Thursday, August 17, 2006

မဟာစည်ဘွဲ့တော်ဖြစ်ပေါ်လာခြင်း

ရွေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာ၊ အင်ကြင်းတောကျောင်းတိုက်ကြီး၏ အဝင်ဝ၌ အလွန်ကြီးမားသော ကုက္ကိုပင်ကြီး လေပြင်းဒဏ်ကြောင့် လဲပြိုသောအခါယင်း ကုက္ကိုပင်ကြီး၏ ပင်စည်မှာ အတွင်း၌ အသားမရှိအခေါင်း ဖြစ်လျှက် ရှိ၏။ စည်ကြီးပြုလုပ်ရန် အဆင်သင့်လျှက်ရှိ၏။ ပင်စည်ကြီးကို ဖြတ်ထွင်းလျှက် သားရေတို့ဖြင့်ကြက်ကာ ကြီးမားသော စည်ကြီးပြုလုပ်ထာရှိပြီး အရှင်သောဘန တရားဟောကာနီး၌ စည်ကြီးကိုတီးစေ၍ ပရိသတ်စုဝေး စေသည်။ ထိုစည်ကိုအကြောင်းပြု၍ ထိုစည်ကြီးရှိသော ကျောင်းတိုက်ကို မဟာစည်ကျောင်းတိုက်၊ ထိုကျောင်းတိုက် ၌ သီတင်းသုံး၍ တရားဟောသောဆရာတော်ကို မဟာစည်ဆရာတော်ဟု ဘွဲ့တော်ဖြစ်ပေါ်ခဲ့သည်။ ထိုစည်ကြီး  ကားဆိပ်ခွန်ရွာ မဟာစည်ကျောင်းတိုက်၌ ယနေ့တိုင်တည်ရှိပါသည်။
Ref: http://www.mahasi.org/mm_sayadaw_history.html

No comments: