Friday, August 03, 2007

Honour and Passion

စင်္ကာပူ National Day နီးပေပြီ။ အခုတလော Channel 8 ကနေ "Honour and Passion" ဆိုတဲ့ အခန်းဆက် ဇာတ်ကား လာလာ နေသည်။ မြန်မာကား ဇာတ်လမ်းတွေနဲ့ တော်တော်လေးကို ခပ်ဆင်ဆင်ဖြစ်ပါသည်။ ဖအေကြီးက သားတွေ National Service သွားရမှာ ကို ၀မ်းတွေသာ၊ ပီတိတွေဖြစ်၊ နိုင်ငံ့သားကောင်းဖြစ်ရပြီးဆိုပြီ ပြုံးပြုံးကြီး ကြည့်နေ။ စ၀င်ဝင်ခြင်း သားကြီးက လူငယ်ဆိုတော့ စလုံးစတိုင် ဆံပင်အနီ ရှဲဒိုးရောင် လေး ဆိုးထားတာကို ညှပ်ပစ်ခံရတော့  မျက်နှာမကောင်း။ နောက်တော့ တကယ်တမ်း National Service ၀င်ရတာ အထဲမှာ ပျော်စရာ အလွန်ကောင်း။ လေ့ကျင့်ခန်းတွေ တပျော်တပါးကြီး စုပေါင်းလုပ်ကြ။ အထဲမှာ စစ်ဗိုလ်ကြီး နဲ့ စစ်ဗိုလ်မ နဲ့ဇာတ်လမ်းတွေဖြစ်ကြ...။ အင်း... ဒီကားကြည့်ရင်းကြည့်ရင်း မြန်မာ ကားတွေထဲက ("အမိကောင်းကင် ကြယ်စင်မောင်နှမ" စတဲ့ ရုပ်မြင်သံကြား ဇာတ်လမ်း တွေထဲက လိုမျိုး) ထဲက idea တွေကို များကူးချထားသလား လို့ ထင်တောင်ထင်မိသည်။ ပြောလို့မရဘူးဗျ။ ကူးချင်ကူးမှာ။



Powered by ScribeFire.

No comments: