Sunday, August 05, 2007

West Coast Park နှင့် National Dog Walk 2007

တညနေခင်း အိမ်မှာ နေရတာ ညီးစီစီဖြစ်လှသဖြင့်၊ အနီးနားမှာရှိပြီး မရောက်ဖူးသေးသော West Coast ဘက် လမ်းလျှောက်ထွက်သည်။ Clementi Central ကနေ 175 စီးသွားရသည်။ ကြုံချင်တော့ National Dog Walk 2007 နှင့်တိုးသည်။ ဒါနဲ့ West Coast ရှုခင်းတွေ ရော၊ ခွေးလမ်းလျှောက်ပွဲ ရော မှတ်တမ်းတင်လာခဲ့သည်။ ခွေးတွေမှ ဆိုဒ်စုံဖြစ်သည်။ စလုံးမှာ ခွေးဒီလောက်ပေါမှန်း အဲဒီရောက်မှ သိသည်။ အဲဒီနေရာမှာ ထူးခြားတာ တစ်ခုက စလုံးက Mc Donald ဆိုင်တွေထဲမှာ နေရာထိုင်ခင်း အကောင်းဆုံးဖြစ်ပြီး၊ စံနစ်တမူထူးခြားသည့် McDonald ဆိုင် ကလေးတစ်ဆိုင် ရှိပါသည်။ (ဆော့ဒ်) တွေ ဘာတွေ ယူတာက အစ အမေရိကားစတိုင် ကိုယ့်ဘာသာကိုယ် chili sauce တို့ tomato sauce တို့ tap လေးတွေမှာ လက်နဲ့ဖိပြီး ယူရသည်။ တခြား Mc Donald ဆိုင်တွေလို ဆော့ဒ်ကို အိတ်လေးတွေနဲ့ မပေးပါ။ Tissue လဲ ကိုယ့်ဘာသာကိုယ် ယူရသည်။



Powered by ScribeFire.

No comments: