Thursday, August 17, 2006

အစိုးရဌာနများတွင် ပြောင်းလဲအသုံးပြုမည့် မြန်မာစာလုံးပုံစံ

မြန်မာနိုင်ငံရှိ အစိုးရ၀န်ကြီးဌာနများတွင် မြန်မာကွန်ပျူတာကျောင်းသားတစ်ဦး တီ ထွင်ဖော်ထုတ်ထားသော မိုင်မြန်မာ မြန်မာစာစနစ် ( My Myanmar Uni-code) စာ လုံးပုံစံကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါမြန်မာစာလုံးပုံစံကိုဖော်ထုတ်သူ မြန်မာကွန်ပျူတာကျောင်းသား မောင်ထူးမြင့်နောင်ကိုဂုဏ်ပြု၍ လက်ရှိအသုံးပြုနေသော စာလုံးပုံစံများအစား ပြောင်းလဲအသုံးပြုသွားမည်ဖြစ်သည်။ ယခုတီထွင်ထားသည့် မိုင်မြန်မာစနစ်သည် မြန်မာအက္ခရာစာလုံးများ၏ စည်းကမ်းသတ်မှတ်ချက်များ၊ နေရာအပြောင်းအရွှေ့များ၊ စာလုံးအတွဲများ၊ ပါဌ်ဆင့်များ typhography အားလုံးကို မှန်ကန်စွာဆောင်ရွက် အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာစာရေးထုံးကျမ်းကို အပြည့်အ၀လိုက်နာထားသဖြင့် သတ်ပုံသတ်ညွှန်း မှားယွင်းစွာရိုက်၍မရအောင်လည်း တားဆီးပေးထားကာ မိုင်မြန်မာ မြန်မာစာစနစ်သည် မြန်မာစာကိုအသုံးပြုသူများအတွက် မြန်မာစာကို တိုက်ရိုက်ထည့်သွင်းအသုံးပြုနိုင်ပြီး ကွန်ပျူတာစနစ်အမျိုးမျိုးတွင် အသုံး ပြုနိုင်ကြောင်းသိရသည်။ မောင်ထူးမြင့်နောင်သည် မိုင်မြန်မာ မြန်မာစာစနစ်ကို ၂၀၀၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ပြီးစီးခဲ့သည်။
http://www.planet.com.mm/news/desc.cfm?id=10857

No comments: