Thursday, August 17, 2006

ကမ္ဘာအေးတရား


ရပ်နေတုန်း၊ ထိုင်နေတုန်း၊ သွားနေတုန်း၊ အိပ်နေတုန်း အချိန်တွေမှာ “မြင်တယ်၊ ကြားတယ်၊ ရပ်တယ်၊ ထိတယ်၊ နံတယ်” ဆိုတာ လောက်မှာပဲ သတိထား နေရင် လောဘ ဒေါသတွေ ဝင်မလာ နိုင်တော့ပါဘူး။ အဲဒီလို နှလုံး သွင်းနေတာကို “သမ္ပဇည ပဗ္ဗ” တရား အားထုတ်နည်း လို့ ခေါ်ပါတယ်။ မြန်မာလိုတော့ သတိ သမ္ပဇဉ်နဲ့ နေနည်းပေါ့။  အဲဒီလိုသာ လူတိုင်း နေနိုင်ကြရင် သူများ အသက်ကို သတ်ခြင်း၊ ခိုးယူ တိုက်ခိုက်ခြင်း၊ နိုင့်ထက် စီးနင်း လုပ်ချင် ကြတော့မှာ မဟုတ်ပါဘူး။ တကမ္ဘာလုံး ကသာ ကျင့်သုံးနို်င် ရင်တော့ တကမ္ဘာလုံး ငြိမ်းချမ်း ကြမှာမို့လို့ ကမ္ဘာအေး တရားဟု မှတ်ကြပါလော့။ (တောင်ပုလု ဆရာတော်ဘုရားကြီး)
http://www.ainmat.com/index.php?/archives/128-World-Peace.html

No comments: