Sunday, November 18, 2007

Clementi ဘုန်းကြီးကျောင်း မှ ကထိန်သင်္ကန်းကပ်ပွဲ



ဒီနေ့ Clementi ဘုန်းကြီးကျောင်း ဘက် ရောက်ပါတယ်။ ကထိန်သင်္ကန်း ကပ်ပွဲပေါ့။ ပရိတ်သတ် တွေတော့ ကျောင်းတိုက်နှစ်ခန်းစလုံး တရုံးရုံးနဲ့ အပြည့်ပါပဲ။ နေရာအခက်အခဲကြောင့် မနက်တကြိမ် နေ့လည်တကြိမ် နှစ်ကြိမ် ခွဲပြီး ကျင်းပရ ပါတယ်တဲ့။
ကထိန်လျှာ မြတ်သင်္ကန်းများ ဆက်ကပ် လှူဒါန်းခဲ့ကြတယ်။ ဆရာတော်ကြီး ရဲ့ ကထိန်အနုမောဒနာတရား နာကြားပြီးတဲ့ အထိခဏနေခဲ့ကြတယ်။ ပြီးတော့ နေ့ခင်းစာလည်း ကျောင်းမှာပဲ စားခဲ့ကြတယ်။ နေ့လည်စာ တာဝန်ယူကြတဲ့ အလှူ့ရှင်များကလည်း စေတနာသဒ္ဓါတရား ထက်သန်စွာနဲ့ ရောက်လာသမျှပရိသတ်ကို ကျွေးမွေးကြ ပါတယ်။ အလှူထမင်းဟင်းတွေ အချိုပွဲတွေ ကတော့ ရှယ်ပါပဲ။ မှတ်မှတ်ရရ ရခိုင်ငါးပိထောင်းကလေး ကတော့ တော်တော်ကို ထိတယ်။ ဓါတ်ပုံ မှတ်တမ်းလဲ တင်လာခဲ့ပါတယ်။

3 comments:

Myo Aung said...

သာဓုပါဗျာ..သာဓု..သာဓု။

Anonymous said...

sar chin lite tar..tha yay tg kya lar pi.

diLo said...

hee..
can i know where isit?
me never been there! hin hint hint..