Thursday, November 15, 2007

Moral Story of the Day

တစ်ခါတုံးက ကလေးတစ်ယောက်ဟာ သူ့အမေ ဈေးဝယ်တာ လိုက်သွားတယ်။ သူတို့ ဈေးဆိုင် တစ်ဆိုင်ထဲကို ၀င်သွားတယ်။ ဈေးဆိုင်ပိုင်ရှင်က အင်မချစ်စရာကောင်းတဲ့ ကလေးကို ကြည့်ပြီးတော့
"သားသားရေ... ဦးဦးမင်းကို ချိုချဉ်လေးတွေ ကျွေးမယ် " ဆိုပြီး ဗူးကို ဖွင့်ပြီးကမ်းပေးလိုက်တယ်။

ဒါပေမယ့် ကလေးလေးက မယူဘူး။

ဆိုင်ပိုင်ရှင်က နဲနဲ အံ့သြသွားတယ်။ ဒီ ကလေးလေးက အဆန်းပဲ ဘာလို့မယူပါလိမ့် ဆိုပြီး ပေါ့လေ။
ဒါနဲ့ပဲ "ယူလေ.. သားသား" လို့ ထပ်ပြောကြည့်တယ်။

ကလေးလေးက မယူဘူး။

ဒီတစ်ခါ အမေဖြစ်သူကကြားသွားတယ်... အမေဖြစ်သူက "သား... ယူလိုက်လေ"...

ကလေးလေးက မယူဘူး။

နောက်ဆုံး ဆိုင်ပိုင်ရှင်က သူ့ဘာသာ ချိုချဉ် လက်တစ်ဆုပ်ကို ယူပြီးပေးလိုက်တယ်။

အဲဒီတော့မှ ကလေးလေးက ပြုံးပြုံးရွှင်ရွှင်နဲ့ လက်နှစ်ဖက် နဲ့ ဖြန့်ပြီး ယူလိုက်တယ်။

အပြန် လမ်းမှာ ကျတော့ အမေဖြစ်သူက မေးတယ်။ ဆိုင်ရှင်က သားကို ပေးတုံးက သားက ဘာလို့ မယူရတာလဲ။




ကလေးလေး က ဘာပြန်ဖြေလဲ သိလား..................




မေမေကလဲ သားလက်က သေးသေးလေး။ သားဘာသာ ယူရင် နဲနဲလေးပဲရမှာပေါ့။ ဟို ဦးဦး လက်ကအကြီးကြီး နဲ ပေးတော့ အများကြီးရတယ်။ တွေ့လား။


သင်ခန်းစာ ။ ။ ရယူနိုင်လျှင် ကောင်းပါတယ်။ သို့သော် သူ့ဘာသူ ပေးချင်စိတ်တွေ တဖွားဖွား ဖြစ်လာအောင် လုပ်နိုင်လျှင် ပို၍ ကောင်းပါတယ်။ သူ့ဘာသာသူ ပေးလာတဲ့ အချိန်မှာ ကြည်ကြည်ဖြူဖြူလဲ ဖြစ်တယ်... ထင်တာထက်လဲ ပိုရတတ်ပါတယ်။ လစာတို့ ဘာတို့လည်း ဒီလိုသဘောမျိုး ရှိတတ်ပါတယ်။

4 comments:

Zin said...

အဲဒါက ဘို Boss ဆိုရင် မျှော်လင့်လိုရပါတယ်။ Singaporean Boss ဆိုရင်တော့ မလွယ်ဘူး အစ်ကိုရေ။
စောင့်ရတာ မောလို အရိုးတွေတောင်ဆွေးတော့မယ်။

--Zin

Wei Min said...

i want to copy and paste on my blog. Wanna share your ideas?

Phyo Wai Kyaw said...

Wei Min, You can copy everything freely.

Anonymous said...

ဒီလိုဆိုရင်တော့ ခက်ရချည်ရဲ့ကွယ်........
ဘာလို့လဲဆိုတော့ ဒို့တတွေရဲ့အဘ၀န်ကြီးက ပေးထား တဲ့ရာထူးတောင် ပြန်ချချင်နေပါပကော..........