Tuesday, August 01, 2006

စိတ်


အာရုံ ခြောက်ပါးပဲ ရှိတယ်။ စိတ်ဖြစ်အောင် ဘယ်သူမှ မလုပ်နိုင်ဘူး၊ ဘယ် သဗ္ဗညုတ မြတ်စွာဘုရားကိုယ်တိုင်မှလည်း မဖန်ဆင်းနိုင်ဘူး၊ သူ့သဘောအတိုင်းသူ ဖြစ်နေတာ၊ အာရုံရှိရင်စိတ်ဖြစ်မယ်၊ ဒါဗုဒ္ဗမြတ်စွာ ဖန်ဆင်မပေးနိုင်ဘူး။ ဒိပြင်ဒိပြင် ပုဂ္ဂိုလ်တွေ ဆိုတာကတော့ မပြောနဲ့တော့၊ ဖန်ဆင်းမပေးနိုင်ဘူး၊ အဲဒီ အာရုံရှိလို့ စိတ်ဖြစ်တဲ့နေရာမှာ အာရုံ+စိတ်+စေတသိက် ဒါပဲရှိတယ်၊ ဒီထဲ သတ္တ၀ါဆိုတာ မရှိဘူး၊ "သူ" လို့ဆိုတာ ရှာလို့မရဘူး၊ ပုဂ္ဂိုလ်ဆိုတာ ရှာမရဘူး။ အာရုံ+စိတ်+စေတသိက် ဒါပဲရှိတယ်.....
 ကံက ပြုစီမံလိုက်တဲ့ စက္ခုပသာဒ မျက်စိထဲမှာရှိတဲ့ ပသာဒရုပ်၊ အဲဒီ စက္ခုပသာဒလဲ ရှိမယ်၊ ခုနက ရူပါရုံလဲ ရှေ့မှာရှိမယ်၊ ဒီအာရုံကိုလည်း နဲနဲ သတိထားလိုက်မယ် ဆိုရင် စက္ခုဝိညာဏ်စိတ် ဖြစ်တာပဲ၊ ဘယ်သူမှ လာပြီတော့ ဖန်ဆင်းလို့မရဘူး၊ စက္ခုပသာဒလဲ ဖြစ်ပါတယ်၊ ရူပါရုံကလဲ ရှိနေတယ်၊ သူ့ကိုလဲ နှလုံးသွင်းတယ်၊ ဘေးက အရောင်အလင်း ရှိတယ်၊ ဒီလိုဆိုရင် စက္ခုဝိညာဏ်စိတ် မဖြစ်ဖို့ရာ ဘယ်သူမှ မတားဆီးနိုင်ဘူး။ ဖြစ်ကိုဖြစ်မှာ၊ ပုဂ္ဂိုလ်မပါဘူး၊ အတ္တမပါဘူး၊ အကောင်အထည် မရှိဘူး၊ ဒီတရားပဲ ရှိတယ်၊ ပုဂ္ဂိုလ်မရှိဘူး၊ အတ္တမရှိဘူး၊ အကောင်အထည် မရှိဘူး၊ ဘယ်သူဖန်ဆင်းလို့မှလဲ မရဘူး။ (စက္ခုပသာဒ+ ရူပါရုံ +အရောင်အဆင်း+ နှလုံးသွင်းမှု) မရှိရင် စက္ခုဝိညာဏ်ဖြစ်ဖို့ရာ (ဒိပြင်ဒိပြင် ဘုရားဘုရားကို တော့မပြောလိုဘူး)၊ ဘုန်းကြီးတို့ဘုရားကိုက မဖန်ဆင်းနိုင်ဘူး၊ တရားတော်က အင်မတန်သေချာတာပဲ။ ခုနက အကြောင်းတွေ ဆုံလာလို့ရှိယင် မဖန်ဆင်းနဲ့ ဖြစ်ကို ဖြစ်တယ်။ ဘယ်သူမှ ဖန်ဆင်းလို့မရဘူး။ ဘယ်မလဲ ပုဂ္ဂိုလ်၊ ဘယ်မလဲ အတ္တ၊ ဘယ်မလဲ အကောင်အထည်၊ ဘယ်မလဲ "ငါ"၊ ဘယ်မလဲ "သူ"၊ အင်မတန်ကောင်းလွန်းလို့။
မဟာဂန္ဗာရုံဆရာတော်ဘုရားကြီး ၏ ပဌာန်းတရားတော်

No comments: