်ကြောင်း ပေးထား ခြင်း ဖြစ်ပါသည်။

Expected Salary နဲ့ပါတ်သက်လို့ကတော့ ကိုယ် ကျေနပ်ဖို့ပဲ ဖြစ်သည်။ ပေါက်ဈေးရယ်လို့ တော့ တိတိကျကျကြီးမရှိပါ။ မြန်မာပြည်ကလာသည့် အိုင်တီပညာရှင်များ ကတော့ ၁၈၀၀ နှင့် ၃၀၀၀ ကြားတော့ ရကြသည်ဟု ကြားသည်။ အချို့လည်း ၁၅၀၀ လောက်နှင့် နားလည်မှုယူပြီး လုပ်နေကြသည်။ တချို့လည်း တကယ်ကို လစာကောင်းကြသည်။ ကံပေါ်မူတည်သည်။

အလုပ်ဆိုတာကလည်း လစာတစ်ခုတည်းနှင့် တိုင်းတာလို့မရ။ လစာကောင်းပြီး နေ့တိုင်း နေ့တိုင်း ညစ်တွန်းတွန်းနေ ရတာတွေလည်းကြားရသည်။

တကယ်တော့ ဘ၀ ဆိုတာကလည်း မလွယ်။ နန္ဒာသိန်းဇံ ၏ ဘ၀အဓိပ္ပါယ်နှင့် ဘ၀သစ္စာတွင် ဖတ်ဖူးသည်။ ရေတွင်းပျက်ထဲရောက် နေသော လူတစ်ယောက်လို ဖြစ်နေသည်။ ရေတွင်းဝမှာ နဂါးကြီးတစ်ကောင် အောက်ခြေမှာ နဂါးကြီးတစ်ကောင်၊ ကိုယ်က ရမိရရာ
ဆုပ်ကိုင်ထားမိသည် က သစ်ကိုင်းငုတ်လေးတစ်ခု၊ ၄င်း သစ်ငုတ်လေး၏ အရင်းကို ကြွက်ဖြူနှင့် ကြွက်မည်းက တချိန်လုံးကိုက်နေ၏။ ထိုအခိုက် ၀ယ် သစ်ကိုင်း တစ်နေရာမှ ပျားလဘို့တစ်ခု မှ ပျားရည်စက်ကလေး က တစ်စက် တစ်စက် ကျနေသည်။ ၄င်းပျားရည်စက် ကလေး များကို ပင် အငမ်းမရ ပါးစပ်ဖြင့် ခံယူယင်း မကုန်နိုင် မခမ်းနိုင် အရသာကြီးဟု ထင်နေမိလေ၏။ (ကြွက်ဖြူနှင့် ကြွက်မည်းဆိုသည်မှာ နေ့နှင့်ည ကို
ဆိုလိုသည်။ ပျားရည်စက်ကလေးများ မှာ အထင်မှားနေသော ရေပွက်ပမာ စည်းစိမ်။ နဂါးကြီးနှစ်ကောင်မှာ သေမင်း။ အထက်တက်တက် ... အောက်ဆင်းဆင်း... သေမင်းက စောင့်နေသည်။)

တချို့လည်း တိုက်ရိုက်အလုပ်ရှင် ဖြင့်ရကြသည်လည်း၏။ တချို့လည်း Agent တွေနှင့်ဆက်သွယ်မိပြီး ရကြသည်လည်း ရှိ၏။ တိုက်ရိုက်အလုပ်ရှင် ဖြင့်ရလျှင် များသောအားဖြင့် ကုမဏ္ဏီသေး တတ်၏။ ကုမဏ္ဏီသေးတော့ Job Secure သိပ်မဖြစ်တတ်။ သူ့စီးပွားကောင်းနေမှ ကိုယ်က မြဲမှာဖြစ်သည်။

Agent တွေဖြင့် ရလျှင် လျှင် ကုမဏ္ဏီကြီးတွေ ဖြစ်နေတတ်၏။ တိုက်ရိုက်တော့ မဟုတ်၊ Agent ရဲ့ လက်အောက်ပေါ့။ တဆင့် ပြန်ငှားတဲ့ သဘောပေါ့။ ကုမဏ္ဏီကြီး တော့ Permanent ရဖို့မလွယ်ပြန်။ Contract ဖြင့် ညားကြရသည်။ Agent Fee ကတစ်လစာ ပေးရတတ်လေ့ရှိသည်။ တချို့ Agent တွေကလည်း လစဉ်ခုတ်သည်။

အကြမ်းဖျင်းအားဖြင့် စင်္ကာပူ ၌ အလုပ်အကိုင်အတွက် Pass သုံးမျိုးရှိ၏။ EP ၊ S-Pass နှင့် WP ဖြစ်၏။ EP ရော S-Pass ရော လစာကိုတိုင်းသည်။ ဘွဲ့တိုင်းသည်။ Background ကြည့်သည်။ အနည်းဆုံး $2500 ကျော်မှ ချပေးသည်။ S-Pass က $1800 ကျော်မှ ချပေးသည်။ S-Pass က အလုပ်ရှင် ကုမဏ္ဏီ ၏ Quota ကိုစစ်သေးသည်။ အချိုးမှာ Local ၅ယောက်ရှိလျှင် နိုင်ငံခြားသား S-Pass တစ်ယောက်နှုံးဖြစ်၏။ မိမိနိုင်ငံသားများ အတွက် အလုပ်လက်မဲ့မှုနှုံး ကို ထိန်းသိမ်းနည်း တစ်မျိုး ဖြစ်လေသလော မသိပါ။


(MOM) http://www.mom.gov.sg
(Immigration Checkpoint Authority) http://app.ica.gov.sg

Thursday, November 23, 2006

Can u guess whts thz ????????


Scroll down ..
-
-
-
-
-
-
-
-
-
Its a hard
disk used in 1956...
The Volume and Size of 5MB memory storage in 1956 ...
Start appreciating your 4 GB pen drive.

မှားချင်မှားပါစေ၊ ကိုယ့်ဦးနှောက်နဲ့ကိုယ်လုပ်

နေ့ခင်းကြောင်တောင်ကြီး မီးအိမ်ဆွဲလာတဲ့ လူတစ်ယောက်ကို တွေ့တယ်။ ပထမတော့ ဒိုင်အိုဂျီးနီးစ်လို့ထင်လိုက်တာ။ နောက်မှ မဟုတ်မှန်းသိတယ်။ အဲဒီလူဟာ.. ကျွန်တော်နဲ့ အသက် သိပ်မကွာလှဘူး။ ကကြီး၊ ခကွေးတွေ ပေနေတုန်း ရှိသေးတယ်။

“ဘယ်လိုလဲ၊ ခင်ဗျားက ဒိုင်အိုဂျီးနီးစ်ကို အတော်သဘောကျလို့လား”

ကျွန်တော်က အော်မေးတော့ သူက ခေါင်းယမ်းပြတယ်။

“ဟင့်အင်း၊ ကျုပ်က 'လက်ဆင်း'ကို သဘောကျတယ်”

“အော်.. ဟုတ်ပြီ။ သူ့စကားတစ်ခွန်းက အတော် ကမ္ဘာကျော်ခဲ့တာပဲနော်”

“ဟုတ်တယ် .. မှားချင်မှားပါစေ၊ ကိုယ့်ဦးနှောက်နဲ့ကိုယ်လုပ် ဆိုတဲ့ စကားလေ။ သိပ်မှန်တဲ့စကားပေါ့။ ကျွန်တော့်လက်သုံးစကားပဲ”

ကျွန်တော်တို့နှစ်ယောက်လုံး ရယ်မောလိုက်ကြတယ်။ ကျွန်တော်နဲ့သူဟာ အသွင်တူမယ့်ပုံ ရှိတယ်လို့ ထင်စရာပဲ။ ကျွန်တော်က မှိတ်တုတ်မှိတ်တုတ် မေးလိုက်တယ်။

“ဒါနဲ့ နေပါဦး။ နေ့ခင်းကြောင်တောင်ကြီး မီးအိမ်ကြီးနဲ့ ခင်ဗျားက ဘာရှာနေတာတုန်း”

“အေးဗျာ။ ၀မ်းနည်းစရာပဲ။ ဦးနှောက် ကျပျောက်သွားလို့ ရှာနေရတာ…”

တာရာမင်းဝေ ၏ ကျွန်တော်နှင့် အသံခုနစ်ထပ် မှ

Tuesday, November 21, 2006

ကောင်းမြတ်သောအကျင့်များ






CREATIVITY

ပြုံးနေတာကို မြင်ရရင် သိပ်စိတ်ချမ်းသာဖို့ကောင်းတယ်။ အပြုံးမှာ စိတ်ကို ဆွဲဆောင်စေတဲ့ ဓါတ်တမျိုးပါတယ်။ ပြုံးတာကိုတွေ့ရရင် ကိုယ်ပါ အလိုလို ပြုံးချင် လာတတ်တယ်။ ဒီ ပုံလေးတွေကိုကြည့်ပါ။ လုပ်ထားတဲ့သူက တော်တော် Creative ဖြစ်တယ်။








Information Age မှာက လုပ်ချင်စိတ် ရှိဖို့ပဲလိုတယ်။ လုပ်နည်းက အင်တာနက်ပေါ်မှာ အကုန်ရှိပြီးသား။ ခက်တယ်ဆိုတာ ဘာလဲ။ ခက်တယ် လို့ပြောကြတာက ဘာကို ဘယ်လို လုပ်ရမယ်၊ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာ မသိကြသေးလို့ပါ။ တစ်ခုခု ကို ဘာလုပ်ရမှန်းမသိပဲဖြစ်နေလား? http://wehow.ehow.com တို့ http://www.wikihow.com တို့မှာ ရှာကြည့်လိုက်ပါ။ ဥပမာ လုပ်နည်းတွေဆိုရင် အပ်လုပ်နည်း၊ မုန့်လုပ်နည်း၊ ဟင်းချက်နည်း၊ ကစပြီး ဒုံးပျံလုပ်နည်း အဏုမြူဗုံးလုပ်နည်း အထိ၊ စီးပွားရေးနဲ့ ပါတ်သက်ရင် ရှိတဲ့ပိုက်ဆံManageလုပ်နည်း၊ စီးပွားထောင်နည်း၊ Idea ကောင်းကောင်း ထုတ်နည်း၊ ဗိုက်နာနေသော ကုမဏီကောင်းကောင်းလေးများ ကို အလကားနီးနီးဈေးဖြင့် ရှာနည်း ၀ယ်နည်း၊ Boss ကို ဘယ်လို Fire လုပ်ပြီး ကိုယ်ကဘယ်လို သူဌေးဝင်လုပ် လျှင်ရသည်ဆိုသောနည်း။ Relationship ဆိုရင်လဲပဲ ဆန့်ကျင်ဘက်လိင်များကို ဆွဲဆောင်မှုရှိအောင်ပြုမူနည်း၊ ရည်းစားစာရေးနည်းကအစ၊ ကလေးထိန်းနည်း၊ ယောက်ခမကြည်အောင် နေနည်းအထိ။ အင်း အစုံပါပဲ လားဗျာ။

Sunday, November 19, 2006

လောကဓံ

" ဘုန်းကံတက်လာပြီဆိုရင် သတိထားပါ ၊ မေ့မေ့လျော့လျော့ မနေပါနဲ့ ၊ လောကဓံကောင်း လေးပါးပြီးရင် ဆိုးလေးပါး လာတတ်တယ်ဆိုတဲ့အချက်ကို သတိထားတဲ့သူဟာ ဆိုးလေးပါးနဲ့ ကြုံတဲ့အခါ ဆောက်တည်နိုင်တယ်"

ဦးသုခ

Sunday, November 05, 2006

Free ရတာလေးတွေနဲ့ YouTube Clone လုပ်ကြည့်ကြပါစို့

ဒါလေးတွေ Download လုပ်ပြီး လက်တည့်စမ်းကြပါ။
FFMPEG က အဓိကဖြစ်တယ်။ သူက FLV ရအောင် Conversion လုပ်ပေးတယ်။
FLV file ဖြစ်ပါမှ YouTube လို Broadcast လုပ်လို့ရမယ်။
နောက်အရေးကြီးတာက FLV Player ပါ။
သူက FFMPEG က ထွက်လာတဲ့ FLV file ကို Play ပေးလိမ့်မယ်။
Click here to download Source Codes and tools

I am using the followings:
1) FFMPEG (Free FLV Conversion) (Download Windows Version)
2) FLV Player (flash video player) (Download)
3) Huge file uploader using Flash (Download CodeProject Link)
4) ASP.NET, C# (Visual Web Developer Studio 2005)

1)FFMPEG
I've been searching extensively for a open-source (or low-cost) alternative for video conversion to the .flv format. This search typically leads directly to FFmpeg, an open source video compression and conversion tool. FFMPEG is umbelievably fast, and handles Flash Video without a problem. The biggest hurdle that I've run into when trying to design it into my applications is that it does not have a .NET interface and the open source libraries it uses are long and confusing. Over the past 3 years, I've been searching extensively for a open-source (or low-cost) alternative for video conversion to the .flv format. This search typically leads directly to FFmpeg, an open source video compression and conversion tool. FFMPEG is umbelievably fast, and handles Flash Video without a problem. The biggest hurdle that I've run into when trying to design it into my applications is that it does not have a .NET interface and the open source libraries it uses are long and confusing. This week, however, I found a post on Daniel's blog which contains a project that wraps the FFmpeglibraries. I haven't gotten a chance to look at it too thoroughly, but it should definately open up the opportunity to make use of FFmpeg's tools in a managed environment. Even if Daniel doesn't take the project much further, it looks like a great start to a complete .NET FFmpeg library!

2) FLV Player
The Flash Video (FLV) Player can be used standalone, without the need for the Flash authoring tool. The player allows you to show your videos more controlled and to a broader audience than with Quicktime, Windows Media or Real Media. if you do work with Flash, this player is also smaller and easier to adjust than the components that accompany Flash.

3) Huge file upload with flash client
It is difficult to find a decent upload control that handles large files, shows a progress bar, and still works in a medium-trust hosting environment. The problem with these controls is medium-trust does not allow Reflection. But this does not mean that we are out of luck. One of the problems these controls strive to overcome is the server running out of memory when large files are uploaded by streaming the uploaded file to disk. But the HttpPostedFile class description states that "By default, all requests, including form fields and uploaded files, larger than 256 KB are buffered to disk, rather than held in server memory." So, we don't have to worry about this problem. The other issue is feedback to the user by way of progress bar. Enter Flash's fileReference API, which allows you to upload a file from Flash, and also keep track of it. And FileReferenceList which allows the user to select multiple files.

4) ASP.NET, C# (Visual Web Developer Studio 2005)Provides everything you need to begin building Web applications out of the box.

Saturday, November 04, 2006

ခမာဂုဏ်

" သူတပါးက ကဲ့ရဲ့လာတဲ့အခါ အပြစ်တင်လာတဲ့အခါမှာ ရှူးရှူးရှားရှား မဖြစ်ပဲ ခေါင်းကိုညိတ်ပြီး ပြုံးပြုံးလေး နေနိုင်တာဟာ ခမာဆိုတဲ့ ဂုဏ်နဲ့ ပြည့်စုံတာပါပဲ "

ဦးသုခ
အင်္ဂလိပ်စာမတတ်လို.သေတဲ့သူ
" Look out = ဂရုစိုက်သည်၊ သတိပြုသည်။ "တနေ.တော့ အင်္ဂလိပ်စာသိပ်မတတ်တဲ့ လူတယောက်ဟာ ရထားနဲ. ခရီးသွားနေတုန်းမှာ ပြတင်းပေါက်ပေါ် လက်ကလေးတင်၊ ခေါင်းကို လက်ပေါ်မှေးတင်ပြီး လိုက်ပါလာခဲ့တယ်။ ဒီလိုနဲ. ရထားဟာ ကွေ.ကောက်သွားရာကနေ လိုဏ်ဂူတခုထဲသို. ၀င်ခါနီးမှာ ရထားပေါ်ပါလာတဲ့ အင်္ဂလိပ်လူမျိုး ခရီးသည်တယောက်က အဲဒီလူကို Look out လို.ပြောလိုက်ပါတယ်။ အဲဒီတော့ အင်္ဂလိပ်စာမတတ်တဲ့လူက Look ဆိုတာ ကြည်.တာ၊ out ဆိုတာ အပြင် လို. တွေးမိပြီး၊ ဒီလူ ငါ့ကို ရထားအပြင်ဘက်ကြည်.ခိုင်းတာပဲ ဆိုပြီး ရထားပြတင်းပေါက်ကနေ ခေါင်းထုတ်ကြည်.လိုက်တော့ အရှိန်နဲ.သွားနေတဲ့ ရထားကြောင့် ခေါင်းတအားပြူလိုက်တဲ့လူဟာ လိုဏ်ဂူနံရံနဲ.တိုက်ပြီး သေပါလေရော” တဲ.။P.S: ဆရာ ဦးခင်မောင်ဝင်း၏ အင်္ဂလိပ်စာအတိုအထွာ (၃) မှ ကောက်နှူတ်တင်ပြသည်။ ဖတ်ပြီး ပြုံးရုံလောက် ပြုံးရင်တောင် ကျေနပ်ပါတယ်။
Source: http://www.ainmat.com/index.php?/archives/296-..html#extended