Thursday, November 30, 2006

မြန်မာအိုင်တီသမားတွေSingapore မှာအလုပ်ရကြသတဲ့ (အပိုင်း-၃)

အလုပ်မရှာခင် အရင်ဆုံး နေရေးထိုင်ရေး သွားလာရေး အတွက် စုံစမ်းရအုံးမည်။ စင်္ကာပူက Transportation service ကောင်းသည်။ ရထား လဲရှိသည်။ ဘတ်စ်ကား လဲရှိသည်။ Taxi လဲရှိသည်။ သွားရေးလာရေး ကတော့ တော်တော် အဆင်ပြေသည် ဟုဆိုရပေမည်။ ရထားကို MRT ဟုခေါ်သည်။ MRT စီးစီး ကားစီးစီး ez-Link card လိုသည်။ ကြိုပြီး ၀ယ်ထားရသည်။ ကဒ်ဖိုး ငါးဒေါ်လာ၊ ခရီးစရိတ်အတွက်ဖြည့် ၁၀ ဒေါ်လာ၊ စုစုပေါင်း၁၅ ဒေါ်လာ လောက်ပေးရမည်။ MRT Station တွေ မှာရှိတဲ့ Passenger Service တွေမှာ ၀ယ်ရသည်။ ကဒ်က တစ်ခါဝယ် ထားလျှင်ရသည်။ ဖြည့်ဖြည့်ပြီးသုံးရသည်။ ကုန်ခါနီးလျှင် General Ticketing Machine တွေ (သို့) Add Value Machine တွေမှာ ပြန်ဖြည့်ရသည်။ GTM တွေကတော့ MRT Station တွေမှာပဲရှိသည်။ AVM တွေကတော့ MRT Station တွေမှာရော၊ Bus Interchange တွေမှာပါ တွေ့ရတတ်သည်။

ez.Link card

MRT Station တွေ မှာရှိတဲ့ Passenger Service


MRT Station များတွင် တွေ့ရတတ်သည့် General Ticketing Machine များ (ezLink card ပြန်ဖြည့်ရန်)


Bus Interchange တွေမှာပါတွေ့ရသော Add Value Machine များ (ezLink card ပြန်ဖြည့်ရန်)

MRT စီးလျှင် Station ထဲသို့ ezLink card ကို အ၀င်တစ်ခါ ပြရသည်။ မိမိသွားလိုရာ Station ရောက်သော် ၄င်း ezLink card ကို အထွက်တွင် တစ်ခါ ပြရသည်။ စက်က ခရီးအကွာအဝေးအလိုက် ကျသင့်ငွေကို နှုတ်ယူထားသည်။ ဘတ်စ်ကားစီးလျှင် လည်း အ၀င်တစ်ခါ အထွက်တစ်ခါပြရသည်။ ဘတ်စ်ကားစီးလျှင် ရှေ့ပေါက်မှ ၀င်၍ နောက်ပေါက်မှ ထွက်ပါ။ ဒီမှာ လူတိုင်းလူတိုင်း ရှေ့ပေါက်မှဝင်၊ ကဒ်ပြ၊ သွားလိုရာ အရပ်သို့ရောက်လျှင် ကဒ်ကို တစ်ဖန်ပြန်ပြ ၍ နောက်ပေါက်မှထွက် လေ့ရှိကြသည်။ ချွင်းချက်အနေဖြင့် လူအလွန်ကျပ်လျှင် ရှေ့ပေါက်မှလည်းထွက်လို့ရပါသည်။

MRT Station တစ်ခု၏ ၀င်ထွက်ပေါက် မြင်ကွင်း၊ မြှားစိမ်းလေး ပြထားသောအပေါက်ကသာ ၀င်ထွက်ရမည်။ သင့် ezLink ကဒ်ကို ပုံမှာပြထားသည့် နေရာတွင် ပြပြီး ၀င်ရသည်။


ဘစ်ကား တစ်စီးပေါ်ရှိ ၀င်ပေါက်အ၀တွင် တပ်ဆင်ထားပုံ


MRT တစ်စီး Station တစ်ခုမှ အထွက် မြင်ကွင်း


SBS Bus service


SMRT Bus service

MRT စီး ချင် လျှင် MRT Map ကို မစီးခင် အရင်ဦးဆုံး ကြည့်ကြည့်ပြီး သွားရသည်။ အ၀င်ဝများမှာ MAP များ ချထားသည်။ ရထားပေါ်မှာလည်း MAP ရှိသည်။ နောက်တော့ အလွတ်ရသွားလိမ့်မည်။ See Map...

Singapore မှာက Streetdirectory.com က အလွန်အသုံးဝင်သည်။ ရောက်ကာစက Streetdirectory မှာပဲ ကြည့်ကြည့်ပြီး ဘာရထားစီးရမယ်၊ ဘာကားစီးရမယ် မသွားခင် အရင်ဆုံး ကြို လေ့လာရသည်။ အခုရောက်တာ ကြာပေမယ့်လည်း သွားနေကျနေရာမဟုတ်လျှင် Streetdirectory.com ကို သုံးနေရဆဲဖြစ် ပါသည်။

2 comments:

D Moe Thit said...

ကိုဖြိုးဝေကျော်.. တကယ်တန်ဖိုးရှိလှတဲ့ ဗဟုသုတတွေပါ .. ကိုယ့်အတွက်ရော .. စင်ကာပူသွားဖို့ ပြင်ဆင်နေကြတဲ့ သူငယ်ချင်းတွေအတွက်ပါ အများကြီး အကျိုးရှိစေပါတယ်... ကျေးဇူးတင်ပါတယ်ဗျာ...

Anonymous said...

really useful for myanmar....