Sunday, October 21, 2007

Singapore မှ Australia သို့ (၄)


ကျွန်တော် Australia migration ကိစ္စလုပ်တုံးကတော့ OCSC ဆိုတဲ့ agent(immigration consultancy) နဲ့ လုပ်ခဲ့ပါတယ်။ nTrust ဆိုတာလည်း စုံစမ်းကြည့်ပြီးပြီ။ nTrust က တွေ့တွေ့ချင်း consultation fee ဆိုပြီး150$ တောင်းတယ်။ Agent Fee လည်းပိုများတယ်။ အဲဒါနဲ့ nTrust နဲ့ မလုပ်ဖြစ်တော့ဘူး။ OCSC က ဈေး ပိုသက်သာတယ်။ ပြီးတော့ အလုပ်မအပ်ခင် consultation ကို အလကား လုပ်ပေးတယ်။ စိတ်လည်း ရှည်ကြပါတယ်။ အဲဒီရုံးက Orchard ဘက်က Shaw Centre မှာရှိတယ်။ ၀န်ထမ်းတွေ လည်းအများကြီးပါ။ သူ့လိုင်းနဲ့သူ တစ်ဦးချင်းရှိကြတယ်။ ဥပမာ... သူတို့နဲ့ တကယ်လုပ်ဖို့ စာချုပ်ချုပ်ပြီးသွားပြီဆိုရင်တော့ IT လိုင်းဆို IT သမားတွေအတွက် migration consultant အထူး လုပ်ပေးတဲ့ သူနဲ့ ဆက်လုပ်ရတယ်။ သူကမှ လိုတဲ့ စာရွက်စာတမ်း ရေးပုံသားပုံ အသေးစိတ် ညွှန်ပြပေးပါလိမ့်မယ်။ စာရွက်စာတမ်းတွေအားလုံးကို certified true copy လုပ်ရပါတယ်။ လိုတဲ့ Certified True copy တို့ဘာတို့ ကို သူတို့ရှေ့နေနဲ့ သူတို့ လုပ်ပေးပါတယ်။ အဲဒီအတွက် သပ်သပ်ပေးရတယ်... သိပ်တော့ မကုန်ပါဘူး... ကျွန်တော့်တုံးကတော့ ရှိတဲ့စာရွက်စာတမ်းတွေ latest payslips တွေပါမကျန်... အကုန် certified true copy လုပ်လိုက်တယ်။ ရှေ့နေခ ဆိုပြီး 50-100 လောက် သပ်သပ်ပေးရတယ်။

အသေးစိတ်သိချင်ရင်တော့ အောက်ပါလိပ်စာတွေမှာ ဖုံးဆက်ပြီး မေးမြန်း စုံစမ်းကြည့်လို့ရပါတယ်။ Email နဲ့ မေးလို့လည်း ရပါတယ်။ လူသွားတွေ့ လို့ လဲရပါတယ်။ ဈေးတွေလည်း နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ Agent သုံးတာ မသုံးတာ အပထား သိထားတော့လည်း ကောင်းတာပေါ့။

OCSC - Singapore
1 Scotts Road
#26-10 Shaw Centre
Singapore 228208
Tel: +65 6238 0777
Fax: +65 6734 3706
E-mail: consultant@ocscglobal.com
Website: http://www.ocscglobal.com


NTRUST (Singapore) Pte Ltd
16 Upper Circular Road
AMCIS House, Level 5
Singapore 058414
Office Hours
Mon - Fri: 10.00am - 7.00pm
Saturday: 9.00am - 3.00pm
Telephone
During office hours: (+65) 6535 1611
After office hours: (+65) 9828 0183
Fax: (+65) 6535 1621
Email: migrate@ntrust.com.sg
website: http://www.ntrust.com.sg


10 comments:

Myo Aung said...

အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်းဘယ်ကစရမှန်းမသိတာ... အခုတော့နဲနဲအားရှိသွားပြီ။

Myo Aung said...

ပိန်းတယ်လို့ဘဲပြောပြော.. တကယ်မသိလို့မေးတာပါ။
auzi က PR ရမှသွားရမှာလား၊ အလုပ်အရင်ရှာရမှာလား။
SG လိုအလုပ်ရမှ PR ရတာလား သေသေခြာခြာမကွဲပြားလို့ပါ။ အားရင်ဖြေကြားပေးပါဦး... ကျွန်တော်လည်း IT သမားပါ။

Philip Shield said...

PR နဲ့ အလုပ်နဲ့ မဆိုင်ပါဘူး။ လျှောက်ပြီးနောက် တစ်နှစ်လောက်ကြာအောင်စောင့်ပြီး PR ရပြီဆိုရင် အလုပ်ထပ်ရှာရ ပေအုံးမည်။ ဒါပေမယ့် ရှာရတာ လွယ်သွားပြီ။ PR ရသော်လည်း မသွားသေးပဲ တစ်နှစ်လောက်ကိုင်ထားလို့ရတယ်။ Singapore ကနေ လျှောက်ပေါ့ဗျာ။ ကိုယ်နဲ့ အပ်စပ်တယ်၊ လစာလည်းကောင်းတယ် ဆိုရင် ရွေးချယ်လိုက်ပေါ့ဗျာ။ http://www.seek.com.au တို့ဘာတို့မှာ ရှာလို့ရတာပေါ့ဗျာ။
ချွင်းချက်။ ။ကိုယ်က Technically strong သိပ်ဖြစ်တယ် ကိုယ်တတ်တဲ့ technology ကလဲ uni que ဖြစ်တယ် (ဥပမာ။ SAP သမား ၊ Security သမား၊ Datawarehouse သမား) ဆိုရင်... အလုပ်ရှင်ကလည်း ခင်ဗျားကို အရမ်းလိုအပ်တယ်ဆိုရင် အလုပ်ရှင်က 457 Visa လျှောက်ပေးတယ်။ အဲဒါ နဲ့ ထွက်လို့လဲ ရတယ်။ 457 working visa ဆိုတာကတော့ Singapore က EP လိုပါပဲ။ ပြီးတော့ 457 ဗီဇာက 3 လလောက်ပဲကြာတယ်။ အလုပ်ရှင် က Sponsor ပေးရတယ်။ ဒါပေမယ့် တစ်ခုခက်တာက ဘယ်သူမှ အကြောင်းမသိပဲ လူစိမ်းတစ်ယောက်ကို Sponsor မပေးချင်ကြဘူး။

Myo Aung said...

သင့်ခယူပါဗျာ... အခုလိုရှင်းပြပေးတာကို။ ၅ , ၆,၇ တွေလည်းစောင့်ဖတ်ပါဦးမယ်။

Soe Yu Nwe said...

Thank you so much Ko Phyo Wai Kyaw.
Yu.

Saroja said...

Yangon ကနေရော Australia PR ကို လျှောက်လို့ရ ပါသလား ကျေးဇူးပြုပြီး ဖြေ ပေးပါနော်။

Philip Shield said...

ဟုတ်ကဲ... ရပါတယ်။

Unknown said...

How can I apply Australia PR from Yangon? can u help me to give some information to apply from Yangon?Thanks.

suanhpi said...

မြန်မာပြည်က B.E, M.E ဘွဲ့နဲ့ စင်ကာပူမှာ SPass, EP ကိုင်ထားတဲ့သူတွေကော လျှောက်လို့ အကျုံးဝင်ပါသလား.. ကျေးဇူးပြုပီး ဖြေပေးပါအုံး။

Philip Shield said...

For engineers, please check skilled migrants demand list: http://www.immi.gov.au/skilled/general-skilled-migration/skilled-occupations/occupations-in-demand.htm