Monday, April 09, 2007

စိတ်နေစိတ်ထား မှန်မှ ဥပုသ်ရပါတယ်

ဆပ်ပြာတော့ တိုက်ပါရဲ့
အ၀တ်ကို
ကြေးထွက်အောင်
လက်နှစ်ဘက်နဲ့
ပွတ်တိုက်မပေးဘူးဆိုရင်
အ၀တ်မဖြူနိုင်ပါဘူး

ဘာဝနာတွေတော့ ပွားနေပါရဲ့
စိတ်နေစိတ်ထား
မမှန်မကန်ဘူးဆိုရင်လည်း
စိတ်အ၀တ် မသန့်စင်နိုင်ပါဘူး။
ထို့ကြောင့်
ဥပုသ်စစ်စစ်ရလိုသူဟာ
ကြုံလာသမျှအဖြစ်အပျက်တိုင်း
ဆုံလာသမျှ ပုဂ္ဂါလ်တိုင်းအပေါ်
ယောနိသောမနသိကာရ လို့ခေါ်တဲ့
“စိတ်ထားကောင်း” နဲ့
“စိတ်ကောင်းထား” နိုင်ဖို့လည်း
အထူးသတိပြုရပါမယ်။
ဘာဝနာပွားပြီး
စိတ်ထားပုပ်နေရင်လည်း
ဥပုသ်မရပါဘူး။
တရားအားထုတ်ပြီး
စိတ်ထားယုတ်မာနေရင်
ဥပုသ်မရပါဘူး။


အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ )

No comments: