Wednesday, November 07, 2007

MyanmarITPros.com is launched



မနေ့က U.S က ကိုချစ်ထွန်းဖေ ဆီက အီးမေးလ် တစ်စောင်ရပါတယ်။ မြန်မာ အိုင်တီသမား တွေ အတွက် အထူး website တစ်ခု ning.com မှာ သူစပြီး ထူထောင်ထား ပါတယ်တဲ့။ ဒီလိုနဲ့ စစချင်း ဒီကွန်ယက်ထဲမှာ ကိုချစ် နဲ့ ကျွန်တော်နဲ့ နှစ်ယောက်တည်း ရှိပါတယ်။ ဒါနဲ့ ကျွန်တော်တို့ နှစ်ဦးလည်း Site ကို look and feel လေး နဲနဲ ပြင်ပြီးတော့၊ ကိုယ့်မှာ ရှိနေတဲ့ Resources လေးတွေ Knowledge လေးတွေ စတင်မျှဝေကြပါတယ်။ Blog လေးတွေ Discussion လေးတွေ ကျွန်တော်တို့ စရေးလိုက် ကြပါတယ်။ နီးစပ်ရာကိုလည်း Invite လုပ်ပါတယ်။ ဒီလိုနဲ့ အံ့သြစရာ ကောင်းတာက စတင်ပြီး ၂၄နာရီအတွင်း Member ၄၅ ဦး ဖြစ်လာပါတယ်။ အခုရေးနေရင်းနဲ့တောင် တစ်ဦးနှစ်ဦး ထပ်ဝင်လာနေကြပါတယ်။ Member တွေကလည်း စပြီး မကြာမီ အချိန်တွင်းမှာပဲ Blog တွေ post လုပ်ကြ၊ Forum တွေဝင်ရေး ကြပါတယ်။ အားလည်း တက်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။

ဒီလိုနဲ့ပဲ ညတွင်းချင်းပဲ MyanmarITPros.com ဆိုတဲ့ domain ၀ယ်ပြီး setup လုပ်လိုက်ကြပါတယ်။ နဂိုက mmitpros.ning.com ပါ။

အခု MyanmarITPros.com မှာ လောလောဆယ် Discussion Forum အနေနဲ့

75% tuition waiver scholarship (USA)
International Undergraduate Student Scholarship (University of Dayton, USA)
Can Myanmar sell their IT outsourcing services through ODesk.Com?
Good self-study resources from UC Berkeley
Download Cisco References (Cisco Press Books)
Download MCTS/MCPD Exam Resources here!
Download Cambridge Practice Tests for IELTS
64 Interview Answers
Job Oppotunities for Myanmar People

စသည်ဖြင့် ၀င်ရောက်ဆွေးနွေးလျှက် ရှိနေကြပြီး.. Blog တွေအနေနဲ့တော့

Breaking news - @live.com email
Some of Job seeking Tips (Singapore)
Sharing some of IT e-book
Singapore to Australia
Technical Interview Questions and Answers
Myanmar Onscreen Keyboard Online

စသည်တို့ ၀င်ရောက် ရေးသား ခဲ့ကြ ပါတယ်။

Special Interest Group အနေနဲ့ကတော့ SIG - Web 2.0 ဆိုတာ ရှိပါတယ်။ စိတ်ဝင်စားရင် ၀င် join နိုင်ပါတယ်။

Launched လုပ်ပြီးပြီးချင်း ရှေးဦးစွာ စေတနာထက်သန်စွာ Post လုပ်ပေးခဲ့ကြတဲ့ မျှဝေပေးခဲ့ကြတဲ့ ကိုအောင်နိုင်ဦးနဲ့ ကိုညီညီထွန်း တို့ကိုလည်း MyanmarITPros.com မှ ကျေးဇူးအထူး တင်ရှိပါကြောင်း။


1 comment:

Christopher Tun said...

Ko Phyo,

We always talk about how to help Myanmar IT professionals and friends. I think now we manage to start with MyanmarITPros.Com. I am very proud to have you as co-founder of the site.

Ko Aung Naing Oo and Ko Nyi Nyi Tun,

Thanks for all of your initiative and it motivates us a lot. I look forward to promoting MyanmarITPros.Com together.

Cheers!

Ko Chit