Monday, November 26, 2007

Singapore မှ မိုးကုတ်ဝိပဿနာတရားစခန်းပွဲ

MAHAMUNI BUDDHIST SOCIETY ၊ ဗုဒ္ဓဂယာသုခါရာမကျောင်း၊ မှ ကြီးမှုး ကျင်းပမည့် မိုးကုတ်ဝိပဿနာတရားစခန်းပွဲ ကို ၃၀.၁၁.၂၀၀၇ မှ ၆.၁၂.၂၀၀၇ ထိ (၇) ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ပါသည်။ နေရာမှာ Kovan MRT အနီးရှိ 33 B Lowland Road SINGAPORE 547429 တွင်ဖြစ်သည်။

စခန်းချိန်အတွင်း တရားအားထုတ်ရန် ယခုချိန်ထိ စာရင်းပေးထားသူပေါင်း အမျိုးသားယောဂီ-၆ ဦး၊ အမျိုးသမီး ယောဂီ(ညအိပ်) ၂၇ ဦး၊ အမျိုးသမီး ယောဂီ(ညမအိပ်) ၅ ဦး၊ ပေါင်း ၃၈ ဦးရှိပြီဖြစ်သည်။

တရားအားထုတ်ချိန်များမှာ နံနက် လေးနာရီ မှ ည ဂ နာရီ ခွဲ အထိ ဖြစ်ပြီး၊ စည်းကမ်းသေ၀ပ်စွာ ကျပ်ကျပ်မတ်မတ် သတိသမ္မဇဉ် အကြားမလပ်ရအောင် အထူးကြိုးပမ်း အားထုတ်ကြရမည် ဖြစ်သည်။

ကျောချစရာ နေရာပင် မလွယ်ကူလှသော စင်္ကာပူ လို နိုင်ငံမျိုးတွင် ယခုလို (၇) ရက်တရားစခန်းများ စီစဉ် ဖွင့်လှစ်နိုင်ခြင်းသည် ဗုဒ္ဓသာသနာတော်အတွက် အလွန် ၀မ်းမြောက်ဖွယ် ဖြစ်ပါသည်။

မိမိတို့ တတ်အားသ၍ MAHAMUNI BUDDHIST SOCIETY, 23-A Jalan Mas Puteh Singapore 128628 Ph: 6777 7018 တွင် ဆက်သွယ် ကုသိုလ်ယူ၊ လှူဒါန်း နိုင်ကြပါ ကြောင်း ကောင်းမြတ်သည့် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ်။



ဗုဒ္ဓသာသနံ စိရံ တိဌတု

No comments: