Sunday, August 12, 2007

ပြီးသွားမှာပါ

မင်းကို ငါ ပုံလေးတစ်ပုံ ပြောပြမယ်ကွ၊ ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါး ရှိတယ်။ အဲဒီဘုရင်ကြီးရဲ့ တိုင်းပြည်ကို အခြားအင်အားကြီးတဲ့ တိုင်းပြည်က ဘုရင်တွေက တိုက်ခိုက်ဖို့ ကြံစည်နေတယ်။ အဲဒီမှာ ဘုရင်ကြီးက စိတ်ညစ်ရတော့တာပေါ့ကွာ။ အဲဒီတော့ သူနဲ့ရင်းနှီးတဲ့ ရသေ့ကြီး တစ်ဦးဆီမှာ အဆောင်တစ်ခု သွားပြီးတောင်းတယ်။ သူတောင်းတဲ့ အဆောင်က စိတ်ညစ်စရာတွေနဲ့ ကြုံခဲ့ရင်လည်း စိတ်မညစ်ရပဲ ပြေပျောက်သွားရမယ်တဲ့၊ ပျော်စရာနဲ့ ကြုံခဲ့ရင်လည်း အရမ်းမပျော်ပဲ တည်တည်ငြိမ်ငြိမ် ဖြစ်သွားရမယ်တဲ့။ အဲဒီလို အစွမ်းထက်တဲ့ အဆောင်လေး တစ်ခုပေးပါ လို့တောင်းတယ်။ အဲဒီတော့ ရသေ့ကြီးက ကျောက်အနက်လေး နဲ့ ကွင်းထားတဲ့ လက်စွပ်ကလေးတစ်ကွင်း လုပ်ပေးလိုက်တယ်။ လက်မှာ ၀တ်ထားဖို့လည်း မှာလိုက်တယ်။ ပြီးတော့ စိတ်ညစ်စရာ ကြုံတဲ့ အခါမှာ အဲဒီလက်စွပ်ကျောက်ကို စိုက်ပြီး ကြည့်လိုက်တဲ့။ ကြည့်တဲ့ အခါမှာ အလင်းရောင်မှာ မကြည့်နဲ့တဲ့။ ကျောက်က အလင်းပြန်တော့ ဘာမှ တွေ့ရမှာ မဟုတ်ဘူးတဲ့။ အမှောင်ရှိတဲ့ နေရာမှာ ကြည့်တဲ့။ သိပ်ပြီးပျော်လာတဲ့ အခါမျိုးမှာလည်း အဲဒီလိုပဲ လက်စွပ်ကလေးကို ကြည့်ပါတဲ့။ အဲဒီအခါမှာ ဘုရင်ကြီးဟာ သူလိုချင်တဲ့ အဆောင် လက်စွပ်လေးရတဲ့ အတွက် အလွန်ပဲ ၀မ်းသာသွားတယ်။

သိပ်ပြီးမကြာပါဘူး။ အခြားတိုင်းပြည်က ဘုရင်တွေရဲ့ ခြိမ်းခြောက်မှုဟာ ပိုပြီးပြင်းထန်လာတဲ့ အတွက် ဘုရင်ကြီးဟာ အတော်ကို စိတ်ညစ်သွားတယ်။ တုန်လည်း တုန်လှုပ်သွားတယ်။ အဲဒီအခါမှာ ဘုရင်ကြီးဟာ မှောင်ရိပ်ရှိတဲ့ ကျောက်တောင်လေး နားကို ကပ်သွားပြီး လက်စွပ်ကျောက်ကို စိုက်ပြီး ကြည့်လိုက်တယ်။ ရသေ့ကြီးက အဲဒီကျောက်ထဲမှာ စာထွင်းပြီးထည့်ထားတာ။ မှောင်ရိပ်ခိုပြီး ဘုရင်ကြီးဟာ အဲဒီကျောက်နက်လေးကို စိုက်ကြည့်လိုက်တဲ့ အခါမှာ ကျောက်နက်လေးထဲက စာကို ကောင်းကောင်းဖတ်လို့ ရသွားတယ်။ ဖတ်မိတာနဲ့ တပြိုင်နက် စိတ်ညစ်တာတွေ၊ ထိတ်လန့်တာတွေ စိုးရိမ်တာတွေ လုံးဝ လွင့်ပျောက်သွားတယ်.... အဲဒီကျောက်နက်ထဲက စာက ဘာလဲဆိုရင်...

" ပြီးသွားမှာပါ "

... ဆိုတဲ့ စာပဲ။

မင်းသိင်္ခ ၏ မနောမယ ကိုပီတာ မှ

5 comments:

Mobile Baydin said...

ဒါဟာ ဇင်လို့ယူဆပါတယ်

Philip Shield said...

ညီလေးပြောတာ ဖြစ်နိုင်ပါတယ်... မှန်သင့်သလောက်တော့ မှန်တယ်လို့ ပြောလို့ရတယ်နော်...

Younggun said...

အစ်ကို့ဘလော့ကိုအမြဲဝင်အားပေးပါတယ်
free myanmar horoscope အတွက်လည်းကျေးဇူးပါ
ကျနော်က astrologist သစ်ယောက်ပါ

Mobile Baydin said...

မြန်မာပြည်လောလောဆယ်ဘာဖြစ်နေလဲ
အဲဒီကြောင်းလေးရေးပါဦး

Anonymous said...

phyowaikyaw.blogspot.com is very informative. The article is very professionally written. I enjoy reading phyowaikyaw.blogspot.com every day.
cash loan
pay day loans