Friday, October 26, 2007

Microsoft and Facebook Hook Up



ယခုတလော Facebook.com ဟာ တစ်နေ့တခြား လူကြိုက်အများဆုံး နဲ့ အကြီးဆုံး online social network website တစ်ခု ဖြစ်လာပါတယ်။ Facebook ရဲ့ Architecture သည်ကောင်းမွန်လှပြီး Extensible ဖြစ်ပါတယ်။ ၀ါသနာပါရင် Facebook Markup Language ကို သုံးပြီး ကိုယ့်ဆောဖ်ဝဲကို ၀င်ရေးကာ အွန်လိုင်းပေါ်တင် ဖြန့်ချီလို့ရပါတယ်။ ပါဝင်တဲ့ Features များမှာ လူများစွာက ၀ိုင်းရေးထားသောကြောင့် လည်းကောင်း၊ ၀ိုင်းစမ်းသုံးကြပြီး ကောင်းမှ ဆက်သုံးကြ သောကြောင့်လည်းကောင်း စုံလည်းစုံ အလွန်လည်း စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။ "ဥပမာ။ ။ သင်ဟာ သင့် သူငယ်ချင်းဆီကို ပန်းအိုးလေး ပို့ပေးလို့ရပါသည်။ ပန်းအိုးလေး က တစ်နေ့တခြားကြီးပြင်း လာပါလိမ့်မယ်။ သူငါ့ကို ဘာပေးထားတာပါလိမ့်၊ ဘာပန်းပွင့်လေး ပွင့်လာမလဲ စသည်ဖြင့် ရင်တထိတ်ထိတ် စောင့်ကြည့်ရပါတယ်။ ဒါနမူနာ ပြောပြတာပါ၊ "ဥ"ကလေး ပေးတာမျိုး တွေလဲရှိတယ်။ အရုပ်လေးတွေ လဲ လက်ဆောင်ပေးလို့ ရတယ်။ သီချင်းလေးတွေ လည်း မျှဝေလို့ရတယ်။ Facebook ထဲမှာတင် MyGarden application နဲ့ ကိုယ်ပိုင်ဥယျာဉ်လေး စိုက်ထားလို့ရတယ်။ သူငယ်ချင်းတွေက လက်ဆောင် ပေးထားတဲ့ ပန်းလေးတွေ ဖူးပွင့်နေ တာကို ကြည်နူးလို့ရတယ်။ ဗေဒင်ဝါသနာပါရင်လည်း နေစဉ်ဟောစာတမ်း Application ကို Install လုပ်လိုက်ရုံပဲ.. ၀ါသနာ တူရာတူရာ Group တွေထဲ ၀င်လို့ရတယ်။ " အဲဒါတွေ ကြောင့် နာမည်ကြီးလှပါတယ်ဆိုတဲ့ Freindster တောင်မှ လူကြိုက်နည်းနည်းလာပြီး တနေ့တခြား မှေးမှိန် ပျောက်ကွယ် မယ့်ပုံစံရှိတယ်။ Microsoft ဟာ အွန်လိုင်းစစ်ပွဲမှာ ခံတပ်များစွာ ကို ကျဆုံးခဲ့ရတယ်။ သူ့ရဲ့ MySpace သည်ပင်လျှင် ခဲလေသမျှ သဲရေကျ ရပြီလို့ ပြောရမလားပဲ။ ဒီလိုနဲ့ သူတို့ရှုံးခဲ့သမျှ အဖတ်ဆယ်ဖို့ ၁၅ ဘီလီယံ တန်ကြေးရှိတဲ့ Facebook ကနေ ၂၄၀ မီလီယံ တန်ကြေးရှိသော ကြော်ညာအပိုင်းလေးကို ကမန်းကတမ်း ၀ယ်ယူလိုက်ပုံရတယ်။


More detail...



No comments: