သန့်ရှင်းအောင်မှ မနေတတ်ရင် ယဉ်ကျေးမှု အဆင့်အတန်းမြင့်တယ် လို့ပြောနိုင်မလား
အလှအပဟာ ကိုယ့်ရဲ့ဘ၀ကို ဘယ်လိုလွှမ်းမိုးနေသလဲ။ အဲဒါကို သိဖို့ သိပ်အရေးကြီးတယ်။ အလှအပက လွှမ်းမိုးတယ်ဆိုတော့ အလှအပနဲ့ ဆန့်ကျင်ဖက် က ဘာလဲ။ အရုပ်ဆိုးတာ၊ အကျည်းတန်တာ၊ ကြည့်လို့မကောင်းတာ၊ မြင်လို့မကောင်းတာ၊ ကြားလို့မကောင်းတာ၊ အဲဒါကလည်း ကိုယ့်ရဲ့ဘ၀ကို လွှမ်းမိုးနေတာပဲ။
"The danger that blindness to the beauty entails are great!"
အလှအပကို မမြင်တတ် မခံစားတတ်လို့ ဖြစ်လာတဲ့ နောက်ဆက်တွဲ အန္တရယ်ဟာ အင်မတန် ကြီးမားတဲ့ အန္တရယ်ဖြစ်တယ်။
အခုမြို့ကြီးတွေမှာ ကြည့်လို့ မကောင်းတာတွေ တဖြည်းဖြည်း များလာပြီ။ အလွန့်အလွန်ကြည့်လို့ မကောင်းတာ တစ်ခုနေရာတိုင်းမှာ တွေ့ရတယ်။ ဘာလဲ။ "အမှိုက်တွေပါဘုရား"။ "အဲဒါမှန်တယ်" အင်မတန်ကြည့်ရဆိုးတဲ့ အရာတွေ အင်မတန်လည်း ရှက်စရာ ကောင်းတယ်။ ရာဘာနဲ့ လုပ်ထားတဲ့ ပြောလို့မကောင်းတဲ့ ပစ္စည်းတစ်မျိုးကို နေရာတိုင်းမှာ စည်းကမ်းမဲ့ ပစ်ထားတာ တွေ့ရတယ်။ ကွမ်းဝါးပြီး ထွေးထားတာ တွေကိုလည်း နေရာတိုင်းမှာ တွေ့ရတယ်။
ဘုန်းကြီး တခြားနိုင်ငံတွေကို လည်းမကြာမကြာ သွားပါတယ်။ တချို့ နိုင်ငံတွေမှာ မြို့ကြီးပြကြီးတွေ ဟာ အင်မတန် သန့်ရှင်းတာကို တွေ့ရတယ်။ ကိုယ့်နိုင်ငံအကြောင်း ကိုယ်ပြောရတာ မှန်တာကို ပြောတာပေမယ့် အမှန်တွေ သိပ်မပြောချင်ဘူး။ မပြောချင်ပေမယ့်လည်း ပြောရအုံးမှာပဲ။ ဘုန်းကြီး မနက်ပိုင်းမှာ လမ်းလျှောက်သွားတော့ လမ်းဘေးမှာ အမှိုက်တွေဟာ ခြေလှမ်းလှမ်းလို့တောင် မလွတ်နိုင်လောက်အောင် ဖြစ်နေတာ တွေ့တယ်။ အမှိုက်ပုံတွေ အနံ့အသက် အင်မတန်ဆိုးတာ တွေ့ရတယ်။ ဘာဖြစ်လို့လူတွေ အမှိုက်ကို စည်းမဲ့ကမ်းမဲ့ ပစ်ကြသလဲ။ ဒီလိုလုပ်ရင် ညစ်ပတ်သွားမယ်။ ကြည့်ရဆိုးမယ် ဆိုတာကို သူတို့မစဉ်းစားပါလား။ ဒီအမှိုက်ကလေးကို ငါသိမ်းထားမယ်။ ပစ်သင့်တဲ့နေရာတွေ့ရင် စနစ်တကျပစ်မယ်လို့ မစဉ်းစားမိပါလား။
အဲဒါဘာဖြစ်လို့လဲဆိုတော့ ပညာရေးထဲမှာ အမှိုက်ကို တွေ့ကရာနေရာမှာ မပစ်ရဘူး ဆိုတာကို မသင်ပေးလိုက်လို့ပဲ။ မိဘတွေကလည်း မသင်ပေးလိုက်ဘူး။ ကျောင်းဆရာ၊ ဆရာမတွေ ကလည်း မသင်ပေးလိုက်ဘူး။ အဲဒီတော့ ညစ်ပတ်အောင် မလုပ်ရဘူး ဆိုတာကို မသင်ပေးလိုက်တဲ့ ပညာရေးဟာ တော်တော်ချို့တဲ့ တဲ့ပညာရေးပဲ။
သန့်ရှင်းအောင်မှ မနေတတ်ဘူးဆိုရင် ပညာတတ်လို့ခေါ်နိုင်မလား။ "မခေါ်နိုင်ပါဘူးဘုရား"
သန့်ရှင်းအောင်မှ မနေတတ်ရင် လူ့ယဉ်ကျေးမှု အဆင့်မြင့်တယ်လို့ ပြောနိုင်မလား။ "မပြောနိုင်ပါဘူး ဘုရား"
အလှတရားမှ အမှန်တရားသို့ (ဆရာတော်ဦးဇောတိက- မဟာမြိုင်တောရ)
"The danger that blindness to the beauty entails are great!"
အလှအပကို မမြင်တတ် မခံစားတတ်လို့ ဖြစ်လာတဲ့ နောက်ဆက်တွဲ အန္တရယ်ဟာ အင်မတန် ကြီးမားတဲ့ အန္တရယ်ဖြစ်တယ်။
အခုမြို့ကြီးတွေမှာ ကြည့်လို့ မကောင်းတာတွေ တဖြည်းဖြည်း များလာပြီ။ အလွန့်အလွန်ကြည့်လို့ မကောင်းတာ တစ်ခုနေရာတိုင်းမှာ တွေ့ရတယ်။ ဘာလဲ။ "အမှိုက်တွေပါဘုရား"။ "အဲဒါမှန်တယ်" အင်မတန်ကြည့်ရဆိုးတဲ့ အရာတွေ အင်မတန်လည်း ရှက်စရာ ကောင်းတယ်။ ရာဘာနဲ့ လုပ်ထားတဲ့ ပြောလို့မကောင်းတဲ့ ပစ္စည်းတစ်မျိုးကို နေရာတိုင်းမှာ စည်းကမ်းမဲ့ ပစ်ထားတာ တွေ့ရတယ်။ ကွမ်းဝါးပြီး ထွေးထားတာ တွေကိုလည်း နေရာတိုင်းမှာ တွေ့ရတယ်။
အဲဒါဘာဖြစ်လို့လဲဆိုတော့ ပညာရေးထဲမှာ အမှိုက်ကို တွေ့ကရာနေရာမှာ မပစ်ရဘူး ဆိုတာကို မသင်ပေးလိုက်လို့ပဲ။ မိဘတွေကလည်း မသင်ပေးလိုက်ဘူး။ ကျောင်းဆရာ၊ ဆရာမတွေ ကလည်း မသင်ပေးလိုက်ဘူး။ အဲဒီတော့ ညစ်ပတ်အောင် မလုပ်ရဘူး ဆိုတာကို မသင်ပေးလိုက်တဲ့ ပညာရေးဟာ တော်တော်ချို့တဲ့ တဲ့ပညာရေးပဲ။
သန့်ရှင်းအောင်မှ မနေတတ်ဘူးဆိုရင် ပညာတတ်လို့ခေါ်နိုင်မလား။ "မခေါ်နိုင်ပါဘူးဘုရား"
သန့်ရှင်းအောင်မှ မနေတတ်ရင် လူ့ယဉ်ကျေးမှု အဆင့်မြင့်တယ်လို့ ပြောနိုင်မလား။ "မပြောနိုင်ပါဘူး ဘုရား"
No comments:
Post a Comment