"အလျှောက်ကောင်းတော့ အထောင်းသက်သာ" တဲ့။ အင်တာဗျူးတွေမှာ Technical ပိုင်းတွေ မေးတာက သိရင်သိသလို သိပါတယ်၊ မသိရင်မသိသလို မသိပါဘူး လို့ ဖြေလိုက်လို့ ရပါတယ်။ ကျနော်တို့ အတတ်ပညာရှင် အများစုက အတတ်ပညာကို ပဲ ဇောက်ချလုပ်ခဲ့တော့ HR မေးခွန်းတွေ မေးရင် အဖြေတွေက နဲနဲ ကမောက်ကမ တွေဖြစ်တတ်ပါတယ်။ တချို့ကျတော့လဲ Over-confident တွေဖြစ်ပြီး "တောရဲသား လူကြားထဲ ဆွဲထုတ်" ဆိုသလိုလည်းဖြစ်တတ်ပါတယ်။ ကိုယ်ဖြေလိုက်တာက ရယ်စရာတွေ ဖြစ်နေတတ်ပါတယ်။ တခါတလေ အင်တာဗျူးသူတွေက What is your weakness? Tell me about something you failed. Why should I hire you? How do you define success? တို့ ကောက်ခါငင်ခါမေးတတ်ပါတယ်တဲ့။ မေးလေ့ရှိတဲ့ မေးခွန်း 64 မျိုးလောက် ရှိပါတယ်တဲ့။ ဒီတော့ သူက ဘယ်လိုတွေ မေးမလဲ ကိုယ်ကဘယ်လိုတွေဖြေရင် အကောင်းဆုံးဖြစ်မလဲ ဆိုတာ သိထားရင် ပိုမကောင်းပေဘူးလား။
ဒီမှာကြည့်ကြပါ။ (
Link)
2 comments:
thanks
koe!!!
xie xie... :P
Post a Comment