Sunday, January 21, 2007

Cape Town မြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်က အလည်ရောက်ခဲ့ပါတယ်။ အလွန်သာယာလှပပြီး ကဗျာဆန်တဲ့မြို့ပါ။ တိမ်တွေထဲမှာ စွင့်စွင့်ကြီး ထိုးထွက်နေတဲ့ Table Mountain ကြီး ရဲ့ပါတ်ပါတ်လည်မှာ မြို့ရဲ့ သန့်ရှင်းသပ်ရပ်တဲ့ အဆောက်အဦးများက လှပစွာလဲလျောင်းနေပါတယ်။ အောက်ခြေမှာတော့ အတ္တလန္တိတ် သမုဒ္ဒရာကြီးရဲ့ ရေခဲတမျှအေးမြတဲ့ လိုင်းလုံးတွေ ရဲ့ ပုတ်ခတ်သံတွေ ကြားရတယ်။ စင်ရော်ငှက်တွေ ပင်လယ်ဖျံတွေ နဲ့ ကမ္ဘာပေါ်မှာ သူ့သဘာဝအတိုင်း သာယာလှပနေတဲ့ မြို့တစ်ခုပါ။


Cape Town မြို့ အောက်ဖက်မှ မြင်ကွင်း


Cape Town မြို့ ကို Table Mountain ပေါ်မှ ရိုက်ကူးထားသောပုံ


Cape Point (Southmost Point)

1 comment:

Unknown said...

အရမ်းကျေးဇူတင်ပါတယ်ဗျား ညီတို့က ရှမ်းပြည်ကနေ ဘယ်မှမရောက်ဖူးဘူး.... ခုဒီလိုလေး ရေးထားတော့ ဗဟုသုတ တွေအများကြိးရတယ်........ အသစ်လေးတွေ အမြဲရေးတင်ပေးပါ.........


မှ..
tharpyue@gmail.com