Sunday, June 17, 2007

Father's Day



အဖေဟာ အကောင်းဆုံးကို ဖြစ်စေချင်တယ်။

အကျပ်တည်းဆုံး ကာလတွေမှာ မညိုမညင်ဖေးမပေးတယ်။

အကြံကောင်းတွေလည်း ပေးတယ်။

မောပန်းတဲ့အခါ ချွေးသိပ်ရာ ညောင်ပင်ရိပ်သဖွယ် ဖြစ်တယ်။

အေးမြတဲ့ ရေအိုးစင် သဖွယ်ဖြစ်တယ်။

ဆိုက်ကပ်ရာ ကူးတို့ဆိပ်သဖွယ် ဖြစ်တယ်။

"စိတ်ကောင်းရှိဖို့အဓိက" လို့ဆုံးမတယ်။

"လောကဓံ ကို ခံနိုင်ဖို့" တဖြည်းဖြည်းချင်း ပုံသွင်းပေးခဲ့တယ်။

"ရိုးဖြောင့်ဖို့" လေ့ကျင့်ပေးခဲ့တယ်။

"ဓမ္မ" နဲ့ မိတ်ဆက်ပေးခဲ့တယ်။

သူငယ်ချင်းကောင်း လည်းဖြစ်တယ်။

ဓမ္မမိတ်ဆွေ လည်း ဖြစ်တယ်။

အမှားနည်းအောင် "သတိ" နဲ့ နေထိုင်တတ် ဖို့ ပြောတယ်။

မြင်တွေ့သူ ကို မေတ္တာပွား ဖို့ ပြောတယ်။

အသက်ကြီးကြီးလာမှ အဖေ့မေတ္တာကို ပိုပိုသိလာတယ်။



"အဖေနေ့" အမှတ်တရ

1 comment:

minmawkhaine said...

ကျွန်တော်မင်းမော်ခိုင်ပါ။ ။ဖြိုးဝေကျော် ဆိုတော့ ကျွန်တော်သိတဲ့ ဖြိုးဝေကျော်လားမသိဘူး. . ကြိုက်ပါတယ်.ပိုစ် တွေကို အဖေနေ့အကြောင်းပဲဖတ်သွားတာကိုတော့ခွင့်လွတ်ပါနော်. .