Monday, September 10, 2007

GTalk ရဲ့ theme ကို သင့်ရဲ့ ကိုယ်ပိုင်ဒီဇိုင်းဖြင့် ပြုလုပ်လိုပါသလား

MySuboo.com မှာ တွေ့လို့ မိတ်ဆွေတွေကို Share လုပ်ချင်တဲ့စိတ်ပေါ်လာလို့ ပြန်လည်ကူးယူ ဖော်ပြ လိုက်တာပါ။

ဂျီတော့ ရဲ့ theme ကို သင့်ရဲ့ ကိုယ်ပိုင်ဒီဇိုင်းဖြင့် ပြုလုပ်လိုပါသလား။ သင်ဟာ HTML နဲ့ stylesheet ကျွမ်းကျင်ရင်တော့ ဒါက လွယ်လွယ်လေးပါ။
ပထမဦးဆုံးအနေနဲ့

%userprofile%\Local Settings\Application Data\Google\Google Talk\themes\system\chat

အပေါ်မှာပြထားတဲ့ စာကြောင်းကို ကော်ပီကူပြီး My Computer Address bar မှာ ရိုက်လိုက်ပါ။ ကျွန်တော်က အခုဒီ theme folder ထဲက အရိုးရှင်းဆုံးတစ်ခုဖြစ်တဲ့ classic Picture ကိုရွေးလိုက်ပါတယ်။ ပြီးရင် ဒီ folder ကို ကော်ပီကူးပြီး အခုရောက်နေတဲ့နေရာမှာပဲ ပြန်သိမ်းထားလိုက်ပါ။ folder name ကိုတော့ သင့်ရဲ့ နံမည် ပေးလိုက်ပေါ့။
ပြီးရင် ဒီ Folder ကိုဖွင့်ပြီး Contents Folder အောက်ထဲက Resources ကိုထပ်ဖွင့်လိုက်ပါ။ ကဲ .. ဒီနေရာကတော့ သင့်စိတ်ကြိုက် ဒီဇိုင်းတွေ ဖန်တီးရမယ့် နေရာပါပဲ။
သင့်ရဲ့ ဂျီတော့ကို သင် ပုံတစ်ခု တင်ချင်တယ်ဆိုရင် ဒီ Resources folder အောက်မှာ images ဆိုတဲ့ Folder တစ်ခု တည်ဆောက်လိုက်ပါ။ ပြီးရင် သင်ထည့်ချင်တဲ့ ပုံတစ်ပုံကို ကော်ပီကူးပြီး ဒီ images folder အောက်မှာ back.jpg ဆိုတဲ့ နံမည်နဲ့ သိမ်းထားလိုက်ပါ။
ဒါပေမယ့် သင့်ရဲ့ image ရဲ့ အလျားနဲ့အနံကတော့ ၃၀၀ နဲ့ ၂၂၅ ဖြစ်ရပါမယ်။ ပြီးရင် Resources folder ဆီကို ပြန်သွားလိုက်ပါ။
ပြီးရင် main.css file ကို ဖွင့်လိုက်ပါ။ ပြီးရင်

BODY
{
margin: 6px;
}

အစား

BODY
{
margin: 6px;
background-image: url("images/back.jpg");
}

ကို ပြောင်းလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ ဂျီတော့ဟာ သင်ကိုယ်ပိုင်စိတ်ကြိုက် ဒီဇိုင်း ပြုလုပ်နိုင်ပြီပေါ့။

Ref: MySuboo.com


Powered by ScribeFire.

7 comments:

Anonymous said...

ကိုယ့် GTALK THEME က သူများနဲ့ မတူတော့တဲ့ အတွက် ပျော်စရာကောင်းပါတယ်... SHARE လုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Anonymous said...

ကိုယ့် GTALK THEME က သူများနဲ့ မတူတော့တဲ့ အတွက် ပျော်စရာကောင်းပါတယ်... SHARE လုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Anonymous said...

အဟီး ညံ့တယ်ပြောလဲခံရမှာပဲ အကိုရာ...
အကိုပြောတဲ့အတိုင်း လိုက်လုပ်တယ်
အဆင့်တိုင်းလဲ အဆင်ပြေတယ်လုပ်တာ
ဒါပေမဲ့ ဘာ theme မှ မပေါ်လာဘူး
ဂျီတော့မှာ back.jpg ကပေါ်လာရမှာမှလား
မပေါ်လာဘူး အဲဒါပြောပြပေးပါအုန်း

Philip Shield said...

Chat ပြောတဲ့ အခါကျတော့မှ ပြောနေတဲ့ Box ထဲမှာ Background အဖြစ်နဲ့ ပေါ်လာမှာ။

Philip Shield said...

Settings > Apprearance > Chat Theme > "YourThemeName" ကိုရွေးဖို့လည်း မမေ့နဲ့အုံး

Anonymous said...

အဟီး ရသွားပြီ ကျေးဇူးကမ္ဘာပါပဲ..

Thura Naing said...

ခပ်အူအူတစ်ယောက်ထပ်မေးချင်လို့ပါ။ ကျွန်တော်က html နဲ့ stylepage ဆိုတာတွေကိုနားမလည်ပါဘူး။ ဒါပေမယ့် လုပ်ကြည့်ချင်လို့ image ရဲ့ size ၃၀၀ နဲ့ ၂၂၅ ကိုတာ ဘယ်ယူနစ်နဲ့ ဘယ်လို လုပ်ရပါ့မလဲ ဆိုတာ ပြောပြပါလားခင်ဗျာ။