Wednesday, July 18, 2007

How to add Myanmar Calendar in a blog?

မြန်မာ ပြက္ခဒိန် ကို RSS နဲ့ ခေါ်သုံးလို့ရတယ်။ Blog သမားများ အကြိုက်ပေါ့။ မြန်မာပြက္ခဒိန် ကို ရေးတဲ့ ကိုဝဏ္ဏကို ရေးထားတာ။

RSS Feed Address ကတော့: http://samerss.myanmarcalendar.com
blogger.com ရဲ့ New version သုံးတဲ့လူတွေအတွက် လုပ်နည်းမှာ
1) blogger.com တွင် Login ၀င်ပါ။
2) "Manage Your Blog" တွင် Layout ကိုနှိပ်ပါ။
3) Side bar ဘက်တွင် "Add Page Element" ကို နှိပ်ပါ။\
4) Feed တွင် "Add To Blog" ကို နှိပ်ပါ ("Feed"-Add content from an RSS or Atom feed to your blog.)
5) "Feed URL" တွင် http://samerss.myanmarcalendar.com ကို ထည့်သွင်းပါ။ "Continue" ကိုနှိပ်ပါ။
6) Title ကို သင်နှစ်သက်သလိုပြင်လို့ရပါသည်။ ကျွန်တော်ကတော့ "မြန်မာပြက္ခဒိန်မှ ယနေ့နေ့စွဲ" လို့ပြင်လိုက်သည်။ Show ကို 1 Item လို့ပြင်လိုက်သည်။ ပြီးတော့ "SAVE CHANGES" ကို နှိပ်လိုက်ရင် သင့် Blog မှာ မြန်မာနေ့စွဲ ပေါ်လာပါမည်ြ။
ရက်စွဲမှာ နေ့စဉ်နေ့တိုင်း ပရိုဂရမ်မှ သူ့အလိုလို ထုတ်ပေးနေပါမည်။


ကိုဝဏ္ဏကို မှ သူ့သဘောထားကို "ကြာရင် မြန်မာပြက္ခဒိန် ပျောက်တော့မှာ ဗျ။ အခုခောတ်မှာ ဘယ်သူမှ မြန်မာရက်ကို အလွတ်မသိကြတော့ဘူးဗျ။ ဒါလေး သုံးလိုက်တော့ ကနေ့တော့ လပြည့်ဟေ့၊ ကနေ့တော့ လဆန်းဘယ်နှစ်ရက်ဟေ့ စသည်ဖြင့်ပေါ့လေ.. သိဖို့လို့လွယ်တယ်ပေါ့။ ဘာပဲပြောပြော ရိုးရာကို ထိန်းသိမ်းခြင်း လည်း မည်ပါတယ်။ တကယ်တော့ အခုကိစ္စက လုပ်ကို လုပ်ရမည့် အရာပါ။" စသည်ဖြင့် ရှင်းပြသည်။

10 comments:

SuN said...

Thanks alot!!!
I added on my page and.. It's really unique.

sawphonelu2010@hotmail.com said...

ကို ဖြိုးဝေအောင် ခင်ဗျား ၊ ကျွန်တော် မနေ့ က မြန်မာ ပြက္ခဒိန်ကို တင် လိုက် ပါ တယ်။ ဒါ ပေမယ့် ညနေပိုင်း လောက် မှ ရက် စွဲ က ပြောင်း ပါတယ်။ ကို ဝဏ္ဏ ရဲ့ site နဲ့ အချိန် မတူလို့ ပါ သလား ။ ဘယ် လို ပြင်ရင် ရ ပါ သလဲ။ ကျွန်တော့် ဘလော့ခ်မှာ ကျေးဇူးတင် ကြောင်း ရေး ထား ပါ တယ်။ wesheme ရဲ့ သူငယ်ချင်း ပါ။

MgHla said...

မြန်မာ ပြက္ခဒိန်အကြောင်း ကိုရဲမြတ်သူထံမှ သိရလို့ ကျတော့်ဘလော့မှာလည်း ကိုဖြိုးဝေကျော်ရဲ့ ဘလော့ကို ညွှန်းပြီးရေးထားကြောင်း အသိပေးပါရစေ ခင်ဗျာ...

99 said...

ကိုမောင်လှဘလော့ကနေဖတ်မိပြီး .. ကျနော့်ဘလော့မှာလည်း ပြက္ခဒိန်လေးထည့်ထားလိုက်ပါတယ် ..။
အဝေးမှာ ရောက်နေတဲ့ ကျနော်တို့အတွက် မြန်မာပြက္ခဒိန်က တကယ်ပဲပျောက်ကွယ်လုလု ဖြစ်နေတော့ ..
တကယ့်ကို အဖိုးတန်တဲ့ ကူညီမှုပါပဲ..။
ကျေးဇူးတင်ပါတယ် ကိုဖြိုးဝေ..။

နေလင်း said...

ကျေးဇူးတင်ပါတယ်အစ်ကိုရေ။ကျွန်တော်ကြိုက်လို့ ယူသုံးလိုက်တယ်နော်

thamudayanwe said...

thanks you Ko Mg Hla.i take this one also.But i want to get my English date.it's one day late .I don't know how to edit.pls command me.

i'm appriaciate u to share ur knowledge.

Philip Shield said...

အားလုံးကို ကျေးဇူးတင်ပါတယ်

Unknown said...

Nice one and thank you for this post. I do like Ko WanNa idea about most Burmese people already forget about Burmese Canlender including me. ^_^
And thank you for sharing with us.

Philip Shield said...

Comment ၀င်ရေးပေးသွားကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။

ICT Zone said...

THANK