Wisdom
Information, Knowledge, Learning, Intuition စတာတွေ အကုန်လုံးနဲ့ သက်ဆိုင်တဲ့ အကျယ်အ၀န်းဆုံး စကားက Wisdom...Wisdom ကို "ပညာ" လို့ ဆရာ ခေါ်ရတာက ပါဠိစကား "ပညာ" ကို အင်္ဂလိပ်ဘာသာပြန်ဆရာ တွေက Wisdom လို့ပြန်ကြတာရှိလို့ပဲ။ သူကတော့ သာမန်သိမှုလေး မဟုတ်ဘူး။ သာမန်သိမှု အစုအပုံလေး မဟုတ်ဘူး။ သူက ကျယ်ပြန့်တဲ့ သိနားလည်မှုအပေါ်မှာ အခြေခံပြီး အဆင့်မြင့်တဲ့ ဆုံးဖြတ်စွမ်းမှု နားလည်မှုကို ခေါ်တယ်။ ဒီနေရာမှာ ပညာရဲ့ အသုံးလေးပါလာတယ်။ အနက် အဓိပ္ပါယ်လေး။ တတ်သိ နားလည်ရုံတင် မကတော့ဘူး။ တတ်သိနားလည်မှု အပေါ်မှာ အခြေခံပြီး လူသည် ဆုံးဖြတ်စွမ်းမှု ရှိလာတယ်။ ပြီးတော့ ရေရေလည်လည် ပယ်ပယ်နယ်နယ် ထောင့်စေ့စေ့ နားလည်လာတယ်။ ဒါမျိုးမှ Wisdom လို့ခေါ်တယ်။ အင်္ဂလိပ်လိုတော့ Wisdom ကို အနက်ပြန်တဲ့ အခါမှာ (Wisdom implies superior judgement and understanding based on broad knowledge) တဲ့။ Wisdom သည် သာမန် သိရုံမဟုတ်၊ လူတွေလုပ်ကိုင်ပြောဆို တွေးတောကြံဆတဲ့ နေရာတွေမှာ ရှေ့ဆောင်ရှေ့ရွက်ပြုနိုင်တဲ့ သဘောမျိုး၊ ထိန်းသိမ်း နိုင်တဲ့ သဘောမျိုး။
တက္ကသိုလ်ဘုန်းနိုင် ၏ "ပညာရဲ့သဘော" မှ
တက္ကသိုလ်ဘုန်းနိုင် ၏ "ပညာရဲ့သဘော" မှ
1 comment:
check this link man!
http://www.nwlink.com/~donclark/performance/understanding.html
Post a Comment