Wednesday, May 30, 2007

ယောင်္ကျားအချစ်၊ မိန်းမအချစ်

ယောင်္ကျားလေးတွေဟာ မိန်းကလေးတစ်ယောက် ကိုဒီမိန်းကလေးဟာ ဘယ်လိုလူစားမျိုးပါလိမ့်လို့ မသိသေး တာတောင်မှပဲ ချစ်သွားမိတတ်ကြတယ်။ နှလုံးသားမှာ ပြင်းပြင်းထန်ထန်ခံစား လို့လဲ ရနိုင်တတ်ကြတယ်။ သူနဲ့တတွဲတွဲ နေလိုစိတ်လဲ ရှိတတ်ကြတယ်။ နောက်တော့၊ တချိန်ချိန်ကျတော့၊ သူမနဲ့ကောင်းကောင်း သိသွားရော၊ သူမကို တကယ်တမ်း ကြိုက်တောင်မကြိုက်ပါလား၊ တကယ်တမ်း စိတ်မ၀င်စားပါလား ဆိုတာ သူ့ဘာသာ ရှာဖွေတွေ့ရှိသွားတတ်ကြပြန်တယ်။ သူမကို ပြင်းထန်စွာ စွဲလမ်းနေသယောင် ဖြစ်နေတုံးကတော့ သူမနားမှာ အတူတူရှိဘို့ ၊ သူမအထင်ကြီးအောင်၊ သူမပျော်ရွှင်ဖို့ ဘာမဆိုလုပ်မယ် ဆိုတဲ့စိတ်မျိုး ဖြစ်နေလေ့ရှိကြတယ်။ နောက်ကြာတော့ အကြောင်းတွေသိသွားတော့ သူ့ရဲ့ စိတ်ဝင်စားမှုဆိုတဲ့ဟာတွေ၊ ဖီလင်ဆိုတဲ့ဟာတွေဟာ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားတတ်တယ်။ ဒါမျိုးကို အင်္ဂလိပ်လို "morning-after syndrome" လို့ခေါ်တယ်၊ မြန်မာလိုတော့ နိုးအိပ်မက် လို့ ဘာသာပြန်ရင် သင့်လိမ့်မယ်။ မနက် မိုးလင်းတဲ့ အခါ အိပ်ရာက မထခင် နိုးတစ်ဝက် အိပ်တစ်ဝက် စိတ်ကူးလေးယဉ်သလိုလို၊ အိပ်မက်လိုလိုကနေ တကယ်နိုးလာတဲ့ အခါ ခံစားရတဲ့ ခံစားမှုမျိုးကို ဆိုလိုချင်ပုံရတယ်။ ယောကျာင်္းတွေရဲ့အမြင်မှာ တရက်ရက်မှာ သူမဟာ အလွန်လှလိုက်တာ၊ ဘယ်လိုကြည့်ကြည့် တောက်ပနေတယ်လို့ထင်နေပြန်ရော။ နောက်တရက်ရက်ကျပြန်တော့ အမှတ်မဲ့ ကြည့်ပြန်တော့ သူမရဲ့ ခြေချောင်းများဟာ အလွန်ကြီးနေပါလား လို့ထင်နေပြန်ရော။ ဒါနဲ့ပဲ သူ့ရဲ့ အချစ်ဆိုတာတွေ ပျောက်ကွယ်သွားလိုက်ပြန်ရော၊ သူမဟာ သူ့အတွက် မဟုတ်ဘူးလို့ထင်ပြန်ရော၊ လက်ထပ်လိုစိတ် ဆိုတာတွေ ပျောက်ကွယ်သွားတတ်ပြန်ရော။ ယောင်္ကျားဆိုတာက ဒီလိုမျိုး နိမ့်ချည် မြင့်ချည် စိတ်ရှိတတ်တဲ့ အတွက် အဲဒီအခါမျိုမှာ မိန်းကလေးတွေက ဒီလိုစိတ်ကို အထင်လွဲတတ်ပြန်တယ်။ သူ့ရဲ့ အချစ်ကို သံသယ၀င်တတ်တယ်။ ဘယ်လိုလူပါလိမ့်၊ အရင်တုံးကတော့ ချစ်လှချည်ရဲ့ဆို၊ ဟုတ်လဲ မဟုတ်ပဲနဲ့ ကတိတွေပေးထားတာပါလား လို့ တလွဲထင်တတ်ပြန်တယ်။

မိန်းကလေးတွေကျတော့ ဒီလိုမဟုတ်ပါ။ တမျိုးတဖုံဖြစ်ပါတယ်။ မိန်းကလေးတွေဟာ ယောင်္ကျားတစ်ယောက်ကို ပထမဆုံး စိတ်ဝင်စားမိတဲ့ အချိန်ဟာ သူရဲ့ physical ကစတာ မဟုတ်ပါ။ ယောင်္ကျားတစ်ယောက်ကို စိတ်ဝင်စားမိပြီဆိုရင် emotion ကစပါတယ်။ mentally နဲ့ကစပါတယ်။ physically စိတ်ဝင်စားတာက နောက်မှ မရှေးမနှောင်းမှ စတင် ဖြစ်ပေါ်လာပါတယ်။ ဒီလိုဖြစ်တတ်တဲ့အတွက် သူမဟာ ယောင်္ကျား တစ်ယောက်ဟာ သူမအတွက် physically ဆွဲဆောင်မှု စတင် ရှိနေရင်တောင် emotionally ဆွဲဆောင်မှုရှိနေတယ်လို့ မှားယွင်းစွာ ကောက်ချက်ချလိုက်မိတတ်ပါတယ်။ ယောင်္ကျားလေးကလဲ သူမလိုခံစားရမယ်လို့ သူမထင်နေတတ်တယ်။ ကွဲပြားမှုကို သူမနားမလည်နိုင်ဘူး။ တကယ်တော့ ယောင်္ကျားတွေက physical ကစတယ်။ ယောင်္ကျားတွေမှာကတော့ physically attracted ဖြစ်လေ၊ စဉ်းစားဥာဏ်တွေ မြော်မြင်တတ်တာတွေ နည်းပါးလာတတ်တယ်။ အဲဒီအခါမျိုးတွေမှာ သူမဟာ သူ့အတွက် ကမ္ဘာပေါ်မှာ the most special woman ပါလား လို့ ပြုမူ ဆက်ဆံတတ်ပါလိမ့်မယ်။ ဒါကလဲ အခိုက်အတန့်တစ်ခုပါ။ တသက်လုံးဒီလိုပြုမူလိမ့်မယ်လို့ မထင်မိစေပါနဲ့။ ယောင်္ကျားလေးတွေမှာ ဒီလိုမျိုး စိတ်အခြေအနေ၊ ခံစားမှု အတိုးအလျော့ အမျိုးမျိုးရှိတတ်တဲ့ အတွက် ကလည်း မိန်းကလေးတွေက ယောင်္ကျားတွေရဲ့ အချစ်ဆိုတာ တကယ်မဟုတ်ပါလား၊ အပေါ်ယံပါလား လို့ အထင်ရောက်သွားကြပြန်တယ်။ ဒါတွေကို နားလည်ဖို့လိုတယ်။ ယောင်္ကျားလေးတွေရော မိန်းကလေးတွေရော ဒီကွဲပြားတဲ့သဘောလေးကို သိနေတာ ကို understanding လို့ခေါ်ရမလားပဲ။



Dr. John Grey (PH.D) ၏ Mars and Venus မှ Man's Passion vs Woman's Passion ကို ဆီလျှော်အောင်ပြန်ဆိုထားပါသည်။

3 comments:

Unknown said...

ဒါဆို မိန်းကလေးတွေက ယောင်္ကျားလေးတွေရဲ့ အချစ်ကို ဘယ်လို ယုံကြည်ရမလဲဆိုတာ ရှင်းပြပေးလို့ ရမလားရှင်…
ယောင်္ကျားတွေရဲ့ စိတ်က ဒီလိုမျိုး နိမ့်ချည် မြင့်ချည် ရှိနေရင် ဘယ်အမျိုးသမီးကမှ နှစ်သက်မှာ မဟုတ်တာ သေချာတယ်…
ဘာဖြစ်လို့လဲဆိုရင် မိန်းမတွေက ယောင်္ကျားတွေအတွက် သူတို့ရဲ့ ဘ၀တစ်ခုလုံးကြီး ရင်းနှီးပြီး ပါရမီ ဖြည့်ဘက်အနေနဲ့ လုပ်ပေးရမှာလေ…
ဒီလို အနစ်နာခံပြီး ပါရမီ ဖြည့်ဘက်အနေနဲ့ လုပ်ပေးရမယ့် အမျိုးသမီးအပေါ်မှာ ဒီလို ဆက်ဆံရင် ဒီလို ယောင်္ကျားမျိုးကို အစောကြီးကတည်းက စိတ်ကူးထဲတောင်ထည့်မထားသင့်ဘူး… မစဉ်းစားသင့်ဘူး…
ဒီလို ယောင်္ကျားမျိုးတွေကို အစောကြီးကတည်းက bye bye လို့ဘဲ ပြောသင့်ပါတယ်…

Philip Shield said...

ညီမလေး ရင့်ကျက်လာရင် လူဆိုးလား လူကောင်းလား အလိုလို ခွဲနိုင်သွားမှာပါ... ချစ်တယ်ဆိုတာ နေ၀င်ချိန်လေး လိုပါပဲ... နေ၀င်ချိန်လေးတွေက အင်မတန်လှပတယ် ကြည်နူးဖို့ကောင်းတယ်၊ ဒါပေမယ့် သူ့ကို ဆုပ်ကိုင်ထား ချင်လို့မရဘူးလေ ... တကယ်က နှစ်တွေအကြာကြီး အတူနေရမည့်သူကို ရွေးပြီဆိုရင်တော့ မေတ္တာစိတ်ရှိဖို့ နဲ့ နားလည်မှုရှိဖို့က ပိုအရေးကြီးတယ်ထင်ပါတယ်ခင်ဗျာ... စိတ်ရင်းဖြူသူ၊ မိမိကိုကူညီသူ၊ စာနာနားလည်မှုရှိသူ ဆို ကောင်းမည်လို့ထင်ပါတယ်။

ဒီစာ ကလည်း အမေရိကန် က အင်မတန် နာမည်ကြီးတဲ့ Mars and Venus ဆိုတဲ့ စာအုပ်တစ်အုပ် ထဲက စာသားကို ဘာသာပြန်ထားတာပါ... အရှေ့တိုင်းနဲ့ ကိုက်မကိုက်တော့ မသိပါဘူး... အမေရိက ကတော့ သိတဲ့အတိုင်းပဲ... ကျွန်တော် Man Eater ဆိုတဲ့ စာအုပ်ဖတ်ဖူးပါတယ်... အဲဒီထဲက အမေရိကန်မတွေရဲ့ စိတ်နေစိတ်ထားက ငယ်ငယ်က ပထမတစ်ခေါက် ဖတ်ကြည့်တုံးက မြန်မာအမြင်နဲ့ ပြောရရင် အင်မတန်ကြောက်စရာ ကောင်းပါတယ်... နောက်နှစ်အနည်းငယ်ကြာတော့ နောက်ထပ်တစ်ခေါက် ပြန်ဖတ်မိတော့မှ အဲဒီဝတ္တုထဲက အမျိုးသမီးလေးကို တော်တော်လေးကို နားလည်လို့ရ သွားပါတယ်... (ဒါလူ့သဘာဝပဲ...လို့)

Yan said...

ဒီပို့စ်လေးကောင်းတယ် ကိုဖြိုးဝေကျော်ေ၇. ဖတ်၇င်းစဉ်းစား၊ စဉ်းစားရင်းနဲ့ ထပ်ဖတ်သွားပါတယ်...