Friday, June 29, 2007

WATERFALL MODEL ( Software Engineering )


Theroy is Theory. FOR ALL who don't know the WATERFALL MODEL (Software Engineering)

Thursday, June 28, 2007

Wisdom


Information, Knowledge, Learning, Intuition စတာတွေ အကုန်လုံးနဲ့ သက်ဆိုင်တဲ့ အကျယ်အ၀န်းဆုံး စကားက Wisdom...Wisdom ကို "ပညာ" လို့ ဆရာ ခေါ်ရတာက ပါဠိစကား "ပညာ" ကို အင်္ဂလိပ်ဘာသာပြန်ဆရာ တွေက Wisdom လို့ပြန်ကြတာရှိလို့ပဲ။ သူကတော့ သာမန်သိမှုလေး မဟုတ်ဘူး။ သာမန်သိမှု အစုအပုံလေး မဟုတ်ဘူး။ သူက ကျယ်ပြန့်တဲ့ သိနားလည်မှုအပေါ်မှာ အခြေခံပြီး အဆင့်မြင့်တဲ့ ဆုံးဖြတ်စွမ်းမှု နားလည်မှုကို ခေါ်တယ်။ ဒီနေရာမှာ ပညာရဲ့ အသုံးလေးပါလာတယ်။ အနက် အဓိပ္ပါယ်လေး။ တတ်သိ နားလည်ရုံတင် မကတော့ဘူး။ တတ်သိနားလည်မှု အပေါ်မှာ အခြေခံပြီး လူသည် ဆုံးဖြတ်စွမ်းမှု ရှိလာတယ်။ ပြီးတော့ ရေရေလည်လည် ပယ်ပယ်နယ်နယ် ထောင့်စေ့စေ့ နားလည်လာတယ်။ ဒါမျိုးမှ Wisdom လို့ခေါ်တယ်။ အင်္ဂလိပ်လိုတော့ Wisdom ကို အနက်ပြန်တဲ့ အခါမှာ (Wisdom implies superior judgement and understanding based on broad knowledge) တဲ့။ Wisdom သည် သာမန် သိရုံမဟုတ်၊ လူတွေလုပ်ကိုင်ပြောဆို တွေးတောကြံဆတဲ့ နေရာတွေမှာ ရှေ့ဆောင်ရှေ့ရွက်ပြုနိုင်တဲ့ သဘောမျိုး၊ ထိန်းသိမ်း နိုင်တဲ့ သဘောမျိုး။
တက္ကသိုလ်ဘုန်းနိုင် ၏ "ပညာရဲ့သဘော" မှ

မြန်မာ့ရိုးရာပြက္ခဒိန်


ရက်သတ္တပတ် အနည်းငယ်က ကိုဝဏ္ဏကို(SAME) က မြန်မာ့ရိုးရာပြက္ခဒိန် ဆောဖ့်ဝဲ တစ်ခုကို ထုတ်လုပ်လိုက်ပါတယ်။ သူက ကျွန်တော့်ဆီပို့ပေးတယ်။ ကျွန်တော်က အခြားသူတွေကို ပေးလို့ရမလားဆိုတော့ ရပါတယ်တဲ့။ Share လုပ်လိုက်ပါ ဆိုတာနဲ့ ဒီ Blog ပေါ်မှာပဲ တင်ပေးလိုက်ပါတယ်။ ကျွန်တော် ကတော့ ကိုယ့် မွေးနေ့ကို မြန်မာလိုမသိပါဘူး။ မေ့နေပါတယ်။ ဒီဆောဖ်ဝဲလေး ရတော့မှ နှစ်ရွှေ့ပြီး ပြန်ကြည့်တော့ ကိုယ့်မွေးနေ့ကို မြန်မာလို ပြန်သိရတော့တယ်။ ၁၉၀၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ် အထိ နှစ် ၁၀၀ ကျော်ပါတော့ ကြိုက်တဲ့နှစ် ကြည့်လို့ရတယ်လေ။ ၂၀၁၉ ခုနှစ်ကျော်လဲ နှစ်တိုး Update တွေကိုလဲ လုပ်လုပ်သွားမယ်တဲ့။ ကျွန်တော်ကတော့ သူ့ကို Myanmar Calendar RSS လေးရေးဖို့တောင်းဆိုထားတယ်။ blogger တွေ အလွယ် သုံးရအောင်လို့လေ။ Installer file ကို ဒီနေရာ မှာ Download လုပ်ပါ။
Download Link: http://www.freewebtown.com/kophyo/Software/MyanmarCalendarSetup.zip

Tuesday, June 26, 2007

Microsoft SMS Sender

မိတ်ဆွေ... သင့် Mobile Phone ပေါ်မှာ SMS ရိုက်ရတာ လက်ညောင်းလှပါတယ် ဆိုရင် Microsoft SMS Sender လေး Download လုပ်ပြီး သုံးကြည့်ပါလား။ ဖုံးကို Computer နဲ့ချိတ်ပြီး Computer ကနေ SMS ပို့ လို့ရတယ်။ မိတ်ဆွေရဲ့ Mobile phone ကိုတော့ မိတ်ဆွေရဲ့ ကွန်ပျူတာနဲ့ Serial cable (သို့) Infrared (သို့) Bluetooth တနည်းနည်း ဖြင့်ချိတ်ဆက်ထားရပါမယ်။ ပုံမှန်အားဖြင့် Windows mode နဲ့ သုံးပါတယ်။ ပုံကို ကြည့်ပါ။

အဲဒါလေးကို ကိုယ့်Program ထဲကနေ ပြန်ခေါ်သုံးချင်ရင်တော့ Command Line Mode နဲ့ သုံးလို့လဲရတယ်။ တော်တော်အဆင်ပြေပါတယ်။ Command Line Mode လေးလဲ ပါတော့ VB လို ဟာမျိုးကနေ Shell နဲ့ခေါ်ပြီး မိတ်ဆွေရဲ့ Program ထဲမှာလည်း ထည့်သွင်းမြုပ်နှံ ရေးသားလို့ရပါတယ်။ ဖုံးတွေ အများကြီးကို Loop လေးပါတ်ပြီး SMS ပို့လို့လဲရတာပေါ့။ Command Line က ဒီလိုformat ပါ ( smssender.exe /p:[phone] /m:"[message]" )။ နမူနာကို အောက်မှာကြည့်ပါ။
eg. smssender.exe /p:99999999 /m:"Hello "
မှတ်ချက်။ Command Line နဲ့မသုံးခင် Start}Program Files}Microsoft SMS Sender}Microsoft SMS Sender} Click "Option" } Check "Enable Logging" အရင်လုပ်ပါ။ အဲဒါလုပ်ပြီးရင် အဲဒီကနေ တစ်ခါပို့လိုက်ပါ။အဲဒါ ပြီးမှ Command Line သုံးပြီး ပို့ရင် ကောင်းကောင်း အလုပ်လုပ်မယ်။ နို့မို့ ဆိုHistory မရှိဘူးဆိုပြီး Command Line မှာ Error Message ပေါ်နေတတ်ပါတယ်။
Download Link: http://www.soft32.com/Download/Free/Microsoft_SMS_Sender/4-9694-1.html
Microsoft ရဲ့ Official Website ကနေ Download လုပ်ရင်လဲရတယ်။ ဒါပေမယ့် မိတ်ဆွေရဲ့ OS က Genuine Version ဟုတ်မဟုတ် တော့စစ်တယ်။
Official website: http://www.microsoft.com/globaldev/outreach/dnloads/smsSender.mspx

Truth alone is reliable

ဒီစာတိုလေး ကို တွေ့ရ ဖတ်ရတော့ မိတ်ဆွေတို့ကိုလည်း မျှဝေချင် တဲ့ စေတနာ ဖြစ်လာတယ်။

Whenever a serious matter arises, take the deeds of merit you have done, the positive deeds you have performed, the contributions you have made. Call upon the truth, say the prayer for what you wish and what you wish will come true...



"အရေးကိစ္စကြုံတိုင်းကြုံတိုင်း

ကိုယ်အားထုတ်ထားခဲ့တဲ့

ကုသိုလ်ကောင်းမှုတွေ

ကိုယ်ပြုလုပ်ထားခဲ့တဲ့

အပြုသဘောလုပ်ရပ်တွေကို

သစ္စာဆိုတိုင်တည်ပြီး

ဆုတောင်းလိုက်ပါ။

လိုအင်ဆန္ဒအားလုံး

ပြည့်ဝလာပါလိမ့်မယ်။ "




အရှင်ဆန္ဒာဓိက၏ စိတ်အားဖြည့်ဓမ္မသံစဉ်မှ (Ref: http://www.planet.com.mm/forums)



ကျွန်တော့် ဇာတိမြို့မှ ငယ်ဆရာတော်ကြီး ကလည်း သစ္စာ၏ သဘောကို "မေတ္တာက အေးချမ်းတယ်၊ သစ္စာကဆေးစွမ်းတယ်" ဟု အမြဲလိုလို ဆုံးမပါသည်။ ကျွန်တော် ဒုက္ခဖြစ်တိုင်း ဖြစ်တိုင်း သစ္စာတိုင်တည် ၍သာ ခံနိုင်ရည်ရှိခဲ့ပါသည်။ အခက်အခဲတို့မှ လွန်မြောက် ခဲ့ပါသည်။



Sunday, June 24, 2007

Exam Experience

Last 5 seconds before time's up!

-

-

-

-

-

-

-

-

-





Videos YouTube or Daily Motion?

I really like Daily Motion. Not only because they like 18 Doughty Street, but because their site has high quality video both in terms of content and technology. They’re not as big as YouTube I don’t think, but if Google carries on screwing up YouTube they might just be in a better position in a few months. Anyhows, here’s a vid about them. I would have posted a video about YouTube of the same ilk in the interests of fairness, but I couldn’t find one! (Posted by Mike Rouse)



Powered by ScribeFire.

Friday, June 22, 2007

ဖတ်ပါ့

ဖတ်ပါ့ ဆိုတဲ့ online မဂ္ဂဇင်း ဖတ်ဖူးကြပါသလား။ ဖတ်ကြည့်ပါ။ သတင်းတွေက တော်တော် မြန်မြန်နဲ့ များများ update ဖြစ်ပါတယ်။ Link : http://www.phatpa.com

What is Full SDLC?

SDLC : Software Development Life Cycle

Client has 2 cows and u need to milk them.

  1. First prepare a document when to milk them (Project kick off)
  2. Prepare a document how long you have to milk them (Project plan)
  3. Then prepare how to milk them (Design)
  4. Then prepare what other accessories are needed to milk them (Framework)
  5. Then prepare a 2 dummy cows (sort of toy cows) and show to client the way in which u will milk them (UI Mockups & POC)
  6. If client is not satisfied then redo from step 2
  7. You actually start milking them and find that there are few problem with accessories. (Change framework)
  8. Redo step 4
  9. At last milk them and send it to onsite. (Coding over)
  10. Make sure that cow milks properly ( Testing)
  11. Onsite reports that it is not milking there.
  12. You break your head and find that onsite is trying to milk from bulls.;p
  13. At last onsite milk them and send to client (Testing)
  14. Client says the quality of milk is not good. (User Acceptance Test)
  15. Offsite then slogs and improves the quality of milk
  16. Now the client says that the quality is good but its milking at slow rate (performance issue)
  17. Again you slog and send it with good performance.
  18. Client is happy???
  19. By this time both the COWs aged and cant milk. (The software got old and get ready for next release repeat from step 1) !!!!!
Thanks PMT for forwarding this email! :-)

Wednesday, June 20, 2007

Cost of Living survey (Worldwide Ranking 2007, including housing)

စင်္ကာပူက လူနေမှုစရိတ်ကြီးပါတယ်။ ပုံကို ကြည့်ပါ။ နယူးယောက်က စင်္ကာပူထက် နေထိုင်စားရိတ် ပို ဈေးချိုပါတယ်။ စင်္ကာပူက အခုနှစ် တိုင်းထွာချက်များအရ ကမ္ဘာပေါ်မှာ နံပါတ် ၁၄ ချိတ်ပါတယ်။ အရင်နှစ်က နံပါတ် ၁၇ ပါ။ ကိုယ့်ဘာသာကိုယ်တောင် ဂုဏ်ယူရမလိုလို ဖြစ်မိပါတယ်။ ဒီလိုဈေးကြီးတဲ့ နိုင်ငံမှာ ကြံ့ကြံ့ခံနိုင်လို့။ မှန်ပါတယ်။ ဒီနှစ် အိမ်ခန်းခတွေ သိသိသာသာ တက်တယ်။







Sunday, June 17, 2007

Father's Day



အဖေဟာ အကောင်းဆုံးကို ဖြစ်စေချင်တယ်။

အကျပ်တည်းဆုံး ကာလတွေမှာ မညိုမညင်ဖေးမပေးတယ်။

အကြံကောင်းတွေလည်း ပေးတယ်။

မောပန်းတဲ့အခါ ချွေးသိပ်ရာ ညောင်ပင်ရိပ်သဖွယ် ဖြစ်တယ်။

အေးမြတဲ့ ရေအိုးစင် သဖွယ်ဖြစ်တယ်။

ဆိုက်ကပ်ရာ ကူးတို့ဆိပ်သဖွယ် ဖြစ်တယ်။

"စိတ်ကောင်းရှိဖို့အဓိက" လို့ဆုံးမတယ်။

"လောကဓံ ကို ခံနိုင်ဖို့" တဖြည်းဖြည်းချင်း ပုံသွင်းပေးခဲ့တယ်။

"ရိုးဖြောင့်ဖို့" လေ့ကျင့်ပေးခဲ့တယ်။

"ဓမ္မ" နဲ့ မိတ်ဆက်ပေးခဲ့တယ်။

သူငယ်ချင်းကောင်း လည်းဖြစ်တယ်။

ဓမ္မမိတ်ဆွေ လည်း ဖြစ်တယ်။

အမှားနည်းအောင် "သတိ" နဲ့ နေထိုင်တတ် ဖို့ ပြောတယ်။

မြင်တွေ့သူ ကို မေတ္တာပွား ဖို့ ပြောတယ်။

အသက်ကြီးကြီးလာမှ အဖေ့မေတ္တာကို ပိုပိုသိလာတယ်။



"အဖေနေ့" အမှတ်တရ

Saturday, June 16, 2007

လှေငယ်



တောင်လေလာ ရေကျတော့

လှိုင်းကြက်ဖ ခြေမပါ

ခေါင်းဖြူနဲ့သာ။

ခွပ်လို့ငယ်လာ၊ ဘယ်ညာနှံ့ဖွေး။

ရေလယ်မှာ လှေငယ်လူးတယ်

ရူးရချည့်လေး။



လတာပြင် သောင်ထိုးတော့

တပေါင်ကျိုးခြေတံရှည်

ဗျိုင်းဝေသာလီ။

ဘုတ်မကအီ၊ ဒီရေကျတေး။

ရေလယ်မှာ လှေငယ်မျောတယ်

မောရချည့်လေး။



ရေစုန်မှာ အဆင်သင့်လို့

ဗေဒါပွင့် ပြည်တော်ပြန်

ခွန်းဆက်ကြဟန်။

ရေစီးကသန်၊ ဆန်နိုင်ဖို့အရေး။

လှေငယ်ငယ် ရေလယ်လမ်းမှာ

နွမ်းရချည့်လေး။



ရေဆိုင်မှာ တင့်မရဲနဲ့

ဝဲကတော့ ချာချာလယ်

မူးတတ်ပါတယ်။

လှေတက်က ငယ်၊ သယ်နိုင်ဖို့ အရေး။

ရေပြင်မှာ လှေရှင်ကြိုးလိုက်ပါ့

မိုးချုပ်မယ်လေး။



ဇော်ဂျီ



Ref: http://www.myanmarisp.com/Poems/poem0035/

Friday, June 15, 2007

ရောက်တတ်ရာရာ

အချိန်ကား မြန်လှသည်။ နေ့ကိုလစား၊ လကိုနှစ်စား ဖြင့် ပြက္ခဒိန်စာရွက်များ တရွက်စီကုန်လွန်ခဲ့လေပြီ။ ကျွန်ုပ်လည်း အီကွေတာရပ်ဝန်း ရှိ ဤကျွန်းငယ်လေးသို့ ရောက်ရှိခဲ့သည်မှာ နှစ်အနည်းငယ် လွန်ခဲ့လေပြီ။ အချို့ရက်တွေမှာ နေပူသည်။ အချို့ရက်တွေမှာ မိုးရွာသည်။ လေက အမြဲ စိုစွတ်သည်။ ရံခါ ဤကျွန်းမှ အနောက်မြောက်စူးစူး ဘက်လောက်မှာ ရှိနေသည့် မိဘ ဆွေမျိုး တို့ကို သတိရမိလေသည်။ ယခုရောက်နေသော နေရာသည် သူတို့ နှင့် လောင်ဂျီတွတ်မျဉ်း ခုနှစ်ခု အကွာလောက်မှာ ရောက်နေမည်ဟု မှန်းဆရသည်။

အင်း.... ဘာလိုလိုနှင့် ဤကျွန်းတွင် လာမည့်ဇူလိုင်လမှ စ၍ GST ခေါ် ရောင်းခွန် များ 5% မှ 7% သို့ တိုးကောက် ပေတော့မည်...





Thursday, June 14, 2007

Hacker Puzzle ဖြေကြမယ်

မိတ်ဆွေတို့ Hacker Puzzle ဖြေဘူးပါသလား။ သင့်စဉ်းစားဥာဏ်ဘယ်လောက်ရှိတယ်ဆိုတာ ဒီ Web Page မှာမှတ်ကျောက်တင် ကြည့်ကြပါ။ ကျွန်တော်တော့ အခု ဖြေတာ နာရီဝက်လောက်ရှိပြီ။ အဆင့် ၁၉ ရောက်သွားပြီဗျ။ တော်တော်ဦးနှောက်စားပါတယ်။ ဖြတ်ထိုးဥာဏ်သုံးဖို့၊ Google ရှာတာကောင်းဖို့ အင်မတန်လိုတယ်။

Page 1 ကစမယ်။ Hint လေးတွေဖတ်ကြည့်ဖို့မမေ့ပါနဲ့နော်။ Step မြင့်လာရင် Hint မပါတော့ဘူး။ ကိုယ့်ဘာသာစဉ်စားရမှာနော့်။

ဒီမှာဖြေကြည့်ကြပါ။ http://www.freestuffhotdeals.com/hacker/1.html


Tuesday, June 12, 2007

Safari for Windows



Safari 3 Public Beta. The world's best browser. Now on Windows, too.

Experience the web, Apple style, with Safari: the fastest, easiest-to-use web browser in the world. With its simple, elegant interface, Safari gets out of your way and lets you enjoy the web - up to 2 times faster than Internet Explorer.

Download: http://www.apple.com/safari/

Monday, June 11, 2007

GTalk Message လေးတွေ

အခုတလော လူတွေ GTalk ကိုတော်တော်အသုံးများလာကြ၏။ သတိပြုမိတာတစ်ခုရှိ၏။ GTalk မှာ ကိုယ်စီ ပုံလေးတွေတင်ကြ၏။ Custom message လေးတွေ ကိုယ်စီ ရေးကြ၏။ အဲဒါလေးတွေ ဖတ်ဖတ်ပြီး တစ်ခါတစ်ခါ ပြုံးရ၏။ ဖီလင်သမားတွေလဲပါ၏၊ အချစ်သမားလည်းပါ၏။ အလွမ်းလဲပါ၏။ အသောလဲပါ၏။ ငိုချင်းချတာလည်း ပါ၏။ နိဗ္ဗာန်ဆော်လည်းပါ၏။ ကိုယ့်ဘလော့ကိုယ် ကြော်ငြာတဲ့လူလည်းရှိ၏။ ဟိုရေး ဒီရေး ရေးရေးပြီးတင်ကြလေကုန်၏။ မှတ်မှတ်ရရ များကို ပြောရလျှင်

"ငါးမြင်း ဆီပြန်ဟင်းလေးနဲ့ .. ငါပိရည် တို့စရာအစုံ လေး စားချင်လိုက်တာ..." (သူ့ဟာ ဖတ်တာ ကိုယ်ပါ သွားရေ ကျလာတယ်)

"လုပ်ကြပါအုံးရှင်... မန်နေဂျာကို programming သင်ပေးရမယ်တဲ့... " (သနားစရာပဲ)

"Mar Tar Pi Tu Gu Naw.. Ah Nan Daw" (Burglish ဖြင့် မာတာပိတုဂုဏောအနန္တာ ကိုရေးထားသည်။)

"Yaw Ni Thaw Ma Na Thi Ka Ya" (ယောနိသောမနသိကာရ ဆိုပဲ၊ ဘာကို အသင့်အတင့် နှလုံးသွင်းမယ်တော့မသိဘူးဗျ။ )

"No Limit? Jonathan!" (လက်စသတ်တော့ အဓိပ္ပါယ် က No limit တဲ့လား ယောနသံဇင်ယော်ရယ်တဲ့ဗျ။ သံသယဖြစ်တဲ့ သဘောပေါ့။)

"လောကကြီးကို စိတ်ကုန်တယ်ဗျို့" (ကြည့်ရတာ တောထွက်မဲ့ပုံတော့ ဟုတ်ပုံမရဘူးဗျ။)

ပုံတွင် "ကောင်မလေး။ ။ Q တယ်ဆို... ကောင်လေး။ ။ကွဲပြီ"

"လူကြီးမင်းခေါ်ဆိုသော GTalk ID သည် အသဲကွဲ(ပုံဖြင့်) နေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်။" (အဟုတ်သား လားဗျ)

"တစ်ချက်လေး စောင်းငဲ့ကြည့်ပါအုံး" (ကလေးပုံလေးနဲ့ဆိုတော့ မဆိုးဘူး၊ ကလေးကိုပြပြပြီး ဒီလိုလုပ်နေကြ...)

"အမြဲမဟုတ်တောင် တစ်ခါတလေတော့ လွမ်းမိတယ်" (တမျိုးတော့ တမျိုးပဲ)

"မင်းမရှိတော့လည်း ဒီလိုပဲနေတော့မယ် နော့ " (ပုံကဖိုးသူတော်ပုံ)

"Chatting with Husband" (ကမ္ဘာသိအောင် .. လုပ်ပုံရတယ်။ )

"ပြန်ဆုံဆည်းရန် မဝေးသောကာလ" (ဘာကိုဆိုလိုပါလိမ့်???)

"စားချင်တယ်... စားချင်တယ်" (ဗုဒ္ဓေါ...)

"အိမ်ပြန်ချင်တယ်..."

"သတိရတယ်..."

"သစ္စာဖောက်ကို အလိုမရှိ" (မိန်းကလေး အသဲကွဲနေပုံရတယ်)

"တစ်နှစ်ကူးပြန်ပြီ"

"I am raising fund for meditation center. Pls contact me if you want to donate." (သာဓု သာဓု သာဓု)

Friday, June 08, 2007

This Modern Life



ခောတ်သစ် လူနေမှုပုံစံ

Thursday, June 07, 2007

Myanmar Bloggers plan a book of online postings

“We plan to finish editing the book by the end of June and send a draft to the Press Scrutiny and Registration Division,” Ko Soe Zeyar Htun said.
“We would like to officially release the book to coincide with World Blog Day on August 31 this year but if the publishing process is not finished by then, we will at least arrange a ceremony to introduce the book to the public on that day,” he said.
Ko Nyi Lynn Set, who blogs about his personal life as well as about Myanmar history, culture and antiques, said people from all over the world view his site, many of whom post comments with information they want to share with him.
He said he hopes the book will help “double or triple the number of Myanmar-language bloggers in the coming one or two years”. Read More...

Wednesday, June 06, 2007

Boneless CHICKEN



Boneless CHICKEN စားကြပါအုံးလားဗျ။

Monday, June 04, 2007

လူနာရီ

လူနာရီကို မြင်ဖူးကြလား။ ဒီနေရာမှာကြည့် ။ ဖန်တီးထားတဲ့ သူက တော်တော် creativity ဖြစ်တယ်။

Myanmar Jokes

ချင်းက အုန်းသီးစားတော့

တခါက ချင်းတောင်က ချင်းအမျိုးသားတဦးဟာ မြစ်ဝကျွန်းပေါ်ဒေသ ကို ပထမဆုံးအနေနဲ့ အလည်အပတ်ရောက်လာ သတဲ့။ ချင်းတောင်မှာ အုန်းပင်မရှိလို့ အုန်းသီးတခါမှ မစားဘူးတဲ့ ချင်းအမျိုးသားက အုန်းသီးကို စားကြည့်ပြီး မှတ်ချက်ချလိုက်ပုံက "အောက်ပြည်အောက်ရွာက အုန်းသီး ကောင်းတယ်ဆိုလို့ စားကြည့်ပါတယ်။ အရသာက ဖန်တွတ်တွတ်နဲ့၊ အစေ့ကလည်း အကြီးကြီး။"



အိုးရွဲ့နဲ့ စလောင်းပဲ

တခါကရွာတစ်ရွာမှာ မောင်လှဆိုတဲ့လူရွယ်တစ်ဦးရှိသတဲ့။ မောင်လှအရွယ်ရောက်လာတော့ မိဘများက အိမ်ထောင်ချပေးချင်ပေမယ့် မောင်လှမှာ အောက်နှုတ်ခမ်းပြတ်နေလို့ ယူမယ့်လူမရှိဘူးတဲ့။ တနေ့တော့ မိတ်ဆွေဟောင်းတစ်ဦး ဆီကတဆင့် တခြားရွာတစ်ရွာက သမီးပျို ကို မိဘချင်းစကား ကမ်းလှမ်းကြသတဲ့။ မောင်လှမိဘများက သူတို့သား အောက်နှုတ်ခမ်း မရှိတာကို ဖုံးကွယ်ထားချင်တော့ မင်္ဂလာ အခမ်းအနားကို ညဘက်မှာပဲ မီးမှောင်ချပြီး ကျင်းပရမယ်လို့ အဆိုပြုတယ်။ သတို့သမီးရှင်ဘက်ကလည်း ကန့်ကွက်ခြင်းမရှိတော့ မောင်လှရဲ့ မင်္ဂလာပွဲကို နေ့ကောင်းရက်သာရွေးပြီး တညမှာ မီးမှောင်ချပြီး ကျင်းပကြသတဲ့။

မင်္ဂလာဦး ထမင်းစားဝိုင်းမှာ မောင်လှက ဟင်းချိုပူကြောင်းကို...

"ဟင်းချိုကလဲ ၀ူလိုက်တာ"

လို့ပြောတော့ သတို့သမီးက ပြန်ပြောလိုက်ပုံက

"၀ူရင် ၀ုတ်တောက်ပေါ့" တဲ့။



ပေါ်မဲ့ပေါ်တော့

အငြိမ့်ထဲမှာ မင်းသမီးက "အလို... ဘုရားရေ ဟို့ရှေ့က သစ်ပင်ပေါ်မှာ မဲမဲ မဲမဲ... လှုပ်လှုပ်လှုပ်လှုပ်နဲ့" "လက်စသတ်တော့... အသင်ရုက္ခစိုး ပါလား..."

အဲဒီအခါမှာ ရုက္ခစိုး လုပ်တဲ့လူပြက်က

"အေး ... ငါနည်းနည်းပေါ်သွားတယ်..."



ဖောက်သည်ကိုး

တစ်ခါက ပြည့်တန်ဆာမ တဦးဟာ ပြည့်တန်ဆာမှုနဲ့ တရားရုံးရောက်လာပါရော။ တရားခွင်မှာ တရားသူကြီးက... "ဟဲ့... တရားခံမ နင့်နာမည် ဘယ်လိုခေါ်သလဲ..." လို့ မေးတဲ့အခါမှာ ပြည့်တန်ဆာမက ပြန်ဖြေလိုက်ပုံက "သိသားနဲ့..." တဲ့။



ရေနွေးကရားဖုံး

ပွဲခင်းထဲမှာ လူပြက်တစ်ယောက်က "ဒို့မင်းသမီးလေးဟာ အနုပညာကို ဘယ်လောက်တန်ဘိုးထား သလဲဆိုရင် ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသွားတဲ့ အထိ ပရိသတ်ကို ဖျော်ဖြေသွားမှာပဲ..."။ ဒုတိယလူပြက်က "သူငယ်ချင်း မင်းသမီးလေး ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသွားရင် ငါ့ကို တခြမ်းပေးပါကွာ..." တဲ့။ ဒီတော့ ပထမလူပြက်က "မင်းကဘာလုပ်မလို့တုံး..."။ ဒုတိယလူပျက်ဖြေလိုက်ပုံက "ငါ့အိမ်မှာ ရေနွေးကရားဖုံး လုပ်မလို့ပါကွာတဲ့..."။





Ref: http://www.burmesejokes.com/

Saturday, June 02, 2007

Deja Vu

Deja Vu ဆိုတာကတော့ ပြင်သစ်စကား၊ English လိုဆိုရင်တော့ "Already seen" ပေါ့။ မိတ်ဆွေရဲ့ဘ၀မှာ ဖြစ်ရပ်တစ်ခုခု (သို့မဟုတ်) နေရာ တစ်နေရာရာ ကို ပထမဆုံးအကြိမ် တွေ့ကြုံရတာ ဖြစ်သော်လည်း ဒီနေရာကို၊ ဒီဖြစ်ရပ်ကို၊ တစ်ချိန်ချိန်က ဖြစ်ခဲ့ဖူးသလိုလို ခံစားရတယ်၊ အာရုံရတယ်။ တမျိုးကြီးဖြစ်နေတတ်တယ်။ ပါဝင်တာလဲ ဒီလူဒီလူတွေပဲ။ ဖြစ်ခဲ့ဖူးတာကလည်း ရှေးရှေးတချိန်က မက်ခဲ့ဖူးတဲ့ အိပ်မက်တစ်ခုခုထဲမှာလိုလိုခံစားရနေတတ်တယ်။

မိတ်ဆွေ... Deja Vu experience ကြုံဖူးပါသလား။ ဘယ်နှစ်ခါကြုံဖူးပါသလဲ။ ကျွန်တော်ကတော့ ၃ ကြိမ် ၄ကြိမ်လောက်တော့ ကြုံဖူးပါတယ်။ သူငယ်ချင်းတော်တော်များများကို မေးကြည့်တော့လည်း တော်တော်များများက သူတို့လည်း ဒီလိုအတွေ့အကြုံဖြစ်ခဲ့ဖူးပါတယ်တဲ့။

အနောက်နိုင်ငံတွေမှာ Psychoanalysts တွေ Parapsychologists တွေက Deja Vu ကို နက်နဲတဲ့ ဘာသာတရပ်အနေနဲ့ သုတေသနလုပ်နေကြတယ်။ ပညာရှင်တွေကတော့ သီအိုရီအရ "maintain that deja vu has to do with wish fulfillment" လို့ ဆိုပါတယ်။ ယခင်အတိတ်ကာလက လူ့သန္တန်ထဲ မှာရှိခဲ့ဘူးတဲ့ memory fragment တစ်ခုကို တကျော့ပြန် ဆက်စပ်ခြင်း ဖြစ်ပါတယ်တဲ့။ တချို့ပညာရှင်တွေကလည်း ဘ၀ဟောင်းကို စားမြုံ့ပြန်ခြင်းလို့ ဆိုကြပါတယ်။

ကျွန်တော် လောလောဆယ် နောက်ဆုံးတွေ့ကြုံရတာတော့ ပြီးခဲ့တဲ့ တစ်ပါတ်လောက်ကမှပါ။ သူငယ်ချင်းတွေနဲ့ Esplande ဘက်သွားရင်းနဲ့၊ Arts တွေကြည့်ရင်းနဲ့ ဒီနေရာပဲ၊ Arts တွေကလည်းဒီပုံတွေပဲ၊ ဘေးက လူတွေကလည်း ဒီလူတွေနဲ့ပဲ ပြီးခဲ့တဲ့တစ်နှစ်ခွဲလောက်တည်းက အိပ်မက်မက်ဖူးခဲ့တာပါပဲ။ စိတ်ထဲမှာ အတိတ်က အိပ်မက်တစ်ခု ဖျက်ကနဲအမှတ်ရလိုက်တာနဲ့ ကြက်သီးမွေးညှင်းတွေတောင် နဲနဲထသွားခဲ့ပါတယ်။ အဲဒီ အတိတ်က အိပ်မက်က အခုဖြစ်နေတာ နဲ့ တထပ်တည်းပဲ။

Friday, June 01, 2007

Microsoft announces "Surface Computer"

Microsoft ကတော့ လုပ်ပြန်ပြီ။ surface computer တဲ့။ surface computer ဆိုသည်မှာ အောက်ပါ ပုံတွင်မြင်ရသည့်အတိုင်း ၃၀ လက်မ စားပွဲပုံစံ ဖန်သားပြင် ပါရှိသည်။ အဲဒီဖန်သားပြင်ပေါ်မှာ လိုရာသာ လုပ်ပေတော့။ ကျွန်တော့်အမြင်တော့ ကွန်ပျူတာ သုံးရတာ ပိုသဘာဝကျလာ သည်ဟု ထင်ပါသည်။ ဒီလိုနဲ့ နောက်ဆို တဖြည်းဖြည်း keyboard နှင့် mouse ကိုမေ့သွားကြတော့ပေမည်။









Powered by ScribeFire.