Tuesday, October 30, 2007

64 Interview Answers


"အလျှောက်ကောင်းတော့ အထောင်းသက်သာ" တဲ့။ အင်တာဗျူးတွေမှာ Technical ပိုင်းတွေ မေးတာက သိရင်သိသလို သိပါတယ်၊ မသိရင်မသိသလို မသိပါဘူး လို့ ဖြေလိုက်လို့ ရပါတယ်။ ကျနော်တို့ အတတ်ပညာရှင် အများစုက အတတ်ပညာကို ပဲ ဇောက်ချလုပ်ခဲ့တော့ HR မေးခွန်းတွေ မေးရင် အဖြေတွေက နဲနဲ ကမောက်ကမ တွေဖြစ်တတ်ပါတယ်။ တချို့ကျတော့လဲ Over-confident တွေဖြစ်ပြီး "တောရဲသား လူကြားထဲ ဆွဲထုတ်" ဆိုသလိုလည်းဖြစ်တတ်ပါတယ်။ ကိုယ်ဖြေလိုက်တာက ရယ်စရာတွေ ဖြစ်နေတတ်ပါတယ်။ တခါတလေ အင်တာဗျူးသူတွေက What is your weakness? Tell me about something you failed. Why should I hire you? How do you define success? တို့ ကောက်ခါငင်ခါမေးတတ်ပါတယ်တဲ့။ မေးလေ့ရှိတဲ့ မေးခွန်း 64 မျိုးလောက် ရှိပါတယ်တဲ့။ ဒီတော့ သူက ဘယ်လိုတွေ မေးမလဲ ကိုယ်ကဘယ်လိုတွေဖြေရင် အကောင်းဆုံးဖြစ်မလဲ ဆိုတာ သိထားရင် ပိုမကောင်းပေဘူးလား။ ဒီမှာကြည့်ကြပါ။ (Link)


2 comments:

mw said...

thanks

KMN said...

koe!!!
xie xie... :P