Thursday, November 01, 2007

Google/OpenSocial vs. Microsoft/Facebook

Google နဲ့ Microsoft တို့ စီချင်း ထပ်ထိုး ကြပြန်ပါပြီ။

Facebook နဲ့ပွဲမှာ Microsoft က တကွက်သာ သွားခဲ့ပါတယ်...(ဒီသတင်းဖတ်ကြည့်)။ ဆုလဒ် အနေနဲ့ နောင်အနာဂတ် Facebook မှာ Microsoft က ကြော်ညာများ ကိုသာ ဖော်ပြတော့မှာဖြစ်ပါတယ်။

ဒီသတင်းဟာ "လူတွေလက်ထဲ Free Product တွေ အရင်ထည့်ပေး၊ ကြော်ငြာဘက်မှ ငွေပြန်ရှာ" ဟူသည့်မူ ဖြင့် စီးပွားဖြစ်လာသူ Google အတွက်တော့ "ရည်းစားလူလု အူနုကျွဲခတ်" ဖြစ်သွားရပါတယ်။ ဘာပဲပြောပြော Facebook နဲ့ပွဲမှာ Google ရှုံးခဲ့ပါပြီ။

ဒီတော့ Google ဘာဆက်လုပ်မလဲ။ ငုံ့မခံပါဘူး။ လက်တုံ့ပြန်တဲ့ အနေနဲ့ ဒီနေ့ပဲ OpenSocial ကို Launch လုပ်တော့မှာ ဖြစ်ပါတယ်တဲ့။ Facebook မှာက Application တွေ ရေးသားဖြန့်ဝေချင်ရင် FBML ကိုနားလည်မှ ရေးလို့ရမယ်။ ပြီးတော့ FaceBook မှာပဲ ဖြန့်ချိလို့ရမယ်။ သို့သော် Google ရဲ့ OpenSocial တော့ Universal API တစ်ခုဖြစ်ပါတယ်တဲ့။ အလွန် Flexible ဖြစ်ပါတယ်တဲ့။ Javascript တွေ HTML တွေ နဲ့ ရောနှောပြီး Application ကို ပိုပြီး လွပ်လွပ်လပ်လပ် ရေးလို့ ရတဲ့အပြင်၊ Flash object တွေပါ Embed လုပ်လို့ရပါ သေးသတဲ့။ Host တွေက ဒီ OpenSocial API ကို သူတို့ရဲ Site တွေမှာ ထည့်သွင်းပေးတော့မယ်။ Developer တွေက Application တွေ ၀ိုင်းရေးပေး ကြမယ်ပေါ့။ အခုလောလောဆယ် Host တွေကတော့ Orkut, Salesforce, LinkedIn, Ning, Hi5, Plaxo, Friendster, Viadeo, Oracle တို့ ဖြစ်တယ်။ ဒီတော့ကာ OpenSocial နဲ့ Online Application များရေးပြီးရင် သူတို့တွေ ဆီမှာ တစ်ခါတည်းနဲ့ ဖြန့်ချိလို့ရမယ်ဆိုတဲ့ သဘောပေါ့။ အဲ... Developer များကတော့ Flixster, iLike, RockYou, Slide တို့ဖြစ်ကြပါတယ်တဲ့။




The Google OpenSocial site is now live (here).


No comments: