Wednesday, March 28, 2007

ပစ္စန္တရစ် (သိပ္ပံမောင်ဝ)

တပေကုလား ဆိုသော အမည်သည် ဆန်း၏။ ယင်းကား မောင်လူအေး၏ နယ် အတွင်းရှိ တံငါ ရွာကလေး တရွာ၏ အမည် ဖြစ်လေသည်။ တပေ ကုလားရွာသာ မဟုတ်။ တပေ ကုလားအင်း ဟူ၍လည်း ရှိသေး၏ ။ တပေ ကုလားကွင်း ဟူ၍လည်း ရှိသေး၏ ။ တပေ ကုလားချောင်း ဟူ၍လည်း ရှိသေး၏ ။ တပေ ကုလား အင်းကို အကြောင်းပြု တပေ ကုလားရွာ ဟူ၍ပင် ခေါ်ဆို သလော။ တပေ ကုလားရွာကို အကြောင်း ပြု၍ တပေ ကုလားချောင်း၊ တပေ ကုလားအင်း၊ တပေ ကုလားကွင်း ဟူ၍ပင် ခေါ်ဆို သလော မည်သူမျှ မပြောနိုင်။
တပေ ကုလား ရွာသား တို့အား မေးသော အခါကား ရှေးပဝေသဏီ ကပင် ရှိခဲ့သည်ဟု ပြောကြ ဆိုကြ ကုန်၏ ။ ကမ္ဘာဦး အခါကပင် ဆင်းသက် ပေါ်ပေါက် လာသည် ဟူ၍များ ထင်မှတ် နေကြ လေရော့ သလား။ တပေ ကုလား ဆိုသော စကား၏ အဓိပ္ပာယ် မည်သို့ နည်းဟု နှိုက်နှိုက်ချွတ်ချွတ် မေးလေ့ ရှိသူ တို့က မေးကောင်း မေးကြ ပေလိမ့်မည်။ ရွာတွင် အသက်အကြီးဆုံး အဘိုးကြီး ဦးနောက်တိုးအား မေးကြည့်သော အခါ 'တပေ ကုလား' ဆိုသော စကားမှာ 'တပေ ကုလား' ဟူ၍ အဓိပ္ပာယ် ရကြောင်းနှင့် ပြောပြ လေသည်။ ယင်း၏ စကားကို ယုံမှားဖွယ် မရှိ။ ဦးနောက်တိုးကား အသက် ၈၅ နှစ်ပင် ကျော်ပြီ ဖြစ်သောကြောင့် ရှေးမီ နောက်မီ အဘိုးကြီး ဖြစ်လေသည်။ အချို့ အတွေးကောင်းသော သူတို့က မူကား တပေကုလား ဆိုသည်မှာ တပေခန့် ရှိသော ကုလားပုလေး တယောက်က စတင် တည်ထောင်၍ ထားခဲ့သော ရွာ ဖြစ်သောကြောင့် တပေကုလား ရွာဟု အမည် တွင်ကြောင်း တွေးတောကောင်း တွေးတော ကြပေ လိမ့်မည်။ သို့သော် ဦးနောက်တိုး ပေးသော အဓိပ္ပာယ်လောက် မကြိုက်။
တပေကုလား ဆိုသော စကား၏ အဓိပ္ပာယ်ကို ရှင်းလင်း ပြီးသည်၏ အခြားမဲ့၌ တပေကုလား ဟူသော အကြင် တံငါ ရွာကလေး၏ တည်ရာ အခြေနှင့် သာယာပုံကို ရေးသား ဦးအံ့။ ယင်း ရွာကလေးကား အလွန် နောက်ကျိ၍ ရွှံ့အတိ ပြီးသော တပေကုလား ချောင်းကလေး၏ ဘေးတွင် တည်ရှိ လေသည်။ ဤ ချောင်းကလေးမှ တပါး အခြား ဘေးပတ်လည်တွင် ကွင်းပြင် လဟာကြီ်းဖြင့် ခြံရံလျက် တရွာလုံးတွင် ကုက္ကိုပင် သုံး လေးပင် အပြင် အခြား အပင် ဟူ၍ မရှိ။ ကွင်းခေါင်ခေါင် ကြီးတွင် တည်ထားသော ရွာကလေးတည်း။ နွေဥတုတွင် ပူပြင်း လိုက်သည်မှာ ပြောစရာ မရှိ။ ရွာထိပ်တွင် ဘုန်းတော်ကြီး ဦးဇဝန ကျောင်းတကျောင်း ရှိ၏။ အင်းသားများ သေခါနီး ဆည်းကပ်ရာ ကျောင်း ပေတည်း။ ရွာတောင်ဘက် စွန်းတွင် ဦးဖိုးထွန်း တူးထားသော ရေကန် တကန် ရှိလေသည်။ ရွာသားတို့ သောက်ရေ ခပ်ယူ ရာတည်း။ ထို ရေကန်နှင့် ကပ်လျက် အန္တရာယ်ကင်း ကိုးတောင်ပြည့် ဘုရား၊ ကွင်းခေါင်ခေါင်တွင်။
ရွာတွင် အိမ်ခြေကား သုံး လေးဆယ်ခန့်။ သက်ငယ်မိုး၊ ဝါးကပ်ကာ၊ ဝါးခြမ်းခင်း၊ ဝါးတိုင် တွေနှင့် အိမ်များသာ။ နှစ်ဆောင်ပြိုင် ကျယ်ကျယ် ဆောက်ကာ ထားသော အိမ်ကား နတ္တိ။ ပျဉ်ထောင်အိမ် ဟူ၍ကား မရှိ။ တအိမ်လျှင် အလွန်ဆုံး ငွေ ၁၀ ကျပ်ခန့် တန်၏။ သို့သော် အင်းခံဝန် ပေးကြသော အခါ ငါးရာ တန်သည်ဟု ကျမ်းကိုင်ကာ ဆိုကြ လေသည်။ အိမ်အောက် များတွင် ဝက်တွေ၊ ကြက်တွေ၊ ဘဲတွေ အနှံ့အပြား လတြ်၍ ထားလေသည်။ ဆူဆူညံညံနှင့်။ အိမ်ရှေ့ အိမ်နောက်ဖေး အိမ် ပတ်ဝန်းကျင် များတွင် ငါးပိ အိုးတွေ၊ ငံပြာရည် အိုးတွေ အနန္ဈနှင့်။ နံလိုက်တဲ့ ဖြစ်ခြင်း။ သင်းတို့ ရွာသားတွေ ဘယ်လို နေကြသည် မသိ။ ရောဂါလည်း မရ။ ဒုက္ခလည်း မဖြစ်။ တရွာ လုံးတွင် အိမ်သာ တလုံးမျှ မရှိ။ တကယ့် ရွာသားတွေ။
ရွာလမ်းကား ကျယ်ပါ၏ ။ နွေအခါတွင် ဖုန် တထောင်းထောင်း။ မိုး အခါတွင် ရေမြုပ်။ လမ်းချည်းသာ ရေမြုပ်သည် မဟုတ်။ အိမ်များလည်း ရေမြုပ်၏။ ရွာသားများ အိမ်အပေါ် ထပ်တွင် တက်၍ နေကြ လေသည်။ ကြက်လည်း သည်မှာ၊ ခွေးလည်း သည်မှာ၊ ဝက်လည်း သည်မှာ၊ ဘဲလည်း သည်မှာ၊ ကြောင်လည်း သည်မှာ၊ တော်တော် ပျော်စရာ ကောင်း၏။ အိမ်လည်း သည်မှာ၊ စားလည်း သည်မှာ ၊ ထမင်းဟင်း ချက်လည်း သည်မှာ။ ကျန်းမာရေး ဆရာများ အတွက် သင်ခန်းစာ တခု ရပြီ။ မိုးတွင်း အခါတွင် မြွေပွေးတွေ ပေါလိုက် သည်မှာ ပြောစရာ မရှိ။ ဝါခေါင်လ အတွင်းက မောင်းဖိုးသောင် ဇနီး အပေါ်ထပ်တွင် အိပ်နေခိုက် မြွေပွေး ခဲ၍ သေရှာ လေပြီ။
ဤမျှနှင့် တပေကုလား ရွာကလေး၏ သာယာပုံ အကြောင်း သိလောက် ပြီထင့်။ ရွာသား ရွာသူတို့ အကြောင်း ရေးသား ပါရ စေဦး။ တရွာလုံး ရေနှင့် အသက်မွေး သူချည်း။ ရွာ ပတ်ဝန်းကျင်တွင် အင်းပေါင်း ခြောက်အင်းခန့် ရှိ၏။ ယင်းအင်း တို့တွင် ရှိသော ငါးများ အပေါ်၌ အုပ်ချုပ်ကာ မင်းလုပ်၍ နေကြသော အင်းသားကြီးကား ခြောက်ယောက် ခန့်ပင် ရှိလေသည်။ တပေကုလား သူကြီး ဦးငွေလှလည်း တယောက် အပါအဝင် ဖြစ်၏။ ထို အင်းသားကြီး ခြောက်ယောက် တို့မှ အပ ဖြစ်သော အခြား ရွာသား တို့ကား အချခံ အင်းသား ကလေးများနှင့် အင်းကူလီ များသာတည်း။
လယ်သမား ဟူ၍ အောင်ဖေနှင့် ဦးဖိုးဆင်တို့ နှစ်ယောက်သာ ရှိလေသည်။ သူတို့ နှစ်ယောက်ကား တရွာ လုံးနှင့် မသင့်။ နှစ်ယောက်နှင့် တရွာလုံး ဖြစ်သော်လည်း အောင်ဖေ တို့တွင် အနည်းငယ်မျှ ကြောက်စိတ် မရှိ။ အောင်ဖေ သတင်း ပေးချက် အရ ယစ်မျိုး အရာရှိ ဦးဘမော် ဗိုက်ပူကြီး ရွာသို့ တိတ်တဆိတ် လာ၍ မွှေနှောက် သွားလေသည်။ သူကြီးသား မောင်ပြား လက်ထဲမှ ဘိန်း ငါးကျပ်သား မိ၏ ။ သူကြီး၏တူ ထွန်းတင်၏ အိမ်မှ ချက်အရက် ခြောက်ပုလင်း မိလေသည်။ ဒဏ်ငွေ ၇၅ ကျပ်စီ အရိုက် ခံကြ ရ၏ ။ မောင်ပြားနှင့် ထွန်းတင် တို့မှာ အခဲ မကျေကြ။ သူကြီးမင်း ဦးငွေလှ မှာလည်း အောင်ဖေ့ အပေါ်တွင် အချက် ရှာလျက် နေလေ တော့သည်။
အောင်ဖေ မှာလည်း ခေါင်းမာသူ တယောက် ဖြစ်၏။ လူခွန်ကို မဆောင်။ ကတ်ဖဲ့ လုပ်၍ နေလေသည်။ သူကြီးမင်း၏ အချက် ပေါ်ပြီ။ မြို့ပိုင် မင်းထံ တိတ်တဆိတ် သွား၍ ဝရမ်းစာ တစောင် ထုတ်ခဲ့ လေသည်။ ည တိတ်တဆိတ် အောင်ဖေ၏ အိမ်ကို ဝိုင်း၍ အောင်ဖေကို ဖမ်းကြ ကုန်၏ ။ အောင်ဖေလည်း မပြေးသာ။ အဖမ်း ခံရ ရှာ၏။ သူကြီးမင်းလည်း ဝရမ်းစာကို ပြပြီးလျှင် အောင်ဖေအား လက်ထိတ် ခတ်လေ တော့သည်။ ပြီးလျှင် မီးတုတ် တွေနှင့် ရွာလယ်ကောင်တွင် လျှောက်၍ ပြလေသည်။ တရွာလုံး တအုန်းအုန်းနှင့် နေ၏။
အောင်ဖေ၏ အရှက်ကား ဆိုစရာ မရှိပြီ။ သူ၏ မယားက နောက်တနေ့တွင် လူခွန် ငါးကျပ်နှင့် စရိတ် ငါးကျပ်၊ ပေါင်း ငွေတဆယ် ဆောင်တော့မှ အောင်ဖေအား ရွာသူကြီးမင်း လတ်ြလိုက် လေတော့သည်။ မိမိ၏ တပည့်ကို အရှက်ခွဲ သောကြောင့် ဦးဖိုးဆင်မှာ အသည်း နာလျက် နေ၏။ တနေ့သော် ပုလိပ် အရာရှိ များနှင့် ပူးပေါင်းပြီး သကာလ ဆယ်အိမ်ခေါင်း ဖိုးထင်တို့ အိမ်တွင် ဖဲဝိုင်းကို ဖမ်း၏။ ဖိုးထင်ကား အောင်ဖေအား သူကြီး ဖမ်းစဉ်က ရှေ့ဆောင် ဖြစ်လေသည်။ ထိုဖဲဝိုင်း ဖမ်းရာတွင် အင်းသားကြီး ထွန်းစိန်၊ အင်းလက်ထောက် အချခံ စိန်ဘိုး၊ သူကြီးကတော် ဒေါ်ရု၏တူ မောင်အောင် တို့လည်း အဖမ်း ခံကြ ရလေသည်။
တရားသူကြီးက တယောက်လျှင် ဒဏ်ငွေ အစိတ်စီ ရိုက်လိုက် လေသည်။ ဤ အမှုအတွက် ဦးဖိုးဆင် အပေါ်၌ သူကြီးမင်း စိတ်ခု ပြန်လေပြီ။ အချက်ကို ရှာပြန်၏။ ဦးဖိုးဆင်ကား လူခွန်လည်း ဆောင်ပြီးပြီ။ မြေခွန်လည်း ဆောင်ပြီးပြီ။ ဖဲဝိုင်း ထောင်သူလည်း မဟုတ်။ ဘိန်းတို့ အရက် တို့ကိုလည်း မရောင်း။ အကြံရ အိုက်လျက် နေ၏။ သို့သော် အကြံကို မလျှော့။ ဦးဖိုးဆင်မှာ သစ်ပင် ပန်းပင် စိုက်ပျိုးခြင်းကို ဝါသနာ ပါ၏ ။ သူ၏ အိမ်ရှေ့တွင် ပန်းခြံကြီးကို ခမ်းနားစွာ ပြုစု ပျိုးထောင်၍ ထားလေသည်။ ယင်း ပန်းခြံ အတွင်းရှိ ပန်းပင်၊ သစ်ပင် ကလေး တို့ကို သာလျှင် အရိပ် တကြည့် ကြည့်နှင့် နေ၏။ ယင်း ဦးဖိုးဆင်၏ ဥယျာဉ်မှာ ရွာလမ်း ထဲသို့ ဆယ်ပေခန့် ကျူးလွန်၍ နေလေသည်။ သူကြီးမင်း၏ အချက် ပေါ်ပေပြီ။ ဦးဖိုးဆင်သည် ရွာလမ်းမ အပေါ်၌ ကျူးလွန် နေကြောင်းကို အရေးပိုင် မင်းထံ အစီရင် ခံစာ ရေးသား ဆက်သွင်း လိုက်၏။ မကြာမီ အရေးပိုင် မင်းထံမှ ယင်း ကျူးလွန်၍ နေသော မြေပေါ်ရှိ သစ်ပင် ပန်းပင် တို့ကို ခုတ်ပစ်ရန် အမိန့် ရောက်ရှိ လေသည်။
သူကြီးမင်း၏ ဝမ်းမြောက် ခြင်းကား မပြောပြ နိုင်ပြီ။ မိမိ အိမ်ဦး ခန်းတွင် ဆွဲ၍ ထားသော မောင်းကွဲကြီးကို အကြိမ်ပေါင်း များစွာ ထု၏။ ရွာသား သုံးဆယ်ခန့် ဓားကိုယ်စီ၊ တုတ်ချွန် ကိုယ်စီနှင့် ရောက်ကြ လေပြီ။ သူကြီးမင်းလည်း ယင်းရွာသား သုံးဆယ်ကျော် တို့နှင့် ဥိဖိုးဆင်၏ အိမ်ရှေ့သို့ သွား၍ လမ်းတွင် ကျူးလွန်၍ နေသော ဥယျာဉ် တွင်းရှိ သစ်ပင်၊ ပန်းပင် တို့ကို သိသိညက်ညက် ကြေအောင် ဖျက်ဆီး လိုက်ကြ လေပြီ။ ဦးဖိုးဆင်က တား၏။ သူကြီးမင်းက အရေးပိုင် မင်း၏ အမိန့်စာကို ပြ၏။ ဦးဖိုးဆင်၏ အသည်းကို ကျွဲဝင်၍ ခတ်လေပြီ။ အဘယ်မှာ အခဲ ကျေနိုင် အံ့နည်း။
တနေ့သော် မောင်ဟန်ကြီးနှင့် မပန်းစိန် တို့၏ မဂဿလာဆောင် အိမ်တွင် ဦးဖိုးဆင်၏ သမီး မပန်းအောင်က သူကြီးမင်း ဦးငွေလှသည် မတရားသော သူကြီး၊ ရွာသူ ရွာသား တို့အား နှိပ်စက်သော သူကြီး၊ ဘိန်းစားသော သူကြီး ဟူ၍ ခပ်ကျယ်ကျယ် ကလေး ဆိုလျက် နေလေသည်။ သူကြီး ကတော်ကြီး ဒေါ်ရု ကြားလျှင် မခံနိုင်။ မင်္ဂလာဆောင် အိမ်တွင် ရန်ပွဲကြီး စလေ တော့၏ ။ ဒေါ်ရု၏ အဒေါ် တော်စပ်သူ ဒေါ်ရေခက်က ထမီ တတောင်လောက် မြင့်ကာ သူကြီးကတော် ဘက်မှ ဝင်၍ ကူ၏။ ဦးဖိုးဆင်၏ တူမ မပန်းရီက မပန်းအောင် ဘက်မှ ဝင်၍ ရန်တွေ့၏။ ဤ ရန်ပွဲကား မိန်းမတွေ နှင့်သာ ကိစ္စတုံး မူကား ကောင်းလေစွ။
ဟော ဟော၊ သူကြီးသား မောင်ပွားနှင့် သူကြီးတူ ထွန်းတင်တို့ ပေါက်၍ လာကြ လေပြီ။ မောင်ပွား လက်ထဲတွင် ဓားမြှောင်နှင့်၊ ထွန်းတင် လက်ထဲတွင် သံတုတ်နှင့်။ မိန်းမ အချို့ မဂဿလာဆောင် အိမ်မှ ဆင်း၍ ပြေးကြ လေပြီ။ သို့သော် မပန်းအောင်နှင့် မပန်းရီ တို့ကား ထီပင် မထီ။ ဂရုပင် မစိုက်။ အရေးပင် မလုပ်။ ဆဲမြဲတိုင်း၊ တိုင်းမြဲတိုင်း၊ ဆိုမြဲတိုင်း။ မောင်ပွားနှင့် ထွန်းတင်တို့ ဒေါ်ရု ဘက်မှ ကူ၍ ဆဲကြ လေပြီ။ ရွာသားများ မည်သူမျှ မကပ် ဝံ့ကြ။ တော်တော်ဆိုးတဲ့ အကောင်တွေ။ မပန်းအောင်၏ ယောက်ျား မောင်သာအိက အိမ်မှ ပြေးလာ ပြီးလျှင် ထွန်းတင်အား ဓားနှင့် ခုတ်လေပြီ။ မောင်ပွားက သာအိအား ဓားမြှောင်နှင့် ထိုး၏။ ထွန်းတင်နှင့် သာအိ နှစ်ယောက်သား ပုံလျက် လဲကျ နေလေပြီ။ ဟော ဟိုမှာ သာအိညီ ကဇန်းနှင့် ဖိုးကျားတို့ ပေါက်လာ ကြပြီ။ ဆွဲကြ ပါဦး၊ ဆွဲကြ ပါဦး။ သည်တခါ ခက်တော့မည်။ လှံတွေ ကိုယ်စီနှင့်၊ ဆွဲသူက ဆွဲ၊ ဖက်သူက ဖက်ထား ကြ၏။ မနိုင်။
မောင်ပွား ဘက်မှ ကူညီရန် ထွန်းအောင်နှင့် ထွန်းမောင်တို့ ညီအစ်ကိုလည်း မှိန်းကြီးတွေ ကိုယ်စီနှင့်။ ခက်ကုန်ပြီ၊ ခက်ကုန်ပြီ။ လုပ်ကြပါဦး။ သူကြီးကို အကြောင်းကြား မှပေါ့။ သူကြီးအိမ်မှ မောင်းကွဲသံကြီး ဆူညံ နေပြီ။ တရွာလုံး အုတ်အုတ်ကျက်ကျက်။ သူကြီးလည်း မနိုင်တော့ပြီ။ သူကိုယ်တိုင်ပင် ဤစစ်ပွဲတွင် ပါဝင် နေသလား မပြောတတ်။ ဆွေမျိုးတွေ အားလုံး မီးစက် ကုန်ကြ လေပြီ။ အနားအနီး ရွာများ ကပင် ဆူညံ နေသော အသံကြီးကို ကြားကြ ရကုန်၏။ ဤရန်ပွဲ ကြီးကား မည်မျှ ကြာမည် မသိ။ နောက်တနေ့၌ တစ်ပေကုလား ရွာသူ ရွာသား၂၀ ခန့် ဆေးရုံသို့ ရောက်၍ နေကြ လေသည်။
တရွာလုံး တိတ်လျက် နေပေပြီ။ ဘုန်းတော်ကြီး ဦးဇဝန ကျောင်းတွင် မွေးထားသော အောင်နက်၊ ဂျိုကာ၊ အာဝါဒေး စသော ခွေးများလည်း ထမင်း ငတ်ကြ ကုန်၏။ ဘုန်းတော်ကြီး ဦးဇဝန ကိုယ်တိုင်ပင် ဆွမ်းမဝ တဝသာ ဘုန်းပေးမည် ဟူသော ဓူတင်ကို ကျင့်ရလေ၏။ ဆွမ်းပို့သူ မရှိ။ ဆွမ်းခံ၍ ရသမျှ နှင့်သာ တင်းတိမ်ရ ရှာလေ တော့သည်။ အဆိုပါ ရန်ပွဲ ကြီးကား ရွာသူ ရွာသား တို့ကိုသာ ထိခိုက်သည် မဟုတ်။ ဘုန်းတော်ကြီး ဦးဇဝန ကိုပင် ထိခိုက်သော ဟူ၏။
ဘုန်းတော်ကြီး ဦးဇဝန တပေကုလား ရွာသို့ ရောက်သည်မှာ သုံးဝါပင် ရှိလေပြီ။ ယခုကဲ့သို့ တခါမျှ ခေါင်းပါးခြင်း မဖြစ်ခဲ့ဖူး။ မိမိ တပေကုလားသို့ မရကွလာမီ ထိုကျောင်းတွင် ထိုင်ခဲ့သော ဘုန်းကြီး ဦးဝိဇယ လက်ထက်တော် အခါက မူကား ရွာသား များနှင့် မသင့်သောကြောင့် တော်တော်ပင် ခေါင်းပါး ခဲ့လေသည်။ အကြောင်းကား ဦးဝိဇယ ကိုယ်တိုင်က ငါးဖမ်းခြင်း၊ ငါးပိ လုပ်ခြင်း တို့ဖြင့် အသက် မွေးခြင်းသည် မကောင်းသော အသက် မွေးခြင်း ဖြစ်သည် ဟူ၍ ဟောတော် မူသောကြောင့် ဖြစ်လေသည်။
ဘုန်းတော်ကြီး ဦးဝိဇနကား ဘုန်းတော်ကြီး ဦးဝိဇယ မဟုတ်။ အင်းသား တွေနှင့် ဆန့်ကျင်ဘက် ဖြစ်သော တရားကို မဟော။ တသက်ပတ်လုံး သူတကာ၏ အသက် များကို သတ်ဖြတ်၍ နေသော်လည်း သေခါနီး ကောင်းသော ဇောကို ဝင်လိုက်လျှင် ကောင်းရာ သုကတိသို့ လားရသည် ဟူ၍ ပုံတွေ၊ ဝတ္တုတွေနှင့် ဟောလေ့ ရှိ၏။ ထိုတရားကို ဟောကြားသည့် နေ့မှ စ၍ ဘုန်းတော်ကြီး ဦးဝိဇန ကျောင်းတွင် ဆွမ်းအုပ် မနည်းပြီ။ ကန်တော့ပွဲတွေ မနည်းပြီ။ ကျောင်းသားလည်း မနည်းပြီ။
ဘုန်းတော်ကြီး ဦးဇဝနမှာ တရားဟောသော နေရာ တွင်သာ ခေတ်ဆန်သည် မဟုတ်။ ကျောင်းသား များအား စာသင် ကြားသော နေရာ တွင်လည်း ခေတ်ဆန် လေသည်။ ကျောင်းသား များ၏ စိတ်ကို ချုပ်ချယ်ခြင်း မပြု။ ယင်းတို့အား လွတ်လပ်စွာ ထား၏။ ကျောင်းသားများ ကျောင်းတက် ချင်သော အချိန်တွင် ကျောင်းတက် နိုင်၏။ အလျှင်း ကျောင်း မတက်ဘဲ နေလိုက နေနိုင်၏။ သင်းကြား လိုသော စာကို သင်ကြား နိုင်၏။ ထင်သလို နေနိုင်သော ကျောင်းတည်း။
ထိုသို့ လွတ်လပ်ခွင့်ကို ပေးထား သောကြောင့် မဟုတ်လော။ ကျောင်းသားများ ထမင်းဟင်း စားသောက်ပြီး ကြလျှင် ကျောင်းတွင် တယောက်မျှ မရှိ။ တပေကုလားအင်း ထဲတွင် ရေကူးသူ ကူး၊ ငါးဖမ်းသူ ဖမ်း၊ ဂဏန်း နှိုက်သူ နှိုက်။ လွတ်လပ်လိုက်တဲ့ ကျောင်းသား တတွေ။ အကျ လုံချည် ဆို၍ မကပ်ကြ။ ခေါင်းတုံး ပြောင်ပြောင် ကိုယ်ရောင် မည်းမည်း ။ သရဲလေး တွေနှင့် မခြား။ ဆေးပြင်းလိပ်တွေ ပါးစပ်ထဲ ခဲထား ကြသေး။ အရွယ် ကလေး တွေက ကိုးနှစ် ဆယ်နှစ်သာ။ ယင်း ကျောင်းသားများ အနက် နောင် နှစ်ပေါင်း လေးငါးဆယ် လွန်မြောက်လျှင် တယောက် တလေ မြန်မာပြည် သမ္မတ မဖြစ်ဘူး ဟူ၍ မည်သူ ပြောကြား အံ့နည်း။
သမ္မတ ဆိုသည်မှာ အများ သဘောတူလျှင် ဖြစ်စတမ်း။

[ဂန္ဓလောက၊ ၁၂၉၅ ဝါဆိုလ]

Thursday, March 22, 2007

Interesting Equation

Human = eat + sleep + work + enjoy
Pigs = eat + sleep
Hence, Human = Pigs + work + enjoy
If, Human - enjoy = Pigs + work
In other words,Human that don't know enjoy = pigs that work

Men = eat + sleep + earn money
Pigs = eat + sleep
Hence, Men = Pigs + earn money
If Men - earn money = Pigs
In other words,Men that don't earn money = Pigs

Women = eat + sleep + spend
Pigs = eat + sleep
Hence, Women = Pigs + spend
If, Women - spend = Pigs
In other words,Women that don't spend = Pigs

Summary:Men earn money not to let women become pigs!Women spend not to let men become pigs!

Wednesday, March 21, 2007

Just hope you may know

don't go away, wanna hug you my dear.
I fear to far apart from your smile...
On every foot steps, I'ld like to follow as a shadow
Just hope you may know!

As you like my dear. I am ready...
Please don't kidding me, my heart may burn.
I continue my breath because of your love.
Just hope you may know!

After I fell in love with you...
my heart beats...,
all my heart beats....,
and my happiness...,
love, hate and everythings...
you own everythings...
you can decide everythings...
my dear

Everyone think I am mad because of you.
Yes, I am mad... no reason!
who can complain?
I can loss all the life, for you
Just hope you may know!

Monday, March 19, 2007

Not Ready to Make Nice (Dixie Chicks)



Forgive, sounds good.
Forget, I'm not sure I could.
They say time heals everything,
But I'm still waiting

I'm through, with doubt,
There's nothing left for me to figure out,
I've paid a price, and i'll keep paying

I'm not ready to make nice,
I'm not ready to back down,
I'm still mad as hell
And I don't have time
To go round and round and round
It's too late to make it right
I probably wouldn't if I could
Cause I'm mad as hell
Can't bring myself to do what it is
You think I should

I know you said
Why can't you just get over it,
It turned my whole world around
and i kind of like it

I made by bed, and I sleep like a baby,
With no regrets and I don't mind saying,
It's a sad sad story
That a mother will teach her daughter
that she ought to hate a perfect stranger.
And how in the world
Can the words that I said
Send somebody so over the edge
That they'd write me a letter
Saying that I better shut up and sing
Or my life will be over

I'm not ready to make nice,
I'm not ready to back down,
I'm still mad as hell
And I don't have time
To go round and round and round
It's too late to make it right
I probably wouldn't if I could
Cause I'm mad as hell
Can't bring myself to do what it is
You think I should

I'm not ready to make nice,
I'm not ready to back down,
I'm still mad as hell
And I don't have time
To go round and round and round
It's too late to make it right
I probably wouldn't if I could
Cause I'm mad as hell
Can't bring myself to do what it is
You think I should

Forgive, sounds good.
Forget, I'm not sure I could.
They say time heals everything,
But I'm still waiting

Sunday, March 11, 2007

The BIGGEST inbox in the world




Rediffmail.com has around 50 million registered users! >>> VISIT