Friday, July 20, 2007

Murphy's Law

Murphy's Law ဆိုတာကတော့ အနောက်တိုင်းသားတွေ သုံးလေ့ရှိတဲ့ အသုံးအနှုံးတခုပါ။ အရာရာနဲ့ အကြောင်းကြောင်း ဆိုသလို အမှားမှား အယွင်းယွင်းတွေ တချိန်ထဲမှာ ဆက်တိုက်ဆက်တိုက် ဖြစ်နေပြီဆိုရင် အနောက်တိုင်း culture မှာ "အဲဒါ Murphy's Law ပေါ့ဗျာ" စသည်ဖြင့် ပြောလေ့ရှိကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း က ရုံးက host လုပ်ထားတဲ့ datacenter ကို hacker ၀င်သွားတယ်။ ဖြစ်ချင်တော့ မလေးရှားမှာ presentation လုပ်ခါနီးအချိန်ကြီး။ ချွေးကို ပြန်သွားတာပဲ။ system သမားကို ဖုံးဆက်ပြီး server တွေ အမြန် restart လုပ်ခိုင်းရတယ်။ Database တွေ Restore အမြန်လုပ်ခိုင်းရတယ်။ တိုက်ဆိုင်တာက တချိန်ထဲမှာပဲ စင်္ကာပူရုံးက အဲယားကွန်းတွေက မအေးတော့ဘူးတဲ့။ ဘာလို့ ကြောင်ကုန်မှန်း မသိဘူးတဲ့။ နောက်နေ့ကျတော့ ပြန်အေးသတဲ့။ ထူးဆန်းပါပေ့။ နောက်တခုက... ရုံးနားလေးမှာ မိုးကြိုးပစ်ခံရတယ်။ ကွန်ပျူတာတွေ အကုန်ပိတ်ကုန်တယ်။ မီးပျက်သွားလို့။ တခါတည်း မှောင်ကျသွားတာ။ အသံက ဒိန်းကနဲပဲ။ တော်တော်ကျယ်တယ်။ breaker ကျသွားတာတဲ့၊ လျှပ်စီးဝင်လို့။ အဲဒါလေးတွေ မြင်ရတော့ စဉ်းစားမိလို့ ဒီ Murphy's law ဆိုတဲ့ အသုံးအနှုံးလေး ကို အမှတ်ရလာတယ်။
"ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ" ဆိုတဲ့ ဗမာစကားပုံ နဲ့တူမလားတော့ မသိဘူး။

No comments: