Saturday, November 10, 2007

Sunset Way, Clementi

မနေ့ကမှ ရထားပေါ်မှာ သူငယ်ချင်းတွေနဲ့ တွေ့လို့ စကားပြောကြရင်း... မြို့ဆန်ဆန်နေရတာ ကြာလာတော့လည်း တောရိပ်တောင်ရိပ်လေးတွေ နဲ့ နေချင်လာတယ်၊ မြင်ချင်လာကြတယ် ဆိုတဲ့အကြောင်းကို စကားစပ်မိ ကြတယ်။ အဲဒါ တကယ်ပါပဲ။

စလုံး ရောက်ကာစတုံးကတော့ သွားစရာနေရာတွေများ ပေါများလိုက်တာ၊ သွားချင်လိုက်တာ။ Sentosa သွားလိုက်။ Orchard သွားပြီး ဟိုငေး သည်ငေးနဲ့ လမ်းသလားလိုက်။ ရှော့ပင်းတွေထွက် လိုက်ပေါ့ဗျာ။ Vivo City ဖွင့်ပြန်ပြီတဲ့ဟေ့.. သွားလိုက်ကြ။ ကြည့်လိုက်ကြ။ Discount ချတဲ့နေရာတွေ လိုက်ရှာလိုက်ကြ၊ ၀ယ်လိုက်ကြ နဲ့ ရှယ်ပေါ့ဗျာ။

နောက်တော့လည်း အကြောင်းမရှိပဲ Shopping Center တွေ၊ လူတရုံးရုံး နေရာတွေ သွားရတာ feel မလာတော့ပါဘူး။ အိမ်မှာပဲ သက်တောင်သက်သာလေး အနားယူရတာကို ပိုနှစ်ချိုက် တတ်လာပါတယ်။ ရထားဖြတ်သွားသံ၊ မော်တော်ကားသံ တွေအစား... သစ်ရွက်တွေကြားထဲကို လေတိုးသွားတဲ့ အသံလေးတွေ၊ ငှက်သံလေးတွေကို လည်း ကြားရရင် ပိုကောင်းမှာ ပဲလို့ တစ်ခါတစ်ခါ စဉ်းစားမိပါတယ်။

အင်း... စကားစပ်မိလို့ Clementi နားနေတဲ့သူများ နီးနီးနားနား ညွှန်းရမယ် ဆိုရင်တော့ Sunset Way ကို ညွှန်းရမယ်။ Clementi Ave 4 ဟိုးဘက်ထိပ် လမ်းဆုံးဘက် ရောက်ရင် ဂငယ်ဂွေ့ တစ်ခုရှိတယ်။ အဲဒီကနေ အောက်ကို ထပ်ဆင်းသွားရင် အောက်ထဲက ချောင်းရိုးတလျှောက် အတိုင်း လမ်းလေး တစ်ခုရှိတယ်။





ဒီလမ်းကလေးက သာယာတယ်။ ကျေးငှက်သံ လေးတွေလဲ ကြားရတယ်။ ပုစဉ်းရင်ကွဲ တွေ စီစီ စီစီ နဲ့ အော်မြည်သံလည်း ကြားရတယ်။ ရေစီး ငြိမ်လုလု ဖြစ်နေတဲ့ ချောင်းလေးတစ်ခုရှိတယ်။ ရေကို ဖြတ်တိုက်လာတဲ့ သဘာဝဆန်တဲ့ လေတမျိုးလဲ လဲရတယ်။

အဲဒီဘက်မှာ ညနေခင်းလေးတွေ လမ်းလျှောက်လို့ကောင်းတယ်။ Jogging လုပ်လို့လည်း ကောင်းတယ်။ ဟိုဘက်ထိပ် သည်ဘက်ထိပ် Jogging လုပ်ရင် တစ်နာရီ နဲ့ ၁၅ မိနစ် ကျော်ကျော် လောက်ကြာတတ်တယ်။

လမ်းလျှောက်ယုံပဲ ဆိုရင်တော့ ညချမ်း အချိန်လည်း ကောင်းတာပါပဲ၊ လမ်းတလျှောက် မီးတိုင်လေးတွေ ထွန်းပေးထားတယ်။ အင်းလျားကန်ဘောင် ဘက်တောင် အမှတ်ရတယ်။ နီးနီးနားနား ရသေ့စိတ်ဖြေပေါ့...


4 comments:

Myo Aung said...

ကျွန်တော် Ave 5 မှာနေတုန်းက ညနေတိုင်း အလုပ်ကပြန်လာရင်ဘော်ဒါတယောက်နဲ့ လမ်းလျှောက်နေကြဗျ၊
သတိရလိုက်တာ... သွတ်သွတ်သွတ်။ အခုနေတဲ့ West Coast, West St 1 နားမှာလည်း ပန်းခြံတခုရှိတယ်၊ တောအုပ်ကလေးတခုလည်းရှိသေးတယ်။ ဓါတ်ပုံ(Photo - ဟိုဓါတ်ပုံနဲ့မှားမှာစိုးလို့) ပို့လိုက်ဦးမယ်။

Philip Shield said...

စိတ်ဝင်စားစရာပဲဗျို့... ပို့လိုက်ပါအုံးဗျာ... (ဓါတ်ပုံ)

Myo Aung said...

ဓါတ်ပုံရရင် ပို့စ် အသစ်ရေးရမယ်နော်... အလကားရဘူး။

P.Ti said...

ကျွန်တော် jogging လုပ်နေကျနေရာလေးပါ။ ဒီနေရာလေးကို အင်မတန်ကြိုက်လွန်းလို့ Clementi မှာနေတာ။ (သွားရတာလည်းလွယ်တာပါပါတယ်)။ ရုံးကပြန်လာလို့ ငြီးငွေ့ရင် သွားလို့အကောင်းဆုံးနေရာလေးပါ။