Monday, July 31, 2006

The Independent mind



Sunday, July 30, 2006

့ချီဂွေဗားရား


အရာရာကိုစွန့်ကာ ယုံကြည်မှုတစ်ခုအတွက် တစ်သက်တာလုံး အံ့ဖွယ် တိုက်ပွဲဝင်သွားခဲ့။
ကျူးဘား တွင်တော်လှန်ရေးလုပ်။ အနိုင်ရ။ အစိုးရသစ်အဖွဲ့ တွင် အရေးပါသော အာဏာများကို ရခဲ့သော်လည်း ကျူးဘားမှ ထွက်ခွာခဲ့။
ကွန်ဂို နိုင်ငံ သို့သွားရောက်ပြန်၊ ၄င်းနိုင်ငံအတွက် ထပ်တိုက်ပေးခဲ့။
နောက် ဘိုလီးဗီးယား သိုထပ်သွားပြန်၊ ဘိုလီးဗီးယား တွင်နောက်ဆုံး တိုက်ခိုက်ပေးခဲ့ရင်း အသက်စွန့်ခဲ့။

Saturday, July 29, 2006

လမင်းနဲ့ပင်လယ်(၀ိုင်ဝိုင်း)


ပင်လယ်ဟာကိုယ်ပါ... အမှောင်တွေလာရင်... ရင်ခုံစွာနဲ့ မျှော်လင့်မိတယ်...လမင်းခြေသံ ဖြတ်လျှောက်သွားချိန်...ရင်ခွင်အလယ်မှာ လှိုင်းထန်သွားတယ်...ပင်လယ်လိုဆူညံ ကိုယ်ခေါ်နေပါတယ်...ဒါပေမယ့်လည်း သူမကြားဘူးကွယ်...ပုံရိပ်ယောင်တွေ ထားရစ်ခဲ့တယ်...ရှောင်ဖယ်ကာရယ်ပျောက်ကွယ်ပြီကွယ်..."ငွေရောင်လမင်းလေး ဝေးကွာနေလည်း...မင်းရဲ့အလှအပဟာ ရူးစေတယ်...အကြင်နာတွေဟာ ဒီလှိုင်းများလို...အော်မြည်ကာရယ် အပြေးလာနေတယ်...

Be Your Own Lamp


Here is the abbreviated version of the Kalama Sutta (ကာလာမသုတ္တန်). In this teaching the Buddha expounds on these questions and then some. I know many of you are not familar with Buddhism, so it is an example of Buddhist teachings and how the Buddha taught.
Kalama Sutta (ကာလာမသုတ္တန်)
"Do not accept anything on (mere) hearsay (i.e., thinking that thus have we heard it from a long time).
Do not accept anything by mere tradition. (i.e., thinking that it has thus been handed down through many generations).
Do not accept anything on account of mere rumors (i.e., by believing what others say without my investigation).
Do not accept anything just because it accords with your scriptures.
Do not accept anything by mere supposition.
Do not accept anything by mere inherence.
Do not accept anything by merely considering the reasons.
Do not accept anything merely because it agrees with your pre-conceived notions.
Do not accept anything merely because it seems acceptable (i.e., thinking that as the speaker seems to be a good person his words should be accepted).
Do not accept anything thinking that the ascetic is respected by us (therefore it is right to accept his word).
"But when you know for yourselves -- these things are immoral, these things are blameworthy, these things are censured by the wise, these things, when performed and undertaken conduce to min and sorrow -- then indeed do you reject them.
"When you know for yourselves -- these things are moral, these things are blameless, these things are praised by the wise, these things, when performed and undertaken, conduce to well-being and happiness -- then do you live acting accordingly."
Ref: http://foolmoon.com/printthread.php?Board=UBB28&main=38991&type=post

Friday, July 28, 2006

ရေမျောသီး (ဂျူး)

ပိတ်ထားသောတံခါးတစ်ချပ်ကို ကြာမြင့်စွာ ငေးစိုက်ကြည့်တတ်သော အလေ့အကျင့်တစ်ခုကို မကြာသေးမီက ရခဲ့သည်။ အခန်းတံခါးကို ဖွင့်ထားလျှင် ဖြစ်နိုင်သော်လည်း ပိတ်ထားဖို့ကို ဆန္ဒပိုရှိသောကြောင့် အမြဲလိုလို ပိတ်ထားခဲ့၏။ အခန်းအပြင်ဘက်လှေကားဆီမှ ဖြတ်သန်းသွားသော ခြေတောက်များစွာကို မမြင်လို သောကြောင့်ဟု ကိုယ့်ကိုယ်ကို မခိုင်လုံစွာ အကြောင်းပြခဲ့ပါသည်။ ခွာမြင့်ဖိနပ်စီးထားသော ခြေတောက်များ၊ ခုံထူ ယိုးဒယားဖိနပ် စီးထားသော ခြေတောက်များ.. ဤအရာများသည် တစ်ဦးတစ်ယောက်အတွက် အနှောင့်အယှက် ဖြစ် မဖြစ် မသေချာသော်လည်း ကျွန်မကတော့ ရှုတ်ရှက်ခတ်နေသော ခြေတောက်များကို ကြည့်မိလျှင် မူးဝေလာတတ်သည်။ လှေကားထိပ်နှင့် ကပ်လျက်အခန်းမှာနေထိုင်မိသည့်အတွက် ခြေတောက်များစွာကို မြင်ရသောအခါ ကျွန်မကိုယ် ကျွန်မ အပြစ်တင်လိုက်မိသေးသည်။ သို့သော် ခြံဝင်းရှေ့ ဘယ်ဘက်လမ်းမသို့ မျက်နှာမူ နေသော အခြားအခန်းတစ်ခုခုကို မရွေးချယ်မိခဲ့သောကြောင့် ကိုယ့်ကိုယ်ကို မကြာခဏ ကျေးဇူး တင်ရပါသည်။ ပြတင်းပေါက် မှနေ၍ စက်ဘီးများ၊ မျက်နှာများ၊ လက်များ၊ ခြေတောက်များကို မြင်ရ သည်နှင့်စာလျှင် သစ်ရွက်ခြောက်များ သစ်ရွက်စိမ်းများ၊ ပန်းပွင့်များကို မြင်နေရသည်က ပို၍ ကျေနပ်စရာ ကောင်းသည်မဟုတ်လား။ ကျွန်မအခန်း၏ တစ်ခုတည်းသော ပြတင်းပေါက်သည် ခြံဝင်းအနောက်ဘက်သို့ မျက်နှာ မူ လျက်ရှိပြီး ပြတင်းပေါက်ကို ကျွန်မအကြိုက် ဇာခန်းဆီး ပါးပါးလှပ်လှပ်ကလေး တပ်ဆင်ထားသည်။ ကျွန်မ၏ ဇာခန်းဆီးလေးသည် အင်ဒရူးဝိုင်ယက်၏ဇာခန်းဆီးလောက် နူးညံ့သိမ်မွေ့ခြင်းမရှိသော်လည်း အရာရာတွင် အဆင်မပြေသော လူတစ်ယောက်အဖို့ ရင်ခုန်ယစ်မူးဖွယ်ရာ ဖြစ်လာခဲ့၏။ ဇာခန်းဆီး၏ ပန်းပွင့်ပန်းနွယ် ရိပ်ရိပ်ကလေးများကို ရေတွက်နေရင်း အရယ်အပြုံး နည်းပါးသော နှုတ်ခမ်း ပါးပါးလေးအစုံကို ပြန်လည်သတိရလာဖူးသည်။ နောက်ပြီး စံကားပွင့်ကလေးများ အမြင့်မှ ချာချာလည်ကာ ဝေ့၀ဲကျလာပုံကို ရိုက်ပြထားသော မြန်မာရုပ်ရှင်ကားတစ်ခုထဲမှ ချစ်စဖွယ်ပြကွက်ကလေးတစ်ခုကို ပြန်လည် မြင်ယောင်လာဖူးသည်။ ဇာခန်းဆီး လူးလွန့်ပွတ်တိုက်သံကို နားထောင်ရင်း ပုဇဉ်းရင်ကွဲကောင် သေးသေးကလေးများကို ဖမ်းပြီး ဖန်ဘူးထဲထည့်ခဲ့ဖူးသည့် ကလေးဘ၀တုန်းက အဖြစ်အပျက်တစ်ခုကို သတိရလာဖူးသည်။ မိုးစွေငှက်ကလေးတစ်ကောင် မယ်ဇလီပင်ခြေရင်းမှာ အော်မြည်နေသော အသံစူးစူးကလေးတစ်ခုကို ကြားယောင်လာဖူးသည်။ ဇာခန်းဆီးကလေး ရွေ့လျားသံအောက်တွင် လွန်ခဲ့သည့်နှစ်အနည်းငယ်က မွှေးဖူးသော ပန်းရနံ့တစ်ခု ပြန်လည်မွှေးပျံ့လာတတ်သေး၏။ လွန်ခဲ့သသော ဆယ်နှစ်ခန့်က အသံများလည်း ပါဝင်သည်။ မှတ်စုရေးမနေသော အချိန်များ၊ အိမ်သို့ စာရေးမနေသော အချိန်များ၊ စာအုပ်တစ်ခုခုကို ဖတ်မနေသော အချိန်များတွင် ခုတင်ပေါ်မှာ ထိုင်ရင်း ပြတင်းပေါက်ကိုဖွင့်ပြီး ခန်းဆီးလေး လှုပ်ရမ်းနေသည်ကို အကြာကြီးကြည့်နေခဲ့ရသည်။ အဖော်ဟူ၍မည်မည်ရရရေတွက်စရာမရှိသော ကျွန်မဘ၀တွင် ခန်းဆီးစဖြူဖြူလေးနှင့် ရေနံရည်ဝနေသော နက်ကျောကျောပြတင်းပေါက်လေးသည်သာ ကျွန်မချစ်သူများဖြစ်ခဲ့သည်။
ချစ်သူဟူသော ဝေါဟာရတစ်ခုသည် ကျွန်မအတွေးထဲသို့ ခပ်ငယ်ငယ်အရွယ်ကတည်းက မကြာခဏ ၀င်ရောက်လာတတ်သော်လည်း ပုံသဏ္ဍာန် မထင်ရှားသော အရိပ်အရောင်တစ်ခုခုကို အဝေးက ကြည့်နေရသလိုပါပဲ။ အချစ်၏ပုံစံကို သရုပ်ဖေါ်ကြည့်ဖို့ စိတ်ဝင်စားသော အရွယ်တုန်းကတော့ ဘယ်လို များပါလိမ့်ဟု အမျိုးမျိုးတွေးတော ယူခဲ့ဖူး၏။ သို့သော် ပေါကြောင်ကြောင် စိတ်လှုပ်ရှားမှု တစ်မျိုးဖြစ်နေမှာ ပါပဲလေဟု အဆုံးသတ်လိုက်ရသော အကြိမ်များစွာဖြစ်လာသောအခါ စဉ်းစားကြည့်ဖို့ စိတ်မ၀င်စားတော့ချေ။ သူတို့က ပြောခဲ့တာကတော့ တစ်ချိန်ချိန်မှာ ချစ်သူရလာမှာပါပဲတဲ့။ ဤစကားကို လက်ခံဖို့ သိပ်မလွယ်ကူသော်လည်း စိတ်ဝင်စားစရာကောင်းသော စကားတစ်ခွန်းဖြစ်သည်ကိုတော့ မငြင်းနိုင်ပါ။ ချစ်သူဆိုတာ... အင်း.. တစ်ယောက်တည်းသော တွယ်ရာမဲ့အမျိုးသမီးအတွက် လက်တွဲဖို့ လူတစ်ယောက်ယောက် ကို ခေါ်တာလား။ ရုပ်ရှင်လက်မှတ်တန်းစီဖို့ ခက်ခဲသောလူတစ်ယောက်အတွက် တန်းစီပေးမည့် လူတစ်ယောက်လည်းဖြစ်နိုင်သည်။ မိန်းကလေးတစ်ယောက်တည်း လမ်းလျှောက်သွားဖို့ မသင့်တော်သော ညချမ်းအချိန်များတွင် ဘေးက စောင့်ရှောက်သူအဖြစ် လိုက်ပါပေးမည့် လူတစ်ယောက်ကို ချစ်သူဟု ခေါ်လိမ့်မည်။ သွေးပျက်ဖွယ်ရာ စာမေးပွဲများကို ရင်ဆိုင်ရတိုင်း ‘‘ဒီလိုဖြေခဲ့တယ် မဟုတ်လား၊ အောင်ပါတယ်ကွာ၊ ဒီလောက်ဖြေနိုင်ရင် အောင်တာပဲ’’ ဟု နှစ်သိမ့်အားပေးမည့်သူတစ်ယောက်ကို ချစ်သူဟု ခေါ်လိမ့်မည်။ ‘‘ နေစမ်းပါဦးကွ.. မင်းက ဟိုခွေးသားကို ပြုံးပြစကားပြောရလောက်အောင် ဒီကောင်က...’’ ဟု မနာလိုဝန်တိုစွာ အော်ဟစ်ပစ်မည့်လူတစ်ယောက်ကို ချစ်သူဟု ခေါ်လိမ့်မည်။ အကူအညီပေးခြင်း၊ ၀န်တိုမှု ပေးခြင်းကို ချစ်သူဟု သတ်မှတ်ရတော့မှာလား။ အင်းလေ.. မိန်းကလေး၏ အေးစက်သော ပါးပြင်လေးများကို နွေးထွေးလာအောင်၊ ညှိုးနွမ်းသော နှုတ်ခမ်းလေးတို့ကို လန်းဆန်းတောက်ပလာအောင် အဲဒီ ချစ်သူဆိုတာက တတ်စွမ်းလိမ့်မည်။ သို့ပေမယ့် ဒီလောက်လိုအပ်ချက်လေးတွေကို ဖြည့်စွမ်းပေးတတ်ရုံမျှဖြင့် သူစိမ်းတစ်ယောကိကု ချစ်သူဟု သတ်မှတ်ဖို့တော့ အနည်းငယ်ငြင်းဆိုဖွယ်ရာရှိပါသေးသည်။ ချစ်သူ တစ်ယောက်ရရှိဖို့မှာ ထိုလူကို ကျွန်မချစ်ဖို့လည်း လိုမှာပဲမဟုတ်လား။ ချစ်ဖို့ဆိုတာကလည်း အရိုးဆုံး ပြောရလျှင်တော့ သူ့မျက်နှာကိုကြည့်မိရင် ရယ်ချင်မနေဖို့၊ နောက်ပြီး နှာခေါင်းရှုံ့မနေချင်ဖို့၊ နောက်ပြီး ခါးသက်သက် ခံစားမနေရဖို့ပဲပေါ့။ သူက ကျွန်မကို စိုက်ကြည့်လျှင် ကျွန်မ မနေတတ်မကြည့်ရဲဖြစ်ပြီး မျက်လွှာ ချပစ်ချင်လာရမည်။ သူ့မျက်လုံးများသည် ကျွန်မ ကြာမြင့်စွာ ရင်ဆိုင်မကြည့်ဝံ့လောက်အောင် ညှို့နိုင်စွမ်းရမည်။ သူကများ စကားပြောလျှင် ကျွန်မ နှလုံးခုန်မြန်စွာ အဓိပ္ပာယ်မဲ့ငေးမော မိလောက်အောင် စိတ်လှုပ်ရှားလာရမည်။ အို.. အဲဒီလို ကျွန်မ မိန်းမူးစွဲလမ်းရမယ့် ဆွဲဆောင်နိုင်သူတစ်ယောက်ယောက်ကို ဘယ်ကများ ရှာလို့ တွေ့နိုင်မှာလဲကွယ်..။ သူတို့က ပြောခဲ့တာကတော့ ကျွန်မ တစ်ချိန်ချိန်မှာ ချစ်သူရလာမှာပဲတဲ့။ တစ်ခါတစ်ခါတော့ ကျွန်မ ချစ်သူဟာ ဘယ်လိုပုံစံမျိုးရှိမှာပါလိမ့်ဟု စိတ်ကူးယဉ်တွေကြည့်ဖူးပါသည်။ ‘‘ရက် ဘတ်တလာ’’ လို အရာရာကို ထွင်းဖေါက်သိမြင်တတ်ပြီး သရော်သလိုလို ထပ်ထေ့ထေ့အပြုံးနှင့် အမြဲ အနိုင်ရနေတတ်သော ခပ်ရိုင်းရိုင်းလူတစ်ယောက်များလား။ ‘‘ကွိ’’ လို မျက်မှန်ဝိုင်းတတ်ထားပြီး လူမှုဆက်ဆံရေး အလွန် ညံ့ဖျင်းသော်လည်း ဟန်ဆောင်မှုကင်းမဲ့သော ဥာဏ်ထက်မြက်သည့် ခပ်ကြောင်ကြောင် လူတစ်ယောက်များလား။ လူတကာကို လေးစားစွာ ခေါင်းညွတ်နှုတ်ဆက်တတ်သော ကဗျာဆရာဟု အမည်ခံထားသည့် ယိုင်နဲ့နဲ့လူတစ်ယောက်များလား။ (ဒါပေမယ့် နေပူဒဏ်ကြောင့် ပျော့အိကွေးညွတ်နေသော ဖယောင်းတိုင်များကို မြင်မိလျှင်ပင် အားမလိုအားမရ စိတ်အနှောက်အယှက်ဖြစ်တတ်သော ကျွန်မအဖို့ သည်လို ပျော့ညံ့ညံ့ လူမျိုးကိုလည်း ဘယ်တော့မှ ချစ်သူအဖြစ် ခံယူလို့ရမှာ မဟုတ်ပါဘူးလေ)။ လေကောင်ဂျင်ဝိုင်းနှင့် ဖဲဝိုင်းတို့တွင် အမြဲကျင်လည်နေပြီး ဥာဏ်သိပ်ကောင်းသော အလုပ်သင်ဆရာဝန်တစ်ယောက်များလား.. တွေးတောရင်း စိတ်ကူးရင်းနှင့် နှဏ်ဆယ့်လေးနှစ်မြောက်မွေးနေ့ကို လွန်မြောက်လာသောအခါ ရယ်စရာ တော်တော် ကောင်းသွားပါသည်။ ကျွန်မကို လာရောက်ခ်ျးကပ်ခဲ့သော ယောက်ျားအချို့ကို ချစ်သူဖြစ်ဖို့ အနည်းငယ်မျှ စိတ်ကူးမ၀င်ခဲ့မိခြင်းကြောင့် ကျွန်မ နောင်တမရပါ။ တစ်ခါတစ်ခါတော့ (သိပ်ပျင်းလျှင်) ထိုလူများကို ပြန်လည် တွေးတောကြည့်မိသည်။ နာမည်အက္ခရာအစီအစဉ်အတိုင်း စဥိးစားဖို့ ၀ိုးတ၀ါးဖြစ်နေလျှင် နှစ်ကာလ အလိုက်စီစဉ်ပြီး ငယ်ငယ်တုန်းကအစ နည်းနည်းအသက်အရွယ်ရလာချိန်အထိ ပြန်တွေးတော့ မျက်နှာတစ်ချို့ကို မှတ်မိလာသည်။ မျက်မှန်တပ်ထားသော မျက်နှာနှစ်ခုလား၊ သုံးခုလား မသေချာပါ။ တစ်ယောက်က မျက်မှန်ကို တပ်ထားလိုက်၊ ချွတ်ထားလိုက်လုပ်တတ်သောကြောင့်ဖြစ်သည်။ သာမန်မျက်နှာ၊ သာမန်ထက် အနည်းငယ် ရုပ်ရည် ချို့တဲ့သောမျက်နှာ၊ ပြုံးနေသော မျက်နှာ၊ ပြုံးခြင်းရယ်ခြင်းကင်းမဲ့သောမျက်နှာ၊ အနည်းငယ်ထူအမ်းသော နှုတ်ခမ်းများ၊ ပါးလှစ်သော နှုတ်ခမ်းများ (လှပသော နှုတ်ခမ်းတစ်ခုကို ယခုထိ နှစ်သက်ဆဲဖြစ်သော်လည်း နှုတ်ခမ်းလှလှလေး ရှိနေရုံမျှဖြင့် ချစ်သူဖြစ်မလာနိုင်ဘူးလေ။) စိတ်သဘောချင်း တိုက်ဆိုင်မလားလို့ ဟူသောစကားဖြင့် လက်ထပ်ခွင့်တောင်းသူ၊ (ကြည့်စမ်းပါဦးကွယ်၊ စိတ်သဘောထားချင်း ဘယ့်နှယ်တူနိုင်မှာလဲ။ ကျွန်မက ဦးမညွတ်တတ်သူ၊ မိတ်ဆွေထက် ရန်လိုသူက ပေါများသူ၊ သူတို့က လေးစားသဖြင့် ဦးညွတ်တတ်သူများ၊ ရန်လိုသူထက် မိတ်ဆွေက ပေါများသူများ) သနားချစ်နဲ့ ချစ်တာဟု ဆိုလာသူက တစ်ယောက်နှစ်ယောက်။ နင်တစ်ယောက်တည်း ရုန်းကန်ရပ်တည် အသက်ရှင်ရတာ မပင်ပန်းဘူးလား၊ မငြီးငွေ့ဘူးလား၊ ဘေးက အတူရင်ဆိုင်ဖို့တဲ့။ သွားစမ်းပါ။ အချစ်မှာ အကူအညီဆိုတာ မရှိပါဘူး။ တစ်ယောက်က အထင်ကြီးတာက စခဲ့တာပါတဲ့။ ဘုရားရေ.. မိန်းမတစ်ယောက်ကို အထင်ကြီးကိုးကွယ်တတ်တဲ့လူတစ်ယောက်ကို အဲဒီမိန်းမက ဘာတွေများ ကောင်းချီးပေးလိုက်ရမလဲ။ တစ်စုံတစ်ယောက်ကို ချစ်သူလုပ်ဖို့ဆိုရာမှာ အဲဒီလူကို ကျွန်မကသာလျှင် အထင်ကြီး လေးစားဖို့ လိုအပ်မည်မဟုတ်လား။ ငယ်စဉ်တုန်းကတော့ လူတစ်ဦး တစ်ယောက်ချင်းရဲ့ ရောဂါဝေဒနာကို ကုသဖို့ထက် နိုင်ငံတစ်နီုင်ငံရဲ့ ရောဂါဝေဒနာကို ကုသဖို့က အရေးကြီးပါတယ်။’’ ဟူသော ဆရာဝန် တော်လှန်ရေးသမားလိုလူမျိုးကို အထင်ကြီးခဲ့ဖူးသည်။ ယခုလို အသက်အရွယ်ရလာသည့်အခါမှတော့ တစ်ယောက်ယောက်ကို အထင်ကြီးလေးစားဖို့ သိပ်ခက်ခဲသွားခဲ့ပြီ။ သေတမ်းစာရေးပြီး မှာကြားထားရစ်ခဲ့ဖို့ တစ်ယောက်ယောက်မျှ မကျန်ခဲ့ရင်တော့ သေရမှာ အနည်းငယ်ပျင်းခြောက်ခြောက်နိုင်မှာပဲ။ ဒါပေမယ့် သိပ်လိုအပ်လှတာ မဟုတ်ပါဘူးလေ။
ကျွန်မအနားမှာ စကားသင်ကာစ ချစ်စဖွယ် ကြက်တူရွေးလေးတစ်ကောင်တော့လိုအပ်မည်။ ကြက်တူရွေးကလေးကို ကျွန်မ၏ နာမည်ခေါ်တတ်အောင် သင်ပေးထားရမည်။ သူ့ကို အများကခေါ်သလို ရွှေခဲ ဟုမခေါ်ပဲ ‘‘အေလိန်း’’ ဟုခေါ်ရမည်။ (ကျွန်မသိပ်သဘောကျသော ပြင်သစ်ရုပ်ရှင်မင်းသားနာမည်ကို အေလိန်းဒီလွန်ဟု ကျွန်မ အသံထွက်ပါသည်။) အေလိန်းက ပေါင်မုန့်မှ ကြိုက်တတ်ပါ့မလား။ ကျွန်မ ခုတလောထမင်းမစားပဲ ပေါင်မုန့်နှင့် ကော်ဖီပဲ သောက်နေသည်။ သိပ်စပ်စုတတ်သော ဘော်ဒါဆောင်နေ အမျိုးသမီးတစ်ယောက်က အံ့သြတကြီး ‘‘ထမင်းမစားပဲ နေနိုင်တယ်နော်’’ ဟု ရေရွတ်တုန်းက ‘‘ ပိန်အောင်လို့၊ ကိုယ်အလေးချိန်လျော့အောင်လို့’’ ဟု ဖြေလိုက်ချင်သော်လည်း အလွန်အမင်းပိန်လျသော ကိုယ့်ကိုယ်ကို ပြန်အားနာသဖြင့် ထမင်းမစားချင်လို့ဟု ဖြေလိုက်ဖူးသည်။ အင်းလေ.. ထမင်းစရိတ်ထက် ကော်ဖီနှင့် ပေါင်မုန့်စရိတ်က ပိုမိုသက်သာသည်ဟု ဖြေလို့ မကောင်းဘူး မဟုတ်လား။ နေစမ်းပါဦးလေ။ အေလိန်းကို ဘာစကားတွေ သင်ပေးရမလဲ။ ‘‘ဘယ်သူလဲ’’ ဟူသော စကားနှင့် ‘‘သူခိုး’’ ဟူသောစကားနှစ်ခုဆိုလျှင် လုံလောက်ပြီလား။ ရယ်မောတတ်အောင် သင်ပေးလို့ရလျှင်လည်း အေလိန်း ရယ်မောသံကို နားထောင်ချင်သေးသည်။ လူတွေ ရယ်မောသံလို ခပ်အောက်အောက်အသံမျိုး အေလိန်းမှာ မရှိနိုင်။ အေလိန်းကိုပါထည့်တွက်လျှင် ကျွန်မအခန်းကျဉ်းကလေး တော်တော်ပြည့်စုံသွားလိမ့်မည်။ ခုတင် သေးသေးလေးတစ်ခုသည် ပြတင်းနှင့်ကပ်လျက် အခန်းတစ်ဖက်အစွန်းတွင် ရှိနေမည်။ တစ်နှစ်နေမှ တစ်ခါနှစ်ခါ ကိုင်ဖြစ်သော စိပ်ပုတီးကလေးက ခုတင်ခေါင်းရင်းတွင် ချိပ်လျက်သားရှိနေမည်။ အခန်းသည် ဘက်စွန်းမှာ စားပွဲခင်းမပါသော စားပွဲတစ်လုံး၊ သစ်သားကုလားထိုင်တစ်လုံး၊ စားပွဲပေါ်မှာတော့ ပြင်ပစာအုပ် တစ်အုပ် တလေနှင့် မှတ်စုစာအုပ်ကလွဲပြီး ဘာမျှမရှိ။ ဘာသာရပ်ဆိုင်ရာ စာအုပ်ထူများကို ခုတင်ခြေရင်းက ထင်းရှူး သေတ္တာထဲမှာပဲ ထားလေ့ရှိသည်။ ထင်းရှူးသေတ္တာပေါ်မှာ ရေနွေးဓါတ်ဘူး။ ကော်ဖီဖျော်သည့် မတ်ခွက်၊ နို့ဆီဗူး၊ ကော်ဖီမုန့်ဘူး။ အချိုသောက်ပန်းကန်တစ်စုံနှင့် ပေါင်မုန့် မုန့်ကြွတ်ထည့်သည့် နို့မုန့်ဘူးခွံနှစ်ခု၊ ရေနွေးဂေါက်တစ်ခု၊ သေတ္တာဘေးမှာ သောက်ရေ အိုးငယ်လေး တစ်လုံးရှိသည်။ သေတ္တာနှင့်ကပ်လျက် ခြေရင်းနံရံမှာ ပင့်ကူပိုးမျှင်ရစ်တွယ်နေပြီး ရွဲ့စောင်းနေသော ပန်းချီကား တစ်ချပ် ရှိသည်။ သူ့အောက်မှာ အရောင်ပြယ်လွင့်၍ ဖွာနေသော ၁၉၇၅ ခုနှစ်ထုတ် ပြက္ခဒိန် အဟောင်းတစ်ခုရှိသည်။ ကျွန်မအရင် သည်အခန်းမှာ နေသွားသူသည် ပန်းချီနှစ်သက်သူ ဖြစ်ချင်ဖြစ်မည်။ နံရံမှာ မြေဖြူနှင့် စာရေးဖို့ ၀ါသနာပါသူဖြစ်ချင်ဖြစ်မည်။ ရွဲ့စောင်းနေသော ပန်းချီကားကို ပြန်လည်တည့်မတ်ဖို့ အကြိမ်ကြိမ် စိတ်ကူးဖူးသော်လည်း အရပ်အင်မတန်နိမ့်သော ကျွန်မအဖို့ ကုလားထိုင်ကို ရွှေ့နေရမှာ သေချာ သောကြောင့် သည်အတိုင်းပဲ ထားခဲ့မိသည်။ တစ်ခါတစ်ခါတော့ ရွဲ့စောင်းနေသောအရာတစ်ခုကို ကြည့်ရတာကိုက ပျော်ရွှင်ဖို့ ကောင်း၏။ နံရံတွင် ‘‘ဘ၀ဆိုတာ ရုန်းကန်မှုပဲ’’ ဟု အဓိပ္ပာယ်ရှိသည့် စာကြောင်းတစ်ခုရှိသည်။ သူသည် ကျွန်မနည်းပါး အဆင်မပြေသူ၊ ရုန်းကန်ရသူ ဖြစ်နိုင်ပါသည်။ ‘‘တောင်ထိပ်ကိုမရောက်ခင် တောင်အောက်ကို မကြည့်နဲ့’’ ဟူသော မြန်မာစာကြောင်းတစ်ခုလည်းရှိသည်။ သူသည် တောင်ပေါ်မရောက်ခင် လမ်းတစ်ဝက်မှာ လိမ့်ကျဖူးသူ ဖြစ်ချင်ဖြစ်မည်။ နာမည်နှစ်ခုကိုလည်း နံရံမှာရေးထားသည်။ စိတ်ဝင်စားဖွယ် နာမည်များ မဟုတ်ပါ။ ရုပ်ရှင် မင်းသားနာမည်များလည်း ဖြစ်နိုင်မည်မထင်ပါ။ သူ့ချစ်သူတွေဖြစ်ချင်ဖြစ်နိုင၏။ အေလိန်းရောက်လာလျှင် သူ့လှောင်ချိုင့်ကို ဘယ်မှာ ချိပ်ရပါ့။ စာကြည့်စားပွဲအထက်မှာ ချိတ်ထားလျှင် ကျွန်မ မှတ်စုရေးနေချိန်၌ သူက ငုံ့ကြည့်ပြီး ရယ်မောနေမလား။ ပျင်းရိဖွယ်ရာမိုးပေါက်များ၏ အသံအောက်တွင် ကျဉ်းမြောင်းသော အခန်းကလေးထဲ၌ ဖန်မီးလုံး၏ ၀ါဖျော့ဖျော့အလင်းရောင်၊ ငိုက်မြည်းနေသော ကြက်တူရွေးတစ်ကောင်၊ တဖျတ်ဖျတ် လှုပ်ခတ်လျက်ရှိသော ဇာခန်းဆီးတစ်ခုနှင့် ခုတင်ပေါ်မှာ မလှုပ်မယှက်ထိုင်ငေးနေသော သေးသေး ညှက်ညှက် အမျိုးသမီးတစ်ယောက်..။ သော့ပေါက်မှ ချောင်းကြည့်နေသူတစ်ဦးသည် သည်မြင်ကွင်းမျိုးကို တစ်မိနစ်ထက်ပို၍ကြာအောင် ကြည့်ချင်ပါ့မလား။
ကျွန်မ အကြောင်းကို သူတစ်ပါးအားပြန်လည်ပြောပြလိုသူတစ်ယောက်သည် ‘‘အရပ်အလွန်နိမ့်သော’’ ‘‘စကား အလွန်ရှားပါးသော’’ ‘‘အားမနာတတ်သော’’ ဟူသည့် နာမ ၀ိသေသနများကို အသုံးပြုလိမ့်မည်ထင်သည်။ ထိုစကားများထက် ပြည့်စုံဖို့လိုအပ်သေး၏။ ဂစ်တာတွင် အောက်ဆုံးကသေးမျှင်သော၊ တင်းမာသော၊ စူးရှသော ‘‘တစ်’’ကြိုးသည် ကျွန်မ ဖြစ်၏။ ဖဲကြိုးတပ်ဆံပင်နှင့် ဘယ်တော့မှ ဦးမညွတ်သော ကော်ပတ်ရုပ်ကလေးသည် ကျွန်မ ဖြစ်၏။ ဖုံးကွယ်ထားသော အရာတစ်ခုကို အလွန်အမင်းဖွင့်ကြည့်လိုသော လူအမျိုးအစားထဲတွင် ကျွန်မ မပါဝင်ပါ။ ခိုများကို အစာကျွေးဖို့နှစ်သက်သည်။ သို့သော် ခိုညည်းသံကို အလွန်မုန်း၏။ တစ်ချိန်တုန်းက နှင့်းဆီပန်းများကို ချစ်တတ်ခဲ့သော်လည်း ယခုအချိန်တွင် ပေါများလွန်းသော နှင်းဆီင်္ပန်းတို့ကို မုန်းနေပြီဖြစ်၏။ ကျွန်မသည် ရှားပါးသောအရာကိုသာ ချစ်တတ်သူဖြစ်ပါသည်။ လွဲချိန်ညီညီလှုပ်ရမ်းနေသော နာရီချိန်သီးတစ်ခုကို ငေးမောရင်း လက်ဖက်ရည်သောက်ချင်သူဖြစ်၏။ ဘတ်စ်ကားစီးဖို့ထက် ခြေကျင်လမ်းလျှောက်ဖို့ စိတ်ဝင်စားသူ ဖြစ်၏။ သို့သော် လမ်းလျှောက်ဖို့ထက် အခန်းကျဉ်းကျဉ်းလေးထဲမှာ ထိုင်နေဖို့ ပို၍ ဆန္ဒရှိသည်။ (အမှန်စင်စစ် လမ်းလျှောက်သည့်အခါ ကျွန်မနောက်က အရိပ်တစ်ခု ဖြစ်ပေါ်မနေအောင် မည်သို့ကာကွယ်ရမည်နည်းဟု စဉ်းစားရင်း အခန်းထဲမှာ ထိုင်နေသည့် အကျင့်ကိုရခဲ့သည်။) ကျွန်မ အရိပ်များကို မုန်းတတ်၏။ ကျွန်မ မုန်းသော အရိပ်များသည် ကျွန်မနောက်မှ ရှည်လျားလျားပုံစံ၊ ပုဝိုင်းဝိုင်းပုံစံ၊ စွေစောင်းစောင်းပုံစံဖြင့် လိုက်ပါ လာတတ်သောကြောင့် ဖြစ်ပါသည်။ ကျွန်မသည် ဒူးယားစီးကရက်၏ မီးစွဲလောင်နေသောရနံ့ကို သဘောကျသည်။ မဆုံးဖြတ်ရဲသောကြောင့် ဆုံးရှုံးရခြင်းထက် အဆုံးအဖြတ်မှား၍ ဆုံးရှုံးရခြင်းကို လိုလားသည်ဆိုသော ဇာတ်လိုက် များကို သဘောကျသည်။ တစ်ခုခုကို လိမ်ညာဖို့ စိတ်မ၀င်စားသော်လည်း လျှို့ဝှက်ဖို့ စိတ်ဝင်စားတတ်သည်။ ရင်းနှီးမှုဒဏ်ကို မခံနိုင်သော ယောက်ျားသားများအတွက် ၀မ်းနည်းစကားဆိုဖို့ ၀န်လေးတတ်သူဖြစ်သည်။ ရံဖန်ရံခါတွင် လျစ်လျူရှုတတ်သူ၊ သည်းခံစိတ်ရှည်နိုင်စွမ်းသူ၊ သို့သော် ရံဖန်ရံခါတွင် လက်စား ချေတတ်သူဖြစ်သည်။ ကျွန်မကို နားလည်သည်ဟု ပြောသူသည် အကြီးအကျယ်လိမ်ညာနေခြင်းသာ ဖြစ်လိမ့်မည်။ ကျွန်မသည် တစ်စုံတစ်ယောက်အတွက် ပြဌာန်းစာအုပ် မဟုတ်။ ကျွန်မကို ဖတ်ရှုရန် ဘယ်သူ့မှာမှ အဘိဓါန်မရှိ။ ကျွန်မ၏ အကြီးမားဆုံးသော ချွတ်ယွင်းချက်တစ်ခုမှာ ပျော်ရွှင်နှစ်သိမ့်ဖွယ်ရာ ကာလများထက် နာကြည်းဖွယ်ရာ ကာလများကို ပိုမိုမှတ်မိတတ်ခြင်းဖြစ်သည်။ ရုပ်ရှင်ထဲက လေဆာရောင်ခြည်သေနတ်ကို မကြာခဏ သတိရနေတတ်သည်။ လက်ဖက်ရည်စားပွဲတစ်ခုတွင်လူတစ်ယောက်မျက်နှာကို ဂငယ်ပုံစံ ကွဲသွားအောင် လက်ဖက်ရည် ပန်းကန်ပြားဖြင့် ပေါက်ရိုက်ပစ်ခဲ့သော ပန်းချီဆရာတစ်ဦးကို ကျွန်မ ချီးကျူးပါ၏။ လူဆိုသည်မှာ ကိုယ့် လွတ်လပ်ခွင့်ကို ထိပါး၍ စော်ကားလာလျှင်တော့ လက်တုန့်ပြန်ဖို့ လိုအပ်သည်မဟုတ်ာလား။ ခက်နေသည်မှာ ကျွန်မက သွေးမြင်လျှင် မူးတတ်ခြင်းပင်ဖြစ်သည်။
မိုးသက်လေနှင့်အတူ လွင့်နေသော ပြတင်းခန်းဆီးအောင်မှ ဖြတ်လျက် မာလကာရွက်ခြောက်တစ်ခု ၀ဲလွင့်ကျလာချိန်၌ မာလကာရွက်ခြော်ကလို ခပ်လိမ်လိမ်မျက်နှာတစ်ခုကို ပြန်လည်မြင်ယောင်သွား၏။ အဲဒီ မာလကာရွက်နှင့်တူသောမျက်နှာသည် ကျွန်မအပေါ်မှာ မလိုမုန်းထားစိတ်ဖြင့် အတင်းပြောခဲ့သူ၏ မျက်နှာ ဖြစ်သည်။ သူမျက်မှန်တပ်ထားသည်။ မျက်မှန်တပ်ထားပြီး ဘာမှ မမြင်တတ်သူတစ်ယောက်နှင့် စကားပြိုင်ဆိုင်ပြောဖို့ ကျွန်မစိတ်မ၀င်စားပါ။ လူတစ်ယောက်ကို နောက်မှနေ၍ အလစ်ချောင်းရိုက်တတ်သော သတ္တ၀ါအမျိုးအစားကို လူဟုခေါ်ရမှာ နည်းနည်းစဉ်းစားဖို့ကောင်း၏။ အရည်အချင်းတစ်ခုကို လက်ခံဖို့ ယှဉ်ပြိုင်ကစားပွဲတစ်ခု လိုအပ်မည်ထင်လျှင် ယှဉ်ပြိုင်ဖို့ သဘောတူ့ပါသည်။ အားကစားစိတ်ဓါတ်ဆိုတာ ရှုံးနိမ့်သူများ၏ လက်သုံးစကားပါတဲ့လေ။ ရှုံးသူကို လက်ဖြတ်ကြေး၊ သို့မဟုတ် တစ်သက်လုံး ကျွန်ခံကြေး။ သို့မဟုတ် သတ်သေကြေး၊ ဘယ့်နှယ်လဲ။ လွင့်စင်လာသော မာလကာရွက်ခြောက်ကို လက်ထဲမှာ ဆုပ်ခြေပစ်လိုက်သောအခါ ကြေမွသွားလေသည်။ ထိုအခိုက် ပြတင်း ခန်းဆီးကြားမှ မိုးရေစက်ကို တွေ့ရသည်။ မိုးရွာပြန်ပြီလား။ မိုးရွာနေစဉ် အပြင်ထွက်လမ်းလျှောက်ရခြင်းသည် အင်မတန် စိတ်ဝင်စားဖွယ်ကောင်းသည်။ မိုးစက်မိုးပေါက်များ ကျွန်မထံပြေးဝင်လာပုံကို သဘောကျ၏။ လှိုင်းများ ပြေးလာသလို မိုးဖွဲကလေးများပြေးလာလျှင် အသံတစ်ခု တွဲပါလာတတ်သည်။ နေကောင်းရဲ့လား...တဲ့။ ကျွန်မ သိပ်နှစ်သက်သော နှုတ်ခမ်းပါးတစ်စုံမှ နှုတ်ဆက်လေ့ရှိသော အနည်းငယ်အော၍ တိမ်ချင်သော အသံတစ်ခု ဖြစ်သည်။ အဲဒီလူတစ်ယောက်သည် ကျွန်မထံ စာရေးလျှင်လည်း နေကောင်းရဲ့လားဟု အရင် ရေးတတ်သည်။ သူ့အသံကြားလျှင် လမ်းလျှောက်ရတာ ပို၍ ပျော်စရာကောင်းလာသည်။ အရိပ်ဖြစ်ပေါ်ခြင်းမှ ကင်းလွတ် သောကြောင့်လည်း မိုးရေထဲမှာ လမ်းလျှောက်ခြင်းကို ကျွန်မ နှစ်သက်ပါသည်။ သို့သော် ခုနေလမ်းလျှောက်လျှင် ကျွန်မ မတွေ့ချင်သူများကို လမ်းမှာဖြစ်ဖြစ်တွေ့သွားနိုင်သည်။ ညနေခြောက်နာရီကျော်လျှင် လက်ဖက်ရည် ဆိုင်ထိုင်တတ်သူများ ဖြစ်၏။ မမြင်တာကြာပြီနော်ဟု နှုတ်ဆက်မည့်သူများဖြစ်၏။ ဘယ့်နှယ်လဲ ဖြေနိုင်တယ် မဟုတ်လားဟု နှုတ်ဆက်မည့်သူများဖြစ်၏။ ကျွန်မဆံပင်ထက်မှ ပြုတ်ကျသွားသော စပယ်ကုံးလေးကို နမ်းပါရစေဟု ခွင့်တောင်းခဲ့ဖူးသည့် ခပ်ကြောင်ကြောင်လူတစ်ယောက်နှင့် တွေ့နိုင်သေးသည်။ အဲဒီလူကို ပြုံးပြဖို့ သိပ်ခက်ခဲတာပါပဲ။ သူ့ကိုမြင်လျှင် ကျွန်မမျက်နှာကိုက အလိုလို ရှုံ့တွသွားမည်ထင်သည်။ ကံဆိုးလျှင် ‘‘မိမိ အထက်အရာရှိနှင့် ပတ်သက်သမျှ အောက်ခြေသိမ်းဆောင်ကြဉ်းပေးခြင်းကို ဂါရ၀တရားဖြစ်သည်’’ ဟု ရောထွေးပြောခဲ့ဖူး သူတစ်ယောက်နှင့်ပင် ဆုံနိုင်သည်။ ကျွန်မတွေ့ဖူးသော ပါးစပ်များထဲမှာတော့ သူ့ပါးစပ်သည် အနံဆုံးဖြစ်၏။ သူ့ကိုတွေ့လျှင်တော့ ကျွန်မ ခပ်ဝေးဝေးမှ ခွာ၍ သွားပါသည်။ (အညစ်အကြေးများသည် အသားချင်းထိလျှင်၊ အကျီင်္စချင်းထိလျှင် အခြားတစ်ယောက်ထံ လျင်မြန်စွာ ကူးစက်တတ်ကြောင်း ကျွန်မသိ၏။ တစ်စုံ တစ်ယောက်နှင့် ထိမိတိုင်းထိမိတိုင်း ထိမိသည့်အရေပြားကို ဆပ်ပြာဖြင့် လေးငါးခါ ထပ်ဆေးကြော ပစ်တတ်သော စိတ်ရောဂါ သည်မလေးတစ်ဦးကို ကျွန်မ အများနည်းတူ မရယ်မောခဲ့တာသေချာပါသည်။) ဒါ့ထက် ကံဆိုးလျှင် ကျွန်တော်က ဆင်းရဲသားတွေ၊ တောင်သူတွေအကြောင်းရေးတဲ့ ဘ၀သရုပ်ဖော် ၀ထ္တုမျိုးမှ သဘောကျတာဟု ယောင်တိယောင်ကန်း ပြောတတ်သူတစ်ယောက်နှင့်ပင် တွေ့နိုင်သည်။ ဆင်းရဲတာ တစ်ခုတည်းဟာ ဘ၀မဟုတ်ပါဘူးဟု ကျွန်မက ဆွေးနွေးလျှင်လည်း နားလည်မည့်လူအမျိုးအစားမျိုးမဟုတ်ပါ။ အင်းလေ.. ဘယ်မှ မထွက်တော့ပါဘူး။ စာဖတ်ဖို့အကြွေးတွေ ကျန်သေးသည်။ ခုတင်ပေါ်မှ ကြမ်းပြင်ပေါ်ခြေချလိုက်စဉ်မှာပင် လှေကားမှ တက်လာသော ခပ်ဖွဖွခြေသံတစ်ခု ကြားလိုက်သည်။ ခွာမြင့် ဖိနပ်သံမဟုတ်၊ ယိုးဒယား ဖိနပ်သံမဟုတ်၊ ရာဘာခံ သားရေဖိနပ်သံမျိုးဖြစ်နိုင်သည်။ ယောက်ျား ဖိနပ်သံ ဖြစ်လိမ့်မည်။ ဘယ်လိုပါလိမ့်။ မီးပြင်သမားလာရအောင်ကလည်း မီးပြတ်မနေပါ။ မီတာဖတ်ဖို့ လူတစ်ယောက် ယောက်များလား။နွားနို့ပို့သည့် လူငယ်လေး၏ ဖိနပ်သံလည်း မဟုတ်ပါ။ ညနေခြောက်နာရီ စာပို့သမားလည်း မလာပါဘူးလေ။ ခြေသံသည် ပျဉ်ခင်းကြမ်းပေါ်နင်းလာရင်း ဟိုဘက်က အခန်းများရှိရာသို့ မသွားဘဲ ကျွန်မ အခန်းဘက်သို့ ကွေ့လာသည့်အခါ ကျွန်မ ရုတ်တရက် မတ်တပ်ရပ်လိုက်မိတော့၏။ ခြေသံသည် ရွံ့ရည်ထဲမှ ဖြတ်သန်း လာခဲ့ရသော ဖိနပ်၏အသံမျိုးဖြစ်၏။ စိုစွတ်သည့် ဖိနပ်သံဖြစ်သည်။ တံခါးဖွင့်ပေးလိုက်လျှင် ဘယ်လိုမျက်လုံးမျိုးကို တွေ့ရမလဲ။ ခြေသံသည် အခန်းရှေ့မှာ ရပ်သွား၏။ သို့သော် တံခါးခေါက်သံ ထွက်မလာပါ။ အပြင်ဘက်ကလည်း ငြိမ်သက်နေပြီး ကျွန်မအခန်းထဲမှာလည်း ငြိမ်သက်နေသည်။ သူ သော့ပေါက်မှ ချောင်းကြည့် နေသလား။ ခဏကြာတော့ ခြေသံကို ကြားရပြန်သည်။ ပြန်လှည့်ထွက်သွားသော ခြေသံဖြစ်လေသည်။ ကျွန်မသည် နေရာမှာ မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။ တံခါးဖွင့်ပေးလိုက်ဖို့ ကောင်းသည်လားဟု စဉ်းစားမိသော်လည်း သူ့ခြေသံလှေကားဆီမရောက်မီပင် ကျွန်မ ခုတင်ပေါ်ပြန်ထိုင်လိုက်ပါသည်။
ကျွန်မ ငယ်ငယ်တုန်းက မိုးရေထဲတွင် စက္ကူလှေကလေးတစ်ခုလုပ်ပြီး ရေထဲချလွှတ်လိုက်စဉ် ရေမြောင်းထဲမှာ မျောပါနေသော အသီးခြောက်ကလေးတစ်ခုကို မြင်၍ အကြာကြီး ရပ်ကြည့်နေ လိုက်ဖူးသည်။ လှမ်းဆယ် ယူကြည့်ဖို့ စိတ်မ၀င်စားခဲ့ပါ။ အခုလည်း ကျွန်မ ရေထဲမှာ တလိမ့်လိမ့်မျောပါနေခြင်းမဟုတ်ဟု ဘယ်သူ ငြင်းနိုင်မလဲလေ။
Ref: http://www.planet.com.mm/forums/topic.cfm?forum_id=86&Topic_ID=17976&page=3

YouTube ကို ၀င်ကြည့်ကြသူ တစ်နေ့ သန်းတရာကျော်


"YouTube" ဟု အမည်ရတဲ့ အင်တာနက် ပေါ်တွင် ဗွီဒီယိုဖိုင်များ ၀င်ရောက် ကြည့်ရှုနိုင်သော ၀က်ဗ်ဆိုက်ကို တစ်နေ့လျှင် လာရောက် ကြည့်ရှုကြသူပေါင်း သန်းတစ်ရာကျော် ရှိကြောင်း ဖော်ပြထားပါသည်။ စာရင်းဇယားများကို စောင့်ကြည့်ပေးနေသော Hitwise ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံ၏ ၂၉% ရှိသော မာလ်တီမီဒီယာ ဈေးကွက်ကို ဗီဒီယိုဖိုင်များ ဒေါင်းလုပ် ရယူနိုင်သည့် အဆိုပါ YouTube က ဦးဆောင်နေကြောင်း ဖော်ပြထားပါသည်။ အဆိုပါ ၀က်ဗ်ဆိုက်တွင် ခပ်တိုတိုဖြစ်သော၊ ကိုယ်တိုင်ဖန်တီးထားသော၊ ဟာသဖြစ်သော ဗွီဒီယိုများကို ဦးစားပေး ဖော်ပြထားသည်။ သို့သော် ထုတ်လွှင့် ဖြန့်ချီရေးကို အဓိက လုပ်ဆောင်နေ ကြသူများ ထံမှ တရားမ၀င် ကူးယူထားသည့် ပြကွက်ငယ် အများအပြားကိုလည်း တွေ့နိုင်ပါသည်။ ပြီးခဲ့သည့်လက YouTube တွင် ဗွီဒီယိုဖိုင်များ ၀င်ရောက်ကြည့်ရှုသူပေါင်း ၂.၅ ဘီလီလျံ ရှိလေသည်။
More Detail: http://news.bbc.co.uk/2/hi/technology/5186618.stm
Ref: http://www.planet.com.mm/daily/number.cfm?id=438



Thursday, July 27, 2006

ထိချင်ကြသလား


Saudi Prince Waleed's 38th CAR
ကား Body တစ်ခုလုံးကို စိန်စီထားတဲ့ ဒေါ်လာ ၄.ဂ မီလီယံတန် ကား။ ထိကြည့်ချင်ယင် 1000US$။

Wednesday, July 26, 2006

အမေ့အိမ်(ထူးအိမ်သင်)


လောကရဲ့လမ်းများပေါ် လျှောက်သွားရင်းနဲ့ မောပန်းနွမ်းနယ်... နှလုံးသားက လွမ်းဆွတ်လို့ တမ်းတမိခဲ့ အမေ့ရဲ့အိမ်ကို... အေးမြတဲ့ အမေ့ရဲ့ မေတ္တာရိပ်နဲ့ ဝေးခဲ့သူမို့...ဟို့...အို..ဟို... တစ်ခါတစ်လေ ပြန်လည်တွေး...ရင်မှာပိုကြေကွဲ...ခြောက်သွေ့တဲ့ အိမ့်မက်ရှည်တွေကြားထဲမှာ အရိပ်တစ်ခု လွင့်ပြယ်... ရက်စက်တဲ့ နေ့ရက်များ တိုက်ခိုက်ကြလို့ အားနည်းနေပြီဆို... တင်းထားတဲ့ စိတ်ဓါတ်များ...ပြိုကွဲသွားမလား စိုးရိမ်လို့...ဟို့...အို...ရင်မှာ ဒဏ်ရာများနဲ့ နာကျင်နေပြီပဲ...အိမ်ပြန်ချင်တယ်...ဟူး...ဟူ... အငြိမ်းချမ်းဆုံး အမေ့အိမ်....

အပြာရောင်ည(မျိုးကြီး)


အပြုံးနဲ့မှေးစက်တော့ ချစ်သူရေ...ထပ်ပြီးတော့မဝေးတော့ဘူး...ငြိမ်းချမ်းလှပတဲ့ ကိုယ့်အချစ်များစွာယူ...အလွမ်းများကြောင့်ကျခဲ့တဲ့မျက်ရည်တွေ...ဒီအချိန်မှာ တိတ်လိုက်တော့...မျှော်လင့်ခဲ့ရတဲ့ အချစ်ညလေး... အတူတူရောက်ရှိခဲ့ပေါ့... "အပြာရောင်အချစ်ည...မင်းလှမ်းကြည့်လိုက်စမ်း...မိုးကောင်းကင်ထက် များတဲ့ တို့အချစ်များ... ကြယ်စင်အားလုံးထက် လင်းတဲ့ လင်းတဲ့တို့အချစ်များ... အပြာရောင်အချစ်ည ကမ္ဘာမှာ..." သီချင်းလေးနဲ့ချော့သိပ်ချင်တယ်... ဒီရင်မှာအိပ်စက်တော့....ပျောက်ဆုံးမသွားတော့မဲ့ အချစ်ညလေး... ထာဝရ သိမ်းထားလိုက်တော့... သိမ်းထားလိုက်တော့...

ဣတ္ထိနြေ္ဒ၊ ပုရိနြေ္ဒ


ဗုဒ္ဓဟောကြားခဲ့တဲ့ ပဌာန်းတရားတော် ထဲမှာ  ဣန္ဒြိယ ပစ္စည်း (ဣန္ဒြိယပစ္စယော) ဆိုတာရှိပါတယ်။ အဲဒါနဲ့ ဆက်စပ်လို့ ဣတ္ထိနြေ္ဒ၊ ပုရိနြေ္ဒ လို့ခေါ်တဲ့ မိန်းမစိတ်-အစိုးရနေခြင်း၊ ယောကျာင်္းစိတ်-အစိုးရနေခြင်း၊ ဆိုတာရှိပါတယ်။ အင်္ဂလိပ်လို ဆိုရင်တော့ Estrogen နှင့် Testosterone ဟော်မုန်းဓါတ်တွေ ဖြစ်မှာပေါ့။ ၄င်း ဣတ္ထိနြေ္ဒ၊ ပုရိနြေ္ဒ တွေဟာ လူတွေမှာ သဘာဝအလျောက် အလိုလို ကိန်းအောင်းလျှက်ရှိနေပါတယ်။ "မိန်းမများက အများစု ရာခိုင်နှုံး ကိုးဆယ့်ကိုးလောက်က မိန်းမလိုပဲ ကြီးကြီးကျယ်ကျယ် မိန်းမလိုပဲထင်ထင်ရှားရှား မိန်းမလိုပဲ လှလှပပ ဖြစ်ချင်ရုံတင်မကဘူး ၊ အလှအပပြင်တဲ့နေရာမှာရယ်၊ ခံစားတဲ့နေရာမှာရယ်၊ မိန်းမလိုပဲ ခံစားချင်တယ်၊ စိတ်ရှိတယ်၊ ဒါ ကာမတဏှာ၊ မိန်းမအတွက် ဣတ္ထိယ ကာမတဏှာ။ ယောကျာင်္းများကလည်း ရာခိုင်နှုံး ကိုးဆယ်ကိုးက ယောကျာင်္းလိုပဲ  ကြီးကြီးကျယ်ကျယ် ဖြစ်ချင်တယ်၊ ယောကျာင်္းလိုပဲ အာရုံခံစားချင်တယ်၊ ယောကျာင်္းလိုပဲ လှချင်တယ်၊ ယောကျာင်္းလိုပဲ ၀တ်ချင်စားချင်တယ်၊ ဒါတွေဟာ ပုရိသကာမတဏှာ။အဲဒီစိတ်တွေအရင်းခံပြီးတော့ ကာမာဝစရ ကံ တွေပြုကြတော့၊ ဒီကာမတဏှာ အရင်းခံ နေတာဖြစ်တော့ ဒီကံက ဘယ်လိုအကျိုးပေးရမလဲ၊ ယောကျာင်္းဖြစ်မည့်သူကို ယောကျာင်္းလို ပုရိသဘာဝရုပ်ကိုပဲ အကျိုးပေးရပါတယ်။ မိန်းမဖြစ်မည့်သူကို ဣတိယဘာဝရုပ်ကိုပဲ အကျိုးပေးပါတယ်။ ဒီတော့ကာ မိန်းမဟာ တသံသရာလုံး မိန်းမ မိန်းမ မိန်းမ၊ ယောကျာင်္းကလဲ တသံသရာလုံး ယောကျာင်္း ယောကျာင်္း ယောကျာင်္း။ (အနှောက်အယှက်မရှိယင်...အနှောက်အယှက်မရှိယင်)"

အခြေပြုပဌာန်းတရားတော်မှ

ချစ်ခြင်း၏အနုပညာ (ဂျူး)


သစ်ပင်တစ်ပင်ကို ချစ်တတ်ရင် လူတစ်ယောက်ကို ချစ်တတ်ဖို့ မခဲယဉ်းပါဘူး၊ အခုအရွယ်ကြီး ကျမှ အချစ်ဆိုတာ ဘာလဲလို့ မင်းကို ရှင်းပြရင် မင်းက ငါစိတ်ဖောက်ပြန် သွားပြီ ထင်ဦးမယ်။ တကယ်တော့ အချစ်ဆိုတာ ခံစားမှု စိတ်သက်သက် မဟုတ်ဘူး၊ အကဲခတ်တတ်မှု ပါတယ်၊ နားလည်မှု ပါတယ်၊ ပြုစုပျိုးထောင်မှု ပါတယ်။ ကိုယ် ဒီသစ်ပင်တွေကို အမျိုးအစား အများကြီး စိုက်လာခဲ့တာ နဲ့အမျှ တစ်ခုချင်းစီရဲ့ ကွဲပြားခြားနားတဲ့ လိုအပ်မှု၊ ဖြစ်ပေါ်မှု အခြေအနေ အားလုံးကို ကိုယ်သိတယ်။ သူတို့အတွက် ကိုယ်ဘာလုပ် ပေးရမယ်ဆိုတာ ကိုယ်သိလာတယ်။ ကိုယ့်စိတ်ရဲ့ လိုအင်ဆန္ဒဆိုတာ ကိုယ်မေ့ထားနိုင်ပြီး သစ်ပင်တွေရဲ့ လိုအပ်ချက်ကို အမြဲစောင့်ကြည့် ဖြည့်ဆည်း ပေးတတ်တဲ့လူ ဖြစ်လာတယ်။ ဘယ်သစ်ပင်က ဘယ်ရာသီမှာ ဘယ်လို အနေအထား ပြောင်းတတ်တယ်၊ ဘယ်သစ်ပင်က လေဒဏ်ကို ကြောက်တယ်၊ ဘယ်သစ်ပင် အမြစ်က မိုးပေါက်ဒဏ်ကို ကြောက်တယ်.. ဒါတွေကို ကိုယ်နားလည်လာတယ်။ သူတို့လိုအပ်မယ့် နှစ်သက်မယ့် အနေအထားကို ကိုယ်အကဲခတ်ပြီး ပြုပြင် လိုက်လျောပေးတယ်။ ဒီမြို့ပေါ်က ပန်းခြံတွေထဲမှာ ကိုယ့်ဆီက အပင်တွေ ဘာကြောင့် ထူးထူးခြားခြား သန်စွမ်း လှပနေရသလဲ ဆိုတဲ့ အဖြေက အဲဒါပဲ ”
သစ်ပင်တွေရဲ့ အရိပ်အကဲကို သိတဲ့ ကိုယ်ဟာ မင်းအရိပ်အကဲကို ဘာကြောင့် မသိရမှာလဲ၊ မင်းဘာလိုချင်တယ်၊ ဘာဖြစ်စေချင်တယ် ဆိုတာ ကိုယ်အားလုံး သိတယ်၊ အချစ်ဆိုတာ မင်းထင်သလို ခံစားမှု သက်သက် မဟုတ်ဘူး၊ အတတ်ပညာ တစ်ခုပဲ၊ သစ်ပင်စိုက်သလို ပြုစုပျိုးထောင်သလို ဘေးကနေ အရိပ်အကဲ ကြည့်ပြီး ပြုပြင် လိုက်လျောပေးရတဲ့ အတတ်ပညာ တစ်ခုပဲ၊ မင်းကတော့ ထင်မှာပေါ့၊ ....

Ref: http://nyilynnseck.blogspot.com/

Monday, July 24, 2006

Ctrl+Shift နှိပ်ရုံဖြင့် English ကနေ မြန်မာ၊ မြန်မာ ကနေ English ချက်ခြင်းပြောင်းလို့ရတယ်။ Task bar ပေါ်မှာ Keyboard ပုံလေးပေါ်လာမယ်။ Ctrl+Shift မနှိပ်ပဲနဲ့ Mouse နဲ့လဲ English မြန်မာ ရွေးလို့ရပါတယ်။ ဒီလိုနဲ့ English မြန်မာ အရောရိုက်တဲ့ အခါ တအားမြန်သွားတာပေါ့။


Google မှာ မြန်မာလိုရှာ လို့ရသွားမယ်။ Google ကလဲ Result တွေကိုလဲ မြန်မာလိုပြပေးလိမ့်မယ်။


Screen မှာ Icon တွေ Folder name တွေ ကို မြန်မာလိုပေးလို့ ရသွားတယ်။ ရုတ်တရက်ကြည့်ရင် မြန်မာဝင်းဒိုးပေါ့ဗျာ။


Download: http://gtalkmyanmar.mandalayalpha.com/index.html
Getting Start: http://gtalkmyanmar.mandalayalpha.com/start.html
How to use?: http://gtalkmyanmar.mandalayalpha.com/using.html

Saturday, July 22, 2006

ကန့်ကူလက်လည့်

ဒီစာအုပ်လေး ဖတ်မိပြီး ဟိုးငယ်ငယ်လေးတုံးက ဆရာတွေ ဆရာမတွေကို တော်တော် သတိရပါတယ်... စာသင်တာမဟုတ်၊ စိတ်သင်တာ ဆိုတာကို သဘောကျလွန်းလို့ပါ... ဒီမှာ နဲနဲဖတ်ကြည့်ကြပါ။

ဆရာ ကိုဥာဏ်စိန်အလုပ်စပါပြီ။ သင်ပုန်းပေါ်တွင် လိမ္မော်သီးလောက် ၀လုံး တစ်ခုကို ၀ိုင်းစက်နေအောင် ရေးလိုက်ပါသည်။ ထို ၀လုံးပေါ်တွင် အညှာလေးတစ်ချက်တင်လိုက်သည်။ "ကဲ..ဟောဒီမှာ ဆီးသီးတစ်လုံး ဘယ်သူ အလျင်စားမလဲ" ကျွန်တော်စားမယ်၊ ကျွန်မစားမယ် ဟူသော အသံများညံသွားပါသည်။ "ဟုတ်ပြီ မင်းကအငယ်ဆုံးမို့ မင်းကို အလျင်ကျွေးမယ်...ရော့ စားစမ်း" ဟုပြောပြီး သင်ပုန်းပေါ်က ဆီးသီးရုပ်ကို လက်နှင့်ယူချင်ယောင်ဆောင်ကာ ခပ်ငယ်ငယ်ကလေးတစ်ယောက်ကို လှမ်းပစ်ပေးလိုက်ပါသည်။ ထိုကလေးက ဆီးသီးကို ဖမ်းယူလေဟန်ုဆောင်ပြီး "မြွမ် မြွမ်" နှင့် စားချင်ယောင်ဆောင်လိုက်ပါသည်။ တစ်တန်းလုံးတ၀ါးဝါးနှင့် ရယ်ကြပါသည်။ "ကျွန်တော်လည်းစားဦးမယ်" "ကျွန်မကိုလည်းပေးပါဦး" စသောအလုအယက် တောင်းဆိုသံများမှာ ဆူနေပါသည်။ ကိုဥာဏ်စိန်က ဆီးသီးတွေကို ရေးလိုက်၊ ပစ်ပေးလိုက်၊ တမြွမ်မြွမ်နှင့် စားလိုက်ကြနှင့် တကယ့်ပျော်စရာကြီးပါပဲ။ "ချိုရဲ့လားဟေ့"..."ချိုတယ်ဆရာ" "ကဲ...ဟိုအကောင်လည်း အငိုတွေကုန်သွားပြီ မင်းလည်းတစ်လုံးစားလိုက်အုံး" ကိုဥာဏ်စိန်က ဆီးသီးတစ်လုံးကိုကောက်ရေးလိုက်ပြီး ဟိုချာတိတ်ကို လှမ်းပစ်ပေးလိုက်ယောင်ပြုလိုက်ပါသည်။ ချာတိတ်က ကြောင်တောင်တောင် ဖြစ်နေသေးသဖြင့် ဘာမှမလုပ်ပါ။ "သူကမစားချင်ဘူးတဲ့၊ မင်းကယူစားလိုက်စမ်းကွာ" ဟု ဘေးက ကလေးတစ်ယောက်ကို ပြောလိုက်တော့ ထိုကလေးလည်း အလွယ်တကူပင် ကောက်စားချင်ယောင်ဆောင်လိုက်ပါသည်။ သင်ပုန်းပေါ်တွင် ဆီးသီးတွေ ပြည့်နေပါပြီ။ သင်ပုန်းကို ဖျက်လိုက်ပါသည်။ ဆီးသီးအသစ်တစ်လုံး ကို ရေးလိုက်ပါသည်။ ၀ိုင်းဝိုင်းစက်စက် မဟုတ်ပါ၊ ဘဲဥပုံလိုလို ရှည်မျောမျော ဖြစ်ပါသည်။ "ဒီဆီးသီးက မ၀ိုင်းဘူးကွ၊ အချဉ်မျိုးကွ ရော့ စားကြည့်စမ်း မချဉ်ဘူးလား" ကလေးတစ်ယောက်ကို လှမ်းပေးလိုက်တော့ စားချင်ယောင်ဆောင်၊ ရှုံ့မဲ့ပြီးမှ... "ချဉ်တယ်ဆရာ" ဆိုတော့ အားလုံးကသဘောကျပြီး ရယ်ကြပါသည်။ ထိုသို့ ဆီးသီး ပိန်ပိန် ရှုံ့ရှုံ့တွေ၊ ရှည်ရှည်တွေရေးပြီးပစ်ပေးလျှင် ကလေးတွေက ချဉ်တယ်ဆရာ ဟုပြောကြပါသည်။  ၀ိုင်းဝိုင်းစက်စက် ဆီးသီးကို ရေးပေးလျှင် ချိုတယ်ဟုပြောကြပါသည်။....နောက်တစ်နေ့ ကျွန်တော်ရောက်သွားတော့ သင်ခန်းစာ နောက်တစ်ဆင့် တက်သွားသည်ကို တွေ့ရပြန်ပါသည်။ "ဒီနေ့တော့ မင်းတို့က ဆီးသီးရောင်းကြ၊ ငါဝယ်မယ်၊ ဆီးသီးတစ်လုံးကို တစ်မတ်ပေးမယ်၊ ဒါပေမယ့် ဆီးသီးအချဉ်တွေကို မ၀ယ်ဘူး"။ ၀လုံးကို ၀ိုင်းဝိုင်းရေးတတ်အောင် လေ့ကျင့်နေပြီ ဖြစ်ကြောင်း ကျွန်တော်သဘောပေါက်လိုက်ပါပြီ။ "နောက်ပြီး ဟောဒီလို ဟောဒီလိုရေးတဲ့ ဆီးသီးတွေကို မ၀ယ်ဘူး။ အဲဒီ ဆီးသီးမျိုးတွေက အပုပ်တွေ" သူက သင်ပုန်းပေါ်တွင် လက်ဝဲရစ်ရေးပြ လိုက်ပါသည်။ ထိုမျှမကသေး "ဒီလိုရေးရမယ်" ဟုကလေးများကို ကျောခိုင်းပြီးလျှင် လက်ကို လက်ယာရစ်ပြီး အထပ်ထပ်ဝှေ့ပြပါသည်။ "ဘယ်လို ဘယ်လို ရေးမလဲ" "ဒီလိုဒီလိုရေးမယ်"... ဆီးသီးငါးလုံးစီရေးပြီးတော့ တစ်ယောက်စီလာပြီးပြကြပါသည်။ ကိုဥာဏ်စိန်က ဆီးသီးတွေကိုကြည့်ပြီး ဟိုအလုံးကပိန်တယ်၊ ဒီအလုံးက မ၀ိုင်းဘူး။ နောက်ကို အဲဒီလောက်ချဉ်ရင် မ၀ယ်ဘူး၊ ဒီတစ်ခါတော့ ၀ယ်လိုက်မယ်စသည်ဖြင့် ပြောပြီး မြေဖြူဖြင့် အမှန်ခြစ်ပေးလိုက်ပါသည်။ ကလေးတွေက ၀မ်းသာအားရ ပြန်သွားကြပါသည်။ အငိုသန်သော ချာတိတ်ကလည်း ဆီးသီးငါးလုံးရေးပြီး ရောက်လာပါသည်။ ကိုဥာဏ်စိန်က သူ့သင်ပုန်းကို ယူကြည့်ပြီး... "အံမယ်...ဒီကောင်က လူကငိုပေမယ့် ဆီးသီးကတော့ အချိုသားပဲ၊ ဘယ်ဆိုးလို့လဲကွ" ဟု ချီးမွမ်းပြီး အမှတ်ပေးလိုက်ပါသည်။... ကလေးအားလုံးမှာလည်း သူ့ထက်ငါ အလုအယက် ဆီးသီးလာရောင်းနေကြပါသည်။ ဟိုချာတိတ်က မကြာခဏ လာပြီးပြပြနေပြီဖြစ်သောကြောင့်..."အံမာ ဒီကောင့် ဆီးပင်က တယ်သီးလိုက်ပါလားဟ ချိုလည်းချိုတယ်ဟေ့"... ချာတိတ် ကျောင်းပျော် သွားပါလေပြီ။

ကန့်ကူလက်လည့် (အောင်သင်း)

တို့ဘိုးဘွားတွေ ဘောင်းဘီ ၀တ်တယ်။ ဘောင်းဘီ ၀တ်ခဲ့တာ အနှစ် ၄၀၀၀ ဆိုရင် လုံချည်ဝတ်တာ အနှစ် ၆၀၀ လောက်ပဲရှိသေးတယ်။ ဘောင်းဘီ ၀တ်တာ ရိုးရာ၊ လုံချည်ဝတ်တာ ကုလား (Tamil) စရိုက်၊ ရှပ် ၀တ်တာ ဥရောပ စရိုက် ဒီလောက်တော့ သိထားသင့်တယ်။
ဒေါက်တာ သန်းထွန်း ရဲ့ "ငါပြောချင်သမျှ ငါ့အကြောင်း" စာအုပ်မှ ...

Friday, July 21, 2006

Seattle သို့မဟုတ် San Francisco မှာ Browser ထဲကနေကားမောင်းကြည့်ချင်ရင်

Microsoft Live  has released a technical preview that demonstrates the power of Microsoft Virtual Earth - "demonstrates our work-in-progress thinking about a rich immersive experience in mapping that also explores local information". You can easily scroll through the streets of Seattle or San Francisco with what I consider more than a human eye view. The images are rendered as if you are actually driving or standing on the street, Unfortunately it's only available in those two cities (city centers). It's a preview, so don't expect too much from it and currently it can not be integrated into our web pages, so we won't be seeing any mash-ups. Using your keyboard and/or mouse to navigate the maps is awesome, select from multiple views such as race car, sports car or walking. It completely dominates road, aerial  and hybrid maps and it doesn't get any better - well so far! You never say never with technology, I'm still waiting on real-time.

Thursday, July 20, 2006

The Lexus and The Olive Tree

ခောတ်သစ် Big Idea လေးတွေဖတ်ချင်ရင်တော့ ဒီစာအုပ်ကလေးက တော်တော် မိုက်ပါတယ်။ Thomas L. Friedman ရေးတဲ့ Lexus Car ကား နှင့် သံလွင်ပင် ဖြစ်ပါတယ်။ Globalization ကိုနားလည်လက်ခံကြဖို့ လိုကြောင်း။ ကမ္ဘာတ၀ှမ်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူတစ်ယောက်ချင်းစီ၏ ပါရာဒိုင်းများ (paradigm) ပြောင်းလဲလာပုံ။ ငွေကြေးဘီလီယံပေါင်းများစွာဟာ တစ်နိုင်ငံမှ တစ်နိုင်ငံ သို့ Mouse ကလေးများကို Click နေခြင်းဖြင့်ကူပြောင်းနေကြပုံ တွေကိုရေးထားတာပါ။ ကမ္ဘာ့တစ်ဘက်ခြမ်းတွင် ဂျပန်နိုင်ငံ သည် အဆင့်မြင့် Robotics စက်ရုပ်များတွင်တွင်သုံးကာ Lexus ကားများပြုလုပ်နေချိန်တွင်၊ အခြားဘက်ခြမ်း ဂျေရုဆလင် တွင် ထွက်ထွက်သမျှ၏ နယ်ပယ်တစ်ခုလုံးသည် ဒီသံလွင်ပင်တွေ ဘယ်သူတွေပိုင်ဆိုင်နေသလဲ ဆိုသည့်အပေါ်မှာ အရာခပ်သိမ်းတို့မှီတည်းနေရတယ်။ Lexus Car ကား က Modernized ဖြစ်တာကို လက်ခံသွားခြင်း၊ နည်းပညာ ၏ အောင်ပွဲခံယူခြင်း ကို ကိုယ်စားပြုတယ်။ သံလွင်ပင် သဘောကတော့ အရာရာ လူသာလျှင်အဓိက မူဝါဒကို ကိုယ်စားပြုတယ်။ အရာရာတိုင်းရဲ့ အနှစ်ဟာ လူတစ်ယောက်ကို တိုင်းပြည်တစ်ပြည်ရဲ့ အစိတ်အပိုင်းတစ်ခု၊ သို့မဟုတ် မိသားစုကြီးတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် ခံစားရစေတယ်။ ဒါကြောင့် ဒီနေ့ကမ္ဘာမှာ ကျနော်တို့တွေ Lexus ကားနှင့် သံလွင်ပင် တို့ကြားမှာ အပြန်အလှန်လှုပ်ရှားမှုကို သဘောကိုသိအောင် မိမိရရဆုပ်ကိုင်ဖို့ လိုအပ်လာတယ်။ လူသားတွေရဲ့ဆန္ဒ အလျှောက် ရုပ်ဝတ္တုတွေကြီးစိုးလာတဲ့ Lexus Car နဲ့  တစ်ဦးချင်း နှင့် ဘုံလူမှုအဖွဲ့အစည်း တွင် ရှေးရိုးစွဲအတိုင်း ဆက်လက်စွဲကိုင်ထားတဲ့သဘောဖြစ်တဲ့ သံလွင်ပင်(Olive Tree) တို့ရဲ့ ကွာခြားမှုသဘောကို ဆုပ်ကိုင်မိဖို့လိုအပ်ပါတယ်။

Fergie can play Dong after December

Sir Alex Ferguson has revealed Dong Fangzhou will qualify for a European passport in December - freeing him up to start training at Manchester United. Dong signed for the Red Devils two-and-a-half-years ago.... 'Dong qualifies for his European passport in December and that is good news for us,' said Ferguson...

Ref: http://soccernet.espn.go.com/news/story?id=374088&cc=3888

Wednesday, July 19, 2006

၅၉ ကြိမ်မြောက် အာဇာနည်နေ့

General Aung San
(February 13, 1915 – July 19, 1947)

http://en.wikipedia.org/wiki/Aung_San
ဒီလို
အာဇာနည်နေ့ဆိုရင် ၀မ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် ဥသြဆွဲသံတွေ၊
သေနတ်ဖောက်သံတွေ၊ ကြားရတတ်ပါတယ်။ ၀မ်းနည်းခြင်းအထိမ်းအမှတ်ဖြင့်
မိနစ်အနည်းငယ် ငြိမ်သက် ကြပါတယ်။ ရေဒီယိုကဆို အာဇာနည်နေ့သီချင်း လာတယ်။
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေလာတယ်။ ကျနော်တို့ ကလေးတုံးက...

"ငါတို့ မြန်မာ့ခေါင်းဆောင်တွေဟာ ရုပ်ရည်ကပင် အားကိုးလောက်စရာ။ ပညာကလည်းတတ်။ ထက်ထက်မြက်မြက်။ ငယ်တုန်းရွယ်တုန်း တက်ကြွတုန်း။  မျိုးချစ်စိတ်အပြည့်။ ခံယူချက်အပြည့်။ တိုင်းပြည်ကောင်းစားစေချင်စိတ် အပြည့်။
သြော်….ဟိုးတုန်းကများ ပြောပါတယ်……."
(ဒဂုန်တာရာ၏ "ဖျပ်ကနဲ တွေ့ ရသော ရုပ်ပုံလွှာ ကားချပ်များ" ငြိမ်းချမ်းရဲ့မှတ်စုမှတ်ရာ)

MATURITY

We do not grow absolutely, chronologically. We grow sometimes in one dimension, and not in another; unevenly. We grow partially. We are relative. We are mature in one realm, childish in another. The past, present, and future mingle and pull us backward, forward, or fix us in the present. We are made up of layers, cells, constellations.
Anais Nin (1903 - 1977)
US (French-born) author & diarist

ကျနော်တို့တွေဟာ ပြီးပြည့်စုံစွာ တဆင့်ပြီးတစ်ဆင့် ဆက်ကာဆက်ကာ ရင့်ကျက်လာကြခြင်းမျိုး မဟုတ်။ တစ်ခါတရံမှာဆိုရင် ကဏ္ဍ တစ်ခုမှာ ရင့်ကျက်နေတတ်တယ်။ အခြားတစ်ဘက်ဘက်မှာ ချွင်းချက်များ ရှိရှိနေတတ်သေးတယ်။ တစ်ချို့ကဏ္ဍတွေမှာ လူကြီးအလွန်ဆန်တယ်။ အင်မတန်ရင့်ကျက်တယ်။ ဒါပေမယ့်လို့ တစ်ချို့ကဏ္ဍတွေမှာ ကလေးဆန်သလိုဖြစ်နေတတ်ပြန်ရော။ တစ်ကန့်စီ တစ်ကန့်စီသာ ရင့်ကျက်နိုင်ကြတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် တွေပေါင်းစပ်ပြီး ဆုတ်ယုတ်ခြင်း၊ တိုးတက်ခြင်း၊ တည်ခြင်း တွေဖြစ်နေတယ်။ ဒီခန္ဒာကိုယ်ကြီးဆိုတာကလည်း  အလွှာတွေ အထပ်ထပ်၊ ဆဲလ်တွေအထပ်ထပ်၊ ရုပ်ကလာပ်တွေနဲ့ စုရုံးထားတာကိုး။
အနေး(စ်)နင် ၁၉၀၃-၁၉၇၇
(ပြင်သစ်ပြည်ဖွား အမေရိကန် စာရေးဆရာ)

ဗေဒါ

တကယ်တော့ ကျနော်တို့ ဘ၀ဟာလည်း ဆရာဇော်ဂျီရဲ့ ဗေဒါကဗျာ လိုပါပဲ။ လောကဓံ တရားတွေရဲ့ ရိုက်ခတ်မှုတွေ၊ တိုက်ခိုက်ထိုးနှက်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ (ဆင်းရဲလိုက်၊ ချမ်းသာလိုက်၊ အခြွေအရံ ပေါများလိုက်၊ အထီးကျန်ဆန်သွားလိုက်၊ ကံဆိုးလိုက်၊ ကံကောင်းလိုက်၊ ငွေလှိုင်နေ သည့်အခါတွေလည်းရှိ၊ ငွေလိုသဖြင့် မာနကိုနှိမ်ချပြီး ချေးရငှားရတဲ့အခါတွေလည်းရှိ၊ လူရာသွင်းသည့်အခါလည်းရှိ၊ ချောင်ထိုးခံ ရသည့် အခါတွေလည်း မနည်း)။  ဒါပေမယ့်လေ...ဘာပဲဖြစ်ဖြစ် ကဗျာထဲက ဗေဒါပင်လေး လိုပါပဲ ရောက်တဲ့နေရာမှာပျော်... ဘယ်လိုပဲဖြစ်ဖြစ် အလိုက်သင့်နေထိုင်ရင်း... အစဉ် ပန်းပန်လျှက်ပါ...

ညိုပြာပြာ လတာပြင်ခြေရင်း၊
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလည်း မသက်သာ၊
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ၊
အဆင်းနဲ့ အလာ၊ ဗေဒါမအထွေး၊
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လည်း မသက်သာ၊
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ၊
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ၊
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လည်း မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ(တည်း)။
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။

တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ၁၉၆၀

စိတ်ကောင်းရှိဖို့က ပထမ

ဒီ ဆရာတော်ဘုရားကြီးရဲ့မူ ကို ဖတ်မိတိုင်း ဖတ်မိတိုင်း ဆရာတော်ကြီးကို မဖူးမြင်ဘူးသော်လည်း ဆရာတော်ကြီးရဲ ဥာဏ်ကြီးမှုကို ကြည်ညိုလွန်းလို့။ မိမိကိုယ်တိုင်လည်း ဘ၀မှာ ဘာကိုဦးစားပေးရမလဲ ဆိုတာမျိုး ဆုံးဖြတ်တိုင်း ဆုံးဖြတ်တိုင်း ဒီဆောင်ပုဒ်ကို စိတ်ထဲမှာအမြဲလိုလို အမှတ်ရတတ်တယ်။


စိတ်ကောင်းရှိဖို့က ပထမ
ဝိနည်းလေးစားဖို့က ဒုတိယ
ကျန်းမာဖို့က တတိယ
သန့်ရှင်းဖို့က စတုတ္ထ
အ၀တ်အစားဝတ်တတ်ဖို့က ပဉ္စမ
အနေအထိုင်တတ်ဖို့က ဆဌမ
အပြောအဆိုတတ်ဖို့က သတ္တမ
အသွားအလာတတ်ဖို့က အဌမ
စည်းကမ်းလိုက်နာဖို့က န၀မ
စာတတ်ဖို့က ဒသမ


စိတ်ဆိုးစိတ်ယုတ်ရှိသူများသည် ဒါနပင် ဆောက်တည်ဆောက်တည်၊ ဘာဝနာကမဌာန်းပင် စီးဖြန်းစီးဖြန်း၊ မည်သည့် ကုသိုလ်အလုပ်ကိုလုပ်စေကာမူ ထိုအလုပ်တွင် ရိုးသားဖြူစင်သည်ဟု မမှတ်ယူထိုက်၊ စိတ်ရင်းမကောင်းသူများ၏ ကုသိုလ်ကံ အကျိုးပေးများသည် ကောင်းကောင်းမွန်မွန်စင်စင်ကြယ်ကြယ်မရှိ၊ လောက၌ မိမိစိတ်ကိုဖြူစင်အောင်ထားရေသည် အလွန်ပင်အရေးကြီး၏၊ မိမိစိတ်ကိုသန့်စင်အောင်ပြုလုပ်ပါက သဒ္ဒါထူး၊ ပညာထူးသည် ပေါ်ပေါက်၏။ သူတော်စင်ဘ၀သို့ရောက်၏။


အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ

အခက်အခဲဆိုတာ

တစ်ခါတုန်းက တရုတ်ပြည်မှာ ဂျုံစိုက်တဲ့ လယ်သမားတစ်ယောက်ဟာ တန်ခိုးရှင်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ အမှတ်မထင်တွေ့ဆုံပြီး မိတ်ဆွေဖြစ်သွားတယ်။ အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင် ကို အပြစ်တင်တယ်။ ခင်ဗျားတို့တန်ခိုးရှင်ဟာ တန်ခိုးတော့ရှိချင်ရှိမယ်။ ဂျုံတော့မစိုက်တတ်ဘူးထင်တယ်။
တကယ်လို့များ ခင်ဗျားရဲ့တန်ခိုးနဲ့ ကျုပ်ကို ဂျုံစိုက်တဲ့ အလုပ်ကို ကူညီမယ်ဆိုရင် အများကြီးအကျိုးရှိမယ် လို့ပြောလိုက်တယ်။ အဲဒီအခါမှာ တန်ခိုးရှင်က ကူညီပါမယ်၊ ဘာတွေကူညီရမလဲ လို့ပြောလိုက်တယ်။ အဲဒီတော့ လယ်သမားက တန်ခိုးရှင်ကို သူ့ဘေးဂျုံကွင်းဘေးက တဲကလေးထဲမှာ တစ်နှစ်လုံး
ခေါ်ထားလိုက်တယ်၊ မိုးလေးနည်းနည်းရွာတာနဲ့ ကဲ တန်ခိုးရှင် မိုးရွာရင် ဂျုံခင်းတွေ ပျက်ကုန်မယ်၊ မရွာအောင်လုပ်လိုက် လို့ပြောလိုက်တယ်။ တန်ခိုးရှင်ကလည်း လုပ်ပေးတယ်။ လေတွေတိုက်လာရင်လည်း ဂျုံပင်တွေ တအားလှုပ်ရမ်းကုန်မယ်၊ လေမတိုက်အောင်လုပ်ပေးပါ လို့ပြောလိုက်ပြန်တယ်။
တန်ခိုးရှင်ကလည်း သူပြောတဲ့အတိုင်း လေမတိုက်အောင် တားပစ်လိုက်တယ်။ မိုးကြိုးတွေပစ်ရင်လည်း အဲဒီအသံတွေဟာ အသီးတွေကို ဆုတ်ယုတ်စေတယ်၊ ဆိုပြီးတားခိုင်းတယ်။ နေသိပ်ပူရင်လည်း  ဂျုံပင်တွေညှိုးကုန်မယ် ဆိုပြီး  မိုးအုံ့ခိုင်းတယ်။ ရေလိုတဲ့အခါမှာတော့ ရေရအောင် လုပ်ခိုင်းတယ်။ ဂျုံခင်းထဲကို စာကလေးတွေလာရင်လည်း မလာအောင်လုပ်ခိုင်းတယ်။ တန်ခိုးရှင်ကလည်း အကုန်လုပ်ပေးတယ်။ အဲဒီတော့ ဂျုံပင်တွေဟာ အတော်ကိုဖြစ်ထွန်းတယ်။ အပင်ကြီးတွေကလည်း အမြင့်ကြီးတက်တယ်။ အဲဒီအခါမှာလယ်သမားက တန်ခိုးရှင်ကို ကဲမြင်ပြီမို့လား၊ ကျုပ်ရဲ့ဂျုံခင်းကြီးကို  ခင်ဗျားရဲ့ တန်ခိုးနဲ့ ရာသီဥတုအနှောက်အယှက်တွေ ကင်းအောင်လုပ်လိုက်တဲ့အခါမှာ အပင်ကြီးတွေကို ကြည့်စမ်း၊ ဘယ်လောက်ဖွံ့ဖြိုးသလဲ လို့အားရ၀မ်းသာပြောရှာတယ်။ ဒါပေမဲ့ရိတ်သိမ်းတဲ့ အခါမှာကျတော့ ဂျုံသီးတွေထဲမှာ အဆံမပါ ဟောင်းလောင်းကြီးဖြစ်နေတယ်။  ဂျုံဆိုလို့ လုံးဝကိုမရတော့ဘူး။ အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို ဘယ်လိုဖြစ်တာလဲလို့ အထိတ်တလန့်နဲ့ မေးလိုက်တယ်။ အဲဒီအခါမှာ တန်ခိုးရှင်က ဒီလိုငါ့လူရဲ့ မိုးတွေတစ်အားရွာတာတို့ လေတွေတိုက်တာတို့ နေတွေပူတာတို့ မိုးကြိုးပစ်တာတို့  မိုးခြိမ်းတာတို့ စာကလေးတွေ လာစားတာတို့ဟာ ဗြုန်းကနဲ ကြည့်ရင် ဂျုံခင်းကို အနှောက်အယှက်ပေးတယ်လို့ထင်ရမှာပဲ။ ဒါပေမယ့် တကယ်က နှောက်ယှက် တာမဟုတ်ဘူး။ ချဲလင့် Challenge လုပ်တာ၊ စိန်ခေါ်တာ၊ အဲဒီစိန်ခေါ်မှု ခြိမ်းခြောက်မှုတွေဟာ မြေကြီးထဲက သြဇာဓာတ်တွေကို ဂျုံစေ့ထဲရောက်အောင် လုပ်ပေးနေတာ။ ဂျုံပင်တွေဟာ အဲဒီစိန်ခေါ်မှု ခြိမ်းခြောက်မှု တွေကိုရုန်းကန်ရင်းနဲ့ အနှံတွေပြည့်ဝ ရလာစေတာ။ အဲဒီ အံတုမှုတွေ မရှိပဲ ငြိမ်ငြိမ်လေးနေလိုက်တဲ့ အခါမှာ သူဟာလေဖြတ်တဲ့ လူတစ်ယောက်လို ဖြစ်သွားတာ၊ အားကုန်သွားတာ၊ ခွန်အားတွေယုတ်လျော့သွားတာ၊ ဒါကြောင့်ဂျုံစေ့တွေမှာ အဆံတွေမပါတော့တာ။ လောကကြီမှာ အဖြူရယ် အမဲရယ် ရှိတယ်ဆိုပါစို့။ အဖြူဟာကောင်းတယ် အမည်းဟာမကောင်းဘူးလို့ ဆိုပါစို့ရဲ့။ မြေဖြူခဲနဲ့စာရေးမယ့် ကိစ္စမျိုးမှာ သင်ပုန်းအမည်းမှ ဖြစ်မယ်နော်။ နံရံအဖြူမှာ မြေဖြူခဲနဲ့ စာရေးလို့မရဘူး။ စာလည်းထင်မှာမဟုတ်ဘူး။  မြေဖြူခဲ အဖြူတောင့်ကို သင်ပုန်းအမည်းက ချဲလင့်လုပ်နေတာ၊ ဒါကြောင့် စာတွေထင်နေတာ။ သူလိုပဲလိုက်ပြီးဖြူလိုက်တဲ့ နံရံအဖြူဟာ ချဲလင့် မရှိဘူးလေ။  ဒါကြောင့် ဘာမှမထင်ဘူး၊ လို့ပြောပြီး တန်ခိုးရှင်က လယ်သမားကို နှုတ်ဆက်ပြီး ထွက်သွားတယ် မောင်အောင်ထွန်းရေ၊ အခုလည်း ကိုယ်လူရဲ့ ခြံကြီးမှာ မပြည့်စုံဘူးဆိုတာက ကိုယ့်လူကို ချဲလင့်လုပ်နေတာ၊ ဆန့်ကျင်ဘက်သဘောနဲ့ အကျိုးပြုနေတာ။ ဆန့်ကျင်ဘက်ဆိုတာ ပြီးပြည့်စုံခြင်းကို ကူညီတဲ့ တန်ခိုးရှင်တစ်မျိုးဖြစ်တယ် ကိုယ့်လူ။ ဆန့်ကျင်ဘက်တွေ့တိုင်း ငါ့ကိုကူညီဖို့ရောက်လာပြီ ဆိုပြီး အရိုအသေပေးတတ်အောင် လေ့ကျင့်ထားစမ်းပါ။ အဲဒီလိုမလုပ်တတ်ဘဲ ဆန့်ကျင်ဘက်တွေ့တိုင်း စိတ်အနှောက်အယှက် ဖြစ်မယ်ဆိုရင် ကိုယ့်လူရူးသွားလိမ့်မယ်.....

မနောမယကိုပီတာ (မင်းသိင်္ခ)

ဝိပဿနာ ရှုနည်းများ

ဝိပဿနာ ရှုနည်းများ ကို ယခင်ကဖတ်ရှုဖူးပါတယ်။ တကြိမ်ဖတ်ရတိုင်းတကြိမ်ဖတ်ရတိုင်း အသိတစ်မျိုး နဲ့တစ်မျိုး မတူပါဘူး။ အခု planet.com.mm မှာဖတ်ရပြန်တော့  တစ်မျိုးကောင်းပြန်ပါတယ်။ ဖတ်ရတိုင်း ဖတ်ရတိုင်း  သဒ္ဓါ တွေတက်တက် လာတတ်ပါတယ်။ မိတ်ဆွေများကိုလဲ ဖတ်ပြီး ကုသိုလ်စိတ်တွေ ဆက်ကာဆက်ကာဖြစ်စေချင်ပါတယ်။

ဝေဘူဆရာတော်ဘုရားကြီး၏ ၀ိပဿနာ ရှုနည်း။


နှာဖျား နှာဝ မှာ ထွက်လေ ၀င်လေသည် အမြဲတိုက်ဝင် တိုက်ထွက်နေသည်။ နှာဖျား နှာဝ မှာ ကာယ ပသာဒ ခေါ် ရုပ်အကြည်ဓါတ်က အထိခံနေသည်။ ၀င်လေ ထွက်လေက ထိလာခြင်း ဖြစ်သည်။ ထိုအထိခံနှင့် ထိတာသည် ရုပ်ချည်းဖြစ်ပြီး ထိတာကို သိတာက နာမ်ဖြစ်သည်။ ကိုယ့်နှာဝ ကို ဥာဏ်ဖြင့် စောင့်ကြည့်ရမည်။ ထိဝင် ထိထွက်တာကို သိနေစေရမည်။ သိအောင် မှတ်နေရမည်။ ထိုသို့ ထိတာကို သိလျှင် လောဘ ဒေါသ မောဟ ဖြစ်ခွင့် မရသဖြင့် ငြိမ်း နေသည်။ ၀ိပဿနာ ဟူသည်ပစ္စုပ္ပန် (ဖြစ်ဆဲ) ကိုသာ ရှု မှတ်ရသည်။ နှာဝ ကို ၀င်လေ ထွက်လေ မထိခင်မှတ်ရွေ့လည်းမဖြစ်၊ သိရွေ့လည်းမဖြစ်၊ ထိပြီးနောက်မှ မှတ်ရွေ့ သိရွေ့ မဖြစ်။ ၀င်လေ ထွက်လေ သိဆဲ ကိုသာ "ထိတယ်" ဟု သိနေအောင် မှတ်ရသည်။ ထိတာကို သိနေလျှင် ရုပ်နှင့် နာမ်သာ ရှိကြောင်း၊ ငါ သူတပါး ယောက်ျား မိန်းမ မရှိကြောင်း သူတပါးကို မေးနေဖွယ်မလို၊ မိမိဘာသာ သိလာလိမ့်မည်။ ထိတာကို သိနေလျှင် ဥာဏ်အမြင် စင်ကြယ်ပြီး သမ္ပာ ဒိဌိ (အမြင်မှန်)ဖြစ်နိုင်သည်။ တိုသို့ ထိတာကို သိနေလျှင် ရုပ် နှင့် နာမ် ကွဲပြားမှု ကိုပါ ဥာဏ်ဖြင့် သိလာတတ်သည်။ ထိုသို့ သိသော ဥာဏ် ကို နာမရူပ ပရိစ္ဆေဒ (ရုပ်နှင့် နာမ်ကို ခွဲခြားသိမှု)ဥာဏ် ဟုခေါ်သည်။ နှာဖျား နှာဝ မှာ ထိလိုက် ပျောက်လိုက် တရိပ်ရိပ် ဖြစ်ပျက်နေပုံကို ရှုမှတ် သိမြင်နေရမည်။ ထိုသို့ သိမြင်နေတာ ကြာလာလျှင် ၀ိပဿနာသမာဓိ တစထက်တစ တိုးတက်ပြီး နှာဖျား နှာဝ မှာသာမက တစ်ကိုယ်လုံးမှာတရိပ် ရိပ် တရွရွ ဖြစ်ပျက်နေတာကိုတွေ့ ရပေလိမ့်မည်။ ပါးစပ်က မဆိုရပေ။ ၀ိပဿနာ အလုပ်ဟူသည် ထိမှု ကို ကြည့် ရှု သိမှတ်နေရုံသာ ဖြစ်သည်။ ထိုသို့ ရှုမှတ်နေလျှင် တစ်နေ့ထက်တစ်နေ့ တိုးတိုးပြီး အလိုလို သိလာမည်ဖြစ်သည်။ ထိုသို့ဖြင့် တရိပ်ရိပ် ဖြစ်ပေါ်သော ထိမှု သိမှု တို့ကို ရှုမှတ်နေရင်းပင် မဂ်ဥာဏ် ဖိုလ်ဥာဏ် တို့ ဆိုက်ရောက်လာမည်ဖြစ်သည်။ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရပြီးနောက် ဖလ သမာပတ် ကို ၀င်စားလျှင် မိမိလာခဲ့သည့် ၀ိပဿနာ လမ်းကို ပြန်ကြည့်ရသည်။ ဖလသမာပတ် ဟူသည် ကိုယ်ပိုင်အိမ်နှင့် တူပေသည်။သို့ဖြစ်ရွေ့ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရရှိရန် ထိမှု သိမှုကို လုံ့လ၀ီရိယ ဖြင့် ကြည့် ရှုမှတ်သားနေကြရမည်။

မူလမင်းကွန်းဇေတ၀န်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာ ရှုနည်း။

“ထိုင်တယ်၊ အိပ်တယ်၊ သွားတယ်၊ စားတယ”် ဟု ရှု မှတ်ရသောနည်းသည် ကာယာနုပဿနာ (ရုပ်အပေါင်းကို အဖန်ဖန် ရှု မှတ်မှု) ဖြစ်သည်။ သွားသည့်အခါ “ကြွတယ် လှမ်းတယ် ချတယ်” ဟု မှတ်ရသည်။ သွားစဉ်မှာ အာရုံ တစ်ခုခု ကိုမြင်လျှင်” မြင်တယ် မြင်တယ”် ၊ကြားလျှင် “ ကြားတယ် ကြားတယ် “နံလျှင် “နံတယ် နံတယ်” ဟု မှတ်ရသည်။ ထမင်းစားလျှင် “စားတယ် စားတယ် “ဟု မှတ်ရသည်။ မှတ်ကျင့် ရလာသည့်အခါ ထို့ထက် အမှတ်စိပ်ပြီး မှတ်ရမည်။ စားရန် ဇွန်းကို ကိုင်လျှင”် ကိုင်တယ် ကိုင်တယ် “ ဟင်းကိုခပ်လျှင် “ခပ်တယ် ခပ်တယ် “ ယူလာလျှင် “ယူတယ် ယူတယ် “ စသည်ဖြင့် အမူအရာတိုင်း ကို မှတ်ရမည်။ အားထုတ်စမှ ဆယ်ရက် လောက်အထိ ဟိုသည် အာရုံများပြီး ထင်သလောက် မရှုမှတ်နိုင်၊သမာဓိ မရနိုင်ဖြစ်တတ်သည်။ ကောင်းမကောင်း မည်သည့် အာရုံကို မြင်မြင် “ မြင်တယ် မြင်တယ် “ ဟု မှတ်ရမည်။ မှတ်ဖန်များလျှင် မြင်သောအာရုံများသည် “ မြင် သိ ပျက် “ မြင် သိ ပျက် “နှင့် ပြောင်းလဲ ဖြစ်ပျက်သွားတတ်သည်။ ထိုအခါ မြင်သည့် အဆင်းက ရုပ် သိတာက နာမ်ဟု ရုပ်နှင့် နာမ် ကိုခွဲခြားသိမြင်လာတတ်သည်။ ရှုမှတ်သည့် အခါ တစ်ခု ခုကို သိအောင် မိအောင် ရှုမှတ်ရမည်။ ထိုသို့ မရှုမှတ်လျှင် တိုက်ဆိုင်ထိတွေ့မှု (ဖဿ)ကြောင့် ခံစားမှု(ဝေဒနာ) ဖြစ်ပြီး ခံစားမှု(ဝေဒနာ)ကြောင့် နှစ်သက်မှု(တဏှာ)၊ စွဲလမ်းမှု (ဥပါဒါန်)စသည့် အကုသိုလ် တရားများ ဖြစ်ပွါးလာတတ်သည်။
ထို့ကြောင့် တစ်ခု နှင့် တစ်ခု၊ တစ်သဘောနှင့် တစ်သဘော ပြောင်းလဲ ရွေ့ ဖြစ်ပျက်နေပုံကို ဥာဏ်ဖြင့် မြင်အောင် ရှု မှတ်ရမည်။ တရား သဘောအတိုင်း ပြောင်းလဲဖြစ်ပျက်ပုံကို တွေ့လျှင် တဏှာ မဖြစ်၊တဏှာ ချုပ်လျှင် နောက် ဘ၀ပေါင်း အသင်္ချေ ဆက်ဖြစ်နေဦးမည့် ဥပါဒါန် ကံများလည်း ချုပ်ကြတော့သည်သာ။ ထိုအခါ ကောင်းသည့် အာရုံ တွေ့လည်း တဏှာ မဖြစ်၊ မကောင်းသည့် အာရုံ တွေ့လည်း ဒေါသ မဖြစ်၊ ကောင်း မကောင်း အာရုံတွေ့လည်း မောဟ မဖြစ်တော့ ချေ။ ထိုမျှသာမက မြင်တာကို “ မြင်တယ် မြင်တယ် “ ဟု ရှု မှတ်ရာတွင် တစ်မှတ် တစ်မှတ် နှိုက် မဂ္ဂင်(နိဗ္ဗာန်ဝင်ရာ လမ်း) ရှစ်ပါး ဖြစ်နိုင်သည်။ ရုပ် နာမ် တို့ ၏ ဖြစ်ပျက် ပုံ ကိုအမှန်သိမြင်ခြင်းသည် သမ္မာဒိဌိ (မှန်စွာ မြင်မှု)မဂ္ဂင်၊ ဖြစ်ပျက် အပေါ် စိတ်ကို တင်ထားလိုက်ခြင်းသည် သမ္မာ သင်္ကပ္ပ(မှန်စွာ ကြံမှု)မဂ္ဂင် ဖြစ်သည်။ ဒီနှစ်ပါးသည် ပညာမဂ္ဂင်တည်း။ ရှုမှတ်သော အာရုံမှာ စိတ်တည်ကြည်သွားခြင်းသည် သမ္မာသမာဓိ (မှန်စွာ တည်ကြည်မှု)မဂ္ဂင်၊ စိတ်မလွင့်သွားရအောင် ဆွဲဆောင်ထားခြင်းသည် သမ္မာဝါယာမ (မှန်စွာ အားထုတ်မှု)မဂ္ဂင်၊ ရှု မှတ်ရွေ့ ရခြင်း သိနေခြင်းသည် သမ္မာ သတိ( မှန်စွာ သိမှတ်မှု) မဂ္ဂင် ဖြစ်သည်။ ဒီမဂ္ဂင် သုံးပါးသည် သမာဓိ မဂ္ဂင် ဖြစ်သည်။ ထိုသို့ မှတ်နေသည့် အခိုက် မကောင်းသော ၀စီကံ ဒုစရိုက်ကို မကျူးလွန်ခြင်းသည် သမ္မာဝါစာ (မှန်စွာပြောဆိုခြင်း) မဂ္ဂင်ဖြစ်သည်။ မကောင်းသော ကာယ ဒုစရိုက်ကို မကျူးလွန်ခြင်းသည် သမ္မာ ကမ္မန္တ(မှန်စွာ ပြုမှု)မဂ္ဂင် ဖြစ်သည်။ တရားရှု မှတ်နေစဉ် အသက်မွေးမှု ဆိုင်ရာ ကာယကံ၊ ၀စီကံ ဒုစရိုက်များကို မကျူးလွန်ခြင်းသည် သမ္မာ အာဇီဝ(မှန်ကန်စွာအသက်မွေးမှု)မဂ္ဂင်ဖြစ်သည်။ ဒီသုံးပါး ကို သီလမဂ္ဂင် ဟု ခေါ်သည်။ ထို့ကြောင့် ရှု မှတ်သည့် အမှတ်တိုင်း အမှတ်တိုင်းမှာပင် မဂ္ဂင် ရှစ်ပါး ပါဝင်သည်ဟု ဆိုရခြင်းဖြစ်သည်။ ထိုသို့ ရှုမှတ်နေစဉ် မြင်သည့်အဆင်းက ရုပ်၊ မြင်တာက ရုပ်၊သိတာက နာမ်ဟု အမြင်ကွဲပြားသိခြင်းသည် နာမရူပပရိစ္ဆေဒ (နာမ်နှင့် ရုပ်ကို ခွဲခြားသိမြင်မှု)ဥာဏ် ဖြစ်သည်။ မျက်စိအကြည်၊ အဆင်းရုပ်၊ အလင်းရောင်၊ နှလုံးသွင်းတို့ကြောင့် မြင်သိစိတ် (စက္ခုဝိညာဉ် စိတ်) ဖြစ်ရသည်ဟု အကြောင်းအကျိုးကို သိမြင်ခြင်း ပစ္စယပရိဂ္ဂဟ ဥာဏ် ဖြစ်ပေါ်ပြီးနောက် ပျက်ပျက်သွားရွေ့ အနိစ္စ၊ မပျက်စီးအောင် အောင့်အည်းမရဘဲ ပျက်ပျက်သွား ရွေ့ ဒုက္ခ၊ ထိုသို့ ပျက်ပျက်နေ ရွေ့ ကိုယ့်အလို မကျသဖြင့် အနတ္တ ဟူရွေ့ သိမြင်ခြင်းသည် သမ္မသနဥာဏ်၊ ဤသို့စသည်ဖြင့် ဥာဏ်စဉ်များ အဆင့်ဆင့် တက်ပြီး မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြစ်ကာ နိဗ္ဗာန် ကိုမျက်မှောက်ပြုနိုင်ကြပါသည်။ အထူးအားဖြင့် မည်သည့် ၀ိပဿနာ ဆရာတော်၏နည်းပင်ဖြစ်စေ သမာဓိရအောင် ပထမ အားထုတ်ရသည်။ သတိခိုင်လျှင် သမာဓိ ပိုင်သည်။ သမာဓိပိုင်လျှင် ၀ိပဿနာ နိုင်ပါသည်။ ၀ိပဿနာ နိုင်လျှင် ၀ိဇ္ဖာ ခေါ် အလင်းဓာတ်ပေါ်လာမည် ဖြစ်ပါသည်။

တောင်ပုလု ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်း။

ယောဂီသည် ထိုင်တာကို “ထိုင်တယ”် ဟုသိလျှင် ၀ိဇ္ဇာ (အသိပညာ) ဖြစ်၏။ မသိလျှင် အ၀ိဇ္ဇာ (မသိမှုမောဟ) ဖြစ်၏။ ရပ်တာ သွားတ အိပ်တာ စသည် တို့ကိုသိလျှင် ၀ိဇ္ဇာ ဖြစ်၏။ မသိလျှင် အ၀ိဇ္ဇာ ဖြစ်၏။ စားတာကို “စားတယ်” သောက်တာ ကို “သောက်တယ် “ စသည်ရှုမှတ်ပြီး သိလျှင် ၀ိဇ္ဇာ ဖြစ်၏။ မသိလျှင် မ၀ိဇ္ဇာ ဖြစ်၏။ ထို့အတူ ကျင်ကြီးကျင်ငယ် စွန့်တာကို “ စွန့်တယ် စွန့်တယ် “ ဟု မှတ်ပြီး သိလျှင် ၀ိဇ္ဇာ မသိလျှင် အ၀ိဇ္ဇာ ဖြစ်သည်။ ထိုနည်းတူ ပြုပြုသမျှ အမူအရာအားလုံး ကိုသိအောင် မှတ်ရမည်။ ဤ ၌ “အ၀ိဇ္ဇာ၊ မသိတာ၊ မောဟ” စကားလုံးတို့၏ အဓိပ္ပါယ် အတူတူ ဖြစ်သည်။ “၀ိဇ္ဇာ၊ သိတာ၊ အမောဟ” ဟူသောစကားလုံးတို့၏ အဓိပ္ပါယ်လည်း အတူတူပင်ဖြစ်သည်။ အ၀ိဇ္ဇာဖြစ်လျှင် သင်္ခါရ( အကျိုးဆက်ကို ဆက်လက် ဖြစ်စေတတ်သော ကုသိုလ် အကုသိုလ်ကံ)စသည်တို့ ဆက်ဖြစ်သဖြင့် သံသရာ ရှည်မည်။ ၀ိဇ္ဇာဖြစ်လျှင်ကား အ၀ိဇ္ဇာ ချုပ်၏။ အ၀ိဇ္ဇာ ချုပ်လျှင် သင်္ခါရစသော တရားတို့ ချုပ်ပြတ် ကာ သံသရာ ရပ်တော့သည်။ ထို့ကြောင့် ၀ိဇ္ဇာ ဖြစ်အောင် မြင်တာ ကြားတာ နံတာ စားတာ စသော အာရုံများ ကိုတွေ့ကြုံတိုင်း တွေ့ကြုံတိုင်း မြင်ကာမျှစသည် သိအောင် ရှုမှတ်ရမည်။ အခြားအခြားသော စကားပြောတာ၊ ဆိတ်ဆိတ်နေတာ၊ရှူတာ၊ ရှိုက်တာ၊ပိန်တာ၊ဖောင်းတာ၊ဒေါသဖြစ်တာ၊နှမြောတာ စသည်ဖြင့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ ဖြစ်ဖြစ်သမျှကို သိအောင်အမြဲမပြတ် ရှုမှတ်နေရမည်။ ထိုသို့ ရှုမှတ်နိုင်မှသာ သံသရာပြတ်ကြောင်း ၀ိဇ္ဇာဖြစ်၍ မရှု မှတ်နိုင်ပါက သံသရာလည်ကြောင်း အ၀ိဇ္ဇာ ချည်းဖြစ်နေလိမ့်မည်။ နာမ်ရုပ်ကို အမှန်ထင်မြင်လျှင် ပုထုဇဉ် ဖြစ်သော်လည်း ရဟန္တာ လိုချမ်းသာစွာနေနိုင်သည်။ သို့သော် ပုထုဇဉ်ဖြစ်၍ တဒင်္ဂ(တခဏမျှ) သာနေနိုင်ခြင်းဖြစ်သည်။ ထိုသို့ နာမ်ရုပ်ကို အမှန်မြင်လျှင် မိစ္ဆာ ဒိဋ္ဌိ(၆၂)ပါးလည်း မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် နာမ်ရုပ်ကို အမှန်အတိုင်း ပိုင်းခြားသိသော ပုဂ္ဂိုလ်သည် သက္ကာယ ဒိဋ္ဌိ(ငါအစွဲအမြင်) ကို ပယ်စွန့်နိုင် ၍ဥာဏ်အမြင်စင်ကြယ်ခြင်း ဖြစ်သည်။ ထို့ကြောင့် မြင် ကြား နဲ့ စား ထိ သိ အာရုံများနှင့်တကွ ဈေးရောင်း ဈေးဝယ် လယ်လုပ် ယာလုပ် စသောမည်သည့်ကိစ္စ ပြုပြု ပြုသမျှကို သတိမလစ်စေဘဲ စွဲစွဲမြဲမြဲ ရှုမှတ်သင့်ကြပါသည်။


အနာဂါမ် ဆရာသက်ကြီး၏ ၀ိပဿနာ ရှုနည်း

ရှေးဦးစွာ ဘုရား တရား သံဃာ ဆရာ မိဘ နှင့် ပြစ်မှားမိသူများကို ကန်တော့ရမည်။ ယင်းနောက် သီလ တစ်မျိုးမျိုးကိုဆောက်တည်ပြီး သတ္တ၀ါများကို မေတ္တာပို့ရမည်။ မေတ္တာ ပို့ပြီးလျှင် ဆင်းတုတော် မြတ်စွာဘုရားထံမှာ ကမ္မဋ္ဌာန်းကိုပေးသနားရန် တောင်းပန်ပြီး ကြာကြာထိုင်နိုင်သည့် နည်းဖြင့်ထိုင်ရမည်။ ယောဂီသည် သမာဓိ ထူထောင်ရန် သမထ ကို ရှေးဦးစွာ ကျင့်ရမည်။ထွက်သက် ၀င်သက်ကို ပကတိ အတိုင်းရှူ၍ နှာသီးဖျားမှာ ထားရမည်။ နှာသီးဖျားကို ထွက်လေ ၀င်လေ တိုးတိုင်းသိသိ နေအောင် သတိထား ရှုမှတ်ရမည်။ ငါ အပါယ်တံခါး ပိတ်လိမ့်မည် ဟူသောယုံကြည်ချက်ဖြင့် ထက်ထက်သန်သန် ရှုမှတ်နေရမည်။ ညောင်းအားကြီးလျှင် နေရာ ပြင်နိုင်သည်။ ရှုမှတ်ဖန်များလျှင် နိမိတ် တစ်ခုခု မြင်လာတတ်၏။ နှာသီးဖျားကို တိုးသော ထွက်လေ ၀င်လေ ကို သိအောင် ရှုမှတ်ဖန်များသောအခါ ထွက်လေ ၀င်လေသည် လေမြောင်းကြီးပမာ ဖြစ်ပေါ်ဟန် ထင်မြင်လာတတ်သည်။ ထွက်လေသည် နှာသီးဝ အပြင်သို့ တစ်ထွာ တစ်တောင် ရှည်ထွက်သွားပုံ၊ ၀င်လေသည် ချက်ထိအောင်ရောက်သွားပုံတို့ကို ထင်မြင်တတ်သည်။ နှာသီးဝမှာ ထွက်လေ ၀င်လေသည် မီးခိုးဖြူလို တစ်ခါ တစ်ခါ အဖြူခိုးနှင့် ရောလျက် ရွှေ မှုန့် ငွေ မှုန့်လို တစ်ခါ တစ်ခါ ပုလဲလုံးလေးလို အချို့ယောဂီများ ထင်မြင်တတ်ကြသည်။သမာဓိရင့်လာရင် ပုလဲလုံးလေးများအရောင်တောက်လာပြီး ထိုအရောင်ဖြင့် ၀မ်းထဲရှိ အရာများကိုပင်မြင်တတ်သည်။ အခြားအာရုံနိမိတ်များကိုလည်း မြင်တတ်သည်။ ထိုနိမိတ်တစ်ခုခု ပျောက်သွားလျှင် နှာသီးဝက ထွက်လေ ၀င်လေ ပြန်မှတ်ရမည်။ ထိုထင်လာသော နိမိတ်များကိုမူ နှစ်သက်ကျေနပ်မနေရပေ။ နိမိတ်ကို နှစ်သက်ကျေနပ်ပြီး မိမိကိုယ်ကို အထင်ကြီးနေလျှင် ကမ္မဋ္ဌာန်း အလုပ်ကို အနှောင့်အယှက်ဖြစ်တတ်သည်။ ထိုသို့တွေ့သော နိမိတ်အမျိုးမျိုးကို ဥဂ္ဂဟ နိမိတ်(ကြွတက်လာသောအာရုံ) ဟုခေါ်သည်။ ထိုနိမိတ်များမှ ထင်ရှားသော ဂုံညင်းခန့် ဥသျှစ်သီးခန့် နိမိတ် တစ်လုံးလုံးကို နှာသီးဖျားနှင့် တစ်တောင်ခန့်နေရာမှာ မြင်အောင် မျက်စိမှိတ်လျက် အာနာပါန ကိုရှု၊ ထိုနိမိတ်လုံးသည် အစတွင် မိမိထားလိုသော နေရာမှာ ရောက်လာသလိုလို ပျောက်သွားသလိုလိုထင်တတ်သည်။ ကြာသောအခါ မပျောက်တော့ဘဲ မျက်စိဖွင့်ကြည့်လျှင်ပင် မြင်နေတတ်၏။ သို့ရာတွင် မျက်စိမှတ်၍ စိတ်ဖြင့်မြင်အောင်ကြည့််ရသည်။ ကြည့်ဖန်များလျှင်သမာဓိ ခိုင်မြဲပြီး နိမိတ်လုံးသည် နေလအရောင်ထက်ပင် လင်းထိန် အေးမြ လာတတ်သည်။ ထို နိမိတ်သည် မိမိ ရှေ့မှာ တည်ငြိမ်နေလိမ့်မည်။ ထိုနိမိတ်ကို ပဋိဘာဂ နိမိတ်(သမထ ရှုရာတွင် နောက်ဆုံးထင်သော အာရုံ) ဟု ခေါ်သည်။ ထို ပဋိဘာဂ နိမိတ်ကို ကြည့် ရှုနေလျှင် ကြာလေ ထင်ရှားလေ၊ငြိမ်သက်အေးချမ်းလေ ဖြစ်ပြီး ပီတိ(နှစ်သက်မှု) ဖြစ်လာလိမ့်မည်။ ပီတိ ဖြစ်လျှင် သုခ (ချမ်းသာမှု)ဖြစ်၏။ ထိုသို့ သုခဖြစ်လျှင် ဧကဂ္ဂတာ(ခိုင်မြဲတည်တံ့မှု)ဖြစ်သည်။ ထိုအခါ ထိုပဋိဘာဂနိမိတ်အာရုံ ကိုမြင်သည်မှတပါး အခြားဘာကိုမျှ မမြင်တော့ပေ။ သို့ဖြစ်၍ ဈာန်အင်္ဂါ ငါးပါး(၀ိတက်.၀ိစာရ.ပီတိ.သုခ. ဧကဂ္ဂတာ)ပြည့်စုံပြီး ပထမဈာန်ဇောကျလေသည်။ ထိုပဋိဘာဂ နိမိတ်ကို ကြည့်မြင်နေသော ယောဂီမှာ သဘောတရားငါးမျိုးပါဝင်သော ပထမ ဈာန်စိတ် ဖြစ်လာသည်။ ပထမ ဈာန် ကိုရလာသည်ဟု ဆိုလိုသည်။ အာနာပါန သမထ မျှသာမဟုတ် အခြား မည်သည့်သမထ ကိုမဆို သမာဓိ ရအောင် ရှေးဦးစွာ ကျင့်ရပါမည်။

ဝိပဿနာ တက်၍ ရှုမှတ်နည်း။

ဆိုခဲ့သည် ဥဂ္ဂဟ နိမိတ်မျိုးကို ခပ်ကြာကြာမြင်ရလျှင် သမာဓိ အတော်အားကောင်းပြီးဖြစ်သည်။ ၀ိပဿနာ ကိုပြောင်းပြီး ရှုမှတ်မည်ဖြစ်သဖြင့် အာနာပါန ရှုခါနီးက ပြုသလို ကန်တော့ခြင်း၊ သီလ ဆောက်တည်ခြင်း တို့ကိုပြုရမည်။ ၀ိပဿနာတရားကိုငါရမည်ဟု ထက်သန်စွာ.ယုံကြည် စိတ်မွေးရမည်။ ထို့နောက် မိမိထိုင်တတ်သလို ထိုင်ပြီး (၁၀)မိနစ်ခန့် နှာသီးဖျား၌ ထွက်လေ ၀င်လေ ထွက်ခြင်း ဖြစ်ပေါ်ခြင်း ပျောက်သွားခြင်းသဘောတို့ကို အနိစ္စ (အမြဲမရှိ) ဟု ရှုမှတ်ရမည်။ (၁၀)မိနစ် (၁၅)မိနစ် ခန့်ရှိသောအခါ မိမိ၏ငယ်ထိပ်ကို အာရုံပြု၍ ငယ်ထိပ်မှာ စိတ်ထားရမည်။ ငါးမူးစေ့ ကျပ်စေ့ခန့်ရှိ ငယ်ထိပ်နေရာတွင် အေးခနဲ ပူခနဲ နွေးခနဲ တွေ့ရတတ်သည်။ စိတ်ကိုမလွင့်စေရ။ ငယ်ထိပ်နေရာမှ အာရုံသည် လှုပ်လာ ကြီးကျယ်ပွါးများလာတတ်သည်။ တရွရွ တဖွဖွ တဖွဲဖွဲ တသဲသဲ ဖြစ်လာတတ်သည်။ အာရုံအတွေ့ကို မျက်စိဖြင့် တွေ့မြင်ရခြင်းမဟုတ်၊ ဥာဏ်ဖြင့်တွေ့မြင်နေရခြင်း ဖြစ်သည်။ ဤသို့ ရုပ်နာမ်တို့ ၏ ဖြစ်ပျက် ခြင်းကို ရှုမှတ်ရာမှ နာမ ရူပ ပရိစ္ဆေဒ (ရုပ်နာမ်ကို ခွဲခြားမြင်မှု)ဥာဏ် စသော ဥာဏ်စဉ်များ အဆင့်ဆင့် ဖြစ်ပေါ်ပြီး တရားထူးကို ရရှိနိုင်ကြပါသည်။


မဟာစည်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်း။

(ရဟန်းများ ပါတိမောက်သီလ နှင့် ပြည့်စုံပြီး လူပုဂ္ဂိုလ်များသည် အနည်းဆုံး ငါးပါးသီလ၊ ပြည့်စုံရမည်။ ယင်းနောက် တင်ပျဉ်ခွေထိုင်၊ အမျိုးသမီးများလည်း တင်ပျဉ်ခွေထိုင်နိုင်သည်။ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လိုက ထိုင်နိုင်သည်။ ခါးကိုမတ်မတ်ထား၍ ဘယ်လက်ဝါးဖြန့် အောက်ကထားပြီး ညာလက်ဝါးကို ဖြန့်၍ အပေါ်ကထားရမည်။ လက်မထိပ်နှစ်ခု ကို ထိရုံမျှ ထိထားရမည်။ ရှေ့တည့်တည့်မှာလည်း လက်နှစ်ဘက်ကို ယှဉ်ချထားနိုင်သည်။ ဘယ်ဒူးပေါ် ဘယ်လက်၊ညာဒူးပေါ် ညာလက် တင်၍လည်း ထိုင်နိုင်သည်။) ၀မ်းဗိုက်မှာ စိတ်ကိုထားရမည်။ အသက်ရှူသွင်းလိုက်လျှင် ဖောင်းတက်လာတာကိုတွေ့၍ အသက်ရှူထုတ်လိုက်သည့်အခါ ပိန်ကျသွားတာကို တွေ့လိမ့်မည်။ ဖောင်းတက်လာတာကို “ဖောင်းတယ် “ ၊ပိန်ကျသွားတာကို ”ပိန်တယ်” ဟုမှတ်ရမည်။ စိတ်ဖြင့်စိုက်ကြည့်ရုံနှင့် မထင်ရှားသေးလျှင် ဗိုက်ကိုလက်နှင့်ဖိထားရမည်။ အသက်ရှူတာကိုမပြင်ဘဲ နှေးအောင် မြန်အောင် တမင်အားမထုတ်ဘဲ ပကတိရှူမြဲအတိုင်း မှန်မှန်ရှူရမည်။ ထိုသို့ ရှူနေရင်း ဖောင်းတက်လာတာကို ”ဖောင်းတယ်”၊ ပိန်ကျသွားတာကို ”ပိန်တယ်” ဟု ဖောင်းတိုင်း ပိန်တိုင်း မပြတ်မှတ်နေရမည်။ ”ဖောင်းတယ်၊ပိန်တယ်” ဟု စိတ်ဖြင့်သာဆိုရမည်၊(၀ါ) စိတ်ဖြင့်သာ မှတ်ရမည်၊ ပါးစပ်ဖြင့်မဆိုရ။ ၀ိပဿနာဟူသည် အဆိုတွေ အမည်တွေက လိုရင်းမဟုတ်။ သိဖို့သာလိုရင်းဖြစ်သည်။ ထို့ကြောင့် စိတ်ဖြင့် ဆိုရုံနှင့် မပြီးသေးဘဲ ”ဖောင်းတယ်” ဟုမှတ်သည့်အခါ ဖောင်းစကနေပြီး ဖောင်းဆုံးတိုင်အောင် ဖောင်းတက်လာပုံကို မျက်စိဖြင့်မြင်သလို သေသေချာချာ သိသွားစေရမည်။ ”ပိန်တယ်” မှတ်သည့်အခါ ပိန်ကျသွားတာကို ပိန်စမှ ပိန်ဆုံးတိုင်အောင် မျက်စိဖြင့်မြင်သလို ထင်ထင်ရှားရှားသိသွားစေရမည်။ ”ဖောင်းတယ်” ဟုမှတ်လျှင် ဖောင်းတာ နှင့် အသိကပ်သွားစေရမည်။ ရှုမှတ်စရာ အာရုံနှင့် ရှုမှတ်လိုက်သည့် စိတ်သည် အံကျ ကိုက်ကိုက်သွားအောင် ဂရုစိုက်ပြီး မှတ်ရမည်။ ”ပိန်တယ်” ဟုမှတ်သည့်အခါ ပိန်တာနှင့် ရှုမှတ်တာ အံကျ ကိုက်သွားစေရမည်။ အခြား အထူးမှတ်စရာမရှိလျှင် ”ဖောင်းတယ်၊ပိန်တယ်” ဟုချည်း မှတ်နေရမည်။ ထိုသို့မှတ်နေစဉ် သမာဓိအားမကောင်းသေးခင် စိတ်က အပြင်ထွက်ထွက်သွားလိမ့်မည်။ ထိုစိတ်ကို ”သွားတယ်၊ သွားတယ်”၊ သို့မဟုတ် ”လွင့်တယ်၊လွင့်တယ်” ဟုလိုက်မှတ်ရမည်။ဤသို့ တစ်ချက် နှစ်ချက်မှတ်လိုက်လျှင် စိတ်သည်မလွင့်ဘဲ ရပ်သွားလိမ့်မည်။ ထိုအခါ ”ဖောင်းတယ်၊ပိန်တယ်” ဟု ပြန်မှတ်နေရမည်။ စိတ်ထဲမှာ လူတစ်ယောက်ယောက်နှင့်တွေ့လို့ စကားပြောနေမှ သတိရလျှင် ထိုစိတ်ကို ”ပြောတယ်၊ပြောတယ်” ဟု မှတ်၊ ဤ သို့ဖြင့် စိတ်ကူးလျှင် ”စိတ်ကူးတယ်”၊ စဉ်းစားလျှင် ” စဉ်းစားတယ်”၊ ကြံလျှင် ”ကြံတယ်”၊ သိလျှင် ”သိတယ်”၊ နှလုံးသွင်းလျှင် ”နှလုံးသွင်းတယ်”၊ ပျင်းလျှင် ”ပျင်းတယ်”၊ ပျော်လျှင် ”ပျော်တယ်”၊ ၀မ်းသာလျှင် ”၀မ်းသာတယ်”၊ စိတ်ပျက်လျှင် ”စိတ်ပျက်တယ်”ဤ သို့မှတ်ရမည်။ တစ်ချက်နှစ်ချက် မှတ်လိုက်ပြီးနောက် စိတ်ကိုမှတ်စရာမရှိလျှင် ”ဖောင်းတယ်၊ပိန်တယ်” ဟု ပြန်မှတ်ရမည်။ ထိုသို့မှတ်နေရင်း တံတွေးမျိုချင်လျှင် ” မျိုချင်တယ်” ဟုမှတ်၊ တံတွေးစုတာကို ”စုတယ်”၊ မျိုတော့ ”မျိုတယ်” ဟု မှတ်၊ တံတွေးထွေးချင်လျှင် ”ထွေးချင်တယ်”၊ ခေါင်းငုံ့တော့ ”ငုံ့တယ်”၊ ကြည့်သေးလျှင် ”ကြည့်တယ်”၊ မြင်လျှင် ”မြင်တယ်”၊ ထွေးတော့ ”ထွေးတယ်”ဟု မှတ်ပြီးလျှင် ”ဖောင်းတယ်၊ပိန်တယ်” ပြန်မှတ်ရမည်။ ထိုင်တာကြာလျှင် ညောင်းတာ ပူတာများ ဖြစ်လာလိမ့်မည်။ ညောင်းလျှင် ညောင်းတာကို သေသေချာချာ သိအောင် စိတ်စိုက်ပြီး ”ညောင်းတယ်၊ညောင်းတယ်” ဟုမှတ်၊ ပူလျှင် ” ပူတယ်”၊ နာလျှင် ”နာတယ်”၊ကျဉ်လျှင် ”ကျဉ်တယ်” ဟု ဒုက္ခ ဝေဒနာဖြစ်သမျှ အမည်အတိုင်း မှတ်ရ၏။ ထိုသို့ ညောင်းတာ ပူတာ စသည့် ဝေဒနာများ ဖြစ်ပေါ်လာလျှင် ”ညောင်းတယ်၊ညောင်းတယ်” စသည်ဖြင့် သည်းခံ မှတ်နေရမည်။ သည်းခံ မမှတ်ဘဲ ခဏခဏနေရာပြင်ပြင်နေလျှင် သမာဓိ မဖြစ်နိုင်၊ သမာဓိ မဖြစ်လျှင် ဥာဏ်မဖြစ်နိုင်၊ ဥာဏ်မဖြစ်လျှင် မဂ်ဖိုလ်နိဗ္ဗာန် မရောက်နိုင်။ ထို့ကြောင့် ညောင်းတာ ပူတာစသည့် ဝေဒနာများကို အတတ်နိုင်ဆုံး သည်းခံမှတ်နေရမည်။ ထိုသို့မှတ်နေလျှင် တော်ရုံတန်ရုံဝေဒနာများ ပျောက်သွားကြလိမ့်မည်။ သမာဓိဥာဏ်အားကောင်းသည့်အခါ အင်မတန်ကြီးကျယ်သည့်ဝေဒနာများပင် ပျောက်သွားတာကို တွေ့ကြရပါလိမ့်မည်။ အတော်ကြာအောင်မှတ်နေပါလျက် မပျောက်နိုင်ဘဲ မနေသာတော့၍ နေရာပြင်ချင်စိတ်ခဏခဏပေါ်နေလျှင် နေရာပြင်နိုင်သည်။ သို့ရာတွင် အမှတ်နှင့် နေရာပြင်ရမည်။ ပြင်ချင်တော့ ”ပြင်ချင်တယ်”၊လက်ကြွတော့ ”ကြွတယ်”၊ရွေ့တော့ ”ရွေ့တယ်”၊ စသည်ဖြင့်် ဖြည်းဖြည်းပြင်ရင်း ဖြစ်ပေါ်သမျှအမူအရာအားလုံးကိုမှတ်ရမည်။ နေရာပြင်ပြီးလျှင် ”ဖောင်းတယ်၊ပိန်တယ်” ပြန်မှတ်ရမည်။ ထိုသို့မှတ်နေရင်း တစ်နေရာရာက ယားလာလျှင် ယားသည့်နေရာကို စိတ်စိုက်ပြီး ”ယားတယ်၊ယားတယ်”ဟုမှတ်၊ အကြိမ်ကြိမ်မှတ်ပါလျက် မပျောက်လို့ အယားဖျောက်ချင်လျှင် ”ဖျောက်ချင်တယ်၊ဖျောက်ချင်တယ်” ဟု မှတ်၊ အယားဖျောက်ရန် လက်ကြွလာလျှင် ”ကြွတယ်၊ကြွတယ်”၊ ရွေ့လျှင် ”ရွေ့တယ်”၊ယားသည့်နေရာကိုထိတော့ ”ထိတယ်”၊ အယားဖျောက်တော့ ”ဖျောက်တယ်၊ဖျောက်တယ်”၊ လက်ပြန်ရွေ့တော့ ”ရွေ့တယ်”၊ တစ်နေရာရာကို ထိတော့ ”ထိတယ်” မှတ်ရမည်။ ပြီးလျှင် ”ဖောင်းတယ်၊ပိန်တယ်” ပြန်မှတ်နေရမည်။ ဤသို့ ဂရုစိုက်မှတ်နေစဉ် ကိုယ်ထဲ အခံခက်သည့် ဝေဒနာများ အလိုလိုပေါ်လာလိမ့်မည်။ တရားမရှုမှတ်သော ပုဂ္ဂိုလ်များကား နည်းနည်းလေး ညောင်းလာပူလာလျှင် အမှတ်အသိမရှိဘဲ ရွေ့လိုက် ပြင်လိုက်ကြ၏။ ထို့ကြောင့် ဆင်းရဲတာတွေ ထင်ထင်ရှားရှား မဖြစ်လိုက်ကြရပေ။ ဤကား ဆင်းရဲဒုက္ခများကို ဣရိယာပုထ် (နေပုံအမူအရာ) များက ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ပြောင်းလဲ နေထိုင်ပုံအမျိုးမျိုးက ဖုံးကွယ် ဖုံးကွယ်သွား၍ လူများ၏ ကိုယ်တွင်းမှာ ဆင်းရဲဒုက္ခများ ရှိနေမှန်းမသိကြခြင်းဖြစ်သည်။ တစ်နေ့လုံး တစ်ညလုံး နေထိုင်ကောင်းနေသည်ဟု ထင်နေကြခြင်း ဖြစ်သည်။ ယောဂီများကား ကိုယ်ထဲက တရားများကို အရှိအတိုင်း မြင်အောင် မှတ်နေသဖြင့် ဒုက္ခများကို ထင်ရှားစွာ တွေ့မြင်လာခြင်း ဖြစ်သည်။ ထိုင်ရာက ထ မည်ကြံလျှင်လည်း ”ထချင်တယ်၊ထချင်တယ်” မှတ်၊ လက်ခြေတွေပြင်တော့ ”ကြွတယ်၊ရွေ့တယ်၊ ဆန့်တယ်၊ ထိတယ်၊ ထောက်တယ်” စသည်ဖြင့် အစဉ်အတိုင်းမှတ်လျက် ဖြည်းဖြည်းလေးထပြီး အမူအရာတိုင်းကို သိအောင်မှတ်ရမည်။ မြန်မြန်ပြုမူလျှင် လေ့ကျင့်စ သတိဥာဏ်ကလေးဖြင့် မှီအောင် မှတ်နိုင်တော့မည် မဟုတ်ပေ။ ထိုသို့ ထပြီး၍ ရပ်မိသည့်အခါ ”ရပ်တယ်၊ရပ်တယ်” ဟု မှတ်၊ ဟိုသည်ကြည့်မိပြန်လျှင် ”ကြည့်တယ်၊မြင်တယ်၊ ကြည့်တယ်၊ မြင်တယ်” ဟု မှတ်။ သွားသည့်အခါ ခြေလှမ်းကို မှတ်ရဦးမည်။ ညာဘက်ခြေက လှမ်းလျှင် ”ညာလှမ်းတယ်”၊ ဘယ်ဘက်ခြေက လှမ်းလျှင် ”ဘယ်လှမ်းတယ်” ဟူ၍ ခြေကြွသည်က စပြီး ခြေချသည်အထိ ရွေ့ရွေ့သွားသည့် အမူအရာကို အစဉ်အတိုင်းသိအောင်မှတ်ရမည်။ ”ညာလှမ်းတယ်၊ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်၊ဘယ်လှမ်းတယ်” ဟူ၍ တစ်လှမ်း တစ်လှမ်း တစ်ခါ တစ်ခါ မှတ်ရမည်။ ဤကား မြန်မြန်သွားသည့်အခါ ခပ်ဝေးဝေးသွားရသည့်အခါ မှတ်ပုံတည်း။ ဖြည်းဖြည်းသွားသည့်အခါ၊ စင်္ကြံလျှောက်သည့်အခါ ခြေတစ်လှမ်းတွင် သုံးပိုင်းရှိသည်။ ခြေကြွတာက တစ်ပိုင်း၊ လှမ်းတာက တစ်ပိုင်း၊ ခြေချလိုက်တာက တစ်ပိုင်း ဖြစ်သည်။ ထိုတွင် ကြွတာနှင့် ချတာ နှစ်ပိုင်းကို စပြီး မှတ်ရမည်။ ခြေကြွတော့ ”ကြွတယ်” ဟု ကြွတက်လာပုံကို သေသေချာချာ သိအောင်မှတ်ရမည်။ နင်းချလိုက်တော့ ”ချတယ်” ဟု တရွေ့ရွေ့ ခြေကျသွားပုံကို သိအောင်မှတ်ရမည်။ ”ကြွတယ်၊ချတယ်၊ကြွတယ်၊ချတယ်” ဟူ၍ ခြေတစ်လှမ်း တစ်လှမ်း ကို နှစ်ချက် နှစ်ချက် မှတ်ရမည်။ နှစ်ရက်လောက် မှတ်ပြီးက လွယ်ကူပြီး ကျင့်သားရလာလိမ့်မည်။ ထိုအခါ သုံးချက်မှတ်ရမည်။ ”ကြွတယ်၊လှမ်းတယ်၊ချတယ်”၊ ”ကြွတယ်၊လှမ်းတယ်၊ချတယ်” ဟု သုံးချက် သုံးချက် မှတ်သွားရမည်။ ကြွတက်လာသည့် အမူအရာ၊ တရွေ့ရွေ့လှမ်းနေသည့်အမူအရာ၊ တဖြည်းဖြည်း ပိကျသွားသည့် အမူအရာများကိုသိအောင် ရှုမှတ်ရမည်။ ထိုသို့သွားနေစဉ် ထိုင်ချင်လာလျှင် ”ထိုင်ချင်တယ်၊ထိုင်ချင်တယ်” ဟုမှတ်၊ လှမ်းကြည့်မိလျှင် ”ကြည့်တယ်၊မြင်တယ်” ဟုမှတ်၊ထိုင်မည့်နေရာသို့ သွားလျှင် ”ကြွတယ်၊ချတယ်” ”ကြွတယ်၊ချတယ်” မှတ်၍သွားရမည်။ ထိုင်မည့်နေရာရောက်၍ ရပ်လျှင် ”ရပ်တယ်၊ရပ်တယ်” ဟုမှတ်၊ လှည့်လျှင် ”လှည့်တယ်၊လှည့်တယ်” မှတ်၊ ထိုင်ချင်စိတ်ပေါ်လာလျှင် ”ထိုင်ချင်တယ်၊ထိုင်ချင်တယ်” ဟုမှတ်၊ ထိုင်ချလိုက်တော့ ကိုယ်ကြီးလေးလေးပြီး ကျသွားတာကို စူးစိုက်လျှက် ”ထိုင်တယ်၊ထိုင်တယ်၊ထိုင်တယ်” ဟုမှတ်၊ထိုင်မိ၍ လက်ခြေတွေကိုပြင်လျှင်လည်း ရွေ့လျှင် ”ရွေ့တယ်”၊ ကွေးလျှင် ”ကွေးတယ်”၊ ဆန့်လျှင် ”ဆန့်တယ်” ဟူ၍ အမူအရာတိုင်းကို တစ်ခုမကျန် မှတ်ရမည်။ ဘာမျှ အပြုအပြင်မရှိဘဲ ငြိမ်နေပြီဆိုလျှင် ”ဖောင်းတယ်၊ပိန်တယ်၊ဖောင်းတယ်၊ပိန်တယ်” ဟု မှတ်နေရမည်။ လှဲအိပ်ချင်လျှင်လည်း ”အိပ်ချင်တယ်၊အိပ်ချင်တယ်” ဟု မှတ်၊ လှဲအိပ်ကာနီး လက်ခြေပြင်တာများကိုလည်း အကုန်လုံးမှတ်ရမည်။ လက်ကြွတော့ ”ကြွတယ်”၊ ရွေ့လျှင် ”ရွေ့တယ်”၊ ထောက်လျှင် ”ထောက်တယ်”၊ ကိုယ်ကြီးက ယိမ်းလာလျှင် ”ယိမ်းတယ်၊ယိမ်းတယ်”၊ ခြေဆန့်လျှင် ”ဆန့်တယ်၊ဆန့်တယ်”၊ လှဲအိပ်လိုက်သည့်အခါကျတော့ ”အိပ်တယ်၊အိပ်တယ်” ဟုမှတ်ပြီး ဖြည်းဖြည်းခြင်း လှဲအိပ်သွားရမည်။ ဟိုဘက် သည်ဘက်စောင်းလျှင်လည်း ”စောင်းတယ်၊စောင်းတယ်” ဟုမှတ်ရမည်။ ဘာမျှ အပြုအပြင်မရှိ ငြိမ်နေပြီဆိုလျှင် ”ဖောင်းတယ်၊ပိန်တယ်” ဟုမှတ်နေရမည်။ဤသို့မှတ်နေတုန်း စိတ်ကလွင့်သွားလျှင် ထိုင်တုန်း က မှတ်သလို လွင့်လျှင် ”လွင့်တယ်”၊ ရောက်လျှင် ”ရောက်တယ်”၊ ကြံလျှင် ”ကြံတယ်” စသည်ဖြင့်မှတ်ရမည်။ စိတ်သည် တစ်ချက် နှစ်ချက်မှတ်လိုက်လျှင် ပျောက်သွားတတ်၏။ ထိုအခါ ”ဖောင်းတယ်၊ပိန်တယ်” ပြန်မှတ်နေရမည်။ အမှတ်ကို လွှတ်ပြီးမအိပ်ရပေ။ မှတ်ရင်း မှတ်ရင်း အိပ်ပျော်သွားစေရမည်။ အမှတ်က နိုင်လျှင် အိပ်မပျော်ဘဲ နေတတ်သည်။ အိပ်ချင်တာနိုင်လျှင်လည်း အိပ်ပျော်သွားတတ်သည်။ အိပ်ချင်လျှင်လည်း ”အိပ်ချင်တယ်၊အိပ်ချင်တယ်”၊ မျက်စိမှေးလာလျှင် ”မှေးတယ်၊မှေးတယ်”၊ လေးလာလျှင် ”လေးတယ်၊လေးတယ်” ဟုမှတ်၊ အားထုတ်စမှာ လှဲအိပ်တာ မများစေရပေ။ ထိုင်မှတ်၊ စင်္ကြံမှတ်တာက များစေရမည်။ ယောဂီသည် အိပ်ပျော်သွားလျှင် ဘာကိုမျှ အမှတ်မရတော့ပေ။ ယောဂီ နားနေချိန်ဖြစ်သည်။ တကယ်တမ်းတရားအားထုတ်လျှင် သုံးနာရီ လေးနာရီထက်ပိုပြီး အိပ်မနေသင့်ပေ။ လေးနာရီအိပ်လျှင် ကောင်းကောင်းလုံလောက်ပါသည်။ အိပ်ပျော်ရာက နိုးလာလျှင် နိုးကတည်းက ”နိုးတယ်၊နိုးတယ်” ဟု မှတ်ပြီးလျှင် ”ဖောင်းတယ်၊ပိန်တယ်”ဆက်မှတ်ရမည်။ အသံကြားလျှင် ”ကြားတယ်၊ကြာတယ်” မှတ်၊ ပြီးတော့ ”ဖောင်းတယ်၊ပိန်တယ်” မှတ်၊ ဟိုဘက်သည်ဘက် စောင်းတာ ပြင်တာတွေကိုလည်း ပြုပြင်ချင်သည့် စိတ်ကူးကလေးကစပြီး ”ပြင်ချင်တယ်၊ပြင်တယ်၊စောင်းချင်တယ်၊စောင်းတယ်၊ လှည့်ချင်တယ်၊လှည့်တယ်၊ ကွေးချင်တယ်၊ကွေးတယ်” စသည်ဖြင့်မှတ်ရမည်။ ဘယ်အချိန် ရှိလိမ့်မလဲ ဟု စဉ်းစားလျှင်လည်း ”စဉ်းစားတယ်” ဟုမှတ်ရမည်။ အိပ်ရာက ထဖို့ကြံလျှင် ”ထချင်တယ်၊ထချင်တယ်” ဟုမှတ်၊ လက်ခြေပြင်တာ၊ခေါင်းထောင်ပြီး ထလာတာများကိုလည်း ”ပြင်တယ်၊ပြင်တယ်”၊ ”ထတယ်၊ထတယ်”၊ ထိုင်တော့ ”ထိုင်တယ်”၊ လက်ခြေပြင်တာများကိုလည်း ”ပြင်တယ်၊ပြင်တယ်” ဟု မှတ်၊ ငြိမ်ငြိမ်လေး ထိုင်နေပြီ ဆိုတော့ ”ဖောင်းတယ်၊ပိန်တယ်”ပြန်မှတ်။မျက်နှာသစ်၊ရေချိုးစဉ်မှာလည်းမှတ်နိုင်သမျှ မှတ်ရမည်။အ၀တ်အစား ၀တ်တာ၊ အိပ်ရာနေရာပြင်တာ၊ တံခါးပိတ်တာ၊ဖွင့်တာများကိုလည် အားလုံးမှတ်ရမည်။ ထမင်းစားသည့်အခါ ထမင်းပွဲကြည့်တာက စပြီး ”ကြည့်တယ်၊မြင်တယ်”မှတ်။ ထမင်းပွဲဆီ လက်လှမ်းလျှင် ”လှမ်းတယ်၊လှမ်းတယ်”၊ ထမင်းနှင့်လက် ထိတော့ ”ထိတယ်”၊ ထမင်းစုလျင် ”စုတယ်”၊ ထမင်းလုတ်ပြင်တော့ ”ပြင်တယ်”၊ ထမင်းလုတ်ကို ဆုပ်ကိုင်တော့ ” ကိုင်တယ်၊ကိုင်တယ်”၊ ထမင်းလုတ်ကို မြှောက်ပြီး ယူလာတော့ ”ယူတယ်၊ယူတယ်”၊ ခေါင်းငုံ့တော့ ”ငုံ့တယ်”၊ ခွံ့တော့ ”ခွံ့တယ်”၊ လက်ပြန်ချတော့ ”ချတယ်”၊ ပန်းကန်ပြားနှင့်ထိတော့ ”ထိတယ်”၊ခေါင်းပြန်ထောင်တော့ ”ထောင်တယ်”၊ ၀ါးတဲ့အခါ အချက်တိုင်းကို ”၀ါးတယ်၊၀ါးတယ်” အရသာကို သိတော့ ”သိတယ်၊သိတယ်”၊ ကောင်းလျှင် ”ကောင်းတယ် ကောင်းတယ်”၊ မျိုချလိုက်တော့ ”မျိုတယ်၊မျိုတယ်” ဟုမှတ်။ ဤကား ထမင်းတစ်လုတ်စားတုန်း မှတ်ပုံတည်း။ နောက်ထမင်းလုတ်များကိုလည်း ထိုနည်းအတိုင်းမှတ်ရမည်။ ဟင်းရည် သောက်လျှင်လည်း ကြည့်တာ မြင်တာ လက်လှမ်းတာ ဇွန်းကိုင်တာ ကော်တာ ခပ်တာ ယူလာတာ သောက်တာ မျိုတာ အကုန်လုံး သူ့အမည်အတိုင်းမှတ်ရမည်။ မှတ်ခါစတွင် မမှတ်လိုက်တာ မေ့သွားတာတွေ များစွာရှိလိမ့်မည်။ ကျင့်သားရလာသည့်အခါမှ အကုန်လုံး စေ့စပ်အောင် မှတ်နိုင်မည်ဖြစ်သည်။ ရှေးက ဘုရား ရဟန္တာများ နိဗ္ဗာန်သွားခြင်းသည် ဤ၀ိပဿနာလမ်းကချည်း သွားခြင်းဖြစ်သည်။ ၀ိပဿနာမပါဘ နိဗ္ဗာန်ကို မသွားနိုင်ကြ။ တရားနာနေရင်း မဂ်ဖိုလ် နိဗ္ဗာန်ရရောက်သည်ဆိုရာ ၌ နည်းနည်းတော့ ရှုမှတ်သွားသေးသည်။ ထို့ကြောင့် ၀ိပဿနာဟူသည် ဘုရား ရဟန္တာ အရိယာများ၏ နိဗ္ဗာန်သွား လမ်းမကြီးဖြစ်သည်။ သို့ဖြစ်၍ အပြည့်အစုံအားထုတ်ပြီး နိဗ္ဗာန်ကို မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်း။

တရားအားမထုတ်ခင် ကြိုတင်ပြုလုပ်ရမည့် အမှုကိစ္စ(၅)မျိုးရှိသည်-
၁။ တရားအားထုတ်စဉ်အတွင်း မိမိကိုယ်ကို ဘုရားအားလှူပါ၏ ဟု လှူထားရမည်။
၂။ ဆရာမိဘတို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိခဲ့ပါက ထိုအပြစ်တို့ ပျောက်စေခြင်းငှာ ၀န်ချတောင်းပန်ကန်တော့ပါ၏ ဟု ဆို၍ ကန်တော့ရမည်။
၃။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊သာသနာစောင့်နတ်နှင့်တ ကွ၊ သတ္တ၀ါအပေါင်းတို့ကျန်းမာချမ်းသာကြပါစေဟု မေတ္တာပို့ရမည်။
၎။ရှေးဘ၀ယခုဘ၀ပြုသမျှကုသိုလ်ဒါနတို့သည်ငါအလိုရှိသောမဂ်ဖိုလ်နိဗ္ဗာန်သို့ရောက် စေခြင်းငှာ လျင်မြန်စွာကျေးဇူးပြုပါစေသတည်းဟု ဆိုရမည်။
၅။ ငါသည်ဘ၀များစွာက သေခဲ့လှပြီ။ယခုဘ၀မသေခင်မှာ တရားအားထုတ်မှပဲ ဟု သေခြင်းတရားကို ပွါးများရမည်။

သမာဓိရရုံလောက်သာ သမထကကိုအားထုတ်ပြီး သမာဓိရလျှင် ၀ိပဿနာပြောင်း၍ အားထုတ်ရမည်။ ၀ိပဿနာပြောင်းခြင်းဟူသည် သမထ(သမာဓိ)လမ်းမှ ၀ိပဿနာ(ပညာ)လမ်းသို့ စိတ်လွှတ်ပြီး ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုလက္ခဏာကို ဆင်ခြင်နေခြင်းဖြစ်သည်။ တရားအားထုတ်ရန် တင်ပလ္လင်ခွေထိုင်ရမည်။ ခါးကိုရှေ့မငိုက်၊ နောက်မငိုက်၊ ဘေးမစောင်းစေဘဲ ဖြောင့်ဖြောင့်မတ်မတ် ထားရမည်။ ကိုယ်ကိုတောင့်မထားဘဲ ခပ်လျော့လျော့ထိုင်ရမည်။ ခြေထောက်ချင်းဖိညှပ်မထားဘဲ ကြာကြာထိုင်နိုင်သောနည်းဖြင့်ထိုင်ရမည်။ ယောဂီသည် နှစ်သက်ရာ ဣရိယာပုထ်(အိပ် ထိုင် ရပ် သွား)ဖြင့် ထိုင်နိုင်သည်။ သို့သော် ထိုင်ခြင်း ဣရိယာပုထ်က သမာဓိကို ရလွယ်စေသည်။ ယင်းနောက် ၀င်သက်ထွက်သက်ကို မှန်မှန် ရှူရှိုက်ရမည်။ ပြင်းပြင်းထန်ထန်မြန်မြန် ရှူရှိုက်လျှင် မိမိကိုယ်ကို ညှဉ်းဆဲရာ ကျလိမ့်မည်။ သို့ဖြစ်၍ မှန်မှန် နှင့် လေ ကို ၀ အောင်ရှူရမည်။ နှာသီးဖျား၊ အထက်နှုတ်ခမ်း၊ ရင်ညွှန့် ကြိုက်ရာ နေရာမှာ စိတ်ကိုထားရမည်။ သတိမလစ်စေဘဲ ၀င်လေထွက်လေ ထိတာကို သိသိနေစေရမည်။ အခြား ဘယ်အာရုံကိုမျှ စိတ်မရောက်စေရပါ။ ၀င်လေ ထွက်လေ ရှူသည့်အခါ နှာခေါင်းဖြင့် ရှူရမည်။ ပါးစပ်က ရှူရမည်။ နှာခေါင်းက ရှူသည့်အခါ ဘယ်ဘက်က ရှူတယ်၊ ညာဘက်က ရှူတယ်ဆိုတာတွေကို လိုက်နေရန်မလို။ သမာဓိရဖို့သာလိုသည်။ ၀င်လေ ကိုရှူသည့်အခါ နှာသီးဖျားအစ၊ ရင်ညွှန့်အလယ်၊ ချက်အဆုံး ၀င်လေ ရောက်တာကိုသိရမည်။ လေကိုထုတ်သည့်အခါလည်း ချက်အစ ရင်ညွန့်အလယ်၊နှာသီးဖျားအဆုံး ထွက်လေကိုသိရမည်။ ထိုသို့ အသိကို လိုက်ပြီး အားထုတ်လျှင် သမာဓိရနိုင်သည်။ (၁၅)မိနစ်မျှနှင့်ပင် သမာဓိကို ထူထောင်နိုင်သည်။ ထိုသို့ ရှု ရှိုက်နေရာတွင် ရှူရှိုက်တာက ရုပ်၊ရှူရှိုက်နေမှုကိုသိတာက နာမ်ဟု သိခြင်းသည် နာမရူပပရိစ္ဆေဒ(ရုပ်နာမ်ကို ခွဲခြားသိမှု) ဥာဏ်ဖြစ်သည်။ ၀ိသုဒ္ဓိလို ပြောရလျှင် ဒိဋ္ဌိဝိသုဒ္ဓိ(အမြင်စင်ကြယ်ခြင်း)ဖြစ်သည်။အာရုံနှင့် သိမှတ်စိတ်ကို တည့်နေအောင် ရှုမှတ်ရမည်။ စဉ်းစား တွေးကြံမှု မပြုရ၊အခြားအာရုံဝင်မလာအောင်ထိန်းရမည်။ ဤသို့ဖြင့် သမာဓိအားကောင်းလာသည့်အခါ ၀ိပဿနာကို ပြောင်းပြီး ရှုမှတ်ရမည်။ ၀ိပဿနာဟူသည် နာမ်ရုပ်လက္ခဏာဖြစ်ပေါ်မှုကို ဆင်ခြင်ခြင်း ဖြစ်သည်။ ဤခန္ဓာသည် ပဋိသန္ဓေက စပြီး သေသည့်တိုင်အောင် မပြတ်မစဲထပ်တလဲလဲ ဖြစ်ပျက်နေသည်။ တရားထိုင်တာ ကြာလာလျှင် ရုပ်ဖေါက်ပြန်ပြီး ဝေဒနာပေါ်လာတတ်သည်။ ညောင်းလာလျှင်ညောင်းတာ၊ညောင်းမှန်းသိတာ နှစ်မျိုးကို ဖြစ်ပြီးပျက်သွားတာပဲဟု သိရမည်။ ထိုသို့သိသည့်အခါ ညောင်းသည့်ရုပ်နှင့် ညောင်းမှန်းသိသည့်စိတ် မရှိတော့ဘဲ ချုပ်ပျောက်သွားကုန်ပြီဟု နောက်ဥာဏ်က သိရမည်။ ညောင်းတာကိုပြုပြင်မပေးသမျှ ပြောင်းရွေ့ ပြုပြင်ချင်စိတ်ပေါ်လာလိမ့်မည်။ ထိုအခါ ဆန့်ချင် ကွေးချင် ပြောင်းချင် ရွေ့ချင်စိတ်ဖြစ်တာကို သိမှတ်ပါ။ ထိုသို့သိချိန် ထိုဆန့်ချင် ကွေးချင်သော ရုပ်နာမ်များ မရှိတော့တာကို ထပ်ပြီးသိမှတ်ပါ။ ဤသို့သိနေတုန်း အသံတစ်ခု ကြားလိုက်လျှင် ကြားပြန်ပြီဟု သိမှတ်ပါ။ တစ်ခုခုပေါ်လာတိုင်း ပေါ်လာတိုင်း သိပြီး ဖြစ်ပြီး ပျက်သွား ပျောက်သွားပါကလားဟု သိရမည်။ ဤသို့ အသိတရားတွေ ကျဲနေရာကနေ စိပ်သည်ထက် စိပ်လာတာကို ဥာဏ်ဖြင့်မှတ်ပါ။ တဖြည်းဖြည်းရုပ်နာမ်တွေ တစ်ခုပြီးတစ်ခုဖြစ်ပြီး ပျက်သွားတာကို သတိဖြင့် စိုက်ကြည့်ကတွေ့လိမ့်မည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု ပါဠိလို ရွတ်မနေဘဲ ဖြစ်ပြီး ပျက်သွားပါကလားဟု တစ်ခုတည်းကိုသာ သတိဖြင့် စိုက်ပြီးကြည့်နေလျှင် ဆင်းရဲသည့်သဘော၊ အစိုးမရသည့်သဘောကို ပိုပြီးထင်မြင်လာလိမ့်မည်။ ဤသို့မိမိခန္ဓာကိုယ်မှာ ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်တွေကို ရှုကြည့်ဖန်များလာလျှင် မိမိခန္ဓာကိုယ်ကို ရွံ့မုန်းလာစိတ်၊ စွန့်လွှတ်ချင်စိတ် ဖြစ်လာလိမ့်မည်။ ဖြစ်ပျက် ဒုက္ခ နှင့်မကင်းနိုင်ဘဲ အို နာ သေ ဒုက္ခများ နှင့် တွေ့ကြုံရဦးမည်ဟု ကြောက်ရွံ့ပြီး မိမိခန္ဓာကိုယ်ကို ရွံ့မုန်းလာလိမ့်မည်။ ဖြစ်ပျက်ကို ရှုဖန်များလာလျှင် လောဘ ဒေါသ မောဟ များတဖြည်းဖြည်း ခေါင်းပါးပြီး နောက်ဆုံးလွင့်ပျောက် ခန်းခြောက်သွားသည်အထိဖြစ်ပျက်ဆုံးအောင် ပွါးများအားထုတ်ရမည်။ ဖြစ်ပျက် ရှုဖန်များလာလျှင် ရုပ်နာမ်ကိုခွဲခြားသိသည့် နာမရူပ ပရိစ္ဆေဒဥာဏ်၊ဤရုပ်နာမ်သည် အကြောင်းတရားကြောင့်ဖြစ်ပေါ်လာသော အကျိုးတရား ဖြစ်ပြီး၊အကြောင်းလည်း ဖြစ်ပျက်၊ အကျိုးလည်း ဖြစ်ပျက် ဟုဆင်ခြင်ကာ အကြောင်းကိုသိမ်းဆည်းသိမြင်နိုင်သော ပစ္စယပရိဂ္ဂဟဥာဏ်၊ ရုပ်နာမ်တို့၏ ဖြစ်ပျက်ပုံကို မမြဲ ဆင်းရဲ အစိုးမရ ဟု ဆင်ခြင်သုံးသပ်သော သမ္မသနာဥာဏ်၊ ဖြစ်ဆဲ ရုပ်နာမ်တို့၏ ခဏမစဲ တသဲသဲ ဖြစ်ပျက်နေမှုကို ရှုမြင်သော ဥဒယဗ္ဗယဥာဏ်၊ ထိုသို့ ရှုဖန်များလာသည့်အခါ အပျက်ကိုသာ သိမြင်သော ဘင်္ဂဥာဏ်၊ ရုပ်နာမ်တို့၏ ပျက်မှု ချုပ်မှုကိုသာ မြင်နေသဖြင့် ကြောက်ဖွယ်ဘေးကြီး ဟု ထင်မြင်သော ဘယဥာဏ်၊ ချုပ်ပျက်မှု စသောအပြစ်တွေကိုသာ မြင်သော အာဒီန၀ဥာဏ်၊ ရုပ်နာမ်ခန္ဓာကိုယ်ကိုငြီးငွေ့သော နိဗ္ဗိဒါဥာဏ်၊ ထိုရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်လိုသော မုစ္စိတုကမျတာဥာဏ်၊ရုပ်နာမ်တို့၏ မမြဲ ဆင်းရဲ အစိုးမရမှုကို အလွန်ထင်မြင်သော ပဋိသင်္ခါဥာဏ်၊ ရုပ်နာမ် သင်္ခါရ တို့ကို မချစ် မမုန်း လျစ်လျူရှုသော သင်္ခါရုပေက္ခာဥာဏ်၊ရှေ့ဥာဏ် နောက်ဥာဏ်တို့ကို မမြဲ ဆင်းရဲ အစိုးမရသော သဘောဖြင့် အစ မှ အဆုံး၊ အဆုံးမှ အစ ရှေ့ပြန် နောက်ပြန် ရှုပွါးသည့်အခါ နှစ်ဥာဏ်လုံးသင့်လျော်သော အနုလောမဥာဏ်များ ဖြစ်ပေါ်လာလိမ့်မည်။ ဤသို့ စသည်ဖြင့် ဥာဏ်စဉ်အဆင့်ဆင့်တက်ပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်ရကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပေလိမ့်မည်။

ဗုဒ္ဓဘာသာကောင်းတစ်ယောက်. သာ.ထွန်း.ပြန့်. စ.ကြိမ်.
Reference Link: http://www.planet.com.mm/forums/topic.cfm?forum_id=88&Topic_Id=24682&page=1  by  koyin09

Wednesday, July 12, 2006

ဆင်းရဲတဲ့ဖေဖေ နှင့် ချမ်းသာတဲ့ဖေဖေ ၏ သွန်သင်မှုများ

မင်းစာကိုကြိုးစားသင်၊ အဲဒါမှ ကောင်းတဲ့ ကုမ္ပဏီ မှာအလုပ်ရမယ်။-ဆင်းရဲတဲ့ဖေဖေ

မင်းစာကိုကြိုးစားသင်၊ အဲဒါမှ ကုမ္ပဏီ ကောင်းကောင်း တစ်ခုကို ၀ယ်ယူနိုင်လာလိမ့်မယ်။-ချမ်းသာတဲ့ဖေဖေ

ငွေနဲ့ ပါတ်သက်လာတိုင်း ထိန်းထိန်းသိမ်းသိမ်း ရှိပြီး သိပ်အရဲ မစွန့်မိစေနဲ့။-ဆင်းရဲတဲ့ဖေဖေ

စွန့်စွန့်စားစား လုပ်ကိုင်တတ်တာကိုလည်း သင်ယူထားရတယ်။-ချမ်းသာတဲ့ဖေဖေ

ဆင်းရဲတဲ့ဖေဖေသည် အမြဲတမ်းလိုလို လခစားဘ၀တွင် လခတိုးမြှင့်ရရှိရေး အလုပ်မှအနားယူချိန်တွင် အစီအစဉ်တစ်ခုခု ရှိနေစေရေး ဆေးစားရိတ်ရရှိရေး ဆေးခွင့်ရရှိရေး ခရီးထွက်ခွင့်ရရှိရေး နှင့် တခြားစိတ်ပျော်ရွှင် နိုင်စရာအကြောင်းများ ရှိနေရေး ပေါ်တို့တွင်သာတွေးနေလေ့ရှိ၏။

ချမ်းသာတဲ့ဖေဖေသည် ၄င်းကိစ္စများတွင် အဆုံးသတ်ငွေကြေးကိစ္စများတွင် မိမိကိုယ်ကို အားကိုးခြင်း အပေါ်တွင်သာ ယုံကြည်သည်။

ဖေဖေတစ်ဦးသည် ငွေ(ဒေါ်လာ) အနည်းငယ် စုဆောင်းမိဖို့အတွက် ရုန်းကန်နေရချိန်တွင် နောက်တစ်ဦးက ၄င်းငွေအနည်းငယ်ကို ဘယ်လို ရင်းနှီးမြုပ်နှံ ရမလဲဆိုပြီး အမြဲ တီထွင်ကြံဆနေ၏။

ကျွန်ုပ်ထိုသို့ကြားမိပါ၏
Singapore နိုင်ငံတွင် မာစီဒီး နှင့်အထက် ကားစီးနိုင်သောသူများကို သုတေသန ပြုကြည့်ရာ Hawker Centre မှ Auntyများ Uncle များ အရေတွက်က အများဆုံးဖြစ်နေသတဲ့။ သူဌေးကြီးတွေကလဲ ကုမ္ပဏီထောင်ချင် ကျန်တဲ့သူတွေကလည်း ၀န်ထမ်းလုပ်ချင် သောသူတွေသာ များတယ်ကိုး။ Hawker Centre တွေဟာ အခွန်အထူးလျော့ပေါ့ ပါတယ်တဲ့။ ဒါနဲ့ပဲ လူမသိ သူမသိ သူဌေးကြီးတွေ သူဌေးမကြီးတွေ ဖြစ်နေကြပါသတဲ့။
Hawker Centre = Group of shops which selling inexpensive foods, drinks...etc.

Monday, July 10, 2006

နိုင်သူတွေပျော် ရှုံးသူတွေငိုကြ
Italy's players celebrate with the trophy after defeating France 5-3 in a shootout in the final of the soccer World Cup between Italy and France in thItaly's players celebrate with the trophy after defeating France 5-3 in a shootout in the final of the soccer World Cup between Italy and France in the Olympic Stadium in Berlin, Sunday, July 9, 2006. (AP Photo/Dusan Vranic)France Team Fan Reacts At Jean Bouin Stadium In Paris During Their Defeat In The World Cup 2006 Final Soccer Match Against ItalyFrance team fan reacts at Jean Bouin stadium in Paris during their defeat in the World Cup 2006 final soccer match against Italy, July 9, 2006. REUTERS/Pascal RossignolCopyright: Reuters / Reuters

Sunday, July 09, 2006

ဗုဒ္ဓဘာသာမှ ကုသိုလ်ပြုတတ်တာမဟုတ်၊ အားလုံးသူ့ဘာသူ ကုသိုလ်တွေပြုနေကြ

ဒီတော့ကာ လူတွေက ဗုဒ္ဓဘာသာတွေမှ ကုသိုလ်ပြုတတ်တယ် ဗုဒ္ဓဘာသာ မဟုတ်ရင် မပြုတတ်ဘူး ဆိုတော့ ဘုရားလောင်း ပါရမီဖြည့်တာတွေဟာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ဘ၀ချည်း များတယ်။ ဘုရားလောင်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ထဲမှာ နှစ်ကျိပ်လေးဆူပဲ ဘုရားပွင့်တယ် ဗုဒ္ဓဘာသာဆိုတဲ့ ဘာသာ ၂၄ ခါသာ ပေါ်ခဲ့တယ်။ကျန်တဲ့ အချိန်တွေ ဗုဒ္ဓဘာသာခောတ်ကိုမဟုတ်ဘူး။ အဲဒီအချိန်အတောအတွင်းလေးမှာ ဘုရားအလောင်းတွေ ပါရမီ ဖြည့်တော်မူလိုက်ကြတာ။ ဒီတော့ ဒီအချက်ကလေးကို ပထမဆုံး နားလည်ပါစေ။ ဒီတော့ကာ ဟို ခုနက သူဌေးကြီးတွေ ဗုဒ္ဓဘာသာ မဟုတ်ပေမဲ့ သူတို့လဲ သူတို့နည်း သူတို့ဟန်နဲ့ အင်း လွန်ခဲ့တဲ့ ဖြစ်လေရာဘ၀တုန်းက ကုသိုလ်တွေ ဖြစ်မှာပေါ့။သေခါနည်း ကျတော့ နမိတ်ထင်မှာပေါ့။ နမိတ်တွေထင်တဲ့ အခါကျတော့ အမျိုးမျိုးသောကံကြောင့် တချို့က ခုနက ပေါများတဲ့ နိုင်ငံမှာ သွားပြီး တော့ ပတိသန္ဓေနေ ကြမယ်။ ဟိုအဖေက သူဌေးလေ၊ အမေက သူဌေးလေ၊ သူတို့ကြတော့ သူဌေး၊ ဘာပြောစရာရှိတုံး ဗုဒ္ဓဘာသာနဲ့ ဘာဆိုင်တုံး၊ ဗုဒ္ဓဘာသာနဲ့ ဘာမှ မဆိုင်ဘူး အဖေက သူဌေး အမေက သူဌေးနဲ့သာဆိုင်တယ်အဲဒါနဲ့ သူတို့သုံးမကုန်အောင် ပေါကြတယ်။ သုံးလို့ကိုမကုန်အောင် ပေါတော့ကာ လူတွေကချည်း သုံးပစ်နေသလားဆိုတော့ သုံးလို့ကိုမကုန်နိုင် တော့ ဆေးရုံတွေ ဆောက်ကြတယ်။ သူတို့ ပိုက်ဆံကြောင့် ဆင်းရဲတဲ့လူတွေ ချမ်းသာစေချင်လိုက်တာ။ မေတ္တာ ကရုဏာကြီးမား လိုက်တာ (ကံက ကံက) စာသင်ကျောင်းတွေ တကတည်း ထူးထူးခြားခြား သင်နိုင်အောင်လို့မို့ စာသင်ကျောင်းတွေထောက်ပံ့ပေးနေတယ်။ မရှိဆင်းရဲတဲ့သူ တွေကို ကြက်ခြေနီ အသင်း ဆိုပြီးတော့ တကတည်း ငွေတွေထည့်ပြီးတော့ ထောက်ပံ့ပေးနေကြတယ်။ ဆေးရုံတွေဆောက်တယ်၊ စာသင်ကျောင်းတွေတည်တယ် မရှိဆင်းရဲတဲ့လူတွေ နိုင်ငံတွေကို ကြီးပွားအောင် ထောက်ပံ့ပေးနေတယ် နည်းတဲ့သတ္တိတွေလား နည်းတဲ့ကံတွေလား။ ဒီလူတွေက ရှေ့ကိုတက်ကြပါအုံးမယ်၊ ရှေ့ကိုတိုးကြပါဦးမယ်။ တကယ်လို့များ အရိမေတ္တေယျ မြတ်စွားဘုရား လက်ထက်မှာ သူတို့က လူအဖြစ်နဲ့ ဆိုလို့ရှိရင် ဘုရာဆီရောက်ကြပါလိမ့်အုံးမယ်။ ဘုရားဆီရောက်တဲ့အခါကျတော့ သစ္စာလေးပါး တရားကို နာကြရဦးမယ်။
မဟာဂန္ဓာရုံဆရာတော်ကြီး ၏ အခြေပြုပဌာန်းတရားတော် မှ
တော်တော်မှန်တဲ့ တဲရော့ အွန်လိုင်း


မေးချင်တာ အာရုံပြုပြီး ကဒ်သုံးချပ် ဆွဲ ရပါတယ်။ပထမကဒ်မှာ သင်ရဲ့ လက်ရှိ စိတ်အနေအထားကို ဖော်ပြနေပေလိမ့်မယ်။ဒုတိယကဒ်တွင် ဆန္ဓအထမြောက်ရန် ဘယ်လို ရုန်းကန် လှုပ်ရှားရမလဲ ဆိုတာကို ညွှန်ပြပေးလိမ့်မယ်။တတိယကဒ်တွင် အလိုဆန္ဓ အောင်မြင်မလား ကျရှုံးမလား ညွှန်ပြပေးလိမ့် မည်။ အကြိမ်တော်တော်များများ စမ်းသတ်ပြီး တော်တော်မှန်တာတွေ့ရတယ်။ မိတ်ဆွေများ ကလည်း အံ့သြလောက်အောင် မှန်တယ် ဆိုပြီး ပြောကြတယ် ခင်ဗျ။

မဟာဂန္ဒာရုံဆရာတော်ဘုရားကြီး၏ အသက်ရှည်ခြင်းနှင့် ဘ၀အဓိပ္ပါယ်

အလုပ်မလုပ်နိုင်ဘဲနဲ့ သူများရဲ အပြုအစု၊ အိုပြီးတော့ သူများရဲ့ အပြုစုခံတဲ့ အသက်ရှည်ခြင်းမျိုးကို မလိုချင်ဘူး
အရှင်ဘုရား ဒီတစ်နှစ်လောက် ဟိုဘက်ကို အလုပ်လုပ်နိုင်တော့မယ် မဟုတ်တော့ဘူး၊ အသက်တော့ ရှည်ဦးမယ်ဆိုရင်တော့ မရှည်နဲ့ မလိုချင်ဘူး ဘာပြုလို့တုံး အလုပ်မလုပ်ဘဲနဲ့ ရှည်တဲ့အရှည်ဟာ အသေပဲ၊ ဘုန်းကြီးအတွက်အသေပဲ... စိတ်တွေက ဆက်ရက်ဆက်ရက်လာနေတာ၊ သေသွားလို့ ဟိုဖက်ဘ၀ ပတိသန္ဓေ နေလို့ရှိရင် အလုပ်လုပ်တဲ့ ဘ၀ကိုရောက်မှာ အလုပ်လုပ်နိုင်တဲ့ ရုပ်ခန္ဓာကိုရမှာ အလုပ်လုပ်နိုင်တဲ့ ဥာဏ်ပညာကိုရမှာ။
......
ဒီတော့ အလုပ်မလုပ်နိုင်ဘူးဆိုရင် ဒီခန္ဓာကိုယ်ကြီး ရှည်မနေပါနဲ့ ဒီလို အသက်ရှည်ဖို့ မျိုးကို ဆုတောင်းတဲ့ ဘုန်းကြီးမဟုတ်ပါဘူး အလုပ်လုပ်ဖို့ကိုသာ ဆုတောင်းတဲ့ ဘုန်းကြီးဖြစ်ပါတယ်....

အခြေပြုပဌာန်းတရားတော်
မေတ္တာအတွေးများ

လူနှစ်ယောက်ရှိပါတယ်။ တစ်ယောက်က နံနက် မှာ ထမင်းအိုးတစ်ရာချက်ပြီး လှူတယ်။ နေ့လည်မှာ အိုးတစ်ရာချက်ပြီး လှူတယ်။ ညနေမှာ အိုးတစ်ရာချက် ပြီးလှူတယ်။ နောက်တစ်ယောက်ကတော့ နံနက် နို့တစ်ညှစ်စာ၊ နေ့လည် နို့တစ်ညှစ်စာ၊ ညနေ နို့တစ်ညှစ်စာ မေတ္တာပွားများ ပါတယ်တဲ့။ အဲဒီနှစ်ယောက်မှာ တစ်နေ့ အိုးတစ်ရာ သုံးကြိမ်ချက်လှူတဲ့သူထက် တစ်နေ့နို့တစ်ညှစ်စာ သုံးကြိမ်မေတ္တာ ပွားသူက ပိုပြီး အကျိုးကြီးကြောင်း နိဒါန သံယုတ်သြက္ခာသုတ်(၄၅၅)မှာ မြတ်စွာဘုရား ဟောပြထားပါတယ်။ နို့တစ်ညှစ်စာဆိုတာ ဘာမှမကြာပါဘူး။ ဒါကို မဟာစည်ဆရာတော်ဘုရားကြီးက သုံးလေးစက္ကန့်လောက်ပဲ ရှိတယ်လို့ ခန့်မှန်းပေးထားပါတယ်။ တော်တော်လေးအားရဖို့ကောင်းတဲ့ စကားပါ။ ဒါနကမှ ပစ်စည်း တွေ ငွေတွေ အလှူခံ ပုဂိုလ်တွေ ရှာနေရအုံးမှာပါ။ မေတ္တာကတော့ ဘာပစ်စည်း မှ ဘာငွေမှ မလိုပါဘူး။ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ ပွားများလိုက်ရုံပဲ။ အောက်ထစ်ဆုံး အိမ်သာတက်နေရင်းတောင်ပွားများလို့ရပါတယ်...

အထက်က မြတ်စွာဘုရားဟောထားတဲ့ စကားလေးကို မဟာစည်ဆရာတော်ဘုရားကြီးက မှတ်မိလွယ်အောင် လင်္ကာလေး စီထားပါတယ်။

တစ်နေ့သုံးခါ အိုးတစ်ရာဖြင့်
ချက်ကာထမင်း ကျွေးလှူခြင်းထက်
မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ
ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ
ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း...

ရဝေနွယ် (အင်းမ) ၏ မေတ္တာအတွေးများ
Alpha ZawGyi ဖောင့်ကိုအသုံးပြုပြီး ပထမဆုံး အကြိမ် မြန်မာဘလော့ကို ဒီနေ့ရေးကြည့်ထား တယ်။ မီးလျှံမြေခွေး သုံးမှ ရေးလို့ရသဗျို့...