ပုဂံခောတ် တုံးက ဘုရားတည်ချင်ရင် ဘယ်သူမဆို (မင်းဆွေမင်းမျိုး တွေရော) ပိုင်ရှင်ဆီကနေ တန်ရာတန်ကြေးပေးပြီး မြေ၀ယ်ရတယ်။ အိမ်ပွဲစားတွေ(အသည်) တွေ ကို အကျိုးဆောင်ခပေးရတယ်။ ကျွေးမွေးရတယ်။ မှတ်တမ်းမှတ်ရာ နဲ့ လူသက်သေတွေနဲ့။ ဘုရားတည်ရင်လည်း ကျွန်တွေနဲ့ ဆောက်တာမဟုတ်ပါ။ အလုပ်လုပ်စဉ် လုပ်သားဖို့ နေရာပေးရတယ်။ လက်ခတွေ တန်ရာတန်ကြေး ပေးရတယ်။ Bonus အဖြစ် ဆင်မြင်း ပုဆိုး ဖျင် တွေပေးကြရတယ်။ အလုပ်သမားတွေ ထမင်းချက်စားဖို့ အဆင်သင့်ဖြစ်အောင် စပါး ဆန်ဖွပ်ပေးရတယ်။ ပညာရှင်တွေ၊ အလုပ်သမားတွေကို ကောင်းကောင်းမွန်မွန် ထားတယ်၊ ကျွေးမွေးတယ်၊ ဒီ ကျောက်စာ မှာ နဲနဲဖတ်ကြည့်ပါ။ကျောက်စာ (၂၆၄) အတိုင်း ပြောမယ် (၉၃)။ ပုဂံခေတ်ကုန်ခါနီးလောက်မှာ ဒဗယင်နားက သာ၆၀် (သောလူမျိုး၊ ကဒူးလူမျိုး) တွေက မြေပယ် ၁၀၀၀ ရောင်းတယ်၊ တရုတ်ပ္လေမင်ရဲ့ အဖွာ၊ ဖွာဇင်္ဂဝ မင်းဝိုင်း မင်းနန်သူကျောင်းမှာာ မြေလိုချင်လို့ ဝယ်တယ်။ အဖွားစောရဲ့ အလှုတော်ငွေကို စတုရင်္ဂဗိုလ် ဥက္ကဌ လုပ်တဲ့ ဘဏ္ဍာတော်ထိန်းအဖွဲ့နဲ့ ထားခဲ့ပြီး အဖွားက နတ်ရွာစံသွားပြီလို့ ခန်းမှန်းရတယ်။ ပယ်တထောင်ကို က္လျပ်တထောင်နဲ့ ဈေးဖြတ်ပြီးသား၊ အသည် ဘုမ္မခေတြ ခေါင်းဆောင်တဲ့ သာ၆ဝ် သံဗျင် ကလန်နဲ့ အသည်ကိုးယောက်က သတ်မှတ်ထားတဲ့နေ့မှာ ငွေလက်ခံတယ်။ သာ၆ဝ် တွေရဲ့ ကျားသူကြီးမြေး ငဝံခင်သင်က စတုရင်္ဂဗိုလ်ကို မြေအပ်ရမယ်။ သာ၆ဝ်တွေကို အဲဒီအခါမှာ လက်ဆောင်အဖြစ် အဝတ်အထည်ပေးဖို့ ငွေတော်နဲ့ ဝယ်ရတယ်။ လူ့အဆင့်အတန်းလိုက်ပြီး ဘုမ္မခေတြလို ပုဂ္ဂိုလ်ဖို့ ၃၅ က္လျပ်တန်က တချို့ကို ၁ က္လျပ်တန်အထိ ပေးရတယ်။ လူ ၄ ဦး ထပ်တိုးတယ်။ ငဝံခင်သင်ရဲ့ အဖော် (ချင်) တွေလည်း ပေးရတယ်။ ထမင်းစားသောက်ပွဲအတွက် ဆန်ဖိုး ၅၄ က္လျပ်၊ သိယ်ဖိုး ၂.၂၅၊ အရောင်းအဝယ်လုပ်တိုင်း သိယ်ဖိုဝ် သာဖိုဝ် ကုန်စမြဲပါ (၉၄)။ ဒီလို အလီလီစရိတ်ကို ပေါင်းလိုက်ရင် ၁၃၇ ၁/၄ က္လျပ်ဟာ ဝယ်ဈေး ၁၀၀၀ အပြင် ကုန်ရတာ ဖြစ်တယ်။ ငွေချိန်တဲ့အခါ သစ်သီးချိန်ခွင်ထက် တစိတ်အလေးပိုတယ် အကြိမ်တဆယ် ချိန်ရတယ်။ ပုဂံမင်းနန်သူ ကျောင်းတော်ရှေ့မှာ ငွေချေတော့ သိမြင်သူ ခြောက်ယောက်ထဲမှာာ မှုးကြီး၊ မတ်ကြီးနဲ့ ငွေတိုက်စိုး မင်ချင်ဘဏ္ဍာလည်း ပါတယ် (၉၅)။
ရှေးမြန်မာတို့ ၀မ်းစာရှာပုံ (ဒေါက်တာသန်းထွန်း)
No comments:
Post a Comment