Saturday, September 16, 2006

ကျောက်ဆည် မှ ဆင်အက


Get this video and more at MySpace.com

ကြိုက်တတ်ရင် အင်မတန်ကြည့်လို့ကောင်းပါတယ်။ ငယ်ငယ်တုံးကဆို ကြိုက်လို့ ဆင်ကတွေတွေ့ရင် လိုက်လိုက်ကြည့် နေကြဖြစ် ပါတယ်။ ဆင်ဆိုပေမယ့် ကျောက်ဆည်ကဆင်က ဟာ အဆင့်မြင့်ပါတယ်။ ဥပမာ ကိုကြီးကျော် သီချင်းနဲ့ နတ်ဒိုးသံ နဲ့ ကပြီဆိုရင် ဆင်ကြီးကပါ အရက်မူးနေသလို ကိုယ်လုံးကြီး ယိမ်းထိုးပြီးကတာ။ နဂါးနီလို "ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်.." ဆိုသလို မြူးမြူးကြွကြွ တီးလုံးနဲ့ဆို ဆင်ကြီးကပါ တကိုယ်လုံး မြူးကြွ ပြီး တက်တက်ကြွကြွရွရွလေး ကတာ။ မမပုသိမ်သူ လိုသီချင်းနဲ့ကရင် ပတတ်ရပ်ပြီး ပုသိမ်ထီးလေး ဆောင်းပြီးကတယ်။ အင်မတန် တော်တယ်။ တော်တော် လေ့ကျင့်ထားရတာ။ ဆက်တိုက်ကရင် ပင်ပန်းလွန်းလို့လူလဲလဲပြီးကရတယ်။ ကပြီးထွက်ထွက်လာရင် ချွေးတွေရွဲနေတယ်။ တချို့ နာမည်ကြီးဆင်တွေဆိုရင် ပုလင်းတွေစီပြီးထောင် ပြီး အပေါ်ဆုံးက ပုလင်းလေးပေါ်မှာ ကတာ။ အပေါ်ကလူက မီးကွင်းတောင် ယမ်းလိုက်သေးတယ်။ အံ့သြစရာပါ။ အခု Movie မှာလဲကြည့်။ ဆင်ကြီးကပါ ကရင်ဒုံးယိမ်းနဲ့ မြူးကြွပြီး ကနေတာ။

2 comments:

Anonymous said...

I also like this traditional elephent's dance. Thks for your
uploading...

Unknown said...

ကျောက်ဆည်က ဆင်အက ကိုကြည့်ချင်တယ်. ကြည့်လို့မရဘူ ဒီမှာက blog တောင် ဖွင့်ရခတ်တယ်. ကျောက်ဆည် မြို့ ဆင်အက ဖြစ်ပေါ်လာတဲ့ ရဇ၀န် ရောရှိလား သိချင်တယ် .ကျေးဇူးပြုပြီးဖြစ်နိုင်ရင် ပေါ.့. ပုံမတွေ့ရလည်း စာဘဲဖတ်လို့ရအောင်လို့ပါ..

မှ
သားပြူး