Saturday, June 02, 2007

Deja Vu

Deja Vu ဆိုတာကတော့ ပြင်သစ်စကား၊ English လိုဆိုရင်တော့ "Already seen" ပေါ့။ မိတ်ဆွေရဲ့ဘ၀မှာ ဖြစ်ရပ်တစ်ခုခု (သို့မဟုတ်) နေရာ တစ်နေရာရာ ကို ပထမဆုံးအကြိမ် တွေ့ကြုံရတာ ဖြစ်သော်လည်း ဒီနေရာကို၊ ဒီဖြစ်ရပ်ကို၊ တစ်ချိန်ချိန်က ဖြစ်ခဲ့ဖူးသလိုလို ခံစားရတယ်၊ အာရုံရတယ်။ တမျိုးကြီးဖြစ်နေတတ်တယ်။ ပါဝင်တာလဲ ဒီလူဒီလူတွေပဲ။ ဖြစ်ခဲ့ဖူးတာကလည်း ရှေးရှေးတချိန်က မက်ခဲ့ဖူးတဲ့ အိပ်မက်တစ်ခုခုထဲမှာလိုလိုခံစားရနေတတ်တယ်။

မိတ်ဆွေ... Deja Vu experience ကြုံဖူးပါသလား။ ဘယ်နှစ်ခါကြုံဖူးပါသလဲ။ ကျွန်တော်ကတော့ ၃ ကြိမ် ၄ကြိမ်လောက်တော့ ကြုံဖူးပါတယ်။ သူငယ်ချင်းတော်တော်များများကို မေးကြည့်တော့လည်း တော်တော်များများက သူတို့လည်း ဒီလိုအတွေ့အကြုံဖြစ်ခဲ့ဖူးပါတယ်တဲ့။

အနောက်နိုင်ငံတွေမှာ Psychoanalysts တွေ Parapsychologists တွေက Deja Vu ကို နက်နဲတဲ့ ဘာသာတရပ်အနေနဲ့ သုတေသနလုပ်နေကြတယ်။ ပညာရှင်တွေကတော့ သီအိုရီအရ "maintain that deja vu has to do with wish fulfillment" လို့ ဆိုပါတယ်။ ယခင်အတိတ်ကာလက လူ့သန္တန်ထဲ မှာရှိခဲ့ဘူးတဲ့ memory fragment တစ်ခုကို တကျော့ပြန် ဆက်စပ်ခြင်း ဖြစ်ပါတယ်တဲ့။ တချို့ပညာရှင်တွေကလည်း ဘ၀ဟောင်းကို စားမြုံ့ပြန်ခြင်းလို့ ဆိုကြပါတယ်။

ကျွန်တော် လောလောဆယ် နောက်ဆုံးတွေ့ကြုံရတာတော့ ပြီးခဲ့တဲ့ တစ်ပါတ်လောက်ကမှပါ။ သူငယ်ချင်းတွေနဲ့ Esplande ဘက်သွားရင်းနဲ့၊ Arts တွေကြည့်ရင်းနဲ့ ဒီနေရာပဲ၊ Arts တွေကလည်းဒီပုံတွေပဲ၊ ဘေးက လူတွေကလည်း ဒီလူတွေနဲ့ပဲ ပြီးခဲ့တဲ့တစ်နှစ်ခွဲလောက်တည်းက အိပ်မက်မက်ဖူးခဲ့တာပါပဲ။ စိတ်ထဲမှာ အတိတ်က အိပ်မက်တစ်ခု ဖျက်ကနဲအမှတ်ရလိုက်တာနဲ့ ကြက်သီးမွေးညှင်းတွေတောင် နဲနဲထသွားခဲ့ပါတယ်။ အဲဒီ အတိတ်က အိပ်မက်က အခုဖြစ်နေတာ နဲ့ တထပ်တည်းပဲ။

1 comment:

Anonymous said...

ဒေဂျာဝူးနဲ့ပတ်သက်လို့... သူငယ်ချင်းတစ်ယောက် သူဖတ်ဘူးတာပြောတာကြားဖူးတယ်.. ခန္ဓာကိုယ်က လက်ခံတဲ့အာရုံတွေ ၀င်ရောက်တဲ့အခါမှာ စင်ခရိုနိုက်စ် မဖြစ်လို့တဲ့..အဲဒီမှာ ဦးနှောက်က အင်တာပရက်လုပ်တာ လွဲသွားတယ်ပေါ့..
ဥပမာ... မြင်ရတာနဲ့ ခံစားရတာ..၊ ခံစားရတဲ့ အာရုံကနဲနဲလေးနောက်ကျသွားရင်.. ဦးနှောက်က အရင်တုန်းကတွေ့ခဲ့ဖူးတယ်လို့ ဘာသာပြန်မိတတ်တယ်တဲ့...
ကျွန်တော့အတွက် တော့ ဒီအချက်က ဖြစ်နိုင်ပါတယ်...